သီချင်းတွေကို အွန်လိုင်းကတင်ပေးဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်

သီချင်းတွေကို အွန်လိုင်းကတင်ပေးဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ သူသီဆိုထားတဲ့သီချင်းတွေကို ပရိသတ်တွေနားဆင်နိုင်ဖို့ အွန်လိုင်းကနေ တင်ပေးလျက်ရှိရာမှ ဆက်လက်ပြီးတော့လည်း တေးသီချင်းကောင်းတွေများစွာကို တင်ပေးနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ သီချင်းအသစ်တစ်ပုဒ်ရေးကာ တီးခတ်မှုအပိုင်းကို ပြင်ဆင်နေသလို မြန်မာနိုင်ငံသို့ပြန်ရောက်တာနဲ့ Music Video အဖြစ် ရိုက်ကူးလုပ်ဆောင်သွားရန်ရှိနေတယ်လို့ ဆိုပါတယ်။

“လောလောဆယ်မှာ အတီးအပိုင်းကို အပ်ထားတယ်။စာသားတော့ နဲနဲကြမ်းတယ် EDM ပုံစံလေး လုပ်ထားတာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

သူဟာ ပြည်ပမှာအနေများပေမယ့် ဂီတကိုဝါသနာပါလွန်းသူဖြစ်တာကြောင့် တေးသီချင်းလေးတွေသီဆိုရင်း ဂီတလောက မှာလည်း နေရာတစ်ခုရအောင် ကြိုးပမ်းနေသူဖြစ်ပါတယ်။

“အခုခေတ်ကလည်း Online ပဲ တင်ရတဲ့ခေတ်ဆိုတော့ Music video အတွက် သုံးတဲ့ပိုက်ဆံက ပြန်မှမရတာ၊ နောက်တစ်ခုက ကျွန်တော်က နာမည်ကြီးအဆိုတော်လည်း မဟုတ်တော့ ငွေရှာရတာပိုခက်တယ်၊ ကံကောင်းလို့ အခွေထုတ်ပြီး နယ်ပွဲတချို့လာငှားတော့ လိုက်ဆိုပြီး အခွေအတွက်သုံးခဲ့တာလေးကို ပြန်ရှာခဲ့တာ သုံးပုံတစ်ပုံလောက်ပဲပြန်ရတယ်၊ ကိုယ်က မြန်မာပြည်မှာ အမြဲနေတဲ့သူမဟုတ်တော့လဲ ပွဲတွေလိုက်ဆိုဖို့ကိုလည်း အဆင်မပြေပါဘူး” လို့ သူက ရှင်းပြပါတယ်။

တေးသီချင်းထုတ်လုပ်မှုနဲ့အတူ ပရိုမိုးရှင်းပွဲအတွက် လက်မှတ်ထိုးပေးတာတွေကိုလည်း လုပ်ကြရတာဖြစ်သလို အသုံးစရိတ်က များတဲ့အခြေအနေကြောင့်လည်း အခွေထုတ်ဖို့ကို ချင့်ချိန်ရတာတွေရှိတယ်လို့ သိရပါတယ်။

၁၈ လို့ နာမည်ရသော သူ့ရဲ့တစ်ကိုယ်တော်ခွေဟာလည်း ထင်သလောက်အောင်မြင်မှုမရခဲ့တာကြောင့် စိတ်ပျက်နေခဲ့သလို Music Video အနေနဲ့လည်း မရိုက်ဖြစ်သေးဘူးလို့ သိရပါတယ်။

“အခု အဲ့ဒီဟာက အချိန်တွေကြာသွားတော့လဲ ကိုယ့်စိတ်က အဟောင်းကိုစိတ်မဝင်စားတော့ဘူး၊ အသစ်ပဲထပ်လုပ်ချင်တော့တယ်၊ ဒီတခါတော့ Music video လေးပါ ရအောင်ရိုက်မယ်လို့ စိတ်ကူးထားတယ်၊ ခေတ်ကာလကလဲ တစ်ပုဒ်ချင်းစီ online တင်တဲ့ခေတ်ရောက်သွားတော့ ကောင်းပါတယ်၊ ကိုယ်လုပ်ချင်တာကလည်း ပိုက်ဆံကုန်ပေါက်တွေချည်းပဲဖြစ်နေတယ်” လို့ သူက ပြောပြပါတယ်။

သူဟာလက်ရှိမှာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Dead Of Night” Short Film ထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကရဲ့အနုပညာလောကထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ဓာတ်ပုံ - ဥက္ကာမင်းမောင်
ရန်ကုန်၊ ဇူလိုင် - ၁

( Zawgyi )

သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ဟာ သူသီဆိုထားတဲ့သီခ်င္းေတြကို ပရိသတ္ေတြနားဆင္ႏိုင္ဖို႔ အြန္လိုင္းကေန တင္ေပးလ်က္ရွိရာမွ ဆက္လက္ၿပီးေတာ့လည္း ေတးသီခ်င္းေကာင္းေတြမ်ားစြာကို တင္ေပးႏိုင္ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။

လတ္တေလာမွာ သီခ်င္းအသစ္တစ္ပုဒ္ေရးကာ တီးခတ္မႈအပိုင္းကို ျပင္ဆင္ေနသလို ျမန္မာႏိုင္ငံသို႔ျပန္ေရာက္တာနဲ႔ Music Video အျဖစ္ ႐ိုက္ကူးလုပ္ေဆာင္သြားရန္ရွိေနတယ္လို႔ ဆိုပါတယ္။

“ေလာေလာဆယ္မွာ အတီးအပိုင္းကို အပ္ထားတယ္။စာသားေတာ့ နဲနဲၾကမ္းတယ္ EDM ပုံစံေလး လုပ္ထားတာျဖစ္ပါတယ္” လို႔ သူကဆိုပါတယ္။

သူဟာ ျပည္ပမွာအေနမ်ားေပမယ့္ ဂီတကိုဝါသနာပါလြန္းသူျဖစ္တာေၾကာင့္ ေတးသီခ်င္းေလးေတြသီဆိုရင္း ဂီတေလာက မွာလည္း ေနရာတစ္ခုရေအာင္ ႀကိဳးပမ္းေနသူျဖစ္ပါတယ္။

“အခုေခတ္ကလည္း Online ပဲ တင္ရတဲ့ေခတ္ဆိုေတာ့ Music video အတြက္ သုံးတဲ့ပိုက္ဆံက ျပန္မွမရတာ၊ ေနာက္တစ္ခုက ကြၽန္ေတာ္က နာမည္ႀကီးအဆိုေတာ္လည္း မဟုတ္ေတာ့ ေငြရွာရတာပိုခက္တယ္၊ ကံေကာင္းလို႔ အေခြထုတ္ၿပီး နယ္ပြဲတခ်ိဳ႕လာငွားေတာ့ လိုက္ဆိုၿပီး အေခြအတြက္သုံးခဲ့တာေလးကို ျပန္ရွာခဲ့တာ သုံးပုံတစ္ပုံေလာက္ပဲျပန္ရတယ္၊ ကိုယ္က ျမန္မာျပည္မွာ အၿမဲေနတဲ့သူမဟုတ္ေတာ့လဲ ပြဲေတြလိုက္ဆိုဖို႔ကိုလည္း အဆင္မေျပပါဘူး” လို႔ သူက ရွင္းျပပါတယ္။

ေတးသီခ်င္းထုတ္လုပ္မႈနဲ႔အတူ ပ႐ိုမိုးရွင္းပြဲအတြက္ လက္မွတ္ထိုးေပးတာေတြကိုလည္း လုပ္ၾကရတာျဖစ္သလို အသုံးစရိတ္က မ်ားတဲ့အေျခအေနေၾကာင့္လည္း အေခြထုတ္ဖို႔ကို ခ်င့္ခ်ိန္ရတာေတြရွိတယ္လို႔ သိရပါတယ္။

၁၈ လို႔ နာမည္ရေသာ သူ႔ရဲ႕တစ္ကိုယ္ေတာ္ေခြဟာလည္း ထင္သေလာက္ေအာင္ျမင္မႈမရခဲ့တာေၾကာင့္ စိတ္ပ်က္ေနခဲ့သလို Music Video အေနနဲ႔လည္း မ႐ိုက္ျဖစ္ေသးဘူးလို႔ သိရပါတယ္။

“အခု အဲ့ဒီဟာက အခ်ိန္ေတြၾကာသြားေတာ့လဲ ကိုယ့္စိတ္က အေဟာင္းကိုစိတ္မဝင္စားေတာ့ဘူး၊ အသစ္ပဲထပ္လုပ္ခ်င္ေတာ့တယ္၊ ဒီတခါေတာ့ Music video ေလးပါ ရေအာင္႐ိုက္မယ္လို႔ စိတ္ကူးထားတယ္၊ ေခတ္ကာလကလဲ တစ္ပုဒ္ခ်င္းစီ online တင္တဲ့ေခတ္ေရာက္သြားေတာ့ ေကာင္းပါတယ္၊ ကိုယ္လုပ္ခ်င္တာကလည္း ပိုက္ဆံကုန္ေပါက္ေတြခ်ည္းပဲျဖစ္ေနတယ္” လို႔ သူက ေျပာျပပါတယ္။

သူဟာလက္ရွိမွာ အေမရိကန္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ “Dead Of Night” Short Film ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး အေမရိကရဲ႕အႏုပညာေလာကထဲကို ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ဓာတ္ပုံ - ဥကၠာမင္းေမာင္
ရန္ကုန္၊ ဇူလိုင္ - ၁