【 ပြည်တွင်း 】 ရှမ်းမြောက် သီပေါမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ (၂၀) ခန့် ပျက်စီး

【 ပြည်တွင်း 】 ရှမ်းမြောက် သီပေါမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ (၂၀) ခန့် ပျက်စီး

သီပေါ၊ ဧပြီ - ၂၅
 
ရှမ်းပြည် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နော်အန်ကျေးရွာမှာ ဧပြီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းလောက်က မိုးအဆက်မပြတ်ရွာသွန်းပြီး လေ ပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်ခြေအချို့ ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်းလူမှုကွန်ရက်သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
 
ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်က မြို့နယ်တချို့မှာ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေဖြစ်ပွားခဲ့ပြီး နေအိမ်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။
 
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုတွေကြောင့် နေအိမ် ၉ လုံး ပြိုကျခဲ့သလို လူနေအိမ် ၅၉  လုံး အမိုးလန်ပျက်စီးသွားခဲ့သလို ချင်းပြည်နယ်၊ မင်းတပ်မြို့မှာလည်း ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းက မိုးစတင်ရွာသွန်းခဲ့ပြီး ညနေပိုင်းမှာစလို့  လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်တွေ ဆိုးဆိုးရွားရွားပျက်စီးပြီး လူထိခိုက်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
 
လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းနိုင်ခြေ ဆက်ရှိနေပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်တို့ မှာ နေရာကြဲကြဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးတွေမှာ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ ရာနှုန်းပြည့်ရှိတယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
 
နေနေ
Photo - CJ