【 နိုင်ငံတကာ အနုပညာ 】 ဂီတလောကတွင် ဆယ်စုနှစ် ၄ ခုကြာပြီး အသံပိုင်းဆိုင်ရာခွဲစိတ်မှု လုပ်ရသော်လည်း ဂျွန် ဘွန်ဂျိုဗီ အကောင်းမြင်ဆဲ

【 နိုင်ငံတကာ အနုပညာ 】 ဂီတလောကတွင် ဆယ်စုနှစ် ၄ ခုကြာပြီး အသံပိုင်းဆိုင်ရာခွဲစိတ်မှု လုပ်ရသော်လည်း ဂျွန် ဘွန်ဂျိုဗီ အကောင်းမြင်ဆဲ

ပါဆာဒီနာ၊ ဧပြီ - ၂၅

ဒါရိုက်တာ ဂိုသန်ချော့ပ်ရာကို ဂျွန် ဘွန်ဂျိုဗီက သူ၏တီးဝိုင်းဖြစ်သော ဘွန်ဂျိုဗီ၏ သမိုင်းကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ခွင့်ပြုလိုက်ချိန်တွင် သူ့ဘဝသည် အနုပညာလမ်းကြောင်းတစ်လျှောက် အဓိကကျသည့် အနိမ့်ဆုံးအဆင့်ရောက်မည်ဟု သူထင်မထားခဲ့ပေ။

ထိုတီးဝိုင်းသည် ဂီတခရီးစဉ်တစ်ခု စတင်နေတာဖြစ်ပါတယ်။သူသည် အသံပိုင်းအနေဖြင့် အသင့်ရှိစေရန် လုပ်ဆောင်ထားသော်လည်း သူသည် ယခင်ကဲ့သို့ သီချင်းမဆိုနိုင်တော့ဘဲ ရုန်းကန်နေရပါတယ်။

ဝေဖန်သူများက ထိုအချက်ကို သတိထားမိပါတယ်။

“သီချင်းဘယ်လိုဆိုရတယ်ဆိုတာ သူမေ့သွားပြီနဲ့တူတယ်” ဟု မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါမှ Pioneer Press ၏ သုံးသပ်ချက်က ဖော်ပြခဲ့ပါတယ်။

AP သတင်းဌာနနှင့် မကြာသေးမီက တွေဆုံမေးမြန်းမှုတွင် ဘွန်ဂျိုဗီက ထိုစဉ်က တုံ့ပြန်မှုသည် စိတ်နှလုံးကြေကွဲစရာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ခြုံငုံကုသမှုများ ကုန်ခမ်းသွားသောအခါ သူ၏အသံကော့ဒ်တစ်ခု အားနည်းနေကြောင်းပြောသည့် ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခဲ့ပါတယ်။

“ဒါဟာ ထူးခြားတယ်။အသံကော့ဒ် ရောင်တာ မဟုတ်ဘူး။အားကောင်းတဲ့ အသံကော့ဒ်က အားနည်းတဲ့ အသံကော့ဒ်ကို တွန်းနေတာ။ကျနော့်အခြေအနေ ရုတ်တရက် ပိုမိုဆိုးလာတယ်” ဟု ဘွန်ဂျိုဗီက ပြောပါတယ်။သူသည် အရေးကြီးသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ယခုတိုင် နာလန်ထနေဆဲဖြစ်ပါတယ်။

ယခုနှစ်တွင် အပြောင်းအလဲဖြစ်လာပါတယ်။သူခွဲစိတ်ပြီးနောက် ပထမဆုံးအဖြစ် ဖေဖော်ဝါရီလက MusiCares Person of the Year benefit gala တွင် ပရိသတ်များကို ဖျော်ဖြေခဲ့ပါတယ်။ထိုပွဲတွင် သူ့ကို Person of the Year ဟု ကြေညာခဲ့သည်။သူ့အဖွဲ့၏ နောက်ထပ်အယ်လ်ဘမ် “Forever” သည် ဇွန်လ ၇ ရက်နေ့တွင် စတိုးဆိုင်များသို့ရောက်မည်ဖြစ်ပြီး ထိုအဖွဲ့၏ ပထမဆုံး တစ်ပုဒ်တည်းပါဝင်သည့် ဓာတ်ပြား “Legendary” သည် ထွက်နေပြီဖြစ်ပါတယ်။အပိုင်း ၄ ပိုင်းပါသည့် “Thank You, Goodnight: The Bon Jovi Story,” ကို သောကြာနေ့တွင် Hulu ရုပ်သံတွင် စတင်တင်ဆက်မည် ဖြစ်ပါတယ်။

“တွေ့ကြုံရတာက ပျော်ရွှင်မှုပဲ။အခုဓာတ်ပြားနဲ့ပတ်သက်တဲ့ ရည်မှန်းချက်က လွန်ခဲ့တဲ့နှစ်တွေမှာ ရဖို့ခက်ခဲတဲ့ ပျော်ရွှင်မှုကို ဖမ်းစားဖို့ဖြစ်တယ်။တစ်ကမ္ဘာလုံးကြုံရတဲ့ ကိုဗစ်နိုင်တင်းကြောင့်ဖြစ်စေ ကျနော့် ပုဂ္ဂလိကခရီးကြောင့်ဖြစ်စေ ခက်ခဲတယ်။ဒီဓာတ်ပြားနဲ့ ကျနော်တို့တွေ ပျော်ရွှင်မှုကို ဖမ်းစားနိုင်မယ်လို့ ထင်တယ်” ဟု ဘွန်ဂျိုဗီက ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP