【 နည်းပညာ 】 အဆင့်မြှင်တင်လိုက်သော Facebook Messenger တွင် အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပေးပို့နိုင်ပြီ

【 နည်းပညာ 】 အဆင့်မြှင်တင်လိုက်သော Facebook Messenger တွင် အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပေးပို့နိုင်ပြီ

ကယ်လီဖိုးနီးယား၊ ဧပြီ - ၂၂

ကမ္ဘာကျော် လူမှုကွန်ရက်ကြီး Facebook ရဲ့ Messenger အက်ပ်ကို အဆင့်မြှင့်တင်ပေးမှု ပြုလုပ်ခဲ့ရာ အရည်အသွေးမြင့်ဓာတ်ပုံတွေကို ပေးပို့နိုင်မယ့် စွမ်းရည်သစ် ပါဝင်လာတယ်လို့ သိရပါတယ်။

ယခင်က Messenger အက်ပ်ကတစ်ဆင့် ဓာတ်ပုံတွေ ပေးပို့ရာမှာ ပုံတွေရဲ့ အရည်အသွေးကို လျှော့ချလေ့ရှိတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အခြားသော အက်ပ်တွေ၊ ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး ဓာတ်ပုံတွေကို ပေးပို့ခဲ့ရတာဖြစ်ပါတယ်။

Meta ကုမ္ပဏီက Messenger အက်ပ်ကို စွမ်းရည်သစ်တွေ ထည့်သွင်းပြီး အဆင့်မြှင့်တင်ပေးခဲ့ရာမှာ အရည်အသွေးမြင့် (HD) ဓာတ်ပုံတွေ ပေးပို့နိုင်တဲ့ စွမ်းရည်သစ် ပါဝင်လာခဲ့ပါတယ်။

စွမ်းရည်သစ်ကို အသုံးပြုရာမှာ ရိုးရှင်းပြီး သုံးစွဲသူတွေအနေနဲ့ မိမိပေးပို့လိုတဲ့ ဓာတ်ပုံကို ရွေးချယ်ပြီး ညာဘက်ထိပ်မှာ HD ဆိုတဲ့ ခလုတ်လေးကို ဖွင့်ပေး (On) လိုက်ကာ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်စွမ်းရည်သစ်တွေအနေနဲ့ Messenger ကို အသုံးပြုသူတိုင်း ကိုယ်ပိုင် QR Code ရရှိပြီး၊ အဆိုပါ Code ကို Scan ဖတ်ကာ အလွယ်တကူ Add လုပ်နိုင်တော့မှာဖြစ်သလို၊ Word ၊ Excel အပါအဝင် အဓိကဖိုင်အမျိုးအစားတွေကိုလည်း အရွယ်အစား 100MB အထိ ပေးပို့နိုင်မှာလည်းဖြစ်ပါတယ်။

Messenger အက်ပ်ရဲ့ စွမ်းရည်သစ်တွေကို အသုံးပြုနိုင်ဖို့အတွက် အဆိုပါအက်ပ်ကို အဆင့်မြှင့်တင်မှု (Update) ပြုလုပ်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

Damien
Ref - 9to5Mac