【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလို မဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ကံ အညံေ့လးတွေ များနေပါမယ်။အဖက်ဖက်က အနှောင့်အယှက်ရှိမယ်။စိတ်မတင်မကျ ကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ယခုရက်ပိုင်းအတွင်း အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းများတတ်တဲ့ ကာလဖြစ်နေပါတယ်။ဆန်၊ ဆီ၊ ဆား၊ စက်ပစ္စည်း၊ ဆေး၊ စာအု ပ်စတဲ့ လုပ်ငန်းများ တိုးချဲ့သင့်တဲ့ အချိန်အခါပါ။စပ်တူကိစ္စတွေ၊ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ကောင်းပါတယ်။ဒီကာလမှာ မထင်မှတ်ဘဲ နိုင်ငံရပ်ခြား လူမျိုးခြား အဆက်အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။သတိထားရမှာ မိတ်ရင်းဆွေရင်း၊ တပည့်အရင်းတွေပါ။ယုံကြည်မှုရအောင်ယူပြီး ဒုက္ခပေးတတ်ပါတယ်။ပညာရေးကံက ကောင်းနေပါတယ်။ကျန်းမာရေးမှာ ဆေးစားမှားတတ်ကိန်းရှိလို့ ဆရာဝန် မညွှန်ဘဲ ကိုယ်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။
အိမ်ထောင်ရှင်များ အဆင်ပြေနေသလောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားပုထိုးစေတီတွင် မွေးနေ့မွေးရက်၌ ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ပူဇော်ဆက်ကပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ စာသင်သား သံဃာတော်တစ်ပါးအား ဝတ္ထူငွေနှင့် လွယ်အိတ်အား လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။     ။ နေအိမ်တွင် နှင်းဆီပန်းထိုးကာ ပဋ္ဌာန်းနှင့် ဓမ္မစကြာကို နေ့စဉ်ရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်အား တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ဓာတ်ဗူးအသစ်ထဲ နှစ်ဦးစလုံး ဓာတ်ပုံထည့်ကာ ဘုရားစင်အောက် တစ်ပတ်တိတိ ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီသို့ သွားကာ သက်စေ့ မေတ္တာသုတ် ရွတ်ဆိုပေးခြင်း၊ အမှိုက်ရှင်းပေးခြင်းများ ဆောင်ရွက်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် လူမမာ (သို့မဟုတ်) ထိုသူကိုယ်စား လိပ်/ငါး/ငှက် တစ်ခုခုလွှတ်ပေးကာ ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပေးပါ ။

ထီကံကောင်းလိုသူများ ။     ။ ကြုံရာ ထီဆိုင်တွင် အင်္ဂါနံအက္ခရာဖြင့် ၃/၅ အပူးဂဏန်းပါသော ထီကို ရှာထိုးပါ။
( Zawgyi )
ယခုရက္ပိုင္း အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလို မျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ကံ အညံေ့လးေတြ မ်ားေနပါမယ္။အဖက္ဖက္က အေႏွာင့္အယွက္ရွိမယ္။စိတ္မတင္မက် ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္။ယခုရက္ပိုင္းအတြင္း အဂၤါ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားတတ္တဲ့ ကာလျဖစ္ေနပါတယ္။ဆန္၊ ဆီ၊ ဆား၊ စက္ပစၥည္း၊ ေဆး၊ စာအု ပ္စတဲ့ လုပ္ငန္းမ်ား တိုးခ်ဲ႕သင့္တဲ့ အခ်ိန္အခါပါ။စပ္တူကိစၥေတြ၊ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ေကာင္းပါတယ္။ဒီကာလမွာ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခား လူမ်ိဳးျခား အဆက္အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။သတိထားရမွာ မိတ္ရင္းေဆြရင္း၊ တပည့္အရင္းေတြပါ။ယုံၾကည္မႈရေအာင္ယူၿပီး ဒုကၡေပးတတ္ပါတယ္။ပညာေရးကံက ေကာင္းေနပါတယ္။က်န္းမာေရးမွာ ေဆးစားမွားတတ္ကိန္းရွိလို႔ ဆရာဝန္ မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ ကိုယ္မေသာက္ပါနဲ႔။
အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသေလာက္ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားပုထိုးေစတီတြင္ ေမြးေန႔ေမြးရက္၌ ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ပူေဇာ္ဆက္ကပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ စာသင္သား သံဃာေတာ္တစ္ပါးအား ဝတၳဴေငြႏွင့္ လြယ္အိတ္အား လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။     ။ ေနအိမ္တြင္ ႏွင္းဆီပန္းထိုးကာ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေန႔စဥ္႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္အား တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ဓာတ္ဗူးအသစ္ထဲ ႏွစ္ဦးစလုံး ဓာတ္ပုံထည့္ကာ ဘုရားစင္ေအာက္ တစ္ပတ္တိတိ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီသို႔ သြားကာ သက္ေစ့ ေမတၱာသုတ္ ႐ြတ္ဆိုေပးျခင္း၊ အမႈိက္ရွင္းေပးျခင္းမ်ား ေဆာင္႐ြက္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ လူမမာ (သို႔မဟုတ္) ထိုသူကိုယ္စား လိပ္/ငါး/ငွက္ တစ္ခုခုလႊတ္ေပးကာ ေဗာဇၨင္သုတ္ ႐ြတ္ဖတ္ေပးပါ ။

ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာ ထီဆိုင္တြင္ အဂၤါနံအကၡရာျဖင့္ ၃/၅ အပူးဂဏန္းပါေသာ ထီကို ရွာထိုးပါ။