【 သရော်စာ 】 ဘိုးသိကြားနှင့် နတ်ငယ်မုဒိန်း

【 သရော်စာ 】 ဘိုးသိကြားနှင့် နတ်ငယ်မုဒိန်း

အရှေ့အနောက် ယူဇနာတစ်သောင်း၊ တောင်မြောက် ယူဇနာတစ်သောင်း ရှိသော မဟာသုဒသနအမည်ရှိ တာဝတိသာနတ်ပြည်ရှိ ရွေးကောက်ခံ သိကြားမင်းအစိုးရ၏ နှစ်ပတ်လည် နတ်သဘင်ညီလာခံကြီး စတင်လေပြီ။

''တို့ သိကြားမင်းရဲ့ ညီလာခံ….နတ်ကြီးများရဲ့ ညီလာခံ'' ဆိုသော သီချင်းသံများက ပင်လယ်ကသစ်ပင်အနီး ညီလာခံကျင်းပရာ သုဓမ္မာသဘင်ဇရပ်အတွင်းမှ ပျံ့လွင့်လျက်ရှိလေသည်။

ရောင်ဝါမျိုးစုံ တောက်ပနေသော ပင်လယ်ကသစ်ပွင့်တို့၏ ရနံ့ကလည်း ယူဇနာတစ်ရာတိုင်တိုင် ပျံ့နှံ့မွှေးကြိုင်နေ၏။(၃၁) ဘုံအတွင်း တာဝန်ရှိကြကုန်သော နတ်ကောင်း၊ နတ်မြတ်၊ နတ်စမတ်များမှသည် နတ်ကျိုး၊ နတ်ပျက်၊ နတ်ဒုက္ခိတများပါမကျန် ညီလာခံတက်ရောက်ရန် ရောက်ရှိကြပေပြီ။

''သောင်းခန်းလုံးကေသာ၊ ဘုန်းတန်ခိုးကြီးကြောင်း၊ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းအဦး၊ တေဇာကြေညာ ကျာ်သဲ၊ မို့မို့ဝေဆာ အာကာဘုံထဲ''

နတ်တို့သနင်း သိကြားမင်းကြီး ထွက်ခါနီးပြီမို့ တစ်သိန်းမျှရှိသော နတ်လော်စပီကာအပေါင်းမှ ညီလာခံသီချင်းကို ပိတ်ကာ သိကြားပင့်နတ်ချင်းကို ဖွင့်ကြလေတော့သည်။

ယခုညီလာခံတွင် ဘိုးတော် သိကြားမင်းကြီး အဘယ်အရာကိုစီးပြီး ထွက်မည်ကို နတ်အပေါင်းက သိလိုစိတ်စောနေကြသည်။ယခင့်ယခင် ညီလာခံများတွင်တော့ သိကြားမင်းသည် သဘင်ထွက်စံရာတွင် ဧရာဝဏ်အမည်ရှိ ဆင်ကို စီးတော်မူလေ့ရှိ၏။သို့သော် တိချစ်သူနတ်အုပ်စုက တိရိစ္ဆာန်ညှင်းပန်းမှုဖြင့် တရားစွဲမ ည်ခြိမ်းခြောက်သဖြင့် သိကြားမင်းလည်း ဧရာဝဏ်ဆင်ကြီးအား သစ်တောဌာနသို့ ခဏပြန်အပ်လိုက်ရသည်ဟူသည်။မျက်လုံးပေါင်း တစ်ထောင်ရှိသူ၊ အသူရာတို့ကို အောင်နိုင်ခဲ့သူ၊ ဝရဇိန်လက်နက်ကို ပိုင်ဆိုင်သူ ဘိုးတော်သိကြားကြီးကား တိချစ်သူနတ်တို့ကို ကြောက်လှသဖြင့် နတ်သဘင်သို့ ခြေလျင်ပင် ကြွရောက်လာလေတော့သည်။

နကင်းကြီးကားကား၊ ဝတ်ဖြူစင်ကြယ်ဖြင့် ဘိုးသိကြားကြီးသည် မျက်မှောင်ကိုကြုံ့လျက် ညီလာခံထဲ ဝင်လာလေတော့၏။

''ဟဲ့..သုဇိတာတို့၊ သုမာလာတို့…ဒီလော်စပီကာတွေ ဘယ်အကောင်က ဖင်ယားပြီး ဖွင့်သလဲကွယ်..ဒီလောက် မီတာခတွေ သုံးဆလောက်တက်နေချိန်မှာ လော်တွေအပြိုင်ဖွင့်ပြီး ငါ့ကို ဒေဝါလီခံအောင် လုပ်နေကြသလားဟေ့..အခုပိတ်ခိုင်းစမ်း'' သုဇိတာ၊ သုမာလာ၊ သုနန္ဒာ အစရှိသော သိကြားကတော် သုသုလေးတို့ကား ဘိုးသိကြား၏ အလိုမကျသံကြောင့် ပြာယာခတ်ကျကုန်၏။မကြာမီ လော်စပီကာများ ပိတ်သွားပြီးနောက် ဝိဇယုတ္တရခရုသင်းသံ ထွက်ပေါ်လာလေသည်။နတ်ညီလာခံကား စပေပြီ။

ဝသ၀တီ၊ နိမ္မာနရတိ၊ တုသိတာ၊ ယာမာ၊ တာဝတိသာ၊ စတုမဟာရာဇ် စသော နတ်ပြည်ခြောက်ထပ်မှ ကိုယ်စားလှယ်အသီးသီးမှ အဆိုများတင်သွင်းကြ၊ နတ်ဝန်ကြီးများက ရှင်းလင်းကြဖြင့် ညီလာခံကြီး အသက်ဝင်လှုပ်ရှားနေတော့၏။

မကြာမီ ညီလာခံကြီး ပြီးစီးတော့မည်။ဘိုးတော်သိကြား ကိုယ်တိုင်သာမက နတ်အပေါင်းတို့ကလည်း နန္ဒာဝန်ဥယျာဉ်တော် မဟာနန္ဒကန်တော်ကြီးဘေးတွင် ကျင်းပမည့် နတ်ဒင်နာပါတီကိုသာ စိတ်စောနေကြသည်။ငြိမ်းချမ်းရေး လာရောက်ဆွေးနွေးသော အသူရာပြည်မှလည်း အသူရပြည်ဖြစ် အသူရာဝေါကာအရက်များ လာရောက်ဆက်သထားသည်ဆိုသည့် သတင်းက ရှကီသမား စတုမဟာရာဇ်နတ်နတ်တို့အတွက် လေချဉ်များပင် ပြို့စေတော့သည်။

ထိုအခိုက် စည်းဝေးသူ နတ်ထုကြီးထဲမှ ကလေးငိုသံများ ဗြဲခနဲ စီနေအောင် ထွက်လာလေတော့သည်။နတ်ဆောက်လုပ်ရေးဝန်ကြီး၏ ရှင်းတမ်းကြီး ဖတ်ပြချိန်တွင် အိပ်ငိုက်နေသော ဘိုးတော်သိကြားမှာ ကလေးငိုသံများကြောင့် အလန့်တကြား ဖြစ်သွားလေ၏။

''ဟဲ့..ဟဲ့..ညီလာခံထဲ ကလေးမခေါ်ရဘူးလို့..ငါ အမိန့်ထုတ်ထားတယ်လကွယ်..ဘယ်က ငိုသံတွေတုန်း''

''အစိမ်းအုပ်စုကပါ ဘုရား..အစိမ်းအုပ်စုကပါ''

''ဟဲ့..ပလုတ်တုတ်'' အစိမ်းအုပ်စု ဟု အသံကြားသည်နှင့် ဘိုးတော်သိကြားသည် သူထိုင်နေသော ဗန္ဒုကဗ္ပလာမြကျောက်ဖျာကို လက်နှင့်ဖိကာ စိုးရိမ်တကြီး ဖြစ်သွားလေ၏။

''စိုးရိမ်တော်မမူပါနဲ့..ဖျာ့…လူ့ပြည်က အစိမ်းအုပ်စုကို ပြောတာမဟုတ်ပါဘူး..လူ့ဘုံမှာ  တည်ရှိတဲ့ (၃၇) မင်း နတ်စိမ်းအုပ်စုကို ပြောတာပါ..ဖျာ့''

ထိုအခါမှ သိကြားလည်း သက်ပြင်းကို နာနာချနိုင်တော့၏။''အိမ်းလကွယ်..လူ့ပြည် အစိမ်းအုပ်စုဆိုရင်တော့ ငါသိကြားလည်း ကြောက်သကွယ့်..တော်ကြာ…တာဝတိသာ အာဏာသိမ်းမလား..နတ်ထုထဲ အစိတ်သားထည့်ပေးပါ ခြိမ်းခြောက်မလား ကြောက်လို့ပါကွယ်..ကြောက်လို့ပါ ကဲ..ကဲ..ဟုတ်ပါပြီ…ဒါနဲ့…နတ်သဘင်အစည်းအဝေးထဲ ကလေးမခေါ်လာရလို့ စည်းကမ်းထုတ်ထားပါလျက်…ကလေးခေါ်လာတာ ဘယ်နတ်စိမ်းတွေများတုန်းဟဲ့''

''ဘယ်သူမှ ခေါ်လာတာမဟုတ်ပါဘူး.ဖျား..သူတို့ဟာ သူတို့ လာတက်ကြတာပါ..အဲ့ဒါကို နတ်တာဝန်ထိန်းတွေက အတင်း လူပြည်ပြန်ဆင်းခိုင်းလို့ ငိုနေကြတာပါဖျာ့''

''ဟင်..ဘယ်သူတွေတုန်း..ငါ့ တစ်ယောက်ချင်း ထရပ်ပြကြစမ်း''

ထိုစဉ် ကြက်တောင်စည်းကလေးနှင့် အသက် (၂) နှစ်အရွယ် ကလေးတစ်ဦး မတ်တပ်ထရပ်လေတော့သည်။

''ဟဲ့..ကလေးဆိုတော့ သေချာမမြင်ရဘူး..ဘယ်သူများလဲကွယ်''

''မီးမီးက မင်းမဟာဂီရိနတ် ပန်းဘဲဦးတင့်တယ်ရဲ့ တူမ၊ သုံးပန်လှမဒွေးလှရဲ့ သမီး ရှင်နှဲမိ ခေါ် မနှဲလေးနတ်ပါ..ဘိုးဘိုးသိကြားကြီးရှင့်''

''အေး..မနှဲလေး..မနှဲလေး..အင်းသိပြီ..တကောင်းအုပ်စုကပဲ..ဒါနဲ့ ညည်းဘေးက ကလေးမကရော''

''ဒါက မီးမီးရဲ့ တပည့် နတ်သူငယ်မ မကြာဥပါ..ဘိုးဘိုးသိကြားကြီးရှင့်''

''အောင်မယ်..နှစ်နှစ်သမီးက တပည့်တွေ ဘာတွေနဲ့ပါလားဟ''

''ဘိုးဘိုးသိကြားရဲ့ မွေးစားသား လေးကျွန်းမောင်မောင်လည်း တွန်းလှည်းထဲမှာ ပါလာပါသေးတယ်..ဖျာ့''

''အလို..ကလေးနတ်တွေ အစုံအလင်ပါလားဟဲ့…အသက် ဆယ့်ရှစ်နှစ် မကျော်သေးပဲ…နတ်ပြည်တာဝန် ထမ်းခိုင်းရင် လေဘာလောနဲ့ ငြိမှာစိုးလို့…အသက်မပြည့်တဲ့ ကလေးနတ်တွေကို ဘိုးဘိုးသိကြားက ညီလာခံလွတ်ငြိမ်းခွင့်ပြုထားပြီးသားလေကွယ်..ဘာကြောင့် ရောက်လာရသလဲ..ကလေးတို့..လျှောက်တင်ကြစမ်း''

''လူ့ပြည်မှာ မနေရဲကြတော့လို့ပါ..ဖျား''

''ဟဲ့.ညည်းတို့ ညည်းတို့တွေ…လူ့ပြည်နေလာတာပဲ လူ့သက်နဲ့ဆို နှစ်ရာချီနေကြပြီ..ဘယ့်နှယ့် အခုမှ  မနေချင်ရတာလဲ...ဘာလဲ..လူတွေက ဘဲဥပြုတ် မဆက်ကြတော့လို့လား''

''ဘဲဥပြုတ် ငတ်တာက အရေးမဟုတ်ပါဘူး..ဘိုးဘိုးသိကြား..အခုဟာက လူ့ပြည်မှာ သက်ငယ်မုဒိန်း ဆိုတာတွေ ခေတ်စားနေပါတယ်ဖျား..ခေတ်စားနေပါတယ်''

''အလို…သက်ငယ်မုဒိန်း..အင်း..ဟုတ်ပ..ဟုတ်ပ..အခုတောင်..လူပြည်က နေပြည်တော်ဆိုတဲ့ အစိုးရမင်းတို့ ဌာနီကြီးက မူကြိုကျောင်းတစ်ခုမှာ သက်ငယ်မုဒိန်းဖြစ်လို့ဆိုကွဲ့''

''မှန်ပါ့ဖျား…သက်ဆိုင်ရာဌာနတွေက တရားခံကို စုံပြီးစမ်းနေကြပါတယ်ဖျား..ဒါပေမယ့် တရားခံက တော်တော်နဲ့ မပေါ်နိုင်ဘူးဖျား''

''အော်..ဒီကလေးမနှယ့်..စကားမတတ်တတတ်၊ မပီကလာနဲ့ ပြောရော့မယ်…စုံပြီးစမ်းတာ မဟုတ်ဘူး..စုံစမ်းတာလို့ ပြောစမ်းပါကွယ်''

''မဟုတ်ပါဘူး ဘိုးဘိုး…သူတို့က ဒီနှာခေါင်းပေါက်လောက် ကျောင်းလေးကနေ အိမ်အပြန်လမ်းက ကိစ္စကို  အာဏာ၊ ပါဝါ၊ အသပြာ အားတွေအစုံနဲ့ ပြည်သူကို သွေးတိုးစမ်းသလို လုပ်နေကြလို့ စုံပြီးစမ်းတယ်လို့ ပြောတာပါဖျား''

''အိမ်း..ကြားတယ်..ကြားတယ်..ဘိုးဘိုးလည်း ဒီသတင်းကြားပြီး တယ်လည်း စိတ်ထဲ  မသက်သာလှဘူး..ဒါနဲ့…အမှုက တရားခံဖမ်းနိုင်သွားပြီဆိုကွဲ့''

''ပြည်သူအများစုကတော့ ဒွိဟနဲ့ပါ..ဖျား…စစ်ဆေးပြီး အပြစ်မရှိပါဘူးဆိုပြီး ပထမတစ်ခါ လွှတ်လိုက်တဲ့ တရားခံကို ဒုတိယအကြိမ်ကျ တရားခံဆိုပြီး ပြန်ဖမ်းတယ်ဆိုတော့..ထင်ကြပြီပေါ့ဖျား''

''အေးပေါ့..အေးပေါ့...ဒါနဲ့ ညည်းလေးတို့ကရော ကျုပ်တာဝတိသာကို ရောက်လာကြတာ ဒီကိစ္စနဲ့ ဘာဆိုင်သတုံး''

''ဆိုင်တာပေါ့..ဘိုးဘိုး..မီးမီးတို့က ကလေးတွေလေ ဖျား''

''ဟဲ့…ကလေးပေမယ်..ညည်းတို့က လူမဟုတ်ဘူး..ကလေးနတ်လေကွယ်''

''နတ်လည်း နတ်နတ်ပဲ ဖျား..လူမင်းဘုန်းကြီး နတ်မင်းမနေသာ ဆိုတဲ့စကား ကြားဖူးတယ် မဟုတ်လားဖျား.. အခု  လူမုဒိန်းသမား ဘုန်းကြီးရင် နတ်ကလေးတွေလည်း ဘယ်နေနိုင်မတုန်းဖျား…တော်ကြာ သက်ငယ်မုဒိန်းပြီးလို့ နတ်ငယ်မုဒိန်းဖြစ်လာရင် ကိုယ်ကျိုးနည်းမှာဖျား.ဒါကြောင့်..လူ့ပြည်ကနေ နတ်ပြည်ကို ပြောင်းရအောင် ထရန်စဖာ လာတင်တာပါဖျား''

ဘိုးသိကြား ခေါင်းစားလေပြီ။''အိမ်း..နတ်သူငယ်တွေနဲ့တော့ ခက်တာပဲ'' ''မခက်ပါဘူးဖျား..လုံခြုံပါတယ်ဆိုတဲ့ မူကြိုထဲတောင် ဒင်းတို့က ဝင်ဒိန်းသေးတာ..မီးမီးတို့ နတ်ကွန်းတွေဆိုတာ တံခါးတွေဘာတွေ ရှိတာမဟုတ်ဘူးဖျား..ဘဲဥဝင်ဆက်သလိုလိုနဲ့ ဒိန်းသွားမှာ စိုးပါတယ်ဖျား''

''ကဲ..ကဲ…ဒီကိစ္စ ဘိုးဘိုးသိကြား ဖြေရှင်းပေးပါ့မယ်…စတုမဟာရာဇ်ဘုံးအောက်က နတ်စိမ်းတွေကို ရာထူးတိုးပေးဖို့က မလွယ်ဘူး မီးမီးတို့ရဲ့…ဒီတော့ မီးမီးတို့နေတဲ့ လူ့ဘုံကို အခု စတုမဟာရာဇ်က နတ်လူကြီးတွေနဲ့အတူ ဘိုးသိကြားကြီးဆင်းမယ်…မီးမီးတို့ လုံခြုံရေးအတွက် သက်ဆိုင်ရာ နတ်တွေကို  တာဝန်ပေးပေးမယ်..ကဲ..ကဲ..ကလေးတို့ မငိုကြနဲ့တော့..လူ့ပြည်ပြန်ဆင်းဖို့သာပြင်''

''ဟင့်အင်း..ပြန်ဝူး..ပြန်ဝူး..လူတွေကို ကြောက်တယ်..သက်ငယ်မုဒိန်းသမားတွေကိုကြောက်တယ်..နတ်ပြည်မှာပဲ နေမယ်''

''ကဲ…ကလေးတို့ရယ် တိတ်ပါ..တိတ်ပါ….ဟဲ့..မာတလိ..ဝေဇယန္တာရထားကို အခုချက်ချင်းပြင်စမ်း..ငါလူ့ပြည်ကို ဒီကလေးတွေနဲ့အတူ အခုဆင်းမယ်.'' သိကြားမင်း၏ အမိန့်ဆုံးသည်နှင့် မာတလိ မောင်းနှင်သော ဝေဇယန္တာရထားသည် သုဓမ္မာသဘင်ဇရပ်ရှေ့ ဝုန်းခနဲ ပေါ်ပေါက်လာလေတော့သည်။

ဘိုးတော်သိကြားမင်းနှင့် စတုမဟာရာဇ်နတ် အရာရှိအပေါင်းလည်း မနှဲလေး၊ မကြာဥတို့ ကလေးမလေးနှစ်ယောက်ကို ချီပိုး..လေးကျွန်းမောင်မောင်၏ တွန်းလှည်းလေးတွန်းလျက် ရထားပေါ်သို့တင်ပြီး လူ့ပြည်သို့ ခရီးဆက်ရန် ပြင်ကြလေသည်။

ရထားထွက်ခါနီးတွင် သိကြားမင်းက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ရုတ်တရတ် ယခုလို ထအော်လိုက်လေသည်။

''ဟေ့..ဒရိုင်ဘာမာတလိ..လူ့ပြည်ကို မင်းမလိုက်နဲ့..မင်းမလိုက်နဲ့…မဖြစ်ဘူး…ငါတို့ ရထားကို ဖြစ်သလိုပဲ မောင်းသွားကြမယ်…တော်ကြာ..ဟိုမှာ တရားခံရှာမရတာနဲ့…မင်းကို တရားခံနာမည်တပ်နေမှဖြင့်..နတ်ပြည် နာမည်ပျက်ရချည်ရဲ့ကွယ်'' ဟူ၏။

ဗြိတိသျှကိုကိုမောင်
ဇူလိုင် - ၇

( Zawgyi )

အေရွ႕အေနာက္ ယူဇနာတစ္ေသာင္း၊ ေတာင္ေျမာက္ ယူဇနာတစ္ေသာင္း ရွိေသာ မဟာသုဒသနအမည္ရွိ တာဝတိသာနတ္ျပည္ရွိ ေ႐ြးေကာက္ခံ သိၾကားမင္းအစိုးရ၏ ႏွစ္ပတ္လည္ နတ္သဘင္ညီလာခံႀကီး စတင္ေလၿပီ။

''တို႔ သိၾကားမင္းရဲ႕ ညီလာခံ….နတ္ႀကီးမ်ားရဲ႕ ညီလာခံ'' ဆိုေသာ သီခ်င္းသံမ်ားက ပင္လယ္ကသစ္ပင္အနီး ညီလာခံက်င္းပရာ သုဓမၼာသဘင္ဇရပ္အတြင္းမွ ပ်ံ႕လြင့္လ်က္ရွိေလသည္။

ေရာင္ဝါမ်ိဳးစုံ ေတာက္ပေနေသာ ပင္လယ္ကသစ္ပြင့္တို႔၏ ရနံ႔ကလည္း ယူဇနာတစ္ရာတိုင္တိုင္ ပ်ံ႕ႏွံ႔ေမႊးႀကိဳင္ေန၏။(၃၁) ဘုံအတြင္း တာဝန္ရွိၾကကုန္ေသာ နတ္ေကာင္း၊ နတ္ျမတ္၊ နတ္စမတ္မ်ားမွသည္ နတ္က်ိဳး၊ နတ္ပ်က္၊ နတ္ဒုကၡိတမ်ားပါမက်န္ ညီလာခံတက္ေရာက္ရန္ ေရာက္ရွိၾကေပၿပီ။

''ေသာင္းခန္းလုံးေကသာ၊ ဘုန္းတန္ခိုးႀကီးေၾကာင္း၊ ေသာင္းခန္းလုံးေကသာ၊ ဘုန္းတန္းအဦး၊ ေတဇာေၾကညာ က်ာ္သဲ၊ မို႔မို႔ေဝဆာ အာကာဘုံထဲ''

နတ္တို႔သနင္း သိၾကားမင္းႀကီး ထြက္ခါနီးၿပီမို႔ တစ္သိန္းမွ်ရွိေသာ နတ္ေလာ္စပီကာအေပါင္းမွ ညီလာခံသီခ်င္းကို ပိတ္ကာ သိၾကားပင့္နတ္ခ်င္းကို ဖြင့္ၾကေလေတာ့သည္။

ယခုညီလာခံတြင္ ဘိုးေတာ္ သိၾကားမင္းႀကီး အဘယ္အရာကိုစီးၿပီး ထြက္မည္ကို နတ္အေပါင္းက သိလိုစိတ္ေစာေနၾကသည္။ယခင့္ယခင္ ညီလာခံမ်ားတြင္ေတာ့ သိၾကားမင္းသည္ သဘင္ထြက္စံရာတြင္ ဧရာဝဏ္အမည္ရွိ ဆင္ကို စီးေတာ္မူေလ့ရွိ၏။သို႔ေသာ္ တိခ်စ္သူနတ္အုပ္စုက တိရိစာၦန္ညႇင္းပန္းမႈျဖင့္ တရားစြဲမ ည္ၿခိမ္းေျခာက္သျဖင့္ သိၾကားမင္းလည္း ဧရာဝဏ္ဆင္ႀကီးအား သစ္ေတာဌာနသို႔ ခဏျပန္အပ္လိုက္ရသည္ဟူသည္။မ်က္လုံးေပါင္း တစ္ေထာင္ရွိသူ၊ အသူရာတို႔ကို ေအာင္ႏိုင္ခဲ့သူ၊ ဝရဇိန္လက္နက္ကို ပိုင္ဆိုင္သူ ဘိုးေတာ္သိၾကားႀကီးကား တိခ်စ္သူနတ္တို႔ကို ေၾကာက္လွသျဖင့္ နတ္သဘင္သို႔ ေျခလ်င္ပင္ ႂကြေရာက္လာေလေတာ့သည္။

နကင္းႀကီးကားကား၊ ဝတ္ျဖဴစင္ၾကယ္ျဖင့္ ဘိုးသိၾကားႀကီးသည္ မ်က္ေမွာင္ကိုႀကဳံ႔လ်က္ ညီလာခံထဲ ဝင္လာေလေတာ့၏။

''ဟဲ့..သုဇိတာတို႔၊ သုမာလာတို႔…ဒီေလာ္စပီကာေတြ ဘယ္အေကာင္က ဖင္ယားၿပီး ဖြင့္သလဲကြယ္..ဒီေလာက္ မီတာခေတြ သုံးဆေလာက္တက္ေနခ်ိန္မွာ ေလာ္ေတြအၿပိဳင္ဖြင့္ၿပီး ငါ့ကို ေဒဝါလီခံေအာင္ လုပ္ေနၾကသလားေဟ့..အခုပိတ္ခိုင္းစမ္း'' သုဇိတာ၊ သုမာလာ၊ သုနႏၵာ အစရွိေသာ သိၾကားကေတာ္ သုသုေလးတို႔ကား ဘိုးသိၾကား၏ အလိုမက်သံေၾကာင့္ ျပာယာခတ္က်ကုန္၏။မၾကာမီ ေလာ္စပီကာမ်ား ပိတ္သြားၿပီးေနာက္ ဝိဇယုတၱရခ႐ုသင္းသံ ထြက္ေပၚလာေလသည္။နတ္ညီလာခံကား စေပၿပီ။

ဝသ၀တီ၊ နိမၼာနရတိ၊ တုသိတာ၊ ယာမာ၊ တာဝတိသာ၊ စတုမဟာရာဇ္ စေသာ နတ္ျပည္ေျခာက္ထပ္မွ ကိုယ္စားလွယ္အသီးသီးမွ အဆိုမ်ားတင္သြင္းၾက၊ နတ္ဝန္ႀကီးမ်ားက ရွင္းလင္းၾကျဖင့္ ညီလာခံႀကီး အသက္ဝင္လႈပ္ရွားေနေတာ့၏။

မၾကာမီ ညီလာခံႀကီး ၿပီးစီးေတာ့မည္။ဘိုးေတာ္သိၾကား ကိုယ္တိုင္သာမက နတ္အေပါင္းတို႔ကလည္း နႏၵာဝန္ဥယ်ာဥ္ေတာ္ မဟာနႏၵကန္ေတာ္ႀကီးေဘးတြင္ က်င္းပမည့္ နတ္ဒင္နာပါတီကိုသာ စိတ္ေစာေနၾကသည္။ၿငိမ္းခ်မ္းေရး လာေရာက္ေဆြးေႏြးေသာ အသူရာျပည္မွလည္း အသူရျပည္ျဖစ္ အသူရာေဝါကာအရက္မ်ား လာေရာက္ဆက္သထားသည္ဆိုသည့္ သတင္းက ရွကီသမား စတုမဟာရာဇ္နတ္နတ္တို႔အတြက္ ေလခ်ဥ္မ်ားပင္ ၿပိဳ႕ေစေတာ့သည္။

ထိုအခိုက္ စည္းေဝးသူ နတ္ထုႀကီးထဲမွ ကေလးငိုသံမ်ား ၿဗဲခနဲ စီေနေအာင္ ထြက္လာေလေတာ့သည္။နတ္ေဆာက္လုပ္ေရးဝန္ႀကီး၏ ရွင္းတမ္းႀကီး ဖတ္ျပခ်ိန္တြင္ အိပ္ငိုက္ေနေသာ ဘိုးေတာ္သိၾကားမွာ ကေလးငိုသံမ်ားေၾကာင့္ အလန႔္တၾကား ျဖစ္သြားေလ၏။

''ဟဲ့..ဟဲ့..ညီလာခံထဲ ကေလးမေခၚရဘူးလို႔..ငါ အမိန႔္ထုတ္ထားတယ္လကြယ္..ဘယ္က ငိုသံေတြတုန္း''

''အစိမ္းအုပ္စုကပါ ဘုရား..အစိမ္းအုပ္စုကပါ''

''ဟဲ့..ပလုတ္တုတ္'' အစိမ္းအုပ္စု ဟု အသံၾကားသည္ႏွင့္ ဘိုးေတာ္သိၾကားသည္ သူထိုင္ေနေသာ ဗႏၵဳကဗၸလာျမေက်ာက္ဖ်ာကို လက္ႏွင့္ဖိကာ စိုးရိမ္တႀကီး ျဖစ္သြားေလ၏။

''စိုးရိမ္ေတာ္မမူပါနဲ႔..ဖ်ာ့…လူ႔ျပည္က အစိမ္းအုပ္စုကို ေျပာတာမဟုတ္ပါဘူး..လူ႔ဘုံမွာ  တည္ရွိတဲ့ (၃၇) မင္း နတ္စိမ္းအုပ္စုကို ေျပာတာပါ..ဖ်ာ့''

ထိုအခါမွ သိၾကားလည္း သက္ျပင္းကို နာနာခ်ႏိုင္ေတာ့၏။''အိမ္းလကြယ္..လူ႔ျပည္ အစိမ္းအုပ္စုဆိုရင္ေတာ့ ငါသိၾကားလည္း ေၾကာက္သကြယ့္..ေတာ္ၾကာ…တာဝတိသာ အာဏာသိမ္းမလား..နတ္ထုထဲ အစိတ္သားထည့္ေပးပါ ၿခိမ္းေျခာက္မလား ေၾကာက္လို႔ပါကြယ္..ေၾကာက္လို႔ပါ ကဲ..ကဲ..ဟုတ္ပါၿပီ…ဒါနဲ႔…နတ္သဘင္အစည္းအေဝးထဲ ကေလးမေခၚလာရလို႔ စည္းကမ္းထုတ္ထားပါလ်က္…ကေလးေခၚလာတာ ဘယ္နတ္စိမ္းေတြမ်ားတုန္းဟဲ့''

''ဘယ္သူမွ ေခၚလာတာမဟုတ္ပါဘူး.ဖ်ား..သူတို႔ဟာ သူတို႔ လာတက္ၾကတာပါ..အဲ့ဒါကို နတ္တာဝန္ထိန္းေတြက အတင္း လူျပည္ျပန္ဆင္းခိုင္းလို႔ ငိုေနၾကတာပါဖ်ာ့''

''ဟင္..ဘယ္သူေတြတုန္း..ငါ့ တစ္ေယာက္ခ်င္း ထရပ္ျပၾကစမ္း''

ထိုစဥ္ ၾကက္ေတာင္စည္းကေလးႏွင့္ အသက္ (၂) ႏွစ္အ႐ြယ္ ကေလးတစ္ဦး မတ္တပ္ထရပ္ေလေတာ့သည္။

''ဟဲ့..ကေလးဆိုေတာ့ ေသခ်ာမျမင္ရဘူး..ဘယ္သူမ်ားလဲကြယ္''

''မီးမီးက မင္းမဟာဂီရိနတ္ ပန္းဘဲဦးတင့္တယ္ရဲ႕ တူမ၊ သုံးပန္လွမေဒြးလွရဲ႕ သမီး ရွင္ႏွဲမိ ေခၚ မႏွဲေလးနတ္ပါ..ဘိုးဘိုးသိၾကားႀကီးရွင့္''

''ေအး..မႏွဲေလး..မႏွဲေလး..အင္းသိၿပီ..တေကာင္းအုပ္စုကပဲ..ဒါနဲ႔ ညည္းေဘးက ကေလးမကေရာ''

''ဒါက မီးမီးရဲ႕ တပည့္ နတ္သူငယ္မ မၾကာဥပါ..ဘိုးဘိုးသိၾကားႀကီးရွင့္''

''ေအာင္မယ္..ႏွစ္ႏွစ္သမီးက တပည့္ေတြ ဘာေတြနဲ႔ပါလားဟ''

''ဘိုးဘိုးသိၾကားရဲ႕ ေမြးစားသား ေလးကြၽန္းေမာင္ေမာင္လည္း တြန္းလွည္းထဲမွာ ပါလာပါေသးတယ္..ဖ်ာ့''

''အလို..ကေလးနတ္ေတြ အစုံအလင္ပါလားဟဲ့…အသက္ ဆယ့္ရွစ္ႏွစ္ မေက်ာ္ေသးပဲ…နတ္ျပည္တာဝန္ ထမ္းခိုင္းရင္ ေလဘာေလာနဲ႔ ၿငိမွာစိုးလို႔…အသက္မျပည့္တဲ့ ကေလးနတ္ေတြကို ဘိုးဘိုးသိၾကားက ညီလာခံလြတ္ၿငိမ္းခြင့္ျပဳထားၿပီးသားေလကြယ္..ဘာေၾကာင့္ ေရာက္လာရသလဲ..ကေလးတို႔..ေလွ်ာက္တင္ၾကစမ္း''

''လူ႔ျပည္မွာ မေနရဲၾကေတာ့လို႔ပါ..ဖ်ား''

''ဟဲ့.ညည္းတို႔ ညည္းတို႔ေတြ…လူ႔ျပည္ေနလာတာပဲ လူ႔သက္နဲ႔ဆို ႏွစ္ရာခ်ီေနၾကၿပီ..ဘယ့္ႏွယ့္ အခုမွ  မေနခ်င္ရတာလဲ...ဘာလဲ..လူေတြက ဘဲဥျပဳတ္ မဆက္ၾကေတာ့လို႔လား''

''ဘဲဥျပဳတ္ ငတ္တာက အေရးမဟုတ္ပါဘူး..ဘိုးဘိုးသိၾကား..အခုဟာက လူ႔ျပည္မွာ သက္ငယ္မုဒိန္း ဆိုတာေတြ ေခတ္စားေနပါတယ္ဖ်ား..ေခတ္စားေနပါတယ္''

''အလို…သက္ငယ္မုဒိန္း..အင္း..ဟုတ္ပ..ဟုတ္ပ..အခုေတာင္..လူျပည္က ေနျပည္ေတာ္ဆိုတဲ့ အစိုးရမင္းတို႔ ဌာနီႀကီးက မူႀကိဳေက်ာင္းတစ္ခုမွာ သက္ငယ္မုဒိန္းျဖစ္လို႔ဆိုကြဲ႕''

''မွန္ပါ့ဖ်ား…သက္ဆိုင္ရာဌာနေတြက တရားခံကို စုံၿပီးစမ္းေနၾကပါတယ္ဖ်ား..ဒါေပမယ့္ တရားခံက ေတာ္ေတာ္နဲ႔ မေပၚႏိုင္ဘူးဖ်ား''

''ေအာ္..ဒီကေလးမႏွယ့္..စကားမတတ္တတတ္၊ မပီကလာနဲ႔ ေျပာေရာ့မယ္…စုံၿပီးစမ္းတာ မဟုတ္ဘူး..စုံစမ္းတာလို႔ ေျပာစမ္းပါကြယ္''

''မဟုတ္ပါဘူး ဘိုးဘိုး…သူတို႔က ဒီႏွာေခါင္းေပါက္ေလာက္ ေက်ာင္းေလးကေန အိမ္အျပန္လမ္းက ကိစၥကို  အာဏာ၊ ပါဝါ၊ အသျပာ အားေတြအစုံနဲ႔ ျပည္သူကို ေသြးတိုးစမ္းသလို လုပ္ေနၾကလို႔ စုံၿပီးစမ္းတယ္လို႔ ေျပာတာပါဖ်ား''

''အိမ္း..ၾကားတယ္..ၾကားတယ္..ဘိုးဘိုးလည္း ဒီသတင္းၾကားၿပီး တယ္လည္း စိတ္ထဲ  မသက္သာလွဘူး..ဒါနဲ႔…အမႈက တရားခံဖမ္းႏိုင္သြားၿပီဆိုကြဲ႕''

''ျပည္သူအမ်ားစုကေတာ့ ဒြိဟနဲ႔ပါ..ဖ်ား…စစ္ေဆးၿပီး အျပစ္မရွိပါဘူးဆိုၿပီး ပထမတစ္ခါ လႊတ္လိုက္တဲ့ တရားခံကို ဒုတိယအႀကိမ္က် တရားခံဆိုၿပီး ျပန္ဖမ္းတယ္ဆိုေတာ့..ထင္ၾကၿပီေပါ့ဖ်ား''

''ေအးေပါ့..ေအးေပါ့...ဒါနဲ႔ ညည္းေလးတို႔ကေရာ က်ဳပ္တာဝတိသာကို ေရာက္လာၾကတာ ဒီကိစၥနဲ႔ ဘာဆိုင္သတုံး''

''ဆိုင္တာေပါ့..ဘိုးဘိုး..မီးမီးတို႔က ကေလးေတြေလ ဖ်ား''

''ဟဲ့…ကေလးေပမယ္..ညည္းတို႔က လူမဟုတ္ဘူး..ကေလးနတ္ေလကြယ္''

''နတ္လည္း နတ္နတ္ပဲ ဖ်ား..လူမင္းဘုန္းႀကီး နတ္မင္းမေနသာ ဆိုတဲ့စကား ၾကားဖူးတယ္ မဟုတ္လားဖ်ား.. အခု  လူမုဒိန္းသမား ဘုန္းႀကီးရင္ နတ္ကေလးေတြလည္း ဘယ္ေနႏိုင္မတုန္းဖ်ား…ေတာ္ၾကာ သက္ငယ္မုဒိန္းၿပီးလို႔ နတ္ငယ္မုဒိန္းျဖစ္လာရင္ ကိုယ္က်ိဳးနည္းမွာဖ်ား.ဒါေၾကာင့္..လူ႔ျပည္ကေန နတ္ျပည္ကို ေျပာင္းရေအာင္ ထရန္စဖာ လာတင္တာပါဖ်ား''

ဘိုးသိၾကား ေခါင္းစားေလၿပီ။''အိမ္း..နတ္သူငယ္ေတြနဲ႔ေတာ့ ခက္တာပဲ'' ''မခက္ပါဘူးဖ်ား..လုံၿခဳံပါတယ္ဆိုတဲ့ မူႀကိဳထဲေတာင္ ဒင္းတို႔က ဝင္ဒိန္းေသးတာ..မီးမီးတို႔ နတ္ကြန္းေတြဆိုတာ တံခါးေတြဘာေတြ ရွိတာမဟုတ္ဘူးဖ်ား..ဘဲဥဝင္ဆက္သလိုလိုနဲ႔ ဒိန္းသြားမွာ စိုးပါတယ္ဖ်ား''

''ကဲ..ကဲ…ဒီကိစၥ ဘိုးဘိုးသိၾကား ေျဖရွင္းေပးပါ့မယ္…စတုမဟာရာဇ္ဘုံးေအာက္က နတ္စိမ္းေတြကို ရာထူးတိုးေပးဖို႔က မလြယ္ဘူး မီးမီးတို႔ရဲ႕…ဒီေတာ့ မီးမီးတို႔ေနတဲ့ လူ႔ဘုံကို အခု စတုမဟာရာဇ္က နတ္လူႀကီးေတြနဲ႔အတူ ဘိုးသိၾကားႀကီးဆင္းမယ္…မီးမီးတို႔ လုံၿခဳံေရးအတြက္ သက္ဆိုင္ရာ နတ္ေတြကို  တာဝန္ေပးေပးမယ္..ကဲ..ကဲ..ကေလးတို႔ မငိုၾကနဲ႔ေတာ့..လူ႔ျပည္ျပန္ဆင္းဖို႔သာျပင္''

''ဟင့္အင္း..ျပန္ဝူး..ျပန္ဝူး..လူေတြကို ေၾကာက္တယ္..သက္ငယ္မုဒိန္းသမားေတြကိုေၾကာက္တယ္..နတ္ျပည္မွာပဲ ေနမယ္''

''ကဲ…ကေလးတို႔ရယ္ တိတ္ပါ..တိတ္ပါ….ဟဲ့..မာတလိ..ေဝဇယႏၲာရထားကို အခုခ်က္ခ်င္းျပင္စမ္း..ငါလူ႔ျပည္ကို ဒီကေလးေတြနဲ႔အတူ အခုဆင္းမယ္.'' သိၾကားမင္း၏ အမိန႔္ဆုံးသည္ႏွင့္ မာတလိ ေမာင္းႏွင္ေသာ ေဝဇယႏၲာရထားသည္ သုဓမၼာသဘင္ဇရပ္ေရွ႕ ဝုန္းခနဲ ေပၚေပါက္လာေလေတာ့သည္။

ဘိုးေတာ္သိၾကားမင္းႏွင့္ စတုမဟာရာဇ္နတ္ အရာရွိအေပါင္းလည္း မႏွဲေလး၊ မၾကာဥတို႔ ကေလးမေလးႏွစ္ေယာက္ကို ခ်ီပိုး..ေလးကြၽန္းေမာင္ေမာင္၏ တြန္းလွည္းေလးတြန္းလ်က္ ရထားေပၚသို႔တင္ၿပီး လူ႔ျပည္သို႔ ခရီးဆက္ရန္ ျပင္ၾကေလသည္။

ရထားထြက္ခါနီးတြင္ သိၾကားမင္းက ႐ုတ္တရက္ တစ္စုံတစ္ခုကို စဥ္းစားမိဟန္ျဖင့္ ႐ုတ္တရတ္ ယခုလို ထေအာ္လိုက္ေလသည္။

''ေဟ့..ဒ႐ိုင္ဘာမာတလိ..လူ႔ျပည္ကို မင္းမလိုက္နဲ႔..မင္းမလိုက္နဲ႔…မျဖစ္ဘူး…ငါတို႔ ရထားကို ျဖစ္သလိုပဲ ေမာင္းသြားၾကမယ္…ေတာ္ၾကာ..ဟိုမွာ တရားခံရွာမရတာနဲ႔…မင္းကို တရားခံနာမည္တပ္ေနမွျဖင့္..နတ္ျပည္ နာမည္ပ်က္ရခ်ည္ရဲ႕ကြယ္'' ဟူ၏။

ၿဗိတိသွ်ကိုကိုေမာင္
ဇူလိုင္ - ၇