【 သရော်စာ 】 " ကျွန်တော်နှင့် ဆံပင်"

【 သရော်စာ 】 " ကျွန်တော်နှင့် ဆံပင်"

ဒီနေ့ မိန်းမက ချန်ဂင်ကား ကြည့်နေတော့ ဝင်ကြည့်မိရင်း..ကိုရီးယားနန်းတွင်းက..အပျိုတော်တွေ၊ ရှန်ကုံးမယ်မယ်တွေ၊ မိဖုရားတွေ ၊ မယ်တော်ကြီး တွေ ဆံထုံးပုံစံ မတူကြတာကို တွေ့ပြီး..ဆံပင်နဲ့ ပတ်သက်တာတွေ တွေးမိတယ်။ကျွန်တော်တို့ အရင်က သိတာ မိန်းမတို့ ဘုန်း ဆံထုံး ဘာညာဆိုတော့ ဆံထုံး ဟာ မိန်းမ တို့ရဲ့ ဘုန်းကံပေါ့။ ဒါ့ကြောင့် ဆံထုံး ထုံးနိုင်တဲ့ ဆံပင်ရှည်ရှည် မိန်းမတွေက ဘုန်းကံ ရှိတယ် ဘာညာ ဘာညာပေါ့။ငယ်ငယ်က အဲ့ဒီလို ပဲ တွေးမိတာ။
ဆရာကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်တွေ မှာတော့ အဲ့လို မဟုတ်ဘူးရယ်ဗျ။
 
 
တကယ်တော့..ရှင်ဘုရင်ခေတ်က ဆံထုံးတွေက အခုခေတ်စကားနဲ့ဆို..ဖောက်စွပ် တွေပဲ။ဆံထုံးဆိုတာ ကျောက်၊သံ၊ ပတ္တမြားတွေ နဲ့ လုပ်ထားပြီး ခေါင်းပေါ် တန်းစွတ်ချရတာမျိုးကြီး။
မိဖုရားခေါင်ကြီး ထုံးရတဲ့ ဆံထုံး ကနေ မြောက်နန်းမတော်၊ အလယ်နန်းမတော်၊ အနောက်နန်းတော်၊ မြောက်ဆောင်၊ တောင်ရွှေရေး စတဲ့ ဘုရင့်မိဖုရားတွေ ထုံးရတဲ့ ဆံထုံး၊ အိမ်ရှေ့မိဖုရားဆံထုံး၊ ဝန်ကြီးကတော်ဆံထုံး၊ ဝန်ထောက်ကတော် ဆံထုံး၊ အတွင်းဝန်ကတော် ဆံထုံး..အဲ့ဒီလို အဆင့်ဆင့် ဘယ်လို ထုံးရမယ် ဆိုတာ အမိန့်ပြန်ပြီးသားတဲ့။
ရပ်ထဲ ရွာထဲ နန်းတော်ကြီး အမှုထမ်းကတော်တွေ ရှိတယ်ဆို သူတို့ နန်းကြီးထဲ ဘုရင်မင်းမြတ်ရဲ့ အကန်တော့ခံပွဲကို ဝင်ကြတော့မယ်ဆို လူတွေက မနက်အစောကြီးထ သေချာစောင့်ကြည့်ကြသတဲ့။
သူတို့ ထွက်လာပြီး လှည်းယာဉ်ပေါ် အတက်မှာ ဘယ်လို ဆံထုံး စွတ်ထားတယ်ဆိုတာ လူတွေက ကြည့်ပြီး...ဟေ့..သူ့ယောက်ျားကတော့ သံတော်ဆင့်ကနေ..အတွင်းဝန်ဖြစ်ပြီဟေ့..။ အတွင်းဝန်ကနေ..ဝန်ထောက်ဖြစ်ပြီဟေ့..အဲ့ဒီလို..ဆံထုံးကြည့်ပြီး အဆင့်ခွဲတာတဲ့။
ဒီတော့..မိန်းမတို့ ဘုန်း..ဆံထုံး ဆိုတာ...ဆံပင်နဲ့ ဘာမှ မဆိုင်ဘူးရယ်..။
 
 
အဲ့ဒီခေတ် မိဖုရား၊ မင်းသမီး‌တွေဆိုတာ အခုခေတ် မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေ လို ဖက်ရှင်ခေါင်းဆောင်တွေပေါ့။ ရှေးက မိန်းမတွေရဲ့ ဆံပင်ဆံထုံးပုံစံက ၅၅ ရှိတယ်။ နောက်တော့ ပုံဆန်းတွေ ပေါ်လာပါတယ်။ ဒီထဲမှာ ဆန်းတာက ဗျာပါဆံ နဲ့ ပူပုံထုံး ဆံပင်ပုံစံတွေ ပေါ်လာပုံပဲ။ အဲ့ဒီ ဆံပင်ပုံစံနှစ်ခု ပေါ်လာရတဲ့ ရာဇ၀င်က သိပ်တော့ ပျော်စရာမကောင်းလှဘူး။ သောကဗျာပါဒတွေကို အခြေခံပေါ်လာရတာ။ ပထမ ဆံပင်ပုံစံက အင်း၀ခေတ်က ပေါ်လာတဲ့ ဗျာပါဆံ။ အင်း၀မင်းသမီးရှင်မြတ်လှ ကို မင်းမိဖုရားဧကန်ဖြစ်မယ်လို့ ဗေဒင်က ဟောထားတယ်။ ဒါပေမယ့်..တကယ်တမ်းကျ ခမြာ မြို့စားအဆင့်နဲ့ပဲ လက်ဆက်လိုက်ရရှာတယ်။ အဲ့ဒီအခါ မိဖုရားမဖြစ်ရပဲ မြို့စားကတော်သာ ဖြစ်ရရှာတဲ့ ရှင်မြတ်လှ ဟာ သောကဗျာပါစိတ်နဲ့ မိဖုရားခေါင်ဖြစ်ရင် ထုံးဖို့ထားတဲ့ ဆံပင်ကို လှေဦးမှာတင် ဓါးနဲ့ခုတ်ဖြတ်။ဗေဒင်ဟောစာတမ်းနဲ့အတူ ရေထဲ မျှောပစ်လိုက်သတဲ့။ အဲ့ဒီနောက် ကျန်တဲ့ ဆံတိုလေးကို စုပြီးစည်းလိုက်တဲ့အခါ နားအနောက်ဘက်နား မမီတမီနဲ့ကော့ကော့ထွက်နေတဲ့ ပုံစံလေးက ကြည့်ကောင်းလွန်းနေသတဲ့။ ဒါကို သဘောကျတဲ့ နောက်လိုက်အမျိုးသမီးတွေက အဲ့ဒီဆံပင်ကေ ကို သောကဗျာပါပွေချိန်မှာ ပေါ်လာတဲ့ ဆံပင်မို့ ဗျာပါဆံ လို့ နာမည်ပေးပြီး လိုက်အတုခိုးထားကြရာက ဗျာပါဆံ ဖြစ်လာတာပါ။ နောက်တစ်ခုကတော့ ကုန်းဘောင်ခေတ်မှာ ပေါ်ခဲ့တဲ့ ပူပုံထုံးဆံထုံး ပါ။ စိတ်ဖောက်ပြန်နေတဲ့ ဂေါက်သီး သာယာ၀တီမင်းဟာ ပြည်မင်းသားပုန်ကန်တဲ့အရေးမှာ နန်းမတော်မမြလေး ပါ၀င်တယ်ဆိုပြီး ကွပ်မျက်ဖို့ ခေါ်သွားခဲ့ပါတယ်။ အဲ့ဒီအခါ နန်းမတော်မမြလေး ဟာ ပူပင်သောကတွေနဲ့ ကပိုကရိုဆံထုံးလေးကို တပတ်ရစ်ထုံးပြီး နန်းတော်အနောက်တံခါးက ထွက်ရတဲ့အခါ အဲ့ဒီဆံထုံး ထုံးပုံ ပြေလျော့လေးဟာ လှလွန်းလို့ မြင်သူတိုင်းက ငေးရသတဲ့။ ဒါနဲ့ပဲ နောက်ပိုင်း ကခြေသည်တွေက မမြလေး ပူပုံထုံး ဆိုပြီး လိုက်ထုံးကြရာက ကုန်းဘောင်ခေတ်ရဲ့ ဖက်ရှင်တစ်ခုဖြစ်လာပါတော့တယ်။ သူတပါး သောကတွေ များနေချိန် လုပ်မိလုပ်ရာ လုပ်ထားမိတဲ့ ဖက်ရှင်ကို လိုက်အတုခိုးကြတယ်ဆိုတာကလည်း အံဩဖို့ကောင်းနေပြန်တယ်ဗျာ။
 
 
ယောက်ျားတွေ ကျတော့ရော။
ရှေးမြန်မာဘုရင်တွေ ဆံသ၊ မုတ်ဆိတ်ကျင်ဆွယ်ပယ်တဲ့အခါ ဆံသဆရာကို ဓါးမိုးထားတဲ့ စစ်သည်အဖွဲ့ရှိသတဲ့။ ဘိုးတော်ဦးဝိုင်းလက်ထက်မှာ သီရိဒေ၀ဗလ ဦးဆောင်တဲ့ လေးဆယ်တော်အဖွဲ့ ၊ ကောဓာရန္တသူ ဦးဆောင်တဲ့ ငါးဆယ်တော်အဖွဲ့တွေက ဘုရင့်အတွက် ဆံသ(ဆံသဆိုတာ သျှောင်တော့ ဖြတ်မရ တိပေးရုံပေါ့)၊ ခြေသည်းလှီးတာ၀န်ယူရသူတွေကို အနီးကပ် ဓါးမိုးတာ၀န်ယူရပေးရတယ်။ အကယ်၍ ဘုရင့်အပေါ် တခုခု လုပ်လို့ကတော့ ဆံသသမား ဆတ္တာသည်နဲ့ ခြေသည်းလက်သည်းသမား ခေါင်းပြတ်ပြီသာမှတ်ပေါ့။ ကုန်းဘောင်ခေတ်တစ်လျှောက် ဘုရင်က အရပ်သားတွေ ဆံဖြတ်ရင် မင်းဒဏ်သင့်တော့ ဆံပင်ညှပ်ဆရာတွေရဲ့ ဘ၀ကို သိပ်မတွေ့ရပါဘူး။ တွေ့ရတာ ကိုလိုနီခေတ်။ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ညှပ်ကြတာ ဘကြီးကံသိန်း ဆံပင်ညှပ်ဆိုင်။ သခင်အောင်ဆန်း ကျောင်းသားသမဂ္ဂဥက္ကဌ လုပ်တုန်းက ဓာတ်ပုံက ကေဟာ ဘကြီးကံသိန်း လက်ရာဆိုတာ သေချာတယ်။ အင်္ဂလိပ်လက်ထက် ရန်ကုန်မှာ အစောဆုံး ဆံပင်ညှပ်ဆိုင်ဖွင့်တာက ဖိလစ်ပိုင်ဘဲ ဒီဗလဲယားရစ်။ ဆိုင်နာမည်က Imporial Hair Dressing Saloon တဲ့။ ပန်းဆိုးတန်းမှာ ဖွင့်တာ ။ အဲ့ဒီဆိုင်မှာ မြန်မာလူမျိုးထဲက ပထမဆုံး ဆံသဆရာတွေ ပေါ်ပေါက်ခဲ့ကြတယ်။ ဓါးမိုးခံရတဲ့ ဆံသဆရာတွေရဲ့ နောက်မျိုးဆက်ဖြစ်သလို သူပုန်တော်လှန်ရေးကျောင်းသားသခင်အောင်ဆန်းတို့ရဲ့ ဆံသဆရာ ဘကြီးကံသိန်းတို့ရဲ့ ရှေ့မျိုးဆက်ပေါ့။ သူတို့က ဦးထွန်းမောင်၊ ဦးစိန်ဘိုး၊ ဦးအုံးစိန် တဲ့။ နောက် အဲ့ဒီခေတ် မြန်မာတွေထဲ အထင်ရှားဆုံးဆံသဆရာက ဦးအောင်ရ။ ဦးအောင်ရ က ဖရေဇာလမ်းမှာ ဂျပန်တွေလာဖွင့်တဲ့ အီနာမီ ဆံသ ဆိုင်ကို ကြီးကြပ်ရတဲ့ ဆံပင်ညှပ်ဆရာ။ ဂျပန်ဆံပင်ညှပ်ဆရာတွေ က သူ့လက်အောက်မှာ နေရတာ။ သူက ဆရာကြီး။ သူက ဆံပင်ညှပ်ခံသူတွေ မပြင်းရအောင် ပုံတိုပတ်စ ပြောတတ်သေးတာ။ ၁၉၂၃ ကျ အီနာမီ ဆံသက အိန္ဒိယ ပြောင်းသွားရော။ အဲ့ဒီမှာ ကျန်ရစ်တဲ့ ဦးအောင်ရ က ကုန်သည်လမ်းမှာ ဂရင်းဆံသ ဆိုပြီး ဖွင့်တော့ ဖောက်သည်တွေက သူ့ဆီရောက်။ ၁၉၂၆ ကျ ဘိုကေညှပ်ရင် ဘာညာ ဆိုပြီး ဝံသာနုလှုပ်ရှားမှု ပေါ်လာတော့ ဘိုကေအဓိကထားရတဲ့ ဆံသလုပ်ငန်းက ဦးအောင်ရ ဟာ ကလကတ္တားက အီနာမီ ဆိုင်နဲ့ ချိတ်ပြီး ဟိုပြောင်းပြေးတယ်။ အဲ့ဒီမှာ ဦးအောင်ရ က မန်နေဂျာရာထူး တန်းရတော့တာ။ တရုတ်နဲ့ ဂျပန် ဆံသဆရာ ၅၀ လောက်ကို ကြီးကြပ်ရတယ်။ အိန္ဒိယရဲ့ နာမည်အကြီးဆုံးဆံသဆိုင်ကြီး ဖြစ်ခဲ့တယ်ဗျာ။ ၁၉၃၂ ကျ ဦးအောင်ရကြီး မြန်မာပြည်ပြန်လာတယ်။ စကော့ဈေးမှာ အိုကေ ဆံသ ဆိုပြီး ဖွင့်တယ်။ မြန်မာပြည်ရဲ့ အကျော်ကြားဆုံး နိုင်ငံရေးဆယ်လီ အမတ်တွေပါ လာညှပ်ကြပြန်ရော။
 
 
ကျွန်တော်တို့ အဖေတွေ ခေတ်က ကြုံရတာကတော့..ဆံပင်ရှည်ရင် လမ်းသရဲ။
ကျွန်တော့်ဦးလေးတစ်ယောက်ဆို စိန်ပေါလ်ကျောင်းသား၊ လမ်းသရဲ..။
တော်တော်အသက်ကြီးကြီး အထိ ဆံပင်ရှည်ကြီးနဲ့။
အဲ့ဒီခေတ်က...
ဆံပင်ရှည်ရှည်၊ ဂစ်တာ ဒေါင်ဒင်၊ ဖလဲဘောင်းဘီနဲ့..ဆေးသမားလို ကောင်တွေဆိုပြီး နှိမ်ကြတာဆိုတော့..သူတို့ဟာ ဒီဆံပင်အတွက် အားလုံးနဲ့ အတိုက်အခံလုပ်ပြီး တော်တော်စွန့်စားခဲ့ပုံပဲ။
ဒါကြောင့် တမြတ်တနိုး ရှိကြတာ။
နို့..ကျွန်တော်တို့ အဘိုးတွေခေတ်ကျ...ဘိုကေညှပ်၊ ကောစမစ်လိမ်း၊ ပေါင်ဒါဖို့၊ မယ်ဒလင် တီးတော့လည်း..သျှောင်မရှိတဲ့ မောင်ငပိ တွေလို ရှေး အဘိုး အဘွားတွေက သူတို့ကို ဆိုခဲ့ကြမှာသေချာတယ်။
အလောင်းမင်းတရား ဦးအောင်ဇေယျဘဝက ဟံသာဝတီက မွန်တွေကို သစ္စာမခံရတဲ့ အချက်ထဲမှာ..မွန်တွေက သျှောင်ဖြတ်ပြီး..မွန်ဆံဖြတ်တယ်လို့ခေါ်တဲ့ မွန်ကေ  ညှပ်ပစ်တာကြောင့်ကလည်း တစ်ချက်ပါတယ်လို့ ဖတ်ဖူးပါတယ်။
မွန်ဆံဖြတ်တယ်ဆိုတာ ဆံပင်ကိုရှေ့ဘက်တစ်လက်မလောက်ဖြတ်ပြီး သျှောင်ကို နောက်ဖက်ကို စည်းပစ်တာလို့ ဒေါက်တာတိုးလှကတော့ ဖော်ပြထားပါတယ်။
နောက်.မြန်မာမင်းအမိန့်တော်တွေထဲကျ...ဘိုးတော်ဘုရား ရဲ့ ၁၈၀၆ ဧပြီ ၂၇ က ထုတ်တဲ့ အမိန့်တစ်ခုထဲမှာ ဆံပင်ရှည် မထားပဲ ဆံပင်ကို ဖြတ်ပစ်တဲ့ ယောက်ျား ၊ မိန်းမ မှန်သမျှ နန်းတွင်းသူ၊ မင်းသမီး အဆင့်မထိမကျန် ကြိုးတုပ်ပြီး ရေမှာ ဖျောက်စေ ဆိုတဲ့ အမိန့်ထုတ်ဖူးတယ်။
 
 
၁၈၁၁ ဇန်နဝါရီကျ သျှောင်ထုံးမရှိတဲ့ ဆံတို ငတိမှန်သမျှ ဘုန်းကြီးလူထွက်ကလွဲလို့ အကုန်ဖမ်းပြီး အပြစ်ပေးလို့ အမိန့်ထုတ်ပြန်တယ်။
အံသြစရာက နောက် နှစ်ပေါင်း တစ်ရာငါးဆယ်လောက်အကြာ ၁၉၆၆ လောက်ကျ ဗမာပြည်က ဆံပင်ရှည်ထားရင် လမ်းသရဲ ဆိုပြီး နှိမ်ကြပြန်ရော။
ဘိုးတော်ဦးဝိုင်း လည်း ၁၉၆၆ ခုနှစ်လောက်မှာ
လူပြန်ဝင်စားရင်..ခမြာ ဘိုကေလေးနဲ့ လမ်းစဉ်လူငယ်ဖြစ်နေရှာမယ်။
အခု ရက်ဂေးအဆိုတော်ကြီး ကိုစောဖိုးခွားဆို အရင်က မြန်မာ့လက်ရွေးစင် ဘောလုံးသမား။
သူ့ကို နဝတ အားကစားဝန်ကြီးက ဆံပင်မညှပ်ရင် ကွင်းထဲမလာနဲ့ဆိုလို့..ဘောလုံးကို စွန့်ပြီး သင်္ဘောလိုက်၊ အခု အဆိုတော်လုပ်နေတာ လို့ ကျွန်တော့်ကို ပြောပြဖူးတယ်။
အဲ..ကျွန်တော်တို့ခေတ်ကျ..ဆံပင်အနီဆိုးတဲ့ခေတ်။
အဆိုတော်စည်သူလွင်က စတာ ထင်တယ်။
အဝါတို့၊ အနီတို့ ဆိုးရာကနေ နောက်ပိုင်း ရောင်စုံဆိုးလာကြတဲ့ အထိ။
အခုကတော့..ဆံပင်တွေ ဖြောင့်တဲ့ခေတ်၊ ကောက်တဲ့ခေတ်၊ ဘေးကို အပြောင်ထိုးပြီး ဝမ်းဝေးထောင်တဲ့ခေတ်၊ ကတုံးကေထိုးပြီး ရှိတ်ဖော်တဲ့ခေတ်...။
ဘာပဲဖြစ်ဖြစ်.........
ဖက်ရှင်တစ်ခုခုကို တစ်ပုံစံထဲ လုပ်တဲ့ ခေတ်ကနေ...ကိုယ် နှစ်သက်ရာ ကိုယ့်ဖက်ရှင် အဖြစ်..ထားတဲ့ခေတ် ရောက်လာပြီပဲ..။
အဲ့ဒီလိုခေတ်ရောက်လာဖို့ရာလည်း ရှေးရိုးစွဲအယူဝါဒတွေ၊ ယဥ်ကျေးမှုပေတံတွေနဲ့ ကိုယ့်ခေါင်းပေါ်က ဆံပင်ကို လိုက်ဖြတ်ခဲ့တဲ့ အာဏာရှင်ဆန်ဆန်ကပ်ကြေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတာပဲမဟုတ်လား။
တလောကပဲ နိုင်ငံပိုင်သတင်းစာမှာ ရုပ်ရှင်တွေကို ဆင်ဆာဖြတ်တာဟာ ပန်းကလေးတွေကို ကပ်ကြေးနဲ့ဖြတ်ပြီး အလှဆင်ပေးတာပါဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရသေး။
ရှေးရိုးစွဲကပ်ကြေးတွေနဲ့ လွတ်လပ်သောပန်းပွင့်များရဲ့ တိုက်ပွဲပေါ့ဗျာ။
နောက်ဆုံးတော့ လူကြီးတွေဟာ မာလကီးယားသွား၊ လူငယ်တွေဟာ လူကြီးဖြစ်လာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရတာပါပဲ။
 
 
ကိုယ်လည်း လူကြီးဖြစ်လာတဲ့အခါ ကိုယ်တွေအပေါ် ကပ်ကြေးတကိုင်ကိုင်နဲ့ လိုက်တိပေးချင်တဲ့ ကိုယ့်ရှေ့က လူကြီးတွေလို မဖြစ်အောင် ကိုယ့်ဟာကိုယ် ဆင်ခြင်တုံတရားနဲ့ ထိမ်းသိမ်းရမှာပါပဲ။
အခုတော့ လူငယ်တွေရဲ့ ခေါင်းပေါ်က ပုံစံမျိုးစုံ ဆံပင်ပုံစံတွေကြည့်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို၊ ဗဟုဝါဒ ကို ၊ လူသားဆန်တဲ့ လွတ်လပ်ခွင့်ကို ကိုယ်စားပြုလာတဲ့ ခေတ်၊ စနစ်တွေကို ခန့်မှန်းလို့ ရလာတယ်လို့ပဲ တွေးမိပါတယ်။
ဒါတောင် ရှေ့တစ်လက်မ၊ နောက်ပြောင် ပဲကေ ညှပ်ထားရင်..ထောက်လှမ်းရေးလိုလို၊ ရဲလိုလို၊ နယ်ထိန်းလိုလို လုပ်ပြီး အဝှာဘိ ကို အလကားဝင်တဲ့ ခေတ်က ကြားညှပ်နေသေး။
အဲ့ဒါကျ...ကိုယ်တောင် အစစ်ပါသေးတယ်..ငိ။
 
 
 
ဗြိတိသျှကိုကိုမောင် 
 
(  Zawgyi  )
 
 ဒီေန႔ မိန္းမက ခ်န္ဂင္ကား ၾကည့္ေနေတာ့ ဝင္ၾကည့္မိရင္း..ကိုရီးယားနန္းတြင္းက..အပ်ိဳေတာ္ေတြ၊ ရွန္ကုံးမယ္မယ္ေတြ၊ မိဖုရားေတြ ၊ မယ္ေတာ္ႀကီး ေတြ ဆံထုံးပုံစံ မတူၾကတာကို ေတြ႕ၿပီး..ဆံပင္နဲ႔ ပတ္သက္တာေတြ ေတြးမိတယ္။ကြၽန္ေတာ္တို႔ အရင္က သိတာ မိန္းမတို႔ ဘုန္း ဆံထုံး ဘာညာဆိုေတာ့ ဆံထုံး ဟာ မိန္းမ တို႔ရဲ႕ ဘုန္းကံေပါ့။ ဒါ့ေၾကာင့္ ဆံထုံး ထုံးႏိုင္တဲ့ ဆံပင္ရွည္ရွည္ မိန္းမေတြက ဘုန္းကံ ရွိတယ္ ဘာညာ ဘာညာေပါ့။ငယ္ငယ္က အဲ့ဒီလို ပဲ ေတြးမိတာ။
ဆရာႀကီး ေ႐ႊျပည္ဦးဘတင္ ေဟာေျပာခ်က္ေတြ မွာေတာ့ အဲ့လို မဟုတ္ဘူးရယ္ဗ်။
 
 
တကယ္ေတာ့..ရွင္ဘုရင္ေခတ္က ဆံထုံးေတြက အခုေခတ္စကားနဲ႔ဆို..ေဖာက္စြပ္ ေတြပဲ။ဆံထုံးဆိုတာ ေက်ာက္၊သံ၊ ပတၱျမားေတြ နဲ႔ လုပ္ထားၿပီး ေခါင္းေပၚ တန္းစြတ္ခ်ရတာမ်ိဳးႀကီး။
မိဖုရားေခါင္ႀကီး ထုံးရတဲ့ ဆံထုံး ကေန ေျမာက္နန္းမေတာ္၊ အလယ္နန္းမေတာ္၊ အေနာက္နန္းေတာ္၊ ေျမာက္ေဆာင္၊ ေတာင္ေ႐ႊေရး စတဲ့ ဘုရင့္မိဖုရားေတြ ထုံးရတဲ့ ဆံထုံး၊ အိမ္ေရွ႕မိဖုရားဆံထုံး၊ ဝန္ႀကီးကေတာ္ဆံထုံး၊ ဝန္ေထာက္ကေတာ္ ဆံထုံး၊ အတြင္းဝန္ကေတာ္ ဆံထုံး..အဲ့ဒီလို အဆင့္ဆင့္ ဘယ္လို ထုံးရမယ္ ဆိုတာ အမိန႔္ျပန္ၿပီးသားတဲ့။
ရပ္ထဲ ႐ြာထဲ နန္းေတာ္ႀကီး အမႈထမ္းကေတာ္ေတြ ရွိတယ္ဆို သူတို႔ နန္းႀကီးထဲ ဘုရင္မင္းျမတ္ရဲ႕ အကန္ေတာ့ခံပြဲကို ဝင္ၾကေတာ့မယ္ဆို လူေတြက မနက္အေစာႀကီးထ ေသခ်ာေစာင့္ၾကည့္ၾကသတဲ့။
သူတို႔ ထြက္လာၿပီး လွည္းယာဥ္ေပၚ အတက္မွာ ဘယ္လို ဆံထုံး စြတ္ထားတယ္ဆိုတာ လူေတြက ၾကည့္ၿပီး...ေဟ့..သူ႔ေယာက္်ားကေတာ့ သံေတာ္ဆင့္ကေန..အတြင္းဝန္ျဖစ္ၿပီေဟ့..။ အတြင္းဝန္ကေန..ဝန္ေထာက္ျဖစ္ၿပီေဟ့..အဲ့ဒီလို..ဆံထုံးၾကည့္ၿပီး အဆင့္ခြဲတာတဲ့။
ဒီေတာ့..မိန္းမတို႔ ဘုန္း..ဆံထုံး ဆိုတာ...ဆံပင္နဲ႔ ဘာမွ မဆိုင္ဘူးရယ္..။
 
 
အဲ့ဒီေခတ္ မိဖုရား၊ မင္းသမီး‌ေတြဆိုတာ အခုေခတ္ ေမာ္ဒယ္လ္ေတြ၊ သ႐ုပ္ေဆာင္ေတြ လို ဖက္ရွင္ေခါင္းေဆာင္ေတြေပါ့။ ေရွးက မိန္းမေတြရဲ႕ ဆံပင္ဆံထုံးပုံစံက ၅၅ ရွိတယ္။ ေနာက္ေတာ့ ပုံဆန္းေတြ ေပၚလာပါတယ္။ ဒီထဲမွာ ဆန္းတာက ဗ်ာပါဆံ နဲ႔ ပူပုံထုံး ဆံပင္ပုံစံေတြ ေပၚလာပုံပဲ။ အဲ့ဒီ ဆံပင္ပုံစံႏွစ္ခု ေပၚလာရတဲ့ ရာဇ၀င္က သိပ္ေတာ့ ေပ်ာ္စရာမေကာင္းလွဘူး။ ေသာကဗ်ာပါဒေတြကို အေျခခံေပၚလာရတာ။ ပထမ ဆံပင္ပုံစံက အင္း၀ေခတ္က ေပၚလာတဲ့ ဗ်ာပါဆံ။ အင္း၀မင္းသမီးရွင္ျမတ္လွ ကို မင္းမိဖုရားဧကန္ျဖစ္မယ္လို႔ ေဗဒင္က ေဟာထားတယ္။ ဒါေပမယ့္..တကယ္တမ္းက် ချမာ ၿမိဳ႕စားအဆင့္နဲ႔ပဲ လက္ဆက္လိုက္ရရွာတယ္။ အဲ့ဒီအခါ မိဖုရားမျဖစ္ရပဲ ၿမိဳ႕စားကေတာ္သာ ျဖစ္ရရွာတဲ့ ရွင္ျမတ္လွ ဟာ ေသာကဗ်ာပါစိတ္နဲ႔ မိဖုရားေခါင္ျဖစ္ရင္ ထုံးဖို႔ထားတဲ့ ဆံပင္ကို ေလွဦးမွာတင္ ဓါးနဲ႔ခုတ္ျဖတ္။ေဗဒင္ေဟာစာတမ္းနဲ႔အတူ ေရထဲ ေမွ်ာပစ္လိုက္သတဲ့။ အဲ့ဒီေနာက္ က်န္တဲ့ ဆံတိုေလးကို စုၿပီးစည္းလိုက္တဲ့အခါ နားအေနာက္ဘက္နား မမီတမီနဲ႔ေကာ့ေကာ့ထြက္ေနတဲ့ ပုံစံေလးက ၾကည့္ေကာင္းလြန္းေနသတဲ့။ ဒါကို သေဘာက်တဲ့ ေနာက္လိုက္အမ်ိဳးသမီးေတြက အဲ့ဒီဆံပင္ေက ကို ေသာကဗ်ာပါေပြခ်ိန္မွာ ေပၚလာတဲ့ ဆံပင္မို႔ ဗ်ာပါဆံ လို႔ နာမည္ေပးၿပီး လိုက္အတုခိုးထားၾကရာက ဗ်ာပါဆံ ျဖစ္လာတာပါ။ ေနာက္တစ္ခုကေတာ့ ကုန္းေဘာင္ေခတ္မွာ ေပၚခဲ့တဲ့ ပူပုံထုံးဆံထုံး ပါ။ စိတ္ေဖာက္ျပန္ေနတဲ့ ေဂါက္သီး သာယာ၀တီမင္းဟာ ျပည္မင္းသားပုန္ကန္တဲ့အေရးမွာ နန္းမေတာ္မျမေလး ပါ၀င္တယ္ဆိုၿပီး ကြပ္မ်က္ဖို႔ ေခၚသြားခဲ့ပါတယ္။ အဲ့ဒီအခါ နန္းမေတာ္မျမေလး ဟာ ပူပင္ေသာကေတြနဲ႔ ကပိုက႐ိုဆံထုံးေလးကို တပတ္ရစ္ထုံးၿပီး နန္းေတာ္အေနာက္တံခါးက ထြက္ရတဲ့အခါ အဲ့ဒီဆံထုံး ထုံးပုံ ေျပေလ်ာ့ေလးဟာ လွလြန္းလို႔ ျမင္သူတိုင္းက ေငးရသတဲ့။ ဒါနဲ႔ပဲ ေနာက္ပိုင္း ကေျခသည္ေတြက မျမေလး ပူပုံထုံး ဆိုၿပီး လိုက္ထုံးၾကရာက ကုန္းေဘာင္ေခတ္ရဲ႕ ဖက္ရွင္တစ္ခုျဖစ္လာပါေတာ့တယ္။ သူတပါး ေသာကေတြ မ်ားေနခ်ိန္ လုပ္မိလုပ္ရာ လုပ္ထားမိတဲ့ ဖက္ရွင္ကို လိုက္အတုခိုးၾကတယ္ဆိုတာကလည္း အံဩဖို႔ေကာင္းေနျပန္တယ္ဗ်ာ။
 
 
ေယာက္်ားေတြ က်ေတာ့ေရာ။
ေရွးျမန္မာဘုရင္ေတြ ဆံသ၊ မုတ္ဆိတ္က်င္ဆြယ္ပယ္တဲ့အခါ ဆံသဆရာကို ဓါးမိုးထားတဲ့ စစ္သည္အဖြဲ႕ရွိသတဲ့။ ဘိုးေတာ္ဦးဝိုင္းလက္ထက္မွာ သီရိေဒ၀ဗလ ဦးေဆာင္တဲ့ ေလးဆယ္ေတာ္အဖြဲ႕ ၊ ေကာဓာရႏၲသူ ဦးေဆာင္တဲ့ ငါးဆယ္ေတာ္အဖြဲ႕ေတြက ဘုရင့္အတြက္ ဆံသ(ဆံသဆိုတာ ေသွ်ာင္ေတာ့ ျဖတ္မရ တိေပး႐ုံေပါ့)၊ ေျခသည္းလွီးတာ၀န္ယူရသူေတြကို အနီးကပ္ ဓါးမိုးတာ၀န္ယူရေပးရတယ္။ အကယ္၍ ဘုရင့္အေပၚ တခုခု လုပ္လို႔ကေတာ့ ဆံသသမား ဆတၱာသည္နဲ႔ ေျခသည္းလက္သည္းသမား ေခါင္းျပတ္ၿပီသာမွတ္ေပါ့။ ကုန္းေဘာင္ေခတ္တစ္ေလွ်ာက္ ဘုရင္က အရပ္သားေတြ ဆံျဖတ္ရင္ မင္းဒဏ္သင့္ေတာ့ ဆံပင္ညႇပ္ဆရာေတြရဲ႕ ဘ၀ကို သိပ္မေတြ႕ရပါဘူး။ ေတြ႕ရတာ ကိုလိုနီေခတ္။ ကိုလိုနီေခတ္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြ ညႇပ္ၾကတာ ဘႀကီးကံသိန္း ဆံပင္ညႇပ္ဆိုင္။ သခင္ေအာင္ဆန္း ေက်ာင္းသားသမဂၢဥကၠဌ လုပ္တုန္းက ဓာတ္ပုံက ေကဟာ ဘႀကီးကံသိန္း လက္ရာဆိုတာ ေသခ်ာတယ္။ အဂၤလိပ္လက္ထက္ ရန္ကုန္မွာ အေစာဆုံး ဆံပင္ညႇပ္ဆိုင္ဖြင့္တာက ဖိလစ္ပိုင္ဘဲ ဒီဗလဲယားရစ္။ ဆိုင္နာမည္က Imporial Hair Dressing Saloon တဲ့။ ပန္းဆိုးတန္းမွာ ဖြင့္တာ ။ အဲ့ဒီဆိုင္မွာ ျမန္မာလူမ်ိဳးထဲက ပထမဆုံး ဆံသဆရာေတြ ေပၚေပါက္ခဲ့ၾကတယ္။ ဓါးမိုးခံရတဲ့ ဆံသဆရာေတြရဲ႕ ေနာက္မ်ိဳးဆက္ျဖစ္သလို သူပုန္ေတာ္လွန္ေရးေက်ာင္းသားသခင္ေအာင္ဆန္းတို႔ရဲ႕ ဆံသဆရာ ဘႀကီးကံသိန္းတို႔ရဲ႕ ေရွ႕မ်ိဳးဆက္ေပါ့။ သူတို႔က ဦးထြန္းေမာင္၊ ဦးစိန္ဘိုး၊ ဦးအုံးစိန္ တဲ့။ ေနာက္ အဲ့ဒီေခတ္ ျမန္မာေတြထဲ အထင္ရွားဆုံးဆံသဆရာက ဦးေအာင္ရ။ ဦးေအာင္ရ က ဖေရဇာလမ္းမွာ ဂ်ပန္ေတြလာဖြင့္တဲ့ အီနာမီ ဆံသ ဆိုင္ကို ႀကီးၾကပ္ရတဲ့ ဆံပင္ညႇပ္ဆရာ။ ဂ်ပန္ဆံပင္ညႇပ္ဆရာေတြ က သူ႔လက္ေအာက္မွာ ေနရတာ။ သူက ဆရာႀကီး။ သူက ဆံပင္ညႇပ္ခံသူေတြ မျပင္းရေအာင္ ပုံတိုပတ္စ ေျပာတတ္ေသးတာ။ ၁၉၂၃ က် အီနာမီ ဆံသက အိႏၵိယ ေျပာင္းသြားေရာ။ အဲ့ဒီမွာ က်န္ရစ္တဲ့ ဦးေအာင္ရ က ကုန္သည္လမ္းမွာ ဂရင္းဆံသ ဆိုၿပီး ဖြင့္ေတာ့ ေဖာက္သည္ေတြက သူ႔ဆီေရာက္။ ၁၉၂၆ က် ဘိုေကညႇပ္ရင္ ဘာညာ ဆိုၿပီး ဝံသာႏုလႈပ္ရွားမႈ ေပၚလာေတာ့ ဘိုေကအဓိကထားရတဲ့ ဆံသလုပ္ငန္းက ဦးေအာင္ရ ဟာ ကလကတၱားက အီနာမီ ဆိုင္နဲ႔ ခ်ိတ္ၿပီး ဟိုေျပာင္းေျပးတယ္။ အဲ့ဒီမွာ ဦးေအာင္ရ က မန္ေနဂ်ာရာထူး တန္းရေတာ့တာ။ တ႐ုတ္နဲ႔ ဂ်ပန္ ဆံသဆရာ ၅၀ ေလာက္ကို ႀကီးၾကပ္ရတယ္။ အိႏၵိယရဲ႕ နာမည္အႀကီးဆုံးဆံသဆိုင္ႀကီး ျဖစ္ခဲ့တယ္ဗ်ာ။ ၁၉၃၂ က် ဦးေအာင္ရႀကီး ျမန္မာျပည္ျပန္လာတယ္။ စေကာ့ေဈးမွာ အိုေက ဆံသ ဆိုၿပီး ဖြင့္တယ္။ ျမန္မာျပည္ရဲ႕ အေက်ာ္ၾကားဆုံး ႏိုင္ငံေရးဆယ္လီ အမတ္ေတြပါ လာညႇပ္ၾကျပန္ေရာ။
 
 
ကြၽန္ေတာ္တို႔ အေဖေတြ ေခတ္က ႀကဳံရတာကေတာ့..ဆံပင္ရွည္ရင္ လမ္းသရဲ။
ကြၽန္ေတာ့္ဦးေလးတစ္ေယာက္ဆို စိန္ေပါလ္ေက်ာင္းသား၊ လမ္းသရဲ..။
ေတာ္ေတာ္အသက္ႀကီးႀကီး အထိ ဆံပင္ရွည္ႀကီးနဲ႔။
အဲ့ဒီေခတ္က...
ဆံပင္ရွည္ရွည္၊ ဂစ္တာ ေဒါင္ဒင္၊ ဖလဲေဘာင္းဘီနဲ႔..ေဆးသမားလို ေကာင္ေတြဆိုၿပီး ႏွိမ္ၾကတာဆိုေတာ့..သူတို႔ဟာ ဒီဆံပင္အတြက္ အားလုံးနဲ႔ အတိုက္အခံလုပ္ၿပီး ေတာ္ေတာ္စြန႔္စားခဲ့ပုံပဲ။
ဒါေၾကာင့္ တျမတ္တႏိုး ရွိၾကတာ။
ႏို႔..ကြၽန္ေတာ္တို႔ အဘိုးေတြေခတ္က်...ဘိုေကညႇပ္၊ ေကာစမစ္လိမ္း၊ ေပါင္ဒါဖို႔၊ မယ္ဒလင္ တီးေတာ့လည္း..ေသွ်ာင္မရွိတဲ့ ေမာင္ငပိ ေတြလို ေရွး အဘိုး အဘြားေတြက သူတို႔ကို ဆိုခဲ့ၾကမွာေသခ်ာတယ္။
အေလာင္းမင္းတရား ဦးေအာင္ေဇယ်ဘဝက ဟံသာဝတီက မြန္ေတြကို သစၥာမခံရတဲ့ အခ်က္ထဲမွာ..မြန္ေတြက ေသွ်ာင္ျဖတ္ၿပီး..မြန္ဆံျဖတ္တယ္လို႔ေခၚတဲ့ မြန္ေက  ညႇပ္ပစ္တာေၾကာင့္ကလည္း တစ္ခ်က္ပါတယ္လို႔ ဖတ္ဖူးပါတယ္။
မြန္ဆံျဖတ္တယ္ဆိုတာ ဆံပင္ကိုေရွ႕ဘက္တစ္လက္မေလာက္ျဖတ္ၿပီး ေသွ်ာင္ကို ေနာက္ဖက္ကို စည္းပစ္တာလို႔ ေဒါက္တာတိုးလွကေတာ့ ေဖာ္ျပထားပါတယ္။
ေနာက္.ျမန္မာမင္းအမိန႔္ေတာ္ေတြထဲက်...ဘိုးေတာ္ဘုရား ရဲ႕ ၁၈၀၆ ဧၿပီ ၂၇ က ထုတ္တဲ့ အမိန႔္တစ္ခုထဲမွာ ဆံပင္ရွည္ မထားပဲ ဆံပင္ကို ျဖတ္ပစ္တဲ့ ေယာက္်ား ၊ မိန္းမ မွန္သမွ် နန္းတြင္းသူ၊ မင္းသမီး အဆင့္မထိမက်န္ ႀကိဳးတုပ္ၿပီး ေရမွာ ေဖ်ာက္ေစ ဆိုတဲ့ အမိန႔္ထုတ္ဖူးတယ္။
 
 
၁၈၁၁ ဇန္နဝါရီက် ေသွ်ာင္ထုံးမရွိတဲ့ ဆံတို ငတိမွန္သမွ် ဘုန္းႀကီးလူထြက္ကလြဲလို႔ အကုန္ဖမ္းၿပီး အျပစ္ေပးလို႔ အမိန႔္ထုတ္ျပန္တယ္။
အံၾသစရာက ေနာက္ ႏွစ္ေပါင္း တစ္ရာငါးဆယ္ေလာက္အၾကာ ၁၉၆၆ ေလာက္က် ဗမာျပည္က ဆံပင္ရွည္ထားရင္ လမ္းသရဲ ဆိုၿပီး ႏွိမ္ၾကျပန္ေရာ။
ဘိုးေတာ္ဦးဝိုင္း လည္း ၁၉၆၆ ခုႏွစ္ေလာက္မွာ
လူျပန္ဝင္စားရင္..ချမာ ဘိုေကေလးနဲ႔ လမ္းစဥ္လူငယ္ျဖစ္ေနရွာမယ္။
အခု ရက္ေဂးအဆိုေတာ္ႀကီး ကိုေစာဖိုးခြားဆို အရင္က ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမား။
သူ႔ကို နဝတ အားကစားဝန္ႀကီးက ဆံပင္မညႇပ္ရင္ ကြင္းထဲမလာနဲ႔ဆိုလို႔..ေဘာလုံးကို စြန႔္ၿပီး သေဘၤာလိုက္၊ အခု အဆိုေတာ္လုပ္ေနတာ လို႔ ကြၽန္ေတာ့္ကို ေျပာျပဖူးတယ္။
အဲ..ကြၽန္ေတာ္တို႔ေခတ္က်..ဆံပင္အနီဆိုးတဲ့ေခတ္။
အဆိုေတာ္စည္သူလြင္က စတာ ထင္တယ္။
အဝါတို႔၊ အနီတို႔ ဆိုးရာကေန ေနာက္ပိုင္း ေရာင္စုံဆိုးလာၾကတဲ့ အထိ။
အခုကေတာ့..ဆံပင္ေတြ ေျဖာင့္တဲ့ေခတ္၊ ေကာက္တဲ့ေခတ္၊ ေဘးကို အေျပာင္ထိုးၿပီး ဝမ္းေဝးေထာင္တဲ့ေခတ္၊ ကတုံးေကထိုးၿပီး ရွိတ္ေဖာ္တဲ့ေခတ္...။
ဘာပဲျဖစ္ျဖစ္.........
ဖက္ရွင္တစ္ခုခုကို တစ္ပုံစံထဲ လုပ္တဲ့ ေခတ္ကေန...ကိုယ္ ႏွစ္သက္ရာ ကိုယ့္ဖက္ရွင္ အျဖစ္..ထားတဲ့ေခတ္ ေရာက္လာၿပီပဲ..။
အဲ့ဒီလိုေခတ္ေရာက္လာဖို႔ရာလည္း ေရွး႐ိုးစြဲအယူဝါဒေတြ၊ ယဥ္ေက်းမႈေပတံေတြနဲ႔ ကိုယ့္ေခါင္းေပၚက ဆံပင္ကို လိုက္ျဖတ္ခဲ့တဲ့ အာဏာရွင္ဆန္ဆန္ကပ္ေၾကးေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ခဲ့ရတာပဲမဟုတ္လား။
တေလာကပဲ ႏိုင္ငံပိုင္သတင္းစာမွာ ႐ုပ္ရွင္ေတြကို ဆင္ဆာျဖတ္တာဟာ ပန္းကေလးေတြကို ကပ္ေၾကးနဲ႔ျဖတ္ၿပီး အလွဆင္ေပးတာပါဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္ဖတ္လိုက္ရေသး။
ေရွး႐ိုးစြဲကပ္ေၾကးေတြနဲ႔ လြတ္လပ္ေသာပန္းပြင့္မ်ားရဲ႕ တိုက္ပြဲေပါ့ဗ်ာ။
ေနာက္ဆုံးေတာ့ လူႀကီးေတြဟာ မာလကီးယားသြား၊ လူငယ္ေတြဟာ လူႀကီးျဖစ္လာၿပီး ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကရတာပါပဲ။
 
 
ကိုယ္လည္း လူႀကီးျဖစ္လာတဲ့အခါ ကိုယ္ေတြအေပၚ ကပ္ေၾကးတကိုင္ကိုင္နဲ႔ လိုက္တိေပးခ်င္တဲ့ ကိုယ့္ေရွ႕က လူႀကီးေတြလို မျဖစ္ေအာင္ ကိုယ့္ဟာကိုယ္ ဆင္ျခင္တုံတရားနဲ႔ ထိမ္းသိမ္းရမွာပါပဲ။
အခုေတာ့ လူငယ္ေတြရဲ႕ ေခါင္းေပၚက ပုံစံမ်ိဳးစုံ ဆံပင္ပုံစံေတြၾကည့္ၿပီး ဂလိုဘယ္လိုက္ေဇးရွင္းကို၊ ဗဟုဝါဒ ကို ၊ လူသားဆန္တဲ့ လြတ္လပ္ခြင့္ကို ကိုယ္စားျပဳလာတဲ့ ေခတ္၊ စနစ္ေတြကို ခန႔္မွန္းလို႔ ရလာတယ္လို႔ပဲ ေတြးမိပါတယ္။
ဒါေတာင္ ေရွ႕တစ္လက္မ၊ ေနာက္ေျပာင္ ပဲေက ညႇပ္ထားရင္..ေထာက္လွမ္းေရးလိုလို၊ ရဲလိုလို၊ နယ္ထိန္းလိုလို လုပ္ၿပီး အဝွာဘိ ကို အလကားဝင္တဲ့ ေခတ္က ၾကားညႇပ္ေနေသး။
အဲ့ဒါက်...ကိုယ္ေတာင္ အစစ္ပါေသးတယ္..ငိ။
 
 
 
ၿဗိတိသွ်ကိုကိုေမာင္