【 သရော်စာ 】မသိဘူး….. ငြင်းမယ်

【  သရော်စာ  】မသိဘူး….. ငြင်းမယ်

မောင်လင်းမှာ ခေသူမဟုတ်ချေ။
 ကွန်တော်တို့ ငယ်ငယ်ကတန်းက မောင်လင်းလာပြီဟေ့ ဆိုတာနှင့် မိဘတွေက ကိုယ်ကလေး ကိုယ်ပြန်ခေါ်ရတဲ့အထိ ‘ဇ’ရှိသူဖြစ်သည်။
အကယ်၍များ ကိုယ်ကလေးကို ပြန်မခေါ်အံ..။
မကြာပါ မောင်လင်းနှင့် ရန်ဖြစ်လေမည်ဖြစ်သည်။ 
ထိုသို့ရန်ဖြစ်သည့်အခါ မောင်လင်းအိမ်မှ အမေတွေ၊အမတွေ တပ်ထောင်ဗိုလ်တာစုချီလာကာ ဖေနှင် မောင်နှင့် တုပ်ပြီး လူကြီးတွေစစ်ပွဲ အထိ ဖြစ်ရတော့သည်။ 
ဤကား အနှီမောင်လင်း၏ ဘုန်းတန်ခိုးတည်း။ 
မောင်လင်းကား ငယ်ငယ်ကတည်းက ဤသို့  အစွမ်းထက်သူဖြစ်သည်။ 
မောင်လင်းအကြောင်းပြောမည်ဆိုလျှင် ကုန်မည်မထင်။ 
 
 
မောင်လင်း၏ ထရိတ်မှတ်ကား ငယ်ငယ်ကတည်းက အငြင်းသန်ခြင်းပင်ဖြစ်သည်။သူကိုနိုင်အောင် ဘယ်သူမှ ယှဉ်မငြင်းနိုင်။
ဒီကောင်ဘယ်လောက်အငြင်းသန်သလဲဆို ဘောလုံးကန်လို့ ဂိုးဝင်ရင်တောင် တစ်သင်းလုံးနဲ့ တစ်ယောက်တစ်ယောက် ခံခံငြင်းလွန်းလို့ ဘောလုံးပွဲပျက်တာမနည်း။ 
ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကန်ပြီဆို မောင်လင်း ပါတာနဲ့ ပွဲပျက်ပြီ။ 
မောင်လင်းက အဲ့လို ။
 
 
တစ်ကယ်တော့ အငြင်းသန်တယ်ဆိုတာ လွယ်တော့မလွယ် ။ 
အတော်လေး စောက်ရှက်နည်းနိုင်မှ ဖြစ်သည် ။
ဘာလို့ ဆို အမှားကို အမှန်၊အမှန်ကိုအမှားဖြစ်အောင် ယုတ္တိယုတ္တာရှိရှိလိမ်ပြောရတာမို့ ဖြစ်သည်။  
ဘာပဲဖြစ်ဖြစ် နတ်ဆိုးကတော့ အငြင်းသန်တဲ့သူဆို အထင်ကြီးသည်။
သူတို့မှာ ဟုတ်သည်မဟုတ်သည်အပထား။ အပြောကောင်းကျသည်။ 
 
 
လှတောသား စကားဆို “ကျောက်ဆင်းတုတောင် ခေါင်းငြိတ်အောင် ပြောတတ်သူတွေ ”ဖြစ်သည်။
ဒါကြောင့် နတ်ဆိုးက အထင်ကြီးတာ…..။
ဒါပေမယ့် နတ်ဆိုးမိဘတွေကတော့ ဒီလိုလူတွေကို  လူကောင်းလို့လဲ မသတ်မှတ်။အငြင်းသန်တာ ကောင်းတဲ့ အကျင့်မဟုတ်ဘူးလို့သတ်မှတ်ထားသည်။ 
ဒါကြောင့်လည်း ငယ်ငယ်က တစ်ခုခုကို ကိုယ်များခံငြင်းနေရင် အဘွားလက်က ဒေါက်ကနဲ့ ခေါင်းပေါ်ရောက်ပြီးသား။ 
ဒီလို မှတ်လောက်သားလောက်အောင် ဆော်တာ။ 
ဒါကြောင့် နတ်ဆိုးတို့ ဘယ်လောက်ဘဲ မှန်မှန် ‘ခံ’ မငြင်းရဲ့။ 
 
 
ကိုယ်ဘက်က သေချာနေရင်တောင် အဖွား ‘သမ’ လွန်းလို့ ထိပ်ကို ယောင်ယောင်ပြီး စမ်းမိတဲ့အထိ လန့်ခဲ့ရတာ။ 
ဒီတော့ မောင်လင်းက နတ်ဆိုးတို့အတွက် ကလေးဘဝကည်းက အားကျခဲ့ရသည့် ‘ဟီရိုး’။
ကလေးဘဝက လူငယ်..။ လူငယ်က …လူကြီး။ မောင်လင်းဘဝကနေ ဦးလင်းဘဝရောက်တာတောင် မောင်လင်းကား အငြင်းသန်နေဆဲ…။ 
ယခုမောင်လင်းလုပ်နေတဲ့ အလုပ်ကိုကြည့် ။အိမ်ပွဲစား…. ကားပွဲစား၊အလုပ်ပွဲစား..စတဲ့လေနဲ့လုပ်ရတဲ့ ပွဲစားအလုပ်မှန်သမျှ မောင်လင်း အကုန်လုပ်သည်။ 
အောင်မြင်သလားဆို ယခုထိ မောင်လင်းဆို လူတွေက မဖြစ်လို့သာ ဆက်ဆံရတာ ၊တစ်ခါဆက်ဆံ ဆယ်ခါလံ ဆိုသည့် အမျိုး။ 
မောင်လင်းနဲ့ထိသမျှ ပြဿနာချည်း။ 
 
 
မောင်လင်းရှိသည့်နေရာ ငယ်ငယ်ကလို့ ပြဿနာချည်း။ ဟိုနေရာလဲ သူငြင်းခုံသံ၊ဒီနေရာလဲ သူငြင်းခုံသံ။ 
ဘယ်လောက်ထိ ငြင်းလဲဆို သူအမေ အသုဘမှာ သပိတ်သွပ်ဆွမ်းကပ်ရင်း ဆရာတော်နှင့်နိုင်ငံရေးငြင်းတာကနေ ထိုဆရာတော် နောက်နောင်သူအိမ်အကြောင်းကိစ္စဘာရှိရှိ ပင့်ရင် မလာတော့။ သူအောက်ကကိုယ်တော်တစ်ပါးကိုသာလွှတ်သည်။ 
လွှတ်ရင်လဲ မှာလိုက်သေးသည်။ ဒီကောင့်ရှေ့မှာ ဘာအကြောင်းမှ သွားမပြောနဲ့ဟု။  
ဤမျှဆိုးဝါးသည့် မောင်လင်း။ 
 
 
ပုံမှန်ဆိုရင် မိန်းကလေးတွေက ငြင်းတာ အတော်ဆုံး ။ လူ့သဘာဝနဲ့ နဂိုဗီဇအရ ဆိုရင် ငြင်းတာမှာ မိန်းကလေးတွေက  အိပ်စပတ်။
ဒါပေမယ့် ယောင်္ကျားလေးတွေ နူတ်ရေးအာရေးသွက်ပြီ ၊ အငြင်းသန်ပြီဆိုရင်တော့ ဘယ် သုံးတောင်ဝတ် မိန်းမမှ လိုက်လို့မမီဘူးဆိုတာ မောင်လင်းလိုကောင်မျိုးကိုပြောတာမှတ်မှာ။ 
ဗြောင်ငြင်းတယ်  ၊အငြင်းသန်တယ်ဆိုတာက သူပါရမီနဲ့သူလာတယ်ဆိုတာ။
အရင်ကတော့ ယောင်္ကျားလေးတွေ အငြင်းသန်ရင် လူကြီးတွေက ဒီကောင် မိန်းမဆန်တယ်ဘဲ ။
ပြောရင် ဗြောင်လိမ်တာနဲ့ အငြင်းသန်တာက ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို။ ဟိုဘက်ဒီဘက် ကပ်နေတာ။
မောင်လင်း အငြင်းသန်တာ လွန်ကို လွန်တယ်…။ 
 
 
လဘက်ရည်ဆိုင် ဘီယာဆိုင် ဒီကောင်ပါရင် နေရာတကာပါ နေရာတကာ လိုက်ငြင်းလွန်းအားကြီးလို့ ဘယ်သူမှ မထိုင်ချင်ကြဘူး။ 
သူနဲ့ ရပ်ကွက်မက ဆရာတော်ပြောသလိုဆို 
“ဘုရားရှင်တောင်သက်ရှိထင်ရှားရှိရင် မောင်လင်းလို့ အငြင်းသန်တဲ့ ကောင်ကို ငြင်းတဲ့နေရာမှာ  ဧတင်္ဂပေးမှာ”လို့ ပြောတာသာကြည့်။ 
ဒီလိုမသိဘူး ငြင်းမယ်ဆိုတဲ့ သူက ဟိုနေ့က ထူးထူးခြားခြား သတင်းစာဖတ်ရင်း ဘာပြောသလဲ မှတ်သလဲ 
“ဒီကောင်တွေကွာ ဒီလောက်ရှင်းနေတာတောင် တော်တော်အငြင်းသန်တဲ့ကောင်တွေတဲ့ ” ။ 
စဉ်းသာစဉ်းစားကြည့်ပေတော့…။ 
ဘယ်သူက ပိုငြင်းသလဲဆိုတာ………………………။
 
 နတ်ဆိုး 
 
(  Zawgyi  )
 
 ေမာင္လင္းမွာ ေခသူမဟုတ္ေခ်။
 ကြန္ေတာ္တို႔ ငယ္ငယ္ကတန္းက ေမာင္လင္းလာၿပီေဟ့ ဆိုတာႏွင့္ မိဘေတြက ကိုယ္ကေလး ကိုယ္ျပန္ေခၚရတဲ့အထိ ‘ဇ’ရွိသူျဖစ္သည္။
အကယ္၍မ်ား ကိုယ္ကေလးကို ျပန္မေခၚအံ..။
မၾကာပါ ေမာင္လင္းႏွင့္ ရန္ျဖစ္ေလမည္ျဖစ္သည္။ 
ထိုသို႔ရန္ျဖစ္သည့္အခါ ေမာင္လင္းအိမ္မွ အေမေတြ၊အမေတြ တပ္ေထာင္ဗိုလ္တာစုခ်ီလာကာ ေဖႏွင္ ေမာင္ႏွင့္ တုပ္ၿပီး လူႀကီးေတြစစ္ပြဲ အထိ ျဖစ္ရေတာ့သည္။ 
ဤကား အႏွီေမာင္လင္း၏ ဘုန္းတန္ခိုးတည္း။ 
ေမာင္လင္းကား ငယ္ငယ္ကတည္းက ဤသို႔  အစြမ္းထက္သူျဖစ္သည္။ 
ေမာင္လင္းအေၾကာင္းေျပာမည္ဆိုလွ်င္ ကုန္မည္မထင္။ 
 
 
ေမာင္လင္း၏ ထရိတ္မွတ္ကား ငယ္ငယ္ကတည္းက အျငင္းသန္ျခင္းပင္ျဖစ္သည္။သူကိုႏိုင္ေအာင္ ဘယ္သူမွ ယွဥ္မျငင္းႏိုင္။
ဒီေကာင္ဘယ္ေလာက္အျငင္းသန္သလဲဆို ေဘာလုံးကန္လို႔ ဂိုးဝင္ရင္ေတာင္ တစ္သင္းလုံးနဲ႔ တစ္ေယာက္တစ္ေယာက္ ခံခံျငင္းလြန္းလို႔ ေဘာလုံးပြဲပ်က္တာမနည္း။ 
ကြၽန္ေတာ္တို႔ ငယ္ငယ္က ေဘာလုံးကန္ၿပီဆို ေမာင္လင္း ပါတာနဲ႔ ပြဲပ်က္ၿပီ။ 
ေမာင္လင္းက အဲ့လို ။
 
 
တစ္ကယ္ေတာ့ အျငင္းသန္တယ္ဆိုတာ လြယ္ေတာ့မလြယ္ ။ 
အေတာ္ေလး ေစာက္ရွက္နည္းႏိုင္မွ ျဖစ္သည္ ။
ဘာလို႔ ဆို အမွားကို အမွန္၊အမွန္ကိုအမွားျဖစ္ေအာင္ ယုတၱိယုတၱာရွိရွိလိမ္ေျပာရတာမို႔ ျဖစ္သည္။  
ဘာပဲျဖစ္ျဖစ္ နတ္ဆိုးကေတာ့ အျငင္းသန္တဲ့သူဆို အထင္ႀကီးသည္။
သူတို႔မွာ ဟုတ္သည္မဟုတ္သည္အပထား။ အေျပာေကာင္းက်သည္။ 
 
 
လွေတာသား စကားဆို “ေက်ာက္ဆင္းတုေတာင္ ေခါင္းၿငိတ္ေအာင္ ေျပာတတ္သူေတြ ”ျဖစ္သည္။
ဒါေၾကာင့္ နတ္ဆိုးက အထင္ႀကီးတာ…..။
ဒါေပမယ့္ နတ္ဆိုးမိဘေတြကေတာ့ ဒီလိုလူေတြကို  လူေကာင္းလို႔လဲ မသတ္မွတ္။အျငင္းသန္တာ ေကာင္းတဲ့ အက်င့္မဟုတ္ဘူးလို႔သတ္မွတ္ထားသည္။ 
ဒါေၾကာင့္လည္း ငယ္ငယ္က တစ္ခုခုကို ကိုယ္မ်ားခံျငင္းေနရင္ အဘြားလက္က ေဒါက္ကနဲ႔ ေခါင္းေပၚေရာက္ၿပီးသား။ 
ဒီလို မွတ္ေလာက္သားေလာက္ေအာင္ ေဆာ္တာ။ 
ဒါေၾကာင့္ နတ္ဆိုးတို႔ ဘယ္ေလာက္ဘဲ မွန္မွန္ ‘ခံ’ မျငင္းရဲ႕။ 
 
 
ကိုယ္ဘက္က ေသခ်ာေနရင္ေတာင္ အဖြား ‘သမ’ လြန္းလို႔ ထိပ္ကို ေယာင္ေယာင္ၿပီး စမ္းမိတဲ့အထိ လန႔္ခဲ့ရတာ။ 
ဒီေတာ့ ေမာင္လင္းက နတ္ဆိုးတို႔အတြက္ ကေလးဘဝကည္းက အားက်ခဲ့ရသည့္ ‘ဟီ႐ိုး’။
ကေလးဘဝက လူငယ္..။ လူငယ္က …လူႀကီး။ ေမာင္လင္းဘဝကေန ဦးလင္းဘဝေရာက္တာေတာင္ ေမာင္လင္းကား အျငင္းသန္ေနဆဲ…။ 
ယခုေမာင္လင္းလုပ္ေနတဲ့ အလုပ္ကိုၾကည့္ ။အိမ္ပြဲစား…. ကားပြဲစား၊အလုပ္ပြဲစား..စတဲ့ေလနဲ႔လုပ္ရတဲ့ ပြဲစားအလုပ္မွန္သမွ် ေမာင္လင္း အကုန္လုပ္သည္။ 
ေအာင္ျမင္သလားဆို ယခုထိ ေမာင္လင္းဆို လူေတြက မျဖစ္လို႔သာ ဆက္ဆံရတာ ၊တစ္ခါဆက္ဆံ ဆယ္ခါလံ ဆိုသည့္ အမ်ိဳး။ 
ေမာင္လင္းနဲ႔ထိသမွ် ျပႆနာခ်ည္း။ 
 
 
ေမာင္လင္းရွိသည့္ေနရာ ငယ္ငယ္ကလို႔ ျပႆနာခ်ည္း။ ဟိုေနရာလဲ သူျငင္းခုံသံ၊ဒီေနရာလဲ သူျငင္းခုံသံ။ 
ဘယ္ေလာက္ထိ ျငင္းလဲဆို သူအေမ အသုဘမွာ သပိတ္သြပ္ဆြမ္းကပ္ရင္း ဆရာေတာ္ႏွင့္ႏိုင္ငံေရးျငင္းတာကေန ထိုဆရာေတာ္ ေနာက္ေနာင္သူအိမ္အေၾကာင္းကိစၥဘာရွိရွိ ပင့္ရင္ မလာေတာ့။ သူေအာက္ကကိုယ္ေတာ္တစ္ပါးကိုသာလႊတ္သည္။ 
လႊတ္ရင္လဲ မွာလိုက္ေသးသည္။ ဒီေကာင့္ေရွ႕မွာ ဘာအေၾကာင္းမွ သြားမေျပာနဲ႔ဟု။  
ဤမွ်ဆိုးဝါးသည့္ ေမာင္လင္း။ 
 
 
ပုံမွန္ဆိုရင္ မိန္းကေလးေတြက ျငင္းတာ အေတာ္ဆုံး ။ လူ႔သဘာဝနဲ႔ နဂိုဗီဇအရ ဆိုရင္ ျငင္းတာမွာ မိန္းကေလးေတြက  အိပ္စပတ္။
ဒါေပမယ့္ ေယာက်ၤားေလးေတြ ႏူတ္ေရးအာေရးသြက္ၿပီ ၊ အျငင္းသန္ၿပီဆိုရင္ေတာ့ ဘယ္ သုံးေတာင္ဝတ္ မိန္းမမွ လိုက္လို႔မမီဘူးဆိုတာ ေမာင္လင္းလိုေကာင္မ်ိဳးကိုေျပာတာမွတ္မွာ။ 
ေျဗာင္ျငင္းတယ္  ၊အျငင္းသန္တယ္ဆိုတာက သူပါရမီနဲ႔သူလာတယ္ဆိုတာ။
အရင္ကေတာ့ ေယာက်ၤားေလးေတြ အျငင္းသန္ရင္ လူႀကီးေတြက ဒီေကာင္ မိန္းမဆန္တယ္ဘဲ ။
ေျပာရင္ ေျဗာင္လိမ္တာနဲ႔ အျငင္းသန္တာက ဒဂၤါးတစ္ခုရဲ႕ ေခါင္းနဲ႔ ပန္းလို။ ဟိုဘက္ဒီဘက္ ကပ္ေနတာ။
ေမာင္လင္း အျငင္းသန္တာ လြန္ကို လြန္တယ္…။ 
 
 
လဘက္ရည္ဆိုင္ ဘီယာဆိုင္ ဒီေကာင္ပါရင္ ေနရာတကာပါ ေနရာတကာ လိုက္ျငင္းလြန္းအားႀကီးလို႔ ဘယ္သူမွ မထိုင္ခ်င္ၾကဘူး။ 
သူနဲ႔ ရပ္ကြက္မက ဆရာေတာ္ေျပာသလိုဆို 
“ဘုရားရွင္ေတာင္သက္ရွိထင္ရွားရွိရင္ ေမာင္လင္းလို႔ အျငင္းသန္တဲ့ ေကာင္ကို ျငင္းတဲ့ေနရာမွာ  ဧတဂၤေပးမွာ”လို႔ ေျပာတာသာၾကည့္။ 
ဒီလိုမသိဘူး ျငင္းမယ္ဆိုတဲ့ သူက ဟိုေန႔က ထူးထူးျခားျခား သတင္းစာဖတ္ရင္း ဘာေျပာသလဲ မွတ္သလဲ 
“ဒီေကာင္ေတြကြာ ဒီေလာက္ရွင္းေနတာေတာင္ ေတာ္ေတာ္အျငင္းသန္တဲ့ေကာင္ေတြတဲ့ ” ။ 
စဥ္းသာစဥ္းစားၾကည့္ေပေတာ့…။ 
ဘယ္သူက ပိုျငင္းသလဲဆိုတာ………………………။
 
 နတ္ဆိုး