【နိုင်ငံတကာ】ဆားဘီးယားတွင် “တရုတ်ရုပ်သံရာသီ” ပြပွဲ ဖွင့်လှစ်

【နိုင်ငံတကာ】ဆားဘီးယားတွင် “တရုတ်ရုပ်သံရာသီ” ပြပွဲ ဖွင့်လှစ်

ဘဲလ်ဂရိတ် ၊ ဧပြီ ၂၆ 
 
China Media Groupနှင့် ဆားဘီးယားနိုင်ငံတော် အသံလွှင့်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းကျင်းပသော “တရုတ်ရုပ်သံရာသီ” ဆားဘီးယားပြပွဲကို ဧပြီလ ၂၅ရက် က ဘဲလ်ဂရိတ်မြို့၌ စတင်ခဲ့ကြောင်း သိရပါတယ်။ 
 
အဆိုပါပြပွဲတွင် CMGမှ ထုတ်လုပ်သော ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား ၁၀ ကား ကျော်ကို ဆားဘီးယားနိုင်ငံတော်အသံလွှင့်ရုပ်မြင်သံကြားဌာနတွင် ပြသမည်ဖြစ်ပြီး ဆားဘီးယားပရိသတ်များအတွက် ခေတ်သစ်တရုတ်နိုင်ငံ၏ အညွန့်တလူလူ တိုးတက်မှုကို ပြသနေပြီး တရုတ်- ဆားဘီးယား ချစ်ကြည်ရေး အကြောင်းအရာများကို ဖော်ပြကာ နှစ်နိုင်ငံ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး၊ အကျိူးတူ ပူးပေါင်းဆောင်ရွက်ရေး၊ အတူဖွံ့ဖြိုးတိုးတက်ရေး၏ လှပသော မျှော်မှန်းချက်ကို လက်ဆင့်ကမ်းမည်ဖြစ်ကြောင်း သတင်းအရ သိရှိရပါတယ်။
၎င်းပြပွဲတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong၊ ဆားဘီးယားယဉ်ကျေးမှုဝန်ကြီးဟောင် Vukosavljevic နှင့် ဆားဘီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး Li Mingတို့က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ကြကြောင်း China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။