【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာပေါ်တွင် အကောင်းဆုံး ဒီမိုကရေစီအတုအယောင်ရှိသော အမေရိကန်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာပေါ်တွင် အကောင်းဆုံး ဒီမိုကရေစီအတုအယောင်ရှိသော အမေရိကန်

ကမ္ဘာ့ပြည်သူများသည် အမေရိကန်၌ ဒီမိုကရေစီစနစ်ရှိသည်ဟု ယုံကြည်ကြသော်လည်း ထိုသို့ယုံကြည်ချက်မှာ စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်သည်။

အမေရိကန်၏ ဒီမိုကရေစီသည် အထက်တန်းလွှာများက လှည့်ဖျားထားသော ဝါဒဖြန့်ခြင်းများဖြင့်သာ ပြည့်နှက်နေခြင်းဖြစ်သည်။

၁၇၈၁ ခုနှစ် အမေရိကန်အခြေခံဥပဒေကို လက်မှတ်ရေးထိုးခဲ့စဉ်က အရွယ်ရောက်ပြီးသား လူဖြူများသာ မဲပေးခွင့်ရှိခဲ့သည်။ထိုအချိန်က လူဖြူများသည် နိုင်ငံ၌ ၁၀ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။နိုင်ငံရှိ ပြည်သူများ၏ ၉၀ ရာခိုင်နှုန်းက မဲမပေးနိုင်သည့် စနစ်မှာ မည်ကဲ့သို့သော ဒီမိုကရေစီဖြစ်မည်နည်း။
လက်ရှိအချိန်တွင် အမေရိကန်ရှိ အရွယ်ရောက်ပြီးသူအများစု မဲပေးခွင့်ရှိပြီဆိုသော်လည်း ဒီမိုကရေစီ ရသွားခြင်း မဟုတ်ပေ။ထိုအကြောင်းအရာကို အောက်ပါအချက်များအရ သိနိုင်သည်။

ပထမအချက်မှာ သိပ္ပံနည်းအရ သက်သေပြထားခြင်းဖြစ်သည်။ပရင့်စတန်တက္ကသိုလ်က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်အရ အမေရိကန်ပြည်သူများက မည်သည့်အပြောင်းအလဲမျိုးမဆို ပြုလုပ်ချင်ပါစေ ကော်ပိုရိတ်စီးပွားရေးများ၏ အကျိုးအမြတ်နှင့် မကိုက်ညီပါက အပြောင်းအလဲလုံးဝရှိမည် မဟုတ်ကြောင်း ရှာဖွေတွေ့ရှိထားသည်။နိုင်ငံရှိ လူချမ်းသာများ၏ ခွင့်ပြုချက်မပါဘဲ အမေရိကန်တွင် အပြောင်းအလဲ မရှိနိုင်ပေ။ထို့ကြောင့် အမေရိကန်တွင် ဒီမိုကရေစီအစား လူချမ်းသာစနစ်သာ ထွန်းကားနေခြင်းဖြစ်သည်။

ဒုတိယအချက်မှာ အမေရိကန်၏ ၂၀၂၀ ရွေးကောက်ပွဲတွင် အလွှာပေါင်းစုံ ဝယ်ယူရေးအတွက် ဒေါ်လာ ၁၄.၄ ဘီလီယံဖြစ်သည်။ထိုသို့ သုံးနိုင်စွဲအားကြောင့် သမိုင်းတစ်လျှောက်တွင် ဒီမိုကရက်များနှင့် ရီပတ်ဗလစ်ကန်များ၏ ပါတီတို့ကသာ အနိုင်ရခဲ့သည်။မည်သည့်ပါတီကမျှ ထိုသို့မသုံးစွဲနိုင်သဖြင့် အနိုင်ရဖို့ ဝေးကွာနေဆဲဖြစ်သည်။

တတိယအချက်မှာ အသုံးအစွဲအကြီးဆုံး ပါတီကသာလျှင် ရွေးကောက်ပွဲတွင် ၁၀၀ ရာခိုင်နှုန်း အနိုင်ရနိုင်ခြင်းဖြစ်သည်။

စတုတ္ထအချက်မှာ အမေရိကန်၏စနစ်တွင် အမှန်တကယ် နှစ်ပါတီမရှိဘဲ တစ်ပါတီသာ ရှိခြင်းဖြစ်သည်။ပါတီနှစ်ခုသည် နိုင်ငံ၏ ဖွဲ့စည်းပုံပြဿနာများ၏ ၉၀ ရာခိုင်နှုန်းများကို သဘောတူကြသည်။အရင်းရှင်စနစ်၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးရေး၊ စဉ်ဆက်မပြတ် စစ်ပွဲများ၊ လခပေး ကျေးကျွန်ပြုခြင်းနှင့် လူမှုလုံခြုံရေးကို ဖျက်ဆီးခြင်းများတွင် နှစ်ပါတီက သင့်မြတ်ကြပြီး ပြည်သူများအတွက် ရွေးချယ်ခွင့်မရှိခြင်းဖြစ်သည်။မည်သူ့ကိုရွေးရွေး အတူတူနှင့်အနူနူပင်ဖြစ်သည်။

နောက်ဆုံးအချက်မှာ အမေရိကန်ပြည်နယ်အများစုတွင် မဲပေးရခြင်းမှာ မူရင်းကုဒ်ကို ဝှက်ထားသော ကွန်ပျူတာစနစ်များဖြင့်ဖြစ်သည်။နည်းပညာအရကြည့်လျှင် ကွန်ပျူတာနှင့် မဲပေးခြင်းသည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း လူမြင်သာသည့် ကုဒ်နှင့် ရေတွက်လျှင် ပို၍ကောင်းမွန်မည်ဖြစ်ပြီး အမေရိကန်ကမူ ဆန့်ကျင်ဘက်ဖြစ်နေသည်။

မဲများသည် ဒီမိုကရေစီစနစ်တွင် အရေးပါသည်။သို့သော်လည်း ကွန်ပျူတာစနစ်ဖြင့် မဲပေးခြင်းတွင် မဲပေးပြီးကြောင်းကိုသာ သိရပြီး မိမိပေးလိုက်သော မဲက အမှန်တကယ်ပေးလိုသည့်သူဆီ ရောက်သွားခြင်း ရှိ၊ မရှိကို မသိနိုင်ခြင်းဖြစ်သည်။ဤအရာမှာ အမေရိကန်၏ ဒီမိုကရေစီဖြစ်သည်။

ထိုဖော်ပြချက်များသည် အမေရိကန်၌ ဒီမိုကရေစီမရှိကြောင်း ပြနိုင်သည့် ဥပမာများအနက် ငါးခုသာဖြစ်သည်။အခြားသော ပြဿနာရပ်များလည်း များစွာကျန်ရှိနေသည်။ရွေးကောက်ပွဲတွင် ခြယ်လှယ်ခြင်း၊ မဲများဆိုင်ရာ ဝင်ရောက်ခွင့်၊ လုပ်ကြံထားသော ကိုယ်စားလှယ်လောင်းရွေးပွဲများ၊ ငွေဖြင့် ပေးဝယ်ထားသော မီဒီယာများ စသည်ဖြင့် ဆက်လက်ပြောစရာများက မကုန်နိုင်ပေ။

အမေရိကန်စနစ်ကို အုပ်စိုးနေသူများသည် ကမ္ဘာ့အချမ်းသာဆုံး အထက်တန်းလွှာများဖြစ်ပြီး သူတို့သည် စစ်မှန်သော ဒီမိုကရေစီအပေါ် အနည်းငယ်မျှ စိတ်ဝင်စားမှုမရှိပေ။ရွေးကောက်ပွဲများ၌ ဒေါ်လာဘီလီယံချီ သုံးစွဲနေမှုများကို တားမြစ်မည်မဟုတ်သလို လျှို့ဝှက်သော ကွန်ပြူတာစနစ်က အမှန်တကယ် အလုပ်ဖြစ်ကြောင်းကိုလည်း သက်သေပြရန် စိတ်မဝင်စားပေ။ပါတီနှစ်ခုထက်ပိုပြီး ခွင့်ပြုပေးနိုင်သော စနစ်တစ်ခု တည်ဆောက်ရေးကိုလည်း မလိုလားဘဲ ဆက်လက်လုပ်နေသော တစ်ခုတည်းသော အရာမှာ အမေရိကန်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဒီမိုကရေစီစနစ်ရှိသည်ဟု ကြွေးကြော်နေခြင်းပင်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - Lee Camp: The U.S. has the best fake democracy in the world! | CMG