【 နည်းပညာ 】 လူလိုက်ပါသည့် အာကာသမစ်ရှင်ကို တရုတ်နိုင်ငံ လွှတ်တင်

【 နည်းပညာ 】 လူလိုက်ပါသည့် အာကာသမစ်ရှင်ကို တရုတ်နိုင်ငံ လွှတ်တင်

ပေကျင်း၊ ဧပြီ - ၂၇

တရုတ်နိုင်ငံက လူကိုယ်တိုင် လိုက်ပါတဲ့ Shenzhou-18 အာကာသမစ်ရှင်ကို ဧပြီလ ၂၅ ရက်နေ့က အောင်မြင်စွာ လွှတ်တင်ခဲ့တယ်လို့ CMG သတင်းအရ သိရပါတယ်။

Shenzhou-18 အာကာသမစ်ရှင်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ကြာသပတေးနေ့က လွှတ်တင်ခဲ့တာဖြစ်ကြောင်း တရုတ် အာကာသယာဉ်မှူး အာကာသ အေဂျင်စီ (CMSA) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ပြည်တွင်းထုတ် Long March-2F သယ်ဆောင်ဒုံးပျံယာဉ်ဟာ Shenzhou-18 အာကာသယာဉ်ကို သယ်ဆောင်သွားပြီး၊ တရုတ်အာကာသယာဉ်မှူး ၃ ဦးဟာ အဆိုပါအာကာသယာဉ်နဲ့ လိုက်ပါသွားခဲ့ပါတယ်။ Shenzhou-18 အာကာသယာဉ်ဟာ တရုတ်အာကာသစခန်းမှာ ဆိုက်ကပ်သွားမှာဖြစ်သလို၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Shenzhou-17 အာကာသယာဉ်မှူးတွေနဲ့ Shenzhou-18 အာကာသယာဉ်မှူးတွေဟာ တာဝန်လွှဲပြောင်းမှုတွေ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

Shenzhou-17 အာကာသယာဉ်မှူးတွေဟာ တာဝန်လွှဲပြောင်းပြီးတာနဲ့ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

ယခုလွှတ်တင်လိုက်တဲ့ Shenzhou-18 အာကာသမစ်ရှင်ဟာ တရုတ်နိုင်ငံအတွက် ယခုနှစ်အတွင်း ပထမဆုံး လူလိုက်ပါတဲ့ အာကာသမစ်ရှင် လွှတ်တင်မှုဖြစ်ခဲ့ပြီး၊ ၃၂ ကြိမ်မြောက် လူလိုက်ပါတဲ့ အာကာသမစ်ရှင် လွှတ်တင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Shenzhou-18 အာကာသယာဉ်မှူးတွေဟာ အာကာသတွင်း စမ်းသပ်မှုအမျိုးမျိုးကို ဆောင်ရွက်သွားမှာဖြစ်သလို တရုတ်အာကာသစခန်း ဘေးကင်းရေးအတွက် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ CMSA က ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG