【 ဆောင်းပါး 】 ''အပ်နဲ့ထွင်းပါ''

【 ဆောင်းပါး 】 ''အပ်နဲ့ထွင်းပါ''

တစ်ခါတလေ လူတချို့ရဲ့လုပ်ရပ်ကြောင့် အပ်နဲ့ထွင်းရမယ့်အရာက ပုဆိန်နဲ့ပေါက်ရတဲ့အဖြစ်မျိုး ကြုံရတာလည်း ရှိတတ်ပါတယ်။နေ့စဉ်လူမှုဘဝမှာတော့ ဒါမျိုးအဖြစ်တွေ မကြာခဏကြုံရလေ့ ရှိပါတယ်။

ဆိုလိုရင်းကတော့ ပြဿနာကိုအလွယ်ဖြေရှင်းလို့ရတဲ့အချိန်မှာ မဖြေရှင်းလိုက်မိတော့ ပြဿနာကကြီးလည်းလာရော ရှင်းရပိုခက်ခဲစေတဲ့သဘောပေါ့။အဲဒီလိုကိစ္စတွေက လူ့အသက်အိုးအိမ်စည်းစိမ်နဲ့ ဆိုင်လာပြီဆိုရင်တော့ အဘက်ဘက်က နစ်နာမှုပိုကြီးနိုင်မှာ အမှန်ပါပဲ။

အခုက ကဏ္ဍတချို့မှာ အဲဒီလိုကိစ္စတွေ အများကြီးကြုံနေရပါတယ်။ရေရှည်ကိုမကြည့်ဘဲ ရေတိုကိုကြည့်တတ်သူတွေကြောင့်လည်း ဒီလိုပြဿနာတွေ ကြုံရတတ်ပါတယ်။ဥပမာဆိုပါစို့။ဥပဒေနဲ့မညီတဲ့ကိစ္စဆို စကတည်းကညီအောင်လုပ်မယ်ဆို နောင်မှာပြဿနာမတက်နိုင်တော့ဘူးပေါ့။
တချို့က အဲဒါမျိုးဆို ဘောင်မဝင်မှန်းသိသိနဲ့ လုပ်ကြတယ်။နားလည်မှုနဲ့ပြီးပါတယ်ဆိုတာမျိုးပေါ့။နောက်မှစစ်လို့လည်းပေါ်ရော ရှင်းရခက်တော့တာပါပဲ။

စီးပွားရေးလောကမှာလည်း ထိုနည်းလည်းကောင်းပေါ့။ဥပဒေနဲ့မညီတာတွေကို လတ်တလော ရေတိုအဆင်ပြေအောင် အလွယ်လုပ်ကြတယ်။နောက်မှပြဿနာတက်တော့ စနစ်ကအားနည်းလို့ဆိုပြီး အပြစ်ပုံချတတ်တာ ဓမ္မတာလိုတောင်ဖြစ်နေပါပြီ။

နမူနာပြောကြည့်ပါမယ်။တိုက်ဆောက်မယ်ဆိုပါတော့။စည်ပင်ကို ခွင့်ပြုချက်အရင်တင်ရပါတယ်။စည်ပင်ရဲ့ခွင့်ပြုချက်ရမှဆောက်ရင် တရားဝင်မှာဖြစ်ပါတယ်။တချို့ကအဲဒီလိုမဟုတ်ပါဘူး။ခွင့်ပြုချက်ရတဲ့အထိ မစောင့်ချင်တော့ ခွင့်ပြုချက်မတင်ဘဲ ခိုးကြောင်ခိုးဝှက်ဆောက်ကြပါတယ်။
နောက်မှသိလို့ အရေးယူတော့ ဌာနလည်းမကောင်း စည်းမျဉ်းချိုးဖောက်မိသူလည်းနစ်နာ နှစ်ဦးနှစ်ဖက်ထိခိုက်ရပါတယ်။

နောက်တစ်ခါ ကားလိုင်စင်သက်တမ်းတိုးသလိုပေါ့။တရားဝင် ကိုယ့်ဘာသာကိုယ် ပိုင်ရှင်ကိုယ်တိုင်လုပ်လည်း ဒီအဆင့်တွေပဲကျော်ဖြတ်ရပြီး ဒီအချိန်လောက်ပဲကြာပါတယ်။ပွဲစားနဲ့လုပ်လည်း ကိုယ်က ထိုင်ရာမထခင်မမ လုပ်သလိုမျိုး အသာထိုင်နေပြီး ကားလိုင်စင်က လက်ထဲရောက်မလာပါဘူး။ပိုင်ရှင်လိုက်မှရတဲ့ လုပ်ဆောင်မှုအနည်းငယ်တော့ ရှိတာပါပဲ။အဲဒီပွဲစားတွေက လိမ်နေပါတယ်လို့ လော်စပီကာနဲ့ က.ည.န က အော်နေတာတောင် တစ်ခါမှမမြင်ဖူးတဲ့ ပွဲစားတွေလက်ထဲ ယုံကြည်အပ်နှံမိလို့ အလိမ်ခံရသူပေါင်းလည်း မနည်းပါဘူး။

ပတ်စ်ပို့လုပ်လည်း ထိုနည်းလည်းကောင်း၊ မှန်ပုံတင်လုပ်လည်း ထိုနည်းလည်းကောင်း၊ သန်းခေါင်စာရင်းလုပ်လည်း ထိုနည်းလည်းကောင်း၊ ဌာနဆိုင်ရာနဲ့နွယ်ပြီးလုပ်တဲ့ ကိစ္စတချို့မှာလည်း ထိုနည်းလည်းကောင်းပေါ့။တရားဝင်လုပ်လည်းရတာကို တရားမဝင်လေးလုပ်ပြီး အခွင့်ထူးလေးခံလိုက်ရမှ သူများထက် နည်းနည်းလေးပိုစောလိုက်ရမှ နေသာထိုင်သာရှိသွားတဲ့သူတချို့လည်း ရှိပါတယ်။အဲဒီလို အခွင့်ထူးခံချင်သူတွေကြောင့် တချို့ဝန်ထမ်းတွေ အခုထိအကျင့်ပျက်ခြစားတာတွေ ရှိနေတုန်းပါပဲ။

အရင်ကတော့ လမ်းကြောင်းရှိမှ အလုပ်ဖြစ်တယ်လို့ ပြောကြပါတယ်။အခုကတော့ လမ်းကြောင်း ရှိရှိ/မရှိရှိ အချိန်တန်ရင်တော့ ကိုယ်လိုချင်တာရတာပါပဲ။တရားဝင်လုပ်တာကို ခေါက်ထားပြီး လမ်းကြောင်းနဲ့ အခွင့်ထူးခံသမားတွေကိုမှ လုပ်ပေးတယ်ဆိုတဲ့ခေတ်က ကုန်သလောက်ရှိပြီလို့ ထင်ပါတယ်။တရားဝင်လုပ်တာကို ခေါက်ထားလည်း ဘယ်သူမှကြာကြာမခေါက်ထားရဲပါဘူး။တိုင်တာတောတာ ဖေ့စ်ဘွတ်ခ်တင်တာ နည်းနည်းပါးပါးလုပ်လိုက်တာနဲ့ကို ဒုက္ခရောက်နိုင်တာမို့ လမ်းကြောင်းခင်းခင်း မခင်းခင်း တန်းတူအခွင့်အရေးရမှာပါပဲ။အဲဒါကိုမှ အခွင့်ထူးပိုရတယ်အထင်နဲ့ လမ်းကြောင်းလိုက်ချင်သူတွေကတော့ အခုထိ ချင်း (ဂျင်း) ထည့်ခံလို့ ကောင်းတုန်းပေါ့။

စာရေးသူကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံအရတော့ ကားလိုင်စင်၊ လူလိုင်စင်ပဲလုပ်လုပ်၊ သန်းခေါင်စာရင်းပဲလုပ်လုပ်၊ ပတ်စ်ပို့ပဲလျှောက်လျှောက်၊ ဌာနနဲ့လုပ်တဲ့အလုပ်တွေမှာ လုပ်ငန်းမဆောင်ရွက်မီ ဘာစာရွက်စာတမ်း အထောက်အထားလိုလည်း တာဝန်ရှိသူကို အရင်မေးပါ။
တကယ်လုပ်ငန်းဆောင်ရွက်တဲ့အချိန်မှာ ဘာမှမကျန်အောင်သာ ကိုယ့်ဘက်ကလုပ်ဆောင်ပါ။အချိန်အတိုင်းအတာတစ်ခု ထပ်စောင့်ပြီးရင်တော့ လိုချင်တာရခဲ့တာချည်းပါပဲ။ကိုယ့်လိုအဆင်မပြေဘူးလို့တော့ တချို့ကပြောကြတာလည်းရှိပါတယ်။လုပ်တဲ့မြို့နယ်ပဲကွာလို့လား၊ တာဝန်ကျဝန်ထမ်းပဲကွာလို့လား၊ စာရွက်စာတမ်းချို့ယွင်းချက်တွေပဲရှိခဲ့လို့လား ဒီလိုလားပေါင်းများစွာထဲက အဆင်ပြေမှု မပြေမှုတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ခုထိရှိတုန်းပဲလို့ တချို့ကပြောပါတယ်။

ဒီနေရာမှာ ကြုံတုန်းပြောလိုတာက ပြည်သူတွေကလည်း ဘာလုပ်လုပ် ဥပဒေနဲ့အညီပဲလုပ်ပါ။လမ်းကြောင်းနောက် မလိုက်ပါနဲ့။လွယ်တာကို ခက်အောင်မလုပ်ကြပါနဲ့။

အဲဒီလိုပဲ ဌာနဆိုင်ရာတာဝန်ရှိသူတွေကလည်း ဘာပဲလုပ်လုပ် ဥပဒေနဲ့အညီပဲ အားလုံးကို တန်းတူအဆင်ပြေအောင်လုပ်ပေးပါ။ဥပဒေနဲ့အညီလုပ်ဆောင်တဲ့ ဘယ်သူ့ကိုမဆို လွယ်ကူသက်သာစေတဲ့နည်းနဲ့ ဝန်ဆောင်မှုပေးပြီး လမ်းကြောင်းဆိုတာကြီးပေါ်ကနေ ခွဲထွက်လို့ ဥပဒေနဲ့အညီ တရားဝင်လုပ်ချင်လာအောင် စွဲဆောင်နိုင်ဖို့လည်း လိုပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတချို့က အဲဒီလမ်းကြောင်းဆိုတာကြီးနဲ့ ယဉ်ပါးနေသရွေ့ကတော့ လာဘ်ပေးလာဘ်ယူမှုတွေ၊ အလွဲသုံးစားမှုတွေ ခေတ်အဆက်ဆက် ရှင်သန်အားကောင်းနေဦးမှာပါပဲ။တချို့ကထင်ကြတယ်။ငါတို့က ဝန်ထမ်းတွေပဲ။နိုင်ငံရေးရာထူး လက်ရှိရှိတဲ့သူတွေ လာဘ်စားတာ အလွဲသုံးစားလုပ်တာတွေကို အရေးယူတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အရေးယူလို့မရဘူး။ဒါကြောင့် ပုဒ်မ ၅၅ ပါ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်ထိလည်း ကျခံရစရာအကြောင်းမရှိဘူး။ပြည်သူ့ဝန်ထမ်းက လာဘ်စားရင် အလွဲသုံးစားလုပ်ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ထောင်ဒဏ်ဆယ်နှစ်ထိပဲ အများဆုံးချလို့ရတယ်လို့ ထင်ကြပါတယ်။

မှန်ပါတယ်။ပြည်သူ့ဝန်ထမ်း လာဘ်စားရင်တော့ ပုဒ်မ ၅၆ အရ ထောင်ဒဏ် ၁၀ နှစ်ထိပဲ အများဆုံးပြစ်ဒဏ်ချလို့ရပါတယ်။ဒါပေမယ့် ဝန်ထမ်းတွေအနေနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ကို မေ့မထားသင့်ပါဘူး။အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၈ အရ အဂတိလိုက်စားတာတွေနဲ့ ပတ်သက်ရင် အခြားတည်ဆဲဥပဒေတွေမှာ ဘယ်လိုပဲပါပါ ဒီဥပဒေအရပဲ အရေးယူရမယ်လို့ ဆိုထားပေမယ့် ပြည်သူ့ဝန်ထမ်းတွေက ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ယုံကြည်အပ်နှံရေး ဖောက်ဖျက်မယ်ဆိုရင်တော့ ပုဒ်မ ၅၆ နဲ့ တိုက်ရိုက်မသက်ဆိုင်တော့ပါဘူး။

ပြည်သူ့ဝန်ထမ်းတွေက ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ယုံကြည်အပ်နှံရေး ဖောက်ဖျက်ရာရောက်မယ်ဆိုရင်တော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ အရ ထောင်ဒဏ်နှစ်နှစ်ဆယ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

အဲဒီတော့ ပြည်သူ့ဝန်ထမ်းတွေရဲ့လာဘ်ပေးလာဘ်ယူမှုတွေ၊ ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်နဲ့ ပတ်သက်လို့ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတွေကို ဖြစ်မှအရေးယူမယ်ဆိုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်သလို အလားသဏ္ဍာန်တူနေမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ အဲဒီလိုကိစ္စတွေဖြစ်မလာအောင် ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်စားခွင်ဖန်တီးပေးရာရောက်မယ့် လမ်းကြောင်းတွေကို သေချာစိစစ် စီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့ ပုဆိန်နဲ့ပေါက်ရမယ့်ဟာကို အပ်နဲ့ထွင်းရုံနဲ့ အဆင်ပြေသွားမှာပါလို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
မတ် - ၁၉

( Zawgyi )

တစ္ခါတေလ လူတခ်ိဳ႕ရဲ႕လုပ္ရပ္ေၾကာင့္ အပ္နဲ႔ထြင္းရမယ့္အရာက ပုဆိန္နဲ႔ေပါက္ရတဲ့အျဖစ္မ်ိဳး ႀကဳံရတာလည္း ရွိတတ္ပါတယ္။ေန႔စဥ္လူမႈဘဝမွာေတာ့ ဒါမ်ိဳးအျဖစ္ေတြ မၾကာခဏႀကဳံရေလ့ ရွိပါတယ္။

ဆိုလိုရင္းကေတာ့ ျပႆနာကိုအလြယ္ေျဖရွင္းလို႔ရတဲ့အခ်ိန္မွာ မေျဖရွင္းလိုက္မိေတာ့ ျပႆနာကႀကီးလည္းလာေရာ ရွင္းရပိုခက္ခဲေစတဲ့သေဘာေပါ့။အဲဒီလိုကိစၥေတြက လူ႔အသက္အိုးအိမ္စည္းစိမ္နဲ႔ ဆိုင္လာၿပီဆိုရင္ေတာ့ အဘက္ဘက္က နစ္နာမႈပိုႀကီးႏိုင္မွာ အမွန္ပါပဲ။

အခုက က႑တခ်ိဳ႕မွာ အဲဒီလိုကိစၥေတြ အမ်ားႀကီးႀကဳံေနရပါတယ္။ေရရွည္ကိုမၾကည့္ဘဲ ေရတိုကိုၾကည့္တတ္သူေတြေၾကာင့္လည္း ဒီလိုျပႆနာေတြ ႀကဳံရတတ္ပါတယ္။ဥပမာဆိုပါစို႔။ဥပေဒနဲ႔မညီတဲ့ကိစၥဆို စကတည္းကညီေအာင္လုပ္မယ္ဆို ေနာင္မွာျပႆနာမတက္ႏိုင္ေတာ့ဘူးေပါ့။
တခ်ိဳ႕က အဲဒါမ်ိဳးဆို ေဘာင္မဝင္မွန္းသိသိနဲ႔ လုပ္ၾကတယ္။နားလည္မႈနဲ႔ၿပီးပါတယ္ဆိုတာမ်ိဳးေပါ့။ေနာက္မွစစ္လို႔လည္းေပၚေရာ ရွင္းရခက္ေတာ့တာပါပဲ။

စီးပြားေရးေလာကမွာလည္း ထိုနည္းလည္းေကာင္းေပါ့။ဥပေဒနဲ႔မညီတာေတြကို လတ္တေလာ ေရတိုအဆင္ေျပေအာင္ အလြယ္လုပ္ၾကတယ္။ေနာက္မွျပႆနာတက္ေတာ့ စနစ္ကအားနည္းလို႔ဆိုၿပီး အျပစ္ပုံခ်တတ္တာ ဓမၼတာလိုေတာင္ျဖစ္ေနပါၿပီ။

နမူနာေျပာၾကည့္ပါမယ္။တိုက္ေဆာက္မယ္ဆိုပါေတာ့။စည္ပင္ကို ခြင့္ျပဳခ်က္အရင္တင္ရပါတယ္။စည္ပင္ရဲ႕ခြင့္ျပဳခ်က္ရမွေဆာက္ရင္ တရားဝင္မွာျဖစ္ပါတယ္။တခ်ိဳ႕ကအဲဒီလိုမဟုတ္ပါဘူး။ခြင့္ျပဳခ်က္ရတဲ့အထိ မေစာင့္ခ်င္ေတာ့ ခြင့္ျပဳခ်က္မတင္ဘဲ ခိုးေၾကာင္ခိုးဝွက္ေဆာက္ၾကပါတယ္။
ေနာက္မွသိလို႔ အေရးယူေတာ့ ဌာနလည္းမေကာင္း စည္းမ်ဥ္းခ်ိဳးေဖာက္မိသူလည္းနစ္နာ ႏွစ္ဦးႏွစ္ဖက္ထိခိုက္ရပါတယ္။

ေနာက္တစ္ခါ ကားလိုင္စင္သက္တမ္းတိုးသလိုေပါ့။တရားဝင္ ကိုယ့္ဘာသာကိုယ္ ပိုင္ရွင္ကိုယ္တိုင္လုပ္လည္း ဒီအဆင့္ေတြပဲေက်ာ္ျဖတ္ရၿပီး ဒီအခ်ိန္ေလာက္ပဲၾကာပါတယ္။ပြဲစားနဲ႔လုပ္လည္း ကိုယ္က ထိုင္ရာမထခင္မမ လုပ္သလိုမ်ိဳး အသာထိုင္ေနၿပီး ကားလိုင္စင္က လက္ထဲေရာက္မလာပါဘူး။ပိုင္ရွင္လိုက္မွရတဲ့ လုပ္ေဆာင္မႈအနည္းငယ္ေတာ့ ရွိတာပါပဲ။အဲဒီပြဲစားေတြက လိမ္ေနပါတယ္လို႔ ေလာ္စပီကာနဲ႔ က.ည.န က ေအာ္ေနတာေတာင္ တစ္ခါမွမျမင္ဖူးတဲ့ ပြဲစားေတြလက္ထဲ ယုံၾကည္အပ္ႏွံမိလို႔ အလိမ္ခံရသူေပါင္းလည္း မနည္းပါဘူး။

ပတ္စ္ပို႔လုပ္လည္း ထိုနည္းလည္းေကာင္း၊ မွန္ပုံတင္လုပ္လည္း ထိုနည္းလည္းေကာင္း၊ သန္းေခါင္စာရင္းလုပ္လည္း ထိုနည္းလည္းေကာင္း၊ ဌာနဆိုင္ရာနဲ႔ႏြယ္ၿပီးလုပ္တဲ့ ကိစၥတခ်ိဳ႕မွာလည္း ထိုနည္းလည္းေကာင္းေပါ့။တရားဝင္လုပ္လည္းရတာကို တရားမဝင္ေလးလုပ္ၿပီး အခြင့္ထူးေလးခံလိုက္ရမွ သူမ်ားထက္ နည္းနည္းေလးပိုေစာလိုက္ရမွ ေနသာထိုင္သာရွိသြားတဲ့သူတခ်ိဳ႕လည္း ရွိပါတယ္။အဲဒီလို အခြင့္ထူးခံခ်င္သူေတြေၾကာင့္ တခ်ိဳ႕ဝန္ထမ္းေတြ အခုထိအက်င့္ပ်က္ျခစားတာေတြ ရွိေနတုန္းပါပဲ။

အရင္ကေတာ့ လမ္းေၾကာင္းရွိမွ အလုပ္ျဖစ္တယ္လို႔ ေျပာၾကပါတယ္။အခုကေတာ့ လမ္းေၾကာင္း ရွိရွိ/မရွိရွိ အခ်ိန္တန္ရင္ေတာ့ ကိုယ္လိုခ်င္တာရတာပါပဲ။တရားဝင္လုပ္တာကို ေခါက္ထားၿပီး လမ္းေၾကာင္းနဲ႔ အခြင့္ထူးခံသမားေတြကိုမွ လုပ္ေပးတယ္ဆိုတဲ့ေခတ္က ကုန္သေလာက္ရွိၿပီလို႔ ထင္ပါတယ္။တရားဝင္လုပ္တာကို ေခါက္ထားလည္း ဘယ္သူမွၾကာၾကာမေခါက္ထားရဲပါဘူး။တိုင္တာေတာတာ ေဖ့စ္ဘြတ္ခ္တင္တာ နည္းနည္းပါးပါးလုပ္လိုက္တာနဲ႔ကို ဒုကၡေရာက္ႏိုင္တာမို႔ လမ္းေၾကာင္းခင္းခင္း မခင္းခင္း တန္းတူအခြင့္အေရးရမွာပါပဲ။အဲဒါကိုမွ အခြင့္ထူးပိုရတယ္အထင္နဲ႔ လမ္းေၾကာင္းလိုက္ခ်င္သူေတြကေတာ့ အခုထိ ခ်င္း (ဂ်င္း) ထည့္ခံလို႔ ေကာင္းတုန္းေပါ့။

စာေရးသူကိုယ္တိုင္ႀကဳံခဲ့တဲ့ အေတြ႕အႀကဳံအရေတာ့ ကားလိုင္စင္၊ လူလိုင္စင္ပဲလုပ္လုပ္၊ သန္းေခါင္စာရင္းပဲလုပ္လုပ္၊ ပတ္စ္ပို႔ပဲေလွ်ာက္ေလွ်ာက္၊ ဌာနနဲ႔လုပ္တဲ့အလုပ္ေတြမွာ လုပ္ငန္းမေဆာင္႐ြက္မီ ဘာစာ႐ြက္စာတမ္း အေထာက္အထားလိုလည္း တာဝန္ရွိသူကို အရင္ေမးပါ။
တကယ္လုပ္ငန္းေဆာင္႐ြက္တဲ့အခ်ိန္မွာ ဘာမွမက်န္ေအာင္သာ ကိုယ့္ဘက္ကလုပ္ေဆာင္ပါ။အခ်ိန္အတိုင္းအတာတစ္ခု ထပ္ေစာင့္ၿပီးရင္ေတာ့ လိုခ်င္တာရခဲ့တာခ်ည္းပါပဲ။ကိုယ့္လိုအဆင္မေျပဘူးလို႔ေတာ့ တခ်ိဳ႕ကေျပာၾကတာလည္းရွိပါတယ္။လုပ္တဲ့ၿမိဳ႕နယ္ပဲကြာလို႔လား၊ တာဝန္က်ဝန္ထမ္းပဲကြာလို႔လား၊ စာ႐ြက္စာတမ္းခ်ိဳ႕ယြင္းခ်က္ေတြပဲရွိခဲ့လို႔လား ဒီလိုလားေပါင္းမ်ားစြာထဲက အဆင္ေျပမႈ မေျပမႈေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတာေတြ ခုထိရွိတုန္းပဲလို႔ တခ်ိဳ႕ကေျပာပါတယ္။

ဒီေနရာမွာ ႀကဳံတုန္းေျပာလိုတာက ျပည္သူေတြကလည္း ဘာလုပ္လုပ္ ဥပေဒနဲ႔အညီပဲလုပ္ပါ။လမ္းေၾကာင္းေနာက္ မလိုက္ပါနဲ႔။လြယ္တာကို ခက္ေအာင္မလုပ္ၾကပါနဲ႔။

အဲဒီလိုပဲ ဌာနဆိုင္ရာတာဝန္ရွိသူေတြကလည္း ဘာပဲလုပ္လုပ္ ဥပေဒနဲ႔အညီပဲ အားလုံးကို တန္းတူအဆင္ေျပေအာင္လုပ္ေပးပါ။ဥပေဒနဲ႔အညီလုပ္ေဆာင္တဲ့ ဘယ္သူ႔ကိုမဆို လြယ္ကူသက္သာေစတဲ့နည္းနဲ႔ ဝန္ေဆာင္မႈေပးၿပီး လမ္းေၾကာင္းဆိုတာႀကီးေပၚကေန ခြဲထြက္လို႔ ဥပေဒနဲ႔အညီ တရားဝင္လုပ္ခ်င္လာေအာင္ စြဲေဆာင္ႏိုင္ဖို႔လည္း လိုပါတယ္။

ဌာနဆိုင္ရာဝန္ထမ္းတခ်ိဳ႕က အဲဒီလမ္းေၾကာင္းဆိုတာႀကီးနဲ႔ ယဥ္ပါးေနသေ႐ြ႕ကေတာ့ လာဘ္ေပးလာဘ္ယူမႈေတြ၊ အလြဲသုံးစားမႈေတြ ေခတ္အဆက္ဆက္ ရွင္သန္အားေကာင္းေနဦးမွာပါပဲ။တခ်ိဳ႕ကထင္ၾကတယ္။ငါတို႔က ဝန္ထမ္းေတြပဲ။ႏိုင္ငံေရးရာထူး လက္ရွိရွိတဲ့သူေတြ လာဘ္စားတာ အလြဲသုံးစားလုပ္တာေတြကို အေရးယူတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ အေရးယူလို႔မရဘူး။ဒါေၾကာင့္ ပုဒ္မ ၅၅ ပါ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၁၅ ႏွစ္ထိလည္း က်ခံရစရာအေၾကာင္းမရွိဘူး။ျပည္သူ႔ဝန္ထမ္းက လာဘ္စားရင္ အလြဲသုံးစားလုပ္ရင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ ေထာင္ဒဏ္ဆယ္ႏွစ္ထိပဲ အမ်ားဆုံးခ်လို႔ရတယ္လို႔ ထင္ၾကပါတယ္။

မွန္ပါတယ္။ျပည္သူ႔ဝန္ထမ္း လာဘ္စားရင္ေတာ့ ပုဒ္မ ၅၆ အရ ေထာင္ဒဏ္ ၁၀ ႏွစ္ထိပဲ အမ်ားဆုံးျပစ္ဒဏ္ခ်လို႔ရပါတယ္။ဒါေပမယ့္ ဝန္ထမ္းေတြအေနနဲ႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ ကို ေမ့မထားသင့္ပါဘူး။အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၆၈ အရ အဂတိလိုက္စားတာေတြနဲ႔ ပတ္သက္ရင္ အျခားတည္ဆဲဥပေဒေတြမွာ ဘယ္လိုပဲပါပါ ဒီဥပေဒအရပဲ အေရးယူရမယ္လို႔ ဆိုထားေပမယ့္ ျပည္သူ႔ဝန္ထမ္းေတြက ပစၥည္းစီမံခန႔္ခြဲပိုင္ခြင့္ေတြနဲ႔ပတ္သက္ၿပီး ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မယ္ဆိုရင္ေတာ့ ပုဒ္မ ၅၆ နဲ႔ တိုက္႐ိုက္မသက္ဆိုင္ေတာ့ပါဘူး။

ျပည္သူ႔ဝန္ထမ္းေတြက ပစၥည္းစီမံခန႔္ခြဲပိုင္ခြင့္ေတြနဲ႔ပတ္သက္ၿပီး ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္ရာေရာက္မယ္ဆိုရင္ေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ အရ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္အထိ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။

အဲဒီေတာ့ ျပည္သူ႔ဝန္ထမ္းေတြရဲ႕လာဘ္ေပးလာဘ္ယူမႈေတြ၊ ပစၥည္းစီမံခန႔္ခြဲပိုင္ခြင့္နဲ႔ ပတ္သက္လို႔ ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈေတြကို ျဖစ္မွအေရးယူမယ္ဆိုရင္ အပ္နဲ႔ထြင္းရမယ့္ကိစၥကို ပုဆိန္နဲ႔ေပါက္သလို အလားသ႑ာန္တူေနမွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ အဲဒီလိုကိစၥေတြျဖစ္မလာေအာင္ ျပည္သူ႔ဝန္ထမ္းေတြရဲ႕ လုပ္စားခြင္ဖန္တီးေပးရာေရာက္မယ့္ လမ္းေၾကာင္းေတြကို ေသခ်ာစိစစ္ စီမံခန႔္ခြဲႏိုင္မယ္ဆိုရင္ေတာ့ ပုဆိန္နဲ႔ေပါက္ရမယ့္ဟာကို အပ္နဲ႔ထြင္း႐ုံနဲ႔ အဆင္ေျပသြားမွာပါလို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
မတ္ - ၁၉