【 ဆောင်းပါး 】 "သမ္မတကို ပြည်သူကရွေးခွင့်"

【 ဆောင်းပါး 】 "သမ္မတကို ပြည်သူကရွေးခွင့်"

မြန်မာနိုင်ငံမှာ ဘယ်လိုလူမျိုးက သမ္မတဖြစ်ခွင့်ရှိပါသလဲ။အခုလို ရွေးကောက်ပွဲကာလနီးလာချိန်မှာ အဲဒီမေးခွန်းရယ်၊ အဲဒီမေးခွန်းနောက်ကွယ်က ထွက်လာနိုင်တဲ့အဖြေရယ်နဲ့ပတ်သက်လို့ စိတ်ဝင်စားသူများပြားလာတာ တွေ့ရပါတယ်။သမ္မတဖြစ်ခွင့်ဆိုတာထက် သမ္မတကို ဘယ်လိုရွေးလဲဆိုတာကိုမသိတဲ့ ပြည်သူတွေက အခုချိန်ထိအများကြီးရှိပါတယ်။

သမ္မတဖြစ်ခွင့်ဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတရဲ့အရည်အချင်းတွေနဲ့ ကိုက်ညီမှဖြစ်ပါမယ်။ဒီအချက်ကတော့ အများစုသိနိုင်တဲ့ အချက်ဖြစ်ပါတယ်။ဒါပေမယ့် သမ္မတကို ဘယ်လိုမျိုးအဆင့်ဆင့်ရွေးချယ်လဲဆိုတာကတော့ မသိသူများပါတယ်။
အဲဒီအချက်ကို မသိသူတွေများလို့လည်း ဘယ်သူကသမ္မတဖြစ်နိုင်တယ် ဘယ်သူ့ကိုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်တယ်ဆိုပြီး မှားယွင်းသုံးသပ်တာတချို့ကို တွေ့နေရတာဖြစ်ပါတယ်။အဲဒီလိုမှားယွင်းသုံးသပ်နေကြသူတွေထဲမှာ သာမန်ပြည်သူတချို့ပဲပါဝင်ပြီး နိုင်ငံရေးနဲ့ ဥပဒေရေးဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေ လေ့လာသူတွေနဲ့ ဗဟုသုတကြွယ်ဝတဲ့ ပြည်သူတွေတော့ မပါဝင်ပါဘူး။

သမ္မတဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ မှားယွင်းသုံးသပ်မိကြတဲ့ အချက်တချို့က ဒီလိုပါ။လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးမခံရဘူးဆိုရင် သမ္မတဖြစ်ခွင့်မရှိတော့ဘူးဆိုတဲ့အချက်၊ သမ္မတဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဖြစ်မနေအရွေးခံရမယ်ဆိုတဲ့အချက်၊ ပြည်သူနဲ့ အာဏာရပါတီက ရွေးချယ်ရင် သမ္မတတစ်ဦးဟာ သေသည်အထိ လုပ်လို့ရတယ်ဆိုတဲ့အချက် အစရှိသဖြင့် အဲဒီလို သုံးသပ်မှုအလွဲလေးတွေရှိနေတာ တွေ့ရပါတယ်။

အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းတွေနဲ့ကိုက်ညီမှ သမ္မတဖြစ်မယ်ဆိုတဲ့အချက်က ဘယ်လောက်အရေးပါလဲဆိုရင် လက်ရှိ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကိုတောင် သမ္မတမဖြစ်အောင် တားဆီးနိုင်ခဲ့လို့ဖြစ်ပါတယ်။သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ပုဒ်မ ၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတမဖြစ်အောင် တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

"မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ" လို့ ပုဒ်မ ၅၉ (စ) မှာ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ သမ္မတဖြစ်ခွင့်ဆိုတာ ကနဦးအနေနဲ့ အခြေခံဥပဒေပါ သမ္မတရဲ့အရည်အချင်းတွေနဲ့ ကိုက်ညီရပါမယ်။သမ္မတရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီပြီဆိုရင်တောင် နောက်တစ်ဆင့်အနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီက နှစ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲအများနဲ့ ရွေးချယ်မှသာလျှင် သမ္မတဖြစ်ခွင့်ရှိမှာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) အပြင် ပုဒ်မ ၅၉ ထဲမှာပါတဲ့ အခြားသော သမ္မတဖြစ်ခွင့်အရည်အချင်းတွေက ဒီလိုပါ။နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူဖြစ်ရမယ်၊ မိမိနဲ့ မိမိရဲ့မိဘနှစ်ပါးလုံး နိုင်ငံတော်ရဲ့ အာဏာပိုင်နက်အတွင်းမှာမွေးဖွားတဲ့ တိုင်းရင်းသားကနေဖြစ်တဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်၊ ရွေးချယ်တင်မြှောက်ခံရသူဟာ အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမယ်၊ နိုင်ငံတော်အရေးအရာတွေဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စတဲ့အမြင်တွေရှိရမှာဖြစ်ပါတယ်။

ဒါ့ပြင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့အချိန်နဲ့တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်မှာ အခြေချနေထိုင်ခဲ့သူဖြစ်ရပါမယ်။ပြီးတော့ လွှတ်တော်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံရမှာဖြစ်ပါတယ်။

သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ်တင်မြှောက်ရတာဖြစ်ပါတယ်။သမ္မတရွေး ချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့နဲ့ ဖွဲ့စည်းရပါတယ်။အဲဒီကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဆိုတာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာရှိတဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရယ်၊ မြို့နယ်ကိုအခြေခံပြီးဖြစ်ဖြစ်၊ လူဦးရေကိုအခြေခံပြီးဖြစ်ဖြစ်၊ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာရှိတဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရယ်၊ ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရယ်ဆိုပြီး အစုအဖွဲ့သုံးဖွဲ့ကို ဆိုလိုတာဖြစ်ပါတယ်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဆိုတဲ့နေရာကနေစပြီး သမ္မတရွေးချယ်ပုံ လုပ်ငန်းစဉ်အဆင့်ဆင့်ကို မဲဆန္ဒရှင်ပြည်သူအများစုက နားရှုပ်သွားတာဖြစ်ပါတယ်။ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဆိုတာကို သာမန်ပြည်သူတွေ နားလည်လွယ်အောင် အနည်းငယ်ရှင်းပြလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ် ပါဝင်ပါတယ်။မြို့နယ်ကိုအခြေခံပြီးဖြစ်ဖြစ်၊ လူဦးရေကိုအခြေခံပြီးဖြစ်ဖြစ်၊ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာရှိတဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီလိုပဲ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာရှိတဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကို အများဆုံး လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၄၄၀ နဲ့ ဖွဲ့စည်းရတာဖြစ်ပါတယ်။ဒါက ပြည်သူနားလည်လွယ်အောင် ဥပဒေပြဌာန်းချက်ပါ အများဆုံး လွှတ်တော်ကိုယ်စားလှယ်ဦးရေနဲ့ တွက်ပြမှာဖြစ်ပါတယ်။ ၄၄၀ မှာ ပြည်သူရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေက ၃၃ဝ ဖြစ်ပြီး ပြည်သူရွေးတာမဟုတ်ဘဲ တပ်မတော်က တိုက်ရိုက်ရွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေက ၁၁ဝ ဖြစ်ပါတယ်။

အလားတူ အမျိုးသားလွှတ်တော်ကို အများဆုံးလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၂၄ ဦးနဲ့ ဖွဲ့စည်းရတာဖြစ်ပါတယ်။ ၂၂၄ ဦးမှာ ပြည်သူရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေက ၁၆၈ ဦးဖြစ်ပြီး ပြည်သူရွေးတာမဟုတ်ဘဲ တပ်မတော်က တိုက်ရိုက်ရွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေက ၅၆ ဦးဖြစ်ပါတယ်။

ပြည်သူရွေးချယ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၃ဝ က ဒုတိယသမ္မတတစ်ဦးနဲ့ ပြည်သူရွေးချယ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၆၈ ဦးက ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်မှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်မှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးကို ပေါင်းထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦးက ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။
အဲဒီဒုတိယသမ္မတသုံးဦးထဲကမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦးက ပြန်ရွေးတာဖြစ်ပါတယ်။

အဲဒီအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေထဲကဖြစ်ဖြစ် ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။ဒုတိယသမ္မတတွေဟာ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံမှု ရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်ရဲ့ အကြီးအမှူးတွေနဲ့ ဒုတိယအကြီးအမှူးတွေ ပါဝင်တဲ့အဖွဲ့က စိစစ်ရမှာဖြစ်ပါတယ်။အဲဒီနောက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်တဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းတွေဖြစ်တဲ့ ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်တဲ့ ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။

ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်တွေထဲကဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေထဲကဖြစ်ဖြစ် ရွေးချယ်တင်မြှောက်ရမယ်လို့ ဥပဒေကဆိုတာမို့  လွှတ်တော်ကိုယ်စားလှယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သမ္မတဖြစ်နိုင်ပါတယ်။နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့ ရာထူးသက်တမ်းက ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်းနှစ်ကြိမ်ထက်ပိုပြီး ထမ်းဆောင်လို့မရပါဘူး။ရာထူးသက်တမ်း ကုန်ဆုံးတဲ့အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးတဲ့အချိန်အထိ သမ္မတနဲ့ ဒုတိယသမ္မတတို့က မိမိတို့လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ဒုတိယသမ္မတတို့ဟာ ဘယ်လွှတ်တော်ကိုယ်စားလှယ်မျှ ဖြစ်လို့မရပါဘူး။လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရင် နိုင်ငံ့ဝန်ထမ်းအဖြစ်ကလည်းကောင်း သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နေ့ကစလို့ နုတ်ထွက်ပြီး၊ အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ဒါ့ပြင် သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် သမ္မတနဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နေ့ကစလို့ မိမိတို့ရာထူးသက်တမ်းအတွင်း အဲဒီပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့မရဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

အဲဒီတော့ သမ္မတကို ပြည်သူကရွေးခွင့်ရှိလားလို့မေးရင် တိုက်ရိုက်ရွေးခွင့်တော့မရှိပါဘူး။ဒါပေမယ့် သွယ်ဝိုက်ပြီးတော့ ရွေးနိုင်ပါတယ်။ဘာကြောင့် သွယ်ဝိုက်ပြီး ရွေးနိုင်တယ်လို့ ပြောရတာလဲဆိုတော့ သမ္မတကိုရွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူကရွေးချယ်လို့ဖြစ်ပါတယ်။ဒီနေရာမှာ မဲပေးမယ့် ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားရမှာက ကိုယ်က ဘယ်သူ့ကို နိုင်ငံမှာဦးဆောင်စေချင်တာလဲ။ကိုယ်ဦးဆောင်စေချင်တဲ့သူက ဘယ်ပါတီရဲ့ အကြီးအကဲလဲ၊ ဘယ်ပါတီက ယုံကြည်ကိုးစားတဲ့သူလဲ အရင်စဉ်းစားရပါမယ်။အဲဒါကို ခန့်မှန်းနိုင်ပြီဆိုရင် အဲဒီခေါင်းဆောင်ကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်နိုင်တဲ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးရမှာဖြစ်ပါတယ်။

သမ္မတကို ပြည်သူက တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ရွေးခွင့်ရှိနေတာဆိုတော့ ဘယ်ပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးမယ်ဆိုတဲ့အချက်ဟာ နိုင်ငံရဲ့အနာဂတ်အတွက် လွန်စွာအရေးပါနေတာမို့ မဲဆန္ဒရှင်ပြည်သူတွေ အရွေးမမှားဖို့ လိုပါတယ်လို့ပဲ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
စက်တင်ဘာ - ၃၀

( Zawgyi )

ျမန္မာႏိုင္ငံမွာ ဘယ္လိုလူမ်ိဳးက သမၼတျဖစ္ခြင့္ရွိပါသလဲ။အခုလို ေ႐ြးေကာက္ပြဲကာလနီးလာခ်ိန္မွာ အဲဒီေမးခြန္းရယ္၊ အဲဒီေမးခြန္းေနာက္ကြယ္က ထြက္လာႏိုင္တဲ့အေျဖရယ္နဲ႔ပတ္သက္လို႔ စိတ္ဝင္စားသူမ်ားျပားလာတာ ေတြ႕ရပါတယ္။သမၼတျဖစ္ခြင့္ဆိုတာထက္ သမၼတကို ဘယ္လိုေ႐ြးလဲဆိုတာကိုမသိတဲ့ ျပည္သူေတြက အခုခ်ိန္ထိအမ်ားႀကီးရွိပါတယ္။

သမၼတျဖစ္ခြင့္ဆိုတာ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ သမၼတရဲ႕အရည္အခ်င္းေတြနဲ႔ ကိုက္ညီမွျဖစ္ပါမယ္။ဒီအခ်က္ကေတာ့ အမ်ားစုသိႏိုင္တဲ့ အခ်က္ျဖစ္ပါတယ္။ဒါေပမယ့္ သမၼတကို ဘယ္လိုမ်ိဳးအဆင့္ဆင့္ေ႐ြးခ်ယ္လဲဆိုတာကေတာ့ မသိသူမ်ားပါတယ္။
အဲဒီအခ်က္ကို မသိသူေတြမ်ားလို႔လည္း ဘယ္သူကသမၼတျဖစ္ႏိုင္တယ္ ဘယ္သူ႔ကိုသမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ႏိုင္တယ္ဆိုၿပီး မွားယြင္းသုံးသပ္တာတခ်ိဳ႕ကို ေတြ႕ေနရတာျဖစ္ပါတယ္။အဲဒီလိုမွားယြင္းသုံးသပ္ေနၾကသူေတြထဲမွာ သာမန္ျပည္သူတခ်ိဳ႕ပဲပါဝင္ၿပီး ႏိုင္ငံေရးနဲ႔ ဥပေဒေရးဆိုင္ရာ ကြၽမ္းက်င္တဲ့ပညာရွင္ေတြ ေလ့လာသူေတြနဲ႔ ဗဟုသုတႂကြယ္ဝတဲ့ ျပည္သူေတြေတာ့ မပါဝင္ပါဘူး။

သမၼတျဖစ္ႏိုင္ေျခနဲ႔ပတ္သက္လို႔ မွားယြင္းသုံးသပ္မိၾကတဲ့ အခ်က္တခ်ိဳ႕က ဒီလိုပါ။လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အေ႐ြးမခံရဘူးဆိုရင္ သမၼတျဖစ္ခြင့္မရွိေတာ့ဘူးဆိုတဲ့အခ်က္၊ သမၼတျဖစ္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ မျဖစ္မေနအေ႐ြးခံရမယ္ဆိုတဲ့အခ်က္၊ ျပည္သူနဲ႔ အာဏာရပါတီက ေ႐ြးခ်ယ္ရင္ သမၼတတစ္ဦးဟာ ေသသည္အထိ လုပ္လို႔ရတယ္ဆိုတဲ့အခ်က္ အစရွိသျဖင့္ အဲဒီလို သုံးသပ္မႈအလြဲေလးေတြရွိေနတာ ေတြ႕ရပါတယ္။

အေျခခံဥပေဒပါ ႏိုင္ငံေတာ္သမၼတရဲ႕ အရည္အခ်င္းေတြနဲ႔ကိုက္ညီမွ သမၼတျဖစ္မယ္ဆိုတဲ့အခ်က္က ဘယ္ေလာက္အေရးပါလဲဆိုရင္ လက္ရွိ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လို လူမ်ိဳးကိုေတာင္ သမၼတမျဖစ္ေအာင္ တားဆီးႏိုင္ခဲ့လို႔ျဖစ္ပါတယ္။သမၼတရဲ႕ အရည္အခ်င္းသတ္မွတ္ခ်က္ေတြထဲက တစ္ခုျဖစ္တဲ့ ပုဒ္မ ၅၉ (စ) က ေဒၚေအာင္ဆန္းစုၾကည္ ကို သမၼတမျဖစ္ေအာင္ တားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

"မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိမိ၏ မိဘတစ္ပါးပါးေသာ္လည္းေကာင္း၊ မိမိ၏ ဇနီး သို႔မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း၊ မိမိ၏ တရားဝင္သားသမီး တစ္ဦးဦးေသာ္လည္းေကာင္း၊ ထိုတရားဝင္သားသမီးတစ္ဦးဦး၏ ဇနီး သို႔မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း ႏိုင္ငံျခားအစိုးရ၏ ေက်းဇူးသစၥာေတာ္ကို ခံယူေစာင့္ေရွာက္႐ိုေသသူ သို႔မဟုတ္ ႏိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူ သို႔မဟုတ္ တိုင္းတစ္ပါး၏ ႏိုင္ငံသားျဖစ္သူမ်ား မျဖစ္ေစရ၊ ထိုသူမ်ားသည္ ႏိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူေသာ္လည္းေကာင္း၊ တိုင္းတစ္ပါး၏ ႏိုင္ငံသားေသာ္လည္းေကာင္း ခံစားရေသာ အခြင့္အေရးမ်ားႏွင့္ ေက်းဇူးခံစားခြင့္မ်ားကို ခံစားႏိုင္ခြင့္ရွိသူမ်ား မျဖစ္ေစရ" လို႔ ပုဒ္မ ၅၉ (စ) မွာ ဆိုပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ သမၼတျဖစ္ခြင့္ဆိုတာ ကနဦးအေနနဲ႔ အေျခခံဥပေဒပါ သမၼတရဲ႕အရည္အခ်င္းေတြနဲ႔ ကိုက္ညီရပါမယ္။သမၼတရဲ႕ အရည္အခ်င္းေတြနဲ႔ ကိုက္ညီၿပီဆိုရင္ေတာင္ ေနာက္တစ္ဆင့္အေနနဲ႔ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ပါတီက ႏွစ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးကတစ္ဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ မဲအမ်ားနဲ႔ ေ႐ြးခ်ယ္မွသာလွ်င္ သမၼတျဖစ္ခြင့္ရွိမွာျဖစ္ပါတယ္။

ပုဒ္မ ၅၉ (စ) အျပင္ ပုဒ္မ ၅၉ ထဲမွာပါတဲ့ အျခားေသာ သမၼတျဖစ္ခြင့္အရည္အခ်င္းေတြက ဒီလိုပါ။ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြအေပၚ သစၥာရွိသူျဖစ္ရမယ္၊ မိမိနဲ႔ မိမိရဲ႕မိဘႏွစ္ပါးလုံး ႏိုင္ငံေတာ္ရဲ႕ အာဏာပိုင္နက္အတြင္းမွာေမြးဖြားတဲ့ တိုင္းရင္းသားကေနျဖစ္တဲ့ ျမန္မာႏိုင္ငံသားျဖစ္ရမယ္၊ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရသူဟာ အနည္းဆုံး အသက္ ၄၅ ႏွစ္ျပည့္ၿပီးသူျဖစ္ရမယ္၊ ႏိုင္ငံေတာ္အေရးအရာေတြျဖစ္တဲ့ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ စစ္ေရး စတဲ့အျမင္ေတြရွိရမွာျဖစ္ပါတယ္။

ဒါ့ျပင္ သမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့အခ်ိန္နဲ႔တစ္ဆက္တည္း အနည္းဆုံး အႏွစ္ ၂၀ ႏိုင္ငံေတာ္မွာ အေျခခ်ေနထိုင္ခဲ့သူျဖစ္ရပါမယ္။ၿပီးေတာ့ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္အတြက္ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြအျပင္ ႏိုင္ငံေတာ္သမၼတအတြက္ သီးျခားသတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔လည္း ျပည့္စုံရမွာျဖစ္ပါတယ္။

သမၼတကို သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ေရးအဖြဲ႕နဲ႔ ေ႐ြးခ်ယ္တင္ေျမႇာက္ရတာျဖစ္ပါတယ္။သမၼတေ႐ြး ခ်ယ္တင္ေျမႇာက္ေရးအဖြဲ႕ကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အစုအဖြဲ႕ သုံးဖြဲ႕နဲ႔ ဖြဲ႕စည္းရပါတယ္။အဲဒီကိုယ္စားလွယ္အစုအဖြဲ႕ သုံးဖြဲ႕ဆိုတာ တိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြက ကိုယ္စားလွယ္ဦးေရ တူညီစြာေ႐ြးေကာက္တင္ေျမႇာက္တဲ့ လႊတ္ေတာ္မွာရွိတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ရယ္၊ ၿမိဳ႕နယ္ကိုအေျခခံၿပီးျဖစ္ျဖစ္၊ လူဦးေရကိုအေျခခံၿပီးျဖစ္ျဖစ္၊ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ လႊတ္ေတာ္မွာရွိတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ရယ္၊ ေဖာ္ျပပါ လႊတ္ေတာ္ႏွစ္ရပ္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ရယ္ဆိုၿပီး အစုအဖြဲ႕သုံးဖြဲ႕ကို ဆိုလိုတာျဖစ္ပါတယ္။

သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ေရးအဖြဲ႕မွာပါဝင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အစုအဖြဲ႕ သုံးဖြဲ႕ဆိုတဲ့ေနရာကေနစၿပီး သမၼတေ႐ြးခ်ယ္ပုံ လုပ္ငန္းစဥ္အဆင့္ဆင့္ကို မဲဆႏၵရွင္ျပည္သူအမ်ားစုက နားရႈပ္သြားတာျဖစ္ပါတယ္။ကိုယ္စားလွယ္အစုအဖြဲ႕ သုံးဖြဲ႕ဆိုတာကို သာမန္ျပည္သူေတြ နားလည္လြယ္ေအာင္ အနည္းငယ္ရွင္းျပလိုပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ဆိုၿပီး လႊတ္ေတာ္ႏွစ္ရပ္ ပါဝင္ပါတယ္။ၿမိဳ႕နယ္ကိုအေျခခံၿပီးျဖစ္ျဖစ္၊ လူဦးေရကိုအေျခခံၿပီးျဖစ္ျဖစ္၊ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ လႊတ္ေတာ္မွာရွိတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ျပည္သူ႔လႊတ္ေတာ္ကို ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

အဲဒီလိုပဲ တိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြက ကိုယ္စားလွယ္ဦးေရ တူညီစြာေ႐ြးေကာက္တင္ေျမႇာက္တဲ့ လႊတ္ေတာ္မွာရွိတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အမ်ိဳးသားလႊတ္ေတာ္ကို ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ကို အမ်ားဆုံး လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ ၄၄၀ နဲ႔ ဖြဲ႕စည္းရတာျဖစ္ပါတယ္။ဒါက ျပည္သူနားလည္လြယ္ေအာင္ ဥပေဒျပဌာန္းခ်က္ပါ အမ်ားဆုံး လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရနဲ႔ တြက္ျပမွာျဖစ္ပါတယ္။ ၄၄၀ မွာ ျပည္သူေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရက ၃၃ဝ ျဖစ္ၿပီး ျပည္သူေ႐ြးတာမဟုတ္ဘဲ တပ္မေတာ္က တိုက္႐ိုက္ေ႐ြးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရက ၁၁ဝ ျဖစ္ပါတယ္။

အလားတူ အမ်ိဳးသားလႊတ္ေတာ္ကို အမ်ားဆုံးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ ၂၂၄ ဦးနဲ႔ ဖြဲ႕စည္းရတာျဖစ္ပါတယ္။ ၂၂၄ ဦးမွာ ျပည္သူေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရက ၁၆၈ ဦးျဖစ္ၿပီး ျပည္သူေ႐ြးတာမဟုတ္ဘဲ တပ္မေတာ္က တိုက္႐ိုက္ေ႐ြးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရက ၅၆ ဦးျဖစ္ပါတယ္။

ျပည္သူေ႐ြးခ်ယ္တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ ၃၃ဝ က ဒုတိယသမၼတတစ္ဦးနဲ႔ ျပည္သူေ႐ြးခ်ယ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ ၁၆၈ ဦးက ဒုတိယသမၼတတစ္ဦးကို ေ႐ြးခ်ယ္တာျဖစ္ပါတယ္။ျပည္သူ႔လႊတ္ေတာ္မွာရွိတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၀ ဦးနဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာရွိတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၅၆ ဦးကို ေပါင္းထားတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၁၆၆ ဦးက ဒုတိယသမၼတတစ္ဦးကို ေ႐ြးခ်ယ္တင္ေျမႇာက္မွာျဖစ္ပါတယ္။
အဲဒီဒုတိယသမၼတသုံးဦးထဲကမွ တစ္ဦးကို ႏိုင္ငံေတာ္သမၼတအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၆၄ ဦးက ျပန္ေ႐ြးတာျဖစ္ပါတယ္။

အဲဒီအစုအဖြဲ႕တစ္ဖြဲ႕စီက ဒုတိယသမၼတတစ္ဦးစီကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲက ျဖစ္ျဖစ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူေတြထဲကျဖစ္ျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ရမွာျဖစ္ပါတယ္။ဒုတိယသမၼတေတြဟာ ႏိုင္ငံေတာ္သမၼတအတြက္ သတ္မွတ္ထားတဲ့အရည္အခ်င္းေတြနဲ႔ ျပည့္စုံမႈ ရွိ၊ မရွိကို ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ပါဝင္တဲ့ လႊတ္ေတာ္ႏွစ္ရပ္ရဲ႕ အႀကီးအမႉးေတြနဲ႔ ဒုတိယအႀကီးအမႉးေတြ ပါဝင္တဲ့အဖြဲ႕က စိစစ္ရမွာျဖစ္ပါတယ္။အဲဒီေနာက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးပါဝင္တဲ့ သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ေရးအဖြဲ႕က ႏိုင္ငံေတာ္သမၼတေလာင္းေတြျဖစ္တဲ့ ဒုတိယသမၼတသုံးဦးအနက္ မိမိတို႔ႀကိဳက္ႏွစ္သက္တဲ့ ဒုတိယသမၼတတစ္ဦးကို ႏိုင္ငံေတာ္သမၼတအျဖစ္ ဆႏၵမဲေပးေ႐ြးခ်ယ္တင္ေျမႇာက္ရမွာျဖစ္ပါတယ္။

ဒုတိယသမၼတတစ္ဦးစီကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကျဖစ္ျဖစ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူေတြထဲကျဖစ္ျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ရမယ္လို႔ ဥပေဒကဆိုတာမို႔  လႊတ္ေတာ္ကိုယ္စားလွယ္ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ သမၼတျဖစ္ႏိုင္ပါတယ္။ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတတို႔ရဲ႕ ရာထူးသက္တမ္းက ငါးႏွစ္ျဖစ္ၿပီး ရာထူးသက္တမ္းႏွစ္ႀကိမ္ထက္ပိုၿပီး ထမ္းေဆာင္လို႔မရပါဘူး။ရာထူးသက္တမ္း ကုန္ဆုံးတဲ့အခါ ႏိုင္ငံေတာ္သမၼတအသစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ၿပီးတဲ့အခ်ိန္အထိ သမၼတနဲ႔ ဒုတိယသမၼတတို႔က မိမိတို႔လုပ္ငန္းတာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ရမွာျဖစ္ပါတယ္။

သမၼတနဲ႔ ဒုတိယသမၼတတို႔ဟာ ဘယ္လႊတ္ေတာ္ကိုယ္စားလွယ္မွ် ျဖစ္လို႔မရပါဘူး။လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကလည္းေကာင္း၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ရင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ကလည္းေကာင္း သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့ေန႔ကစလို႔ ႏုတ္ထြက္ၿပီး၊ အၿငိမ္းစားယူၿပီးျဖစ္တယ္လို႔ မွတ္ယူရမွာျဖစ္ပါတယ္။ဒါ့ျပင္ သမၼတနဲ႔ ဒုတိယသမၼတေတြဟာ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ သမၼတနဲ႔ ဒုတိယသမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့ေန႔ကစလို႔ မိမိတို႔ရာထူးသက္တမ္းအတြင္း အဲဒီပါတီအဖြဲ႕အစည္းရဲ႕ ပါတီလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္လို႔မရဘူးလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပဌာန္းထားပါတယ္။

အဲဒီေတာ့ သမၼတကို ျပည္သူကေ႐ြးခြင့္ရွိလားလို႔ေမးရင္ တိုက္႐ိုက္ေ႐ြးခြင့္ေတာ့မရွိပါဘူး။ဒါေပမယ့္ သြယ္ဝိုက္ၿပီးေတာ့ ေ႐ြးႏိုင္ပါတယ္။ဘာေၾကာင့္ သြယ္ဝိုက္ၿပီး ေ႐ြးႏိုင္တယ္လို႔ ေျပာရတာလဲဆိုေတာ့ သမၼတကိုေ႐ြးမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူကေ႐ြးခ်ယ္လို႔ျဖစ္ပါတယ္။ဒီေနရာမွာ မဲေပးမယ့္ ျပည္သူတစ္ေယာက္အေနနဲ႔ စဥ္းစားရမွာက ကိုယ္က ဘယ္သူ႔ကို ႏိုင္ငံမွာဦးေဆာင္ေစခ်င္တာလဲ။ကိုယ္ဦးေဆာင္ေစခ်င္တဲ့သူက ဘယ္ပါတီရဲ႕ အႀကီးအကဲလဲ၊ ဘယ္ပါတီက ယုံၾကည္ကိုးစားတဲ့သူလဲ အရင္စဥ္းစားရပါမယ္။အဲဒါကို ခန႔္မွန္းႏိုင္ၿပီဆိုရင္ အဲဒီေခါင္းေဆာင္ကို ႏိုင္ငံေတာ္သမၼတအျဖစ္ တင္ေျမႇာက္ႏိုင္တဲ့ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးရမွာျဖစ္ပါတယ္။

သမၼတကို ျပည္သူက တိုက္႐ိုက္မဟုတ္ေတာင္ သြယ္ဝိုက္ၿပီး ေ႐ြးခြင့္ရွိေနတာဆိုေတာ့ ဘယ္ပါတီက ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးမယ္ဆိုတဲ့အခ်က္ဟာ ႏိုင္ငံရဲ႕အနာဂတ္အတြက္ လြန္စြာအေရးပါေနတာမို႔ မဲဆႏၵရွင္ျပည္သူေတြ အေ႐ြးမမွားဖို႔ လိုပါတယ္လို႔ပဲ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
စက္တင္ဘာ - ၃၀