【 ဆောင်းပါး 】 “သင်္ကြန်နှင့် ဆင်ခြင်တုံတရား”

【 ဆောင်းပါး 】 “သင်္ကြန်နှင့် ဆင်ခြင်တုံတရား”

ယခုနှစ်သင်္ကြန်က ဘာမှန်းကိုမသိဘဲ ပြီးရတော့မှာ ဖြစ်ပါတယ်။ ယခင်က ယခုလိုကာလရောက်လျှင် လူသံကားသံဆောင်းဘောက်သံတို့ဖြင့် ဆူညံစည်ကားလှသည်။ယခုမှု ကိုဗက် ၁၉ ဟုခေါ်သည့် တရုတ်နိုင်ငံမှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သင်္ကြန်ပျော်ပွဲရွှင်ပွဲသာမက တရားပွဲ၊တခြားလူစုရုံးကြ သည့် ပွဲတွေ ကိုပါ ကန့်သတ်ခွင့်မပြုဘဲ ထားနေရသည့် အခြေအနေဖြစ်လာခဲ့သည်။

မြန်မာနှစ်သစ်ကူးဖြစ်သည့် ယခု၂၀၂၀ ဧပြီ ၁၂ ရက်တွင် ပုံမှန်ကျင်းပမြဲပျော်ပွဲရွှင်ပွဲ ရေသဘင်ပွဲတော်များ မကျင်းပရန် တားမြစ်ချက်မှာ မြန်မာလူမျိုးများဆင်နွှဲခဲ့သည့် သင်္ကြန်သမိုင်းတစ်လျှောက် ပထမဆုံးပင် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလနှင့် ရှင်ဘုရင်တို့ နယ်ချဲ့လက်အောက်ရောက်ပြီး ပထမနှစ် ဖြစ်သည့် ၁၈၈၆ ခုနှစ်တွင်ပင် ဒေသအလိုက် ရေကစားမှုတွေရှိခဲ့သည်။ သို့သော် ယခုတားမြစ်ရသည့် ကပ်ဘေး ကိုရိုနာဗိုင်းရပ်စ်မှာ ထိုသို့ မြင်ရသည့် ဘေးအန္တရာယ်မဟုတ်ဘဲ ဘယ်ကနေ လွှင့်ပျံကူးစက်လာမယ်မှန်းမသိရသည့် ဗိုင်းရပ်စ်ဘေးဖြစ်သဖြင့် လူများ၏နေထိုင်မှုနေ့စဉ်ဘ၀ကို ရောဂါကူးစက်ခံရမှုအနည်းဆုံးဖြစ်အောင် ချုံရကာ မည်သည်ပျော်ပွဲရွှင်ပွဲ လူစုရုံးမှုကိုမျှ မလုပ်ဖြစ်အောင် တားမြစ်ရသည်အထိ ဘေးအန္တရာယ်က ကြီးလှသည်။

ယခင်က ဒီအချိန်ဆို တစ်ဦးနှင့်တစ်ဦးရေပက်လောင်းကြ၊ လူကြီးသူမများနှင့် ဘာသာရေးကိုင်းရှိုင်း သူ များ က ဘုရားကျောင်းကန်သွားကြနှင့် ရပ်ထဲ ရွာထဲ အလှူလုပ်ကြ၊သင်္ကြန်မုန်များဝေကြနှင့် စည်ကားသည့် ကာလ ပင်။ သို့သော် ဒီလိုကပ်ဆိုးဖြစ်သည့် ရောဂါဘေးအန္တရာယ်ကြီးမားချိန်တွင် ဒီလို အလုပ်မျိုးမလုပ်ရသည့် အတွက် ဒီလိုပျော်ပွဲရွှင်ပွဲ မဆင်နွဲရသဖြင့် အလိုမကျသူများလည်း ဒုနဲ့ဒေးရှိသည်။ ယခုက တမင်သက်သက် မလို အပ်ဘဲ ကန့်သတ်တားမြစ်သည်မျိုးမဟုတ်။ အရမ်းအရေးကြီးက သေရေးရှင်ရေးကာလဖြစ်နေပြီး အပျော်နှင့် အသက်ရှင်သန်မှုကို လဲလှယ်ရမည့် ဖြစ်သဖြင့် အာဏာပိုင်တွေက တားမြစ်ခြင်းပင်ဖြစ်သည်။

ယခုအခါ တချို့နေရာတွေတွင် တားမြစ်ချက်ကို ချိုးဖောက်ပြီး ရေကစားကြသည့် ဖြစ်ရပ်အချို့ကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်လိုက်ရသည်။ ရောဂါမကူးစက်နိုင်သည့်နေရာအဖြစ် အထင်နှင့် တချို့ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ကျေးလက်များ၊မြို့စွန်များတွင် ရေကစားခြင်းများ ပြုလုပ်နေသည်ကို အံဩဖွယ်တွေ့ရသည်။ ဒီအတွက် သက်ဆိုင်ရာ ကျေးရွာရပ်ကွက်အာဏာပိုင်တွေ ဘာကြောင့် ထိထိရောက်ရောက်မတားကြသလဲဆိုတာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

ထုံးစံအားဖြင့် ယခုလိုကာလမျိုးတွင် ရပ်ရွာသို့ ပြန်လာကြသူ၊ မိဘအိမ်သို့ ပြန်ကြသူ၊ ဆွေပြမျိုးပြ အမျိုး များရှိရာ ပြန်ကြသူ၊ ဇာတိပြန်ကြသူများဖြင့် တစ်နှစ်တစ်ခါသင်္ကြန်ပိတ်ရက်ရှည်ကို အားကိုးကာ နှစ်စဉ် သွား လာကြသည်မှာ အစဉ်အလာပင်။ ထိုကာလတွင် တစ်နယ်မှ တစ်နယ်ကူးလူးသွားလာမှုများပြားသဖြင့် ဗိုင်းရပ်စ် ကူးဆက်ပျံနှံမည်ဆိုပါက ထိန်းချုပ်ရန်ခက်ခဲမည်ဖြစ်သလို တစ်နှစ်လောက်သင်္ကြန်ရေပက်ခံမကစားခြင်း ၊ ပျော်ပွဲရွှင်ပွဲမလုပ်ခြင်းအားဖြင့် ရောဂါပိုးကူးစက်မှုကိုလည်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ထိုအတွက် အစဉ်အ လာအတိုင်း သွားလာမနေထိုင်ရတာ ၊မကျင်းပရတာကို သီးမခံနိုင်ကြတာ၊ မစောင့်စည်းနိုင်ကြတာက  ဘေးဆိုး အန္တရာယ်ကို လက်ယပ်ခေါ်တာပင် ဖြစ်သည်။

ယခုသိရှိရသမျှ အဆိုပါကိုရိုနာဗိုင်းရပ်စ်မှာ လူငယ်တွေထက် အသက်ကြီးပိုင်းတွေ မှာ အသက်ဆုံးပါး သည်အထိ အန္တရာယ်ပေးဆိုးကျိုးက ကြီးမားလှသည်။ ပျော်သည်ပါးသည်ဆိုသည့် လူငယ်တွေက ကိုယ်ခံအား ကောင်းသည့် အရွယ်တွေ ဖြစ်သည်။ ဒီလိုပျော်ပါးဖို့ စုရုံးကြသည့်နေရာဌာနကနေ မိမိအိမ်အတွင်း ရောဂါပိုး (ဝါ)သေမင်းတမန်ကို ပင့်ဖိတ်ခေါ်လာသလိုဖြစ်နေတာကို တွေးပင် တွေးမိကြလိမ်မည်မဟုတ်။ တချို့က ပညာ တတ်၊ အသိဉာဏ်ရှိပါလျှက် ငါတော့မကူးစက်နိုင်ပါဘူးဆိုသည့် မာန်ဖြင့် အမှားကို ခေါင်းမာမာဖြင့် ကျူးလွန်ကြ သည်။ပေါ့ဆကြသည်။ ထိုအကျိုးဆက်ကို ယခုဖြစ်နေသည့် မြန်မာပြည်တွင်းကူးဆက်မှုတွေ ကိုကြည့်လျှင် သိရှိ နိုင်မည်ဖြစ်သည်။

လူတိုင်းတွင် အတန်းပညာတတ်သည်ဖြစ်စေ၊မတတ်သည်ဖြစ်စေ ဆင်ခြင်တုံတရားရှိဖို့ ကအရေး ကြီး သည်။ ယခုဖြစ်နေသည် သင်္ကြန်ကာလအတွင်း တားမြစ်ထားသည့် ရေကစားခြင်းကို ဆော့ကစားနေသူများ၊ လိုက်နာရန်ငြင်းဆိုနေသူများ၊ ကျန်းမာရေးညွှန်ကြားချက်ကိုမလိုက်နာသူများက သိသော်လည်း လိုက်နာရန်မလို ဟုဆိုသည့် ဆင်ခြင်တုံတရားကင်းမဲ့သူများပင်ဖြစ်သည်။ ဒီလိုတားမြစ်တာကို ဘာသာရေးအရ မလိုက်နာနိုင်၊ တင်းကြပ်သည်ဆိုကာ ချိုးဖောက်နေသူများကိုယ်တိုင် ယခုမှ ဘာသာရေးက အရေးတကြီးလုပ်ဆောင်ပြ နေ တာက  နားလည်ရခက်သည့် အကြောင်းပြချက်ပင် ဖြစ်သည်။ယခုဖြစ်နေသည့် ကပ်ရောဂါဘေးက ဘာသာ၊နေရာဌာန၊ရာထူးစည်းစိမ်၊လူမျိုးအသွေးအရောင် ဘာဆိုဘာမှာ ခြွင်းချက်ထားမည်မဟုတ်ပါ။၎င်းနှင့်ထိစပ်သည့် အရာအားလုံးကူးစက်မည်ဖြစ်ကာ ကိုယ်ခံအားကောင်းပါက ရောဂါဆိုးကျိုးကို အတန်အသင့်ခုခံနိုင်မည်ဖြစ်သော်လည်း ကိုခံအားမကောင်းပါက တစ်ခါတည်း အသက်ဇိဝိန်နိဂုံးချုပ်ရမည် ဘေးဖြစ်သည်။

ကိုယ်ကြောင့် တခြားသူ ထိခိုက်တာ၊အသက်ဘေးရောက်တာကို ဘယ်ဘာသာမှ ဘယ်လိုလူမျိုးမှ သိလျှက် နှင့် လုပ်မည်မဟုတ်၊တမင်သက်သက်ကျူးလွန်မည်မဟုတ်ဟု ဆိုသော်လည်း ပေါ့ဆမှုနှင့် တစ်ခါတည်းနှင့် မကူးလောက်ပါဘူးဆိုသည့် ယူဆချက်များက မိမိပတ်ဝန်းကျင်၊မိမိမိသားစုအတွင်းမှ ကိုယ်ခံအားနည်းသူ၊မကျန်းမာသူများအတွက် သေမိန့်ကို ချပေးသလိုပင်ဖြစ်သည်။ ပေါ့ဆမှုနှင့် ဆင်ခြင်တုံတရားကင်းမဲ့မှုက သင့်ကို ကြေကွဲစရာတွေ ၊သေကွဲရှင်ကွဲတွေကိုသာ ယူဆောင်လာစေမည်ဖြစ်သည်။ အပျော်က နောင်နှစ်လည်းပျော်လို့ရသည်။ ဒီနှစ်ရေမပက်ရလို အလည်မသွားရလို့ မသောက်ရလို့ ဘာမှ မဖြစ်။နောင်နှစ်တွေ အတိုးချပျော်လို့ ရသည်။ ဒီအတွက် အားလုံး အသက်ရှင်ကျန်ဖို့ လိုသည်။

သင်္ကြန်အတွက် ရှောင်ကြဉ်ရမည့် ရှေးက ပညတ်ချက် ၁၀ ပါးလည်းရှိသည်။ ယင်းတို့မှာ-(၁) ရုဒ- ငိုကြွေးခြင်း(၂) မေထုန-မေထုန်သံဝါသပြုခြင်း (၃) မံသ-အသားဟင်းလျာ စားသောက်ခြင်း (၄) သုရာ-သေရည် သောက်စားမူးယစ်ခြင်း (၅) ကောဓ-အမျက်ထွက်ခြင်း (၆) ရုဓိရ- သွေးဖောက်၊ သွေးထုတ်ခြင်း (၇) တေလိက-ဆီလိမ်း၊ ဆေးလိမ်းခြင်း (၈) ရုက္ခ- သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း (၉) ကိဏ - ဝယ်ယူ ခြင်း၊ ကျီသွင်းခြင်း (၁၀) ဝိက္ကိဏာ- ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း စသည်တို့ဖြစ်သည်။ ယခုတားမြစ်သည်က သင်္ကြန်ပညတ်ချက်ထဲ က အချို့သာဖြစ်သည်။

ရေမပက်ရုံ၊ မပျော်ရရုံဖြင့် ဘ၀မပျက်ပါ။ ရေပက်သွားလာစုရုံးမှသာ ရောဂါကြောင့် ဘ၀တွေ ပျက်ကာ မိသားစုတွေ သေကွဲကွဲရမည်ဖြစ်သည်။ ဒါကို ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်သင့်ပေသည်။သင့်အပျော်မက်မှု၊ သင့်ပေါ့ဆ မှုက   သင့်နှင့် သင့်မိသားစုထဲ ၊သင့်ပတ်ဝန်းကျင်ထဲ ကူးစက်ရောဂါယူဆောင်လာသလို ဖြစ်လာနိုင်တာကို သတိထားဖို့လိုမည်ဖြစ်သည်။

ဖြိုးဝေလှ
ဧပြီ - ၁၅
( Zawgyi )
ယခုႏွစ္သၾကၤန္က ဘာမွန္းကိုမသိဘဲ ၿပီးရေတာ့မွာ ျဖစ္ပါတယ္။ ယခင္က ယခုလိုကာလေရာက္လွ်င္ လူသံကားသံေဆာင္းေဘာက္သံတို႔ျဖင့္ ဆူညံစည္ကားလွသည္။ယခုမႈ ကိုဗက္ ၁၉ ဟုေခၚသည့္ တ႐ုတ္ႏိုင္ငံမွ စတင္ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ သၾကၤန္ေပ်ာ္ပြဲ႐ႊင္ပြဲသာမက တရားပြဲ၊တျခားလူစု႐ုံးၾက သည့္ ပြဲေတြ ကိုပါ ကန႔္သတ္ခြင့္မျပဳဘဲ ထားေနရသည့္ အေျခအေနျဖစ္လာခဲ့သည္။

ျမန္မာႏွစ္သစ္ကူးျဖစ္သည့္ ယခု၂၀၂၀ ဧၿပီ ၁၂ ရက္တြင္ ပုံမွန္က်င္းပၿမဲေပ်ာ္ပြဲ႐ႊင္ပြဲ ေရသဘင္ပြဲေတာ္မ်ား မက်င္းပရန္ တားျမစ္ခ်က္မွာ ျမန္မာလူမ်ိဳးမ်ားဆင္ႏႊဲခဲ့သည့္ သၾကၤန္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးပင္ ျဖစ္သည္။ ဒုတိယကမာၻစစ္ကာလႏွင့္ ရွင္ဘုရင္တို႔ နယ္ခ်ဲ႕လက္ေအာက္ေရာက္ၿပီး ပထမႏွစ္ ျဖစ္သည့္ ၁၈၈၆ ခုႏွစ္တြင္ပင္ ေဒသအလိုက္ ေရကစားမႈေတြရွိခဲ့သည္။ သို႔ေသာ္ ယခုတားျမစ္ရသည့္ ကပ္ေဘး ကို႐ိုနာဗိုင္းရပ္စ္မွာ ထိုသို႔ ျမင္ရသည့္ ေဘးအႏၲရာယ္မဟုတ္ဘဲ ဘယ္ကေန လႊင့္ပ်ံကူးစက္လာမယ္မွန္းမသိရသည့္ ဗိုင္းရပ္စ္ေဘးျဖစ္သျဖင့္ လူမ်ား၏ေနထိုင္မႈေန႔စဥ္ဘ၀ကို ေရာဂါကူးစက္ခံရမႈအနည္းဆုံးျဖစ္ေအာင္ ခ်ဳံရကာ မည္သည္ေပ်ာ္ပြဲ႐ႊင္ပြဲ လူစု႐ုံးမႈကိုမွ် မလုပ္ျဖစ္ေအာင္ တားျမစ္ရသည္အထိ ေဘးအႏၲရာယ္က ႀကီးလွသည္။

ယခင္က ဒီအခ်ိန္ဆို တစ္ဦးႏွင့္တစ္ဦးေရပက္ေလာင္းၾက၊ လူႀကီးသူမမ်ားႏွင့္ ဘာသာေရးကိုင္းရႈိင္း သူ မ်ား က ဘုရားေက်ာင္းကန္သြားၾကႏွင့္ ရပ္ထဲ ႐ြာထဲ အလႉလုပ္ၾက၊သၾကၤန္မုန္မ်ားေဝၾကႏွင့္ စည္ကားသည့္ ကာလ ပင္။ သို႔ေသာ္ ဒီလိုကပ္ဆိုးျဖစ္သည့္ ေရာဂါေဘးအႏၲရာယ္ႀကီးမားခ်ိန္တြင္ ဒီလို အလုပ္မ်ိဳးမလုပ္ရသည့္ အတြက္ ဒီလိုေပ်ာ္ပြဲ႐ႊင္ပြဲ မဆင္ႏြဲရသျဖင့္ အလိုမက်သူမ်ားလည္း ဒုနဲ႔ေဒးရွိသည္။ ယခုက တမင္သက္သက္ မလို အပ္ဘဲ ကန႔္သတ္တားျမစ္သည္မ်ိဳးမဟုတ္။ အရမ္းအေရးႀကီးက ေသေရးရွင္ေရးကာလျဖစ္ေနၿပီး အေပ်ာ္ႏွင့္ အသက္ရွင္သန္မႈကို လဲလွယ္ရမည့္ ျဖစ္သျဖင့္ အာဏာပိုင္ေတြက တားျမစ္ျခင္းပင္ျဖစ္သည္။

ယခုအခါ တခ်ိဳ႕ေနရာေတြတြင္ တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ၿပီး ေရကစားၾကသည့္ ျဖစ္ရပ္အခ်ိဳ႕ကို လူမႈကြန္ရက္ေပၚတြင္ ေတြ႕ျမင္လိုက္ရသည္။ ေရာဂါမကူးစက္ႏိုင္သည့္ေနရာအျဖစ္ အထင္ႏွင့္ တခ်ိဳ႕ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးရွိ ေက်းလက္မ်ား၊ၿမိဳ႕စြန္မ်ားတြင္ ေရကစားျခင္းမ်ား ျပဳလုပ္ေနသည္ကို အံဩဖြယ္ေတြ႕ရသည္။ ဒီအတြက္ သက္ဆိုင္ရာ ေက်း႐ြာရပ္ကြက္အာဏာပိုင္ေတြ ဘာေၾကာင့္ ထိထိေရာက္ေရာက္မတားၾကသလဲဆိုတာ ေမးခြန္းထုတ္စရာပင္ ျဖစ္သည္။

ထုံးစံအားျဖင့္ ယခုလိုကာလမ်ိဳးတြင္ ရပ္႐ြာသို႔ ျပန္လာၾကသူ၊ မိဘအိမ္သို႔ ျပန္ၾကသူ၊ ေဆြျပမ်ိဳးျပ အမ်ိဳး မ်ားရွိရာ ျပန္ၾကသူ၊ ဇာတိျပန္ၾကသူမ်ားျဖင့္ တစ္ႏွစ္တစ္ခါသၾကၤန္ပိတ္ရက္ရွည္ကို အားကိုးကာ ႏွစ္စဥ္ သြား လာၾကသည္မွာ အစဥ္အလာပင္။ ထိုကာလတြင္ တစ္နယ္မွ တစ္နယ္ကူးလူးသြားလာမႈမ်ားျပားသျဖင့္ ဗိုင္းရပ္စ္ ကူးဆက္ပ်ံႏွံမည္ဆိုပါက ထိန္းခ်ဳပ္ရန္ခက္ခဲမည္ျဖစ္သလို တစ္ႏွစ္ေလာက္သၾကၤန္ေရပက္ခံမကစားျခင္း ၊ ေပ်ာ္ပြဲ႐ႊင္ပြဲမလုပ္ျခင္းအားျဖင့္ ေရာဂါပိုးကူးစက္မႈကိုလည္းထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။ထိုအတြက္ အစဥ္အ လာအတိုင္း သြားလာမေနထိုင္ရတာ ၊မက်င္းပရတာကို သီးမခံႏိုင္ၾကတာ၊ မေစာင့္စည္းႏိုင္ၾကတာက  ေဘးဆိုး အႏၲရာယ္ကို လက္ယပ္ေခၚတာပင္ ျဖစ္သည္။

ယခုသိရွိရသမွ် အဆိုပါကို႐ိုနာဗိုင္းရပ္စ္မွာ လူငယ္ေတြထက္ အသက္ႀကီးပိုင္းေတြ မွာ အသက္ဆုံးပါး သည္အထိ အႏၲရာယ္ေပးဆိုးက်ိဳးက ႀကီးမားလွသည္။ ေပ်ာ္သည္ပါးသည္ဆိုသည့္ လူငယ္ေတြက ကိုယ္ခံအား ေကာင္းသည့္ အ႐ြယ္ေတြ ျဖစ္သည္။ ဒီလိုေပ်ာ္ပါးဖို႔ စု႐ုံးၾကသည့္ေနရာဌာနကေန မိမိအိမ္အတြင္း ေရာဂါပိုး (ဝါ)ေသမင္းတမန္ကို ပင့္ဖိတ္ေခၚလာသလိုျဖစ္ေနတာကို ေတြးပင္ ေတြးမိၾကလိမ္မည္မဟုတ္။ တခ်ိဳ႕က ပညာ တတ္၊ အသိဉာဏ္ရွိပါလွ်က္ ငါေတာ့မကူးစက္ႏိုင္ပါဘူးဆိုသည့္ မာန္ျဖင့္ အမွားကို ေခါင္းမာမာျဖင့္ က်ဴးလြန္ၾက သည္။ေပါ့ဆၾကသည္။ ထိုအက်ိဳးဆက္ကို ယခုျဖစ္ေနသည့္ ျမန္မာျပည္တြင္းကူးဆက္မႈေတြ ကိုၾကည့္လွ်င္ သိရွိ ႏိုင္မည္ျဖစ္သည္။

လူတိုင္းတြင္ အတန္းပညာတတ္သည္ျဖစ္ေစ၊မတတ္သည္ျဖစ္ေစ ဆင္ျခင္တုံတရားရွိဖို႔ ကအေရး ႀကီး သည္။ ယခုျဖစ္ေနသည္ သၾကၤန္ကာလအတြင္း တားျမစ္ထားသည့္ ေရကစားျခင္းကို ေဆာ့ကစားေနသူမ်ား၊ လိုက္နာရန္ျငင္းဆိုေနသူမ်ား၊ က်န္းမာေရးၫႊန္ၾကားခ်က္ကိုမလိုက္နာသူမ်ားက သိေသာ္လည္း လိုက္နာရန္မလို ဟုဆိုသည့္ ဆင္ျခင္တုံတရားကင္းမဲ့သူမ်ားပင္ျဖစ္သည္။ ဒီလိုတားျမစ္တာကို ဘာသာေရးအရ မလိုက္နာႏိုင္၊ တင္းၾကပ္သည္ဆိုကာ ခ်ိဳးေဖာက္ေနသူမ်ားကိုယ္တိုင္ ယခုမွ ဘာသာေရးက အေရးတႀကီးလုပ္ေဆာင္ျပ ေန တာက  နားလည္ရခက္သည့္ အေၾကာင္းျပခ်က္ပင္ ျဖစ္သည္။ယခုျဖစ္ေနသည့္ ကပ္ေရာဂါေဘးက ဘာသာ၊ေနရာဌာန၊ရာထူးစည္းစိမ္၊လူမ်ိဳးအေသြးအေရာင္ ဘာဆိုဘာမွာ ႁခြင္းခ်က္ထားမည္မဟုတ္ပါ။၎ႏွင့္ထိစပ္သည့္ အရာအားလုံးကူးစက္မည္ျဖစ္ကာ ကိုယ္ခံအားေကာင္းပါက ေရာဂါဆိုးက်ိဳးကို အတန္အသင့္ခုခံႏိုင္မည္ျဖစ္ေသာ္လည္း ကိုခံအားမေကာင္းပါက တစ္ခါတည္း အသက္ဇိဝိန္နိဂုံးခ်ဳပ္ရမည္ ေဘးျဖစ္သည္။

ကိုယ္ေၾကာင့္ တျခားသူ ထိခိုက္တာ၊အသက္ေဘးေရာက္တာကို ဘယ္ဘာသာမွ ဘယ္လိုလူမ်ိဳးမွ သိလွ်က္ ႏွင့္ လုပ္မည္မဟုတ္၊တမင္သက္သက္က်ဴးလြန္မည္မဟုတ္ဟု ဆိုေသာ္လည္း ေပါ့ဆမႈႏွင့္ တစ္ခါတည္းႏွင့္ မကူးေလာက္ပါဘူးဆိုသည့္ ယူဆခ်က္မ်ားက မိမိပတ္ဝန္းက်င္၊မိမိမိသားစုအတြင္းမွ ကိုယ္ခံအားနည္းသူ၊မက်န္းမာသူမ်ားအတြက္ ေသမိန႔္ကို ခ်ေပးသလိုပင္ျဖစ္သည္။ ေပါ့ဆမႈႏွင့္ ဆင္ျခင္တုံတရားကင္းမဲ့မႈက သင့္ကို ေၾကကြဲစရာေတြ ၊ေသကြဲရွင္ကြဲေတြကိုသာ ယူေဆာင္လာေစမည္ျဖစ္သည္။ အေပ်ာ္က ေနာင္ႏွစ္လည္းေပ်ာ္လို႔ရသည္။ ဒီႏွစ္ေရမပက္ရလို အလည္မသြားရလို႔ မေသာက္ရလို႔ ဘာမွ မျဖစ္။ေနာင္ႏွစ္ေတြ အတိုးခ်ေပ်ာ္လို႔ ရသည္။ ဒီအတြက္ အားလုံး အသက္ရွင္က်န္ဖို႔ လိုသည္။

သၾကၤန္အတြက္ ေရွာင္ၾကဥ္ရမည့္ ေရွးက ပညတ္ခ်က္ ၁၀ ပါးလည္းရွိသည္။ ယင္းတို႔မွာ-(၁) ႐ုဒ- ငိုေႂကြးျခင္း(၂) ေမထုန-ေမထုန္သံဝါသျပဳျခင္း (၃) မံသ-အသားဟင္းလ်ာ စားေသာက္ျခင္း (၄) သုရာ-ေသရည္ ေသာက္စားမူးယစ္ျခင္း (၅) ေကာဓ-အမ်က္ထြက္ျခင္း (၆) ႐ုဓိရ- ေသြးေဖာက္၊ ေသြးထုတ္ျခင္း (၇) ေတလိက-ဆီလိမ္း၊ ေဆးလိမ္းျခင္း (၈) ႐ုကၡ- သစ္ပင္ျဖတ္ျခင္း၊ ထင္းခုတ္ျခင္း (၉) ကိဏ - ဝယ္ယူ ျခင္း၊ က်ီသြင္းျခင္း (၁၀) ဝိကၠိဏာ- ေရာင္းခ်ျခင္း၊ ဆိုင္ထြက္ျခင္း စသည္တို႔ျဖစ္သည္။ ယခုတားျမစ္သည္က သၾကၤန္ပညတ္ခ်က္ထဲ က အခ်ိဳ႕သာျဖစ္သည္။

ေရမပက္႐ုံ၊ မေပ်ာ္ရ႐ုံျဖင့္ ဘ၀မပ်က္ပါ။ ေရပက္သြားလာစု႐ုံးမွသာ ေရာဂါေၾကာင့္ ဘ၀ေတြ ပ်က္ကာ မိသားစုေတြ ေသကြဲကြဲရမည္ျဖစ္သည္။ ဒါကို ဆင္ျခင္တုံတရားျဖင့္ ဆုံးျဖတ္သင့္ေပသည္။သင့္အေပ်ာ္မက္မႈ၊ သင့္ေပါ့ဆ မႈက   သင့္ႏွင့္ သင့္မိသားစုထဲ ၊သင့္ပတ္ဝန္းက်င္ထဲ ကူးစက္ေရာဂါယူေဆာင္လာသလို ျဖစ္လာႏိုင္တာကို သတိထားဖို႔လိုမည္ျဖစ္သည္။

ၿဖိဳးေဝလွ
ဧၿပီ - ၁၅