【 နည်းပညာ 】 နေလုံးကြီးတွင် ပေါက်ကွဲမှုများဖြစ်ပေါ်၊ ကမ္ဘာပေါ်ရှိ ရေဒီယိုထုတ်လွှင့်မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ဟု ဆို

【 နည်းပညာ 】 နေလုံးကြီးတွင် ပေါက်ကွဲမှုများဖြစ်ပေါ်၊ ကမ္ဘာပေါ်ရှိ ရေဒီယိုထုတ်လွှင့်မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ဟု ဆို

ပေကျင်း၊ မတ် - ၂၇
 
နေလုံးကြီးမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေကြောင့် ဘူမိသံလိုက်မုန်တိုင်းနဲ့ နေရောင်ခြည်ဖြာထွက်မှုတွေ ဖြစ်ပေါ်နေကြောင်း အဆိုပါဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေကြတဲ့ အာကာသ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
 
အဆိုပါဖြစ်စဉ်ကြောင့် ကမ္ဘာပေါ်ရှိ ရေဒီယိုထုတ်လွှင့်မှုတွေကို အနှောင့်အယှက်ဖြစ်လာစေနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
 
အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး (NOAA) ကတော့ နေလုံးကြီးမှ ပေါက်ကွဲမှုတွေကြောင့် နေရောင်ခြည်ဖြာထွက်မှုတွေဟာ လူသားတွေအပေါ်မှာတော့ သက်ရောက်မှုရှိမှာမဟုတ်ဘဲ စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
 
ဒါပေမဲ့လည်း ဘူမိသံလိုက်မုန်တိုင်းဟာ အဝေးထိန်း တာဝါတိုင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ လေယာဉ်တွေရဲ့ ကြိမ်နှုန်းမြင့် ရေဒီယိုထုတ်လွှင့်မှုတွေကိုတော့ အနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ထိုအတွက်ကြောင့် “လုပ်ငန်းသုံးလေယာဉ်အများစုအနေနဲ့ ဂြိုဟ်တုထုတ်လွှင့်မှုကို အရန်အဖြစ် အသုံးပြုနိုင်မှာဖြစ်တယ်” လို့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ ဂျိုနသန် လာ့ရှ်က ပြောပါတယ်။
 
နေလုံးကြီးဟာ ၁၁ နှစ်တိုင်းမှာ ၎င်းရဲ့ သံလိုက်စက်ကွင်း အနေအထားတွေ ပြောင်းလဲသွားလေ့ရှိတယ်လို့ ပညာရှင်တွေဆိုပြီး၊ ထိုစက်ဝန်းအတွင်း နေရောင်ခြည်ဖြာထွက်မှုတွေလည်း ပြောင်းလဲကာ ယခုအခါမှာတော့ နေရောင်ခြည် အမြင့်ဆုံးလို့ခေါ်တဲ့ အတက်ကြွဆုံးအဆင့်နဲ့ နီးကပ်နေပြီဖြစ်ပါတယ်။
 
နေလုံးကြီးမှ ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘူမိသံလိုက်မုန်တိုင်းတွေဟာ ကမ္ဘာသို့ တစ်နှစ်လျှင် အကြိမ်အနည်းငယ် ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကတော့ နှစ်များအ တွင်း အပြင်းထန်ဆုံး နေ‌‌ရောင်ခြည်ဖြာထွက်မှု ကြုံတွေ့ခဲ့ရပြီး ကမ္ဘာပေါ်ရှိ ရေဒီယိုဆက်သွယ်ရေးတွေကို ပြတ်တောက်စေခဲ့ပါတယ်။
 
Damien
Ref - CMG