【 နည်းပညာ 】 တရုတ် ‘လ’ လေ့လာရေးမစ်ရှင်တွင် အသုံးပြုမည့် သယ်ဆောင်ဒုံးပျံယာဉ် လွှတ်တင်ရေးစင်တာသို့ ရောက်ရှိလာ

【 နည်းပညာ 】 တရုတ် ‘လ’ လေ့လာရေးမစ်ရှင်တွင် အသုံးပြုမည့် သယ်ဆောင်ဒုံးပျံယာဉ် လွှတ်တင်ရေးစင်တာသို့ ရောက်ရှိလာ

ပေကျင်း၊ မတ် - ၁၈

တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးမားတဲ့ ‘လ’ ကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်မှာ အသုံးပြုသွားမယ့် သယ်ဆောင်ဒုံးပျံယာဉ်ဟာ လွှတ်တင်ရေးစင်တာသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

Chang'e-6 ‘လ’ ကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ကိုပါ လွှတ်တင်မယ့် မစ်ရှင်ကိုတော့ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်ရှိ ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာမှာ ပြုလုပ်သွားဖို့ တရုတ်က စီစဉ်ထားတာဖြစ်ပါတယ်။

“စွမ်းရည်မြင့် ပြည်တွင်းထုတ် သယ်ဆောင်ဒုံးပျံယာဉ်ဟာ လွှတ်တင်ရေးစင်တာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း” တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာကို ရောက်ရှိလာတဲ့ ဒုံးပျံယာဉ်ဟာ Long March-5 Y8 အမျိုးအစားဖြစ်ပြီး၊ စမ်းသပ်မှုများ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း CNSA က ဆိုပါတယ်။

တရုတ်ဟာ Chang'e-6 ‘လ’ ကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်ပါဝင်တဲ့ မစ်ရှင်ကိုတော့ ယခုနှစ် ပထမနှစ်ဝက်တွင် လွှတ်တင်ရန် စီစဉ်ထားတာဖြစ်ပြီး၊ စူးစမ်းလေ့လာရေးယာဉ်ဟာ ‘လ’ ကမ္ဘာရဲ့ အစွန်အဖျားက ပထမဆုံးနမူနာတွေကို စုဆောင်းလေ့လာသွားဖို့ စီစဉ်ထားပါတယ်။

ပြင်သစ်၊ အီတလီ၊ ဥရောကအာကာသအေဂျင်စီ/ဆွီဒင်တို့က သိပ္ပံနည်းကျ ကိရိယာတွေဟာ Chang'e-6 မစ်ရှင် ဆင်းသက်ရာမှာ ပါဝင်လာမှာဖြစ်တဲ့အပြင်၊ ပါကစ္စတန်မှ အရာဝတ္ထုပစ္စည်းတွေကိုလည်း သယ်ဆောင်သွားမှာဖြစ်တယ်လို့ CNSA က ပြောပါတယ်။

လက်ရှိတွင် ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာ၌ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်လျက်ရှိတယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG