【 နည်းပညာ 】 တရုတ်ရဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ စီမံကိန်းများ ဆက်လက်တိုးတက်နေ

【 နည်းပညာ 】 တရုတ်ရဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ စီမံကိန်းများ ဆက်လက်တိုးတက်နေ

ပေကျင်း၊ မတ် - ၁၆

နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ စီမံကိန်းတွေဟာ ဆက်လက်တိုးတက်လျက်ရှိပြီး၊ စတုတ္ထမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရာမှာလည်း အောင်မြင်မှုတွေရရှိနေတယ်လို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ China Nuclear Power Engineering Corporation (CNPE) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ နျူကလီးယားစွမ်းအင်ကျွမ်းကျင်သူ Xu Pengfei က ပြောကြားလိုက်ပါတယ်။

CMG သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းတဲ့ အစီအစဉ်မှာ Xu က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပြီး၊ ယခုနှစ်အတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အဆိုပြုချက်တွေကိုလည်း ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်ဆိုင်ရာ အဆိုပြုချက်များတွင် ဓာတ်ရောင်ခြည်ကာကွယ်ရေးအတွက် အမျိုးသားသုတေသနနဲ့ ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းတစ်ခု ထူထောင်ရန်မှာ ပထမအဆိုပြုချက်ဖြစ်ကြောင်း Xu ပြောပါ တယ်။

ဒုတိယအဆိုပြုချက်ကတော့ နိုင်ငံအတွင်းက နျူကလီးယားစက်ရုံတွေအားလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေနိုင်ဖို့အတွက် အမျိုးသားဒေတာအချက်အလက်စင်တာ တည်ဆောက်နိုင်ဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ထို့နောက် နိုင်ငံအတွင်း စီးပွားဖြစ်လည်ပတ်နေတာ သုံးနှစ်ကြာမြင့်နေပြီဖြစ်တဲ့ Hualong-1 နျူကလီး ယားဓာတ်အားပေးယူနစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း Xu Pengfei က ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းလုပ်ငန်းတွေဟာ နျူကလီးယားစွမ်းအင်ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်း သူဆိုပြီး၊ နောက်ထပ်တည်ဆောက်မယ့် Hualong မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေးယူနစ်တွေဟာ စွမ်းရည်ပိုမိုထက်မြက်လာပြီး ပိုမိုဘေးကင်းလာစေမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူးလို့ Xu ပြောပါတယ်။

ထို့အပြင် စတုတ္ထမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်လည်ပတ်ရာမှာလည်း အောင်မြင်မှုတွေရရှိနေပြီး၊ ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖိုရဲ့ သရုပ်ပြပရောဂျက်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်ရှိ ရှီဒါဝမ်တွင် စီးပွားဖြစ်လည်ပတ်နိုင်ခဲ့တယ်လို့ Xu ဆိုကာ၊ ကမ္ဘာမှာ တရုတ်နိုင်ငံဟာ အပူချိန်မြင့်ဓာတ်ငွေ့ အအေးခံဓာတ်ပေါင်းဖို စီးပွားဖြစ်လည်ပတ်မှုမှာ သမိုင်းမှတ်တိုင်အဖြစ် ရှေ့တန်းကနေ ပါဝင်နေတယ်လို့လည်း သူကပြောပါတယ်။

ထို့နောက် သေးငယ်တဲ့ နျူဓာတ်ပေါင်းဖိုပုံစံကိုလည်း ဟိုင်နန်ပြည်နယ်အတွင်း Linglong-1 ပရောဂျက်အဖြစ် တည်ဆောက်လျက်ရှိပြီး လာမယ့် ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း Xu က ဆက်ပြောပါတယ်။

အဆုံးတွင် China Nuclear Power Engineering Corporation (CNPE) ရဲ့ ဥက္ကဋ္ဌ Xu Pengfei က ပြင်သစ်နိုင်ငံရှိ International Thermonuclear Experimental Reactor (ITER) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ “နေအတု” စမ်းသပ်မှုလို့ လူသိများတဲ့ နျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖို သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဆက်လက်ရှင်းပြခဲ့ပါတယ်။

“ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ITER အဖွဲ့ကြီးနဲ့ နောက်ထပ်စာချုပ်တစ်ခုကို ကျွန်တော်တို့ ထပ်မံချုပ်ဆိုခဲ့ပါတယ်၊ တရုတ်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးဟာ နျူကလီးယား ပေါင်းစပ်မှုကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။နောင်လာမယ့် အနာဂတ်မှာ တရုတ်နိုင်ငံမှာ ဒီလိုဓာတ်ပေါင်းဖိုတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ CNPE ဥက္ကဋ္ဌ Xu Pengfei က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Damien
Ref - CMG