အကယ်ဒမီအတွက် အရမ်းကြီးမမျှော်မှန်းတဲ့ အိန္ဒြာကျော်ဇင်

အကယ်ဒမီအတွက် အရမ်းကြီးမမျှော်မှန်းတဲ့  အိန္ဒြာကျော်ဇင်

အကယ်ဒမီဆုနဲ့ပတ်သက်ပြီး သူမအနေနဲ့ အရမ်းကြီးမမျှော်မှန်းထားသလို စိတ်ကိုလည်း ပေါ့ပေါ့ ပါးပါး ထားထားတယ်လို့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် က ပြောပါတယ်။“ပရိသတ် ကတော့ ရစေချင်တဲ့စိတ်နဲ့ မှန်းကြတာပေါ့၊ အရမ်းကြီးတော့ မမျှော်လင့်ပါဘူး၊ ကိုယ်ကတော့ အမြဲပဲ စိတ်ကို ပေါ့ပေါ့ပါးပါးထားတယ်၊ အရမ်းကြီးတော့ မမှန်းထားဘူး၊ ရခဲ့ရင်တော့ အတိုင်းအထက် အလွန် ပျော်ရမှာပေါ့၊ မရခဲ့ရင်လည်း ဘာမှမထိခိုက်ဘူးပေါ့၊ အရမ်းမမှန်းထားတော့လေ၊ ရခဲ့ရင် လည်း ပရိသတ်က ပိုပျော်မယ်လို့ထင်တယ်၊ ဒါကတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး၊ အနုပညာရှင်တိုင်း သူတို့ကို ချစ်တဲ့ပရိသတ်က မှန်းကြတာပေါ့နော်”လို့  သရုပ်ဆောင် အိန္ဒြာကျော်ဇင် က ရန်ကုန်မြို့၊ Junction City၊ JCGV ရုပ်ရှင်ရုံမှာ လေဒီဒိန်းဂျား ရုပ်ရှင် ဇာတ်ကား Red Carpet Show ပွဲသို့ တက်ရောက်လာစဉ် မေးမြန်းရာမှာ ပြောကြားခဲ့တာ ဖြစ်ပါ တယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုပါ လေဒီဒိန်းဂျား ရုပ်ရှင်ဇာတ်ကားဟာ မိန်းမသားတွေ အတွက် အိမ်ထောင်သက်ကြာမြင့်လာတာနဲ့ ကိုယ့်ရဲ့ လင်ယောကျ်ား၊ သားသမီးတို့အပေါ် အလုပ် အကျွေးပြု အချိန်ကုန်ရင်း ခေတ်ကိုမျက်ခြေမပြတ်သင့်ကြောင်း၊ လောကတွင် ယောကျ်ားမိန်းမ မရွေး လိမ်လည် လှည့်ဖြားကာ ကောက်ကျစ်တတ်သလို ခွန်အားနည်းတဲ့ မိန်းမသားတွေအနေနဲ့ လင်ယောကျ်ားတွေကို အရှုံးပေးကာ အညံ့မခံသင့်ကြောင်း၊ အန္တရာယ်များကြုံလာပါက လည်း ပါးနပ်စွာ ရှောင်ရှားသင့်သော အသိပညာများပေးထားတဲ့ ဇာတ်ကားလည်း ဖြစ်တယ်လို့ သိရ ပါတယ်။

သူမဟာ မန္တလေးသို့ သွားရောက် ဇာတ်ကားရိုက်ကူးရာမှ ဖေဖော်ဝါရီ ၂၂ ရက်မှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး Junction City၊ JCGV မှာ ကျင်းပတဲ့ လေဒီဒိန်းဂျား ပွဲနဲ့ သမ္မတ ရုပ်ရှင်ရုံမှာ အပြိုင်ကျင်းပနေတဲ့ ရွာဇော်ကြီး ဇာတ်ကားပွဲတွေကို သွားရောက် ခဲ့ပါတယ်။“ဒီကားနှစ်ကား စလုံးက ဖေဖော်ဝါရီ ၂၇ ရက်မှာ အပြိုင်ရုံတင်မှာပါ၊ ပရိသတ်တွေအနေနဲ့ ကြည့်ရမယ့် ကာရိုက် တာ ပိုင်းက တစ်ကားနဲ့တစ်ကားမတူပါဘူး၊ ရွာဇော်ကြီး ကားထဲမှာက ထုံထုံအအ ကာရိုက်တာ မျိုးနဲ့ သရုပ်ဆောင်ထားတယ်၊ ဒီဘက် တစ်ကားမှာကျတော့ ထက်မြက်တဲ့ မိန်းမသားတစ်ဦးရဲ့ နေရာကနေ သရုပ်ဆောင်ထားတယ်ဆိုတော့ ကာရိုက်တာချင်းကတော့ မတူဘူး၊ ဇာတ်ကား နှစ်ကားစလုံး အပြိုင်ရုံတင် တာတော့ ကြုံတောင့်ကြုံခဲ့ပါ၊ အခုရက်ပိုင်းထဲ ခရီးတွေထွက် နေရ တယ်၊ နက်ဖြန်လည်း သွားရဦးမှာပါ၊ နှစ်ပွဲစလုံး တက်ဖြစ်တယ်ဆိုတာကလည်း ဒီကားနှစ် ကားစလုံး ကျရာကာရိုက်တာပိုင်းမှာ မလျှော့ဘဲ ကြိုးစားထားတာကြောင့်ပါ”လို့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ပြောပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ဂစ်တာတီးခတ်တတ်သူလည်းဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေထဲ တီးခတ်ပြသတဲ့ အခန်းတွေကိုလည်း ထည့်သွင်းရိုက်ကူးလေ့ရှိပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ပြေတီဦး အနေနဲ့လည်း အရမ်းကောင်းတဲ့ ဇာတ်ကားတွေရှိနေပြီး အကယ်ဒမီဆု အတွက် မှန်းလို့ရတဲ့ ဇာတ်ကားတွေရှိပေမယ့် ရပါစေလို့ပဲ ဆုတောင်းနေကြောင်း၊ မိမိအနေဖြင့် စိတ်ထဲ ပေါ့ပေါ့ပါးပါးသာ ထားဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 အကယ္ဒမီဆုနဲ႔ပတ္သက္ၿပီး သူမအေနနဲ႔ အရမ္းႀကီးမေမွ်ာ္မွန္းထားသလို စိတ္ကိုလည္း ေပါ့ေပါ့ ပါးပါး ထားထားတယ္လို႔ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ က ေျပာပါတယ္။“ပရိသတ္ ကေတာ့ ရေစခ်င္တဲ့စိတ္နဲ႔ မွန္းၾကတာေပါ့၊ အရမ္းႀကီးေတာ့ မေမွ်ာ္လင့္ပါဘူး၊ ကိုယ္ကေတာ့ အၿမဲပဲ စိတ္ကို ေပါ့ေပါ့ပါးပါးထားတယ္၊ အရမ္းႀကီးေတာ့ မမွန္းထားဘူး၊ ရခဲ့ရင္ေတာ့ အတိုင္းအထက္ အလြန္ ေပ်ာ္ရမွာေပါ့၊ မရခဲ့ရင္လည္း ဘာမွမထိခိုက္ဘူးေပါ့၊ အရမ္းမမွန္းထားေတာ့ေလ၊ ရခဲ့ရင္ လည္း ပရိသတ္က ပိုေပ်ာ္မယ္လို႔ထင္တယ္၊ ဒါကေတာ့ ကိုယ္တစ္ေယာက္တည္း မဟုတ္ပါဘူး၊ အႏုပညာရွင္တိုင္း သူတို႔ကို ခ်စ္တဲ့ပရိသတ္က မွန္းၾကတာေပါ့ေနာ္”လို႔  သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ က ရန္ကုန္ၿမိဳ႕၊ Junction City၊ JCGV ႐ုပ္ရွင္႐ုံမွာ ေလဒီဒိန္းဂ်ား ႐ုပ္ရွင္ ဇာတ္ကား Red Carpet Show ပြဲသို႔ တက္ေရာက္လာစဥ္ ေမးျမန္းရာမွာ ေျပာၾကားခဲ့တာ ျဖစ္ပါ တယ္။

သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အဆိုပါ ေလဒီဒိန္းဂ်ား ႐ုပ္ရွင္ဇာတ္ကားဟာ မိန္းမသားေတြ အတြက္ အိမ္ေထာင္သက္ၾကာျမင့္လာတာနဲ႔ ကိုယ့္ရဲ႕ လင္ေယာက်္ား၊ သားသမီးတို႔အေပၚ အလုပ္ အေကြၽးျပဳ အခ်ိန္ကုန္ရင္း ေခတ္ကိုမ်က္ေျခမျပတ္သင့္ေၾကာင္း၊ ေလာကတြင္ ေယာက်္ားမိန္းမ မေ႐ြး လိမ္လည္ လွည့္ျဖားကာ ေကာက္က်စ္တတ္သလို ခြန္အားနည္းတဲ့ မိန္းမသားေတြအေနနဲ႔ လင္ေယာက်္ားေတြကို အရႈံးေပးကာ အညံ့မခံသင့္ေၾကာင္း၊ အႏၲရာယ္မ်ားႀကဳံလာပါက လည္း ပါးနပ္စြာ ေရွာင္ရွားသင့္ေသာ အသိပညာမ်ားေပးထားတဲ့ ဇာတ္ကားလည္း ျဖစ္တယ္လို႔ သိရ ပါတယ္။

သူမဟာ မႏၲေလးသို႔ သြားေရာက္ ဇာတ္ကား႐ိုက္ကူးရာမွ ေဖေဖာ္ဝါရီ ၂၂ ရက္မွာ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိၿပီး Junction City၊ JCGV မွာ က်င္းပတဲ့ ေလဒီဒိန္းဂ်ား ပြဲနဲ႔ သမၼတ ႐ုပ္ရွင္႐ုံမွာ အၿပိဳင္က်င္းပေနတဲ့ ႐ြာေဇာ္ႀကီး ဇာတ္ကားပြဲေတြကို သြားေရာက္ ခဲ့ပါတယ္။“ဒီကားႏွစ္ကား စလုံးက ေဖေဖာ္ဝါရီ ၂၇ ရက္မွာ အၿပိဳင္႐ုံတင္မွာပါ၊ ပရိသတ္ေတြအေနနဲ႔ ၾကည့္ရမယ့္ ကာ႐ိုက္ တာ ပိုင္းက တစ္ကားနဲ႔တစ္ကားမတူပါဘူး၊ ႐ြာေဇာ္ႀကီး ကားထဲမွာက ထုံထုံအအ ကာ႐ိုက္တာ မ်ိဳးနဲ႔ သ႐ုပ္ေဆာင္ထားတယ္၊ ဒီဘက္ တစ္ကားမွာက်ေတာ့ ထက္ျမက္တဲ့ မိန္းမသားတစ္ဦးရဲ႕ ေနရာကေန သ႐ုပ္ေဆာင္ထားတယ္ဆိုေတာ့ ကာ႐ိုက္တာခ်င္းကေတာ့ မတူဘူး၊ ဇာတ္ကား ႏွစ္ကားစလုံး အၿပိဳင္႐ုံတင္ တာေတာ့ ႀကဳံေတာင့္ႀကဳံခဲ့ပါ၊ အခုရက္ပိုင္းထဲ ခရီးေတြထြက္ ေနရ တယ္၊ နက္ျဖန္လည္း သြားရဦးမွာပါ၊ ႏွစ္ပြဲစလုံး တက္ျဖစ္တယ္ဆိုတာကလည္း ဒီကားႏွစ္ ကားစလုံး က်ရာကာ႐ိုက္တာပိုင္းမွာ မေလွ်ာ့ဘဲ ႀကိဳးစားထားတာေၾကာင့္ပါ”လို႔ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္က ေျပာပါတယ္။

သူမဟာ ငယ္စဥ္ကတည္းက ဂစ္တာတီးခတ္တတ္သူလည္းျဖစ္သလို ႐ုပ္ရွင္ဇာတ္ကားေတြထဲ တီးခတ္ျပသတဲ့ အခန္းေတြကိုလည္း ထည့္သြင္း႐ိုက္ကူးေလ့ရွိပါတယ္။ သူမရဲ႕ ခင္ပြန္းျဖစ္သူ သ႐ုပ္ေဆာင္ ေျပတီဦး အေနနဲ႔လည္း အရမ္းေကာင္းတဲ့ ဇာတ္ကားေတြရွိေနၿပီး အကယ္ဒမီဆု အတြက္ မွန္းလို႔ရတဲ့ ဇာတ္ကားေတြရွိေပမယ့္ ရပါေစလို႔ပဲ ဆုေတာင္းေနေၾကာင္း၊ မိမိအေနျဖင့္ စိတ္ထဲ ေပါ့ေပါ့ပါးပါးသာ ထားျဖစ္ေနေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း