【 နိုင်ငံတကာဆောင်းပါး 】 ဉာဏ်ရည်တု ကျွမ်းကျင်ပညာရှင် ပြိုင်ဆိုင်ခြင်းမှာ တရုတ် အနိုင်ရနေသလား

【 နိုင်ငံတကာဆောင်းပါး 】 ဉာဏ်ရည်တု ကျွမ်းကျင်ပညာရှင် ပြိုင်ဆိုင်ခြင်းမှာ  တရုတ် အနိုင်ရနေသလား

ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သတင်းကြီးများတွင် တရုတ်သည် အမေရိကန်နှင့် ယှဉ်လျှင် အဓိကနယ်ပယ်အချို့တွင် ရှေ့ကို ရောက်လာသည်ကို တွေ့ရလျက်ရှိသည်။

သုတေသနအသစ်များအရ တရုတ်သည် ယခုအခါတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ရာတွင် ထိပ်တန်း၌ ရပ်တည်နေသည်ဟု သိရသည်။ထိုသက်ရောက်မှုသည် အမေရိကန်နှင့် တရုတ် ဉာဏ်ရည်တုပြိုင်ဆိုင်ခြင်းအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ နည်းပညာတီထွင်ဆန်းသစ်မှုနှင့် ပထဝီနိုင်ငံရေးလွှမ်းမိုးရေးအတွက်ပါ အရေးပါလာခြင်းဖြစ်သည်။

တရုတ်က ထိပ်တန်း ဉာဏ်ရည်တု ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုစွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိသည်။ဉာဏ်ရည်တုအခြေခံသော ပညာရေးနှင့် သုတေသနများကို အဓိကထားပြီး တရုတ်သည် များစွာသော ဉာဏ်ရည်တုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးခဲ့သည်။ယခုအခါတွင် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းဉာဏ်ရည်တုဆိုင်ရာ သုတေသီများအနက် တစ်ဝက်ခန့်မှာ တရုတ်မှဖြစ်ပြီး အမေရိကန်၏ လွှမ်းမိုးမှုကို ကျော်လွန်သွားခြင်းဖြစ်သည်။

တရုတ်မှ သုတေသီများသည် မျိုးစုံသော မီဒီယာများ ထုတ်လုပ်ခြင်း ဉာဏ်ရည်တုကဏ္ဍတွင် အရေးပါသော ပြောင်းလဲမှုများကို ပြုလုပ်လျက်ရှိပြီး သဘာဝကျသော ကွန်ရက်များနှင့် လူသားဆန်သော နည်းပညာများတွင် တိုးတက်မှုများရရှိအောင် ဖော်ဆောင်လျက်ရှိသည်။တရုတ်သည် ဉာဏ်ရည်တုဆိုင်ရာ ဘွဲ့ကြိုအစီအစဉ် ၂၀၀၀ တွင် ရင်းနှီးမြှုပ်နှံထားပြီး လက်တွေ့ပြန်လည်အသုံးချခြင်းများကိုပါ ဖော်ဆောင်ပြီး ကျွမ်းကျင်သူများအတွက် အခွင့်အလမ်းများပြားသော ပတ်ဝန်းကျင်ကို ဖန်တီးပေးလျက်ရှိသည်။အချို့သော ဉာဏ်ရည်တုဆိုင်ရာ နယ်ပယ်များတွင် တရုတ်သည် နောက်ကောက်ကျ ကျန်နေနိုင်သော်လည်း ဉာဏ်ရည်တုဆိုင်ရာ ပညာရေးကဏ္ဍတွင် ဘက်ပေါင်းစုံချည်းကပ်မှုကို တည်ဆောက်ထားပြီး ကမ္ဘာလုံးဆိုင်ရာတွင် အားကောင်းသော ယှဉ်ပြိုင်သူဖြစ်လာသည်။

တရုတ်က ဉာဏ်ရည်တုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေချိန်တွင် အမေရိကန်ရှိ မူဝါဒချမှတ်သူများသည် စိန်ခေါ်မှုများ ကြုံတွေ့ရလျက်ရှိသည်။သူတို့သည် တီထွင်ဆန်းသစ်မှုကို အားပေးခြင်းနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်းတို့အကြားတွင် ဟန်ချက်မျှအောင် ကြိုးပမ်းနေရခြင်းဖြစ်သည်။အမေရိကန် ပညာရေးနယ်ပယ်များတွင် တရုတ်မှ ဉာဏ်ရည်တုပညာရှင်များ ရှိနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာယှဉ်ပြိုင်မှုများတွင် မည်သို့ အချင်းချင်းဆက်နွယ်မှု လိုအပ်နေသည်ကို ပြသလျက်ရှိသည်။သို့သော်လည်း အမေရိကန်သည် လုံခြုံရေးစိုးရိမ်မှုဟုဆိုကာ နည်းပညာများကို မျှဝေလိုခြင်းမရှိဘဲ ပိုမိုတင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သည်။

မူဝါဒချမှတ်သူများအနေဖြင့် ထိုကဲ့သို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဉာဏ်ရည်တု ကျွမ်းကျင်ပညာရှင်များ၏ ပြောင်းရွှေ့အခြေချမှုများကို အကောင်းဆုံးနည်းလမ်းဖြင့် ကိုင်တွယ်ရန် လိုအပ်လာပြီဖြစ်သည်။အမေရိကန်အနေဖြင့် လုံခြုံရေးပြဿနများကို စိုးရိမ်စရာမလိုဘဲ ထိပ်တန်းသုတေသီများကို မည်သို့ဆွဲဆောင်နိုင်မည်နည်း။ထို့အပြင် ဉာဏ်ရည်တု တီထွင်ဆန်းသစ်ခြင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက မည်သို့အရေးပါသနည်း။မူဝါဒချမှတ်သူများအနေဖြင့် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ပြီး တစ်ချိန်တည်းတွင် ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့တွန်းအားပေးနိုင်မည်နည်း။ဉာဏ်ရည်တု နည်းပညာ နယ်ပယ်ပုံစံပြောင်းလဲလာချိန်တွင် ထိုသို့သော မေးခွန်းများသည် အရေးပါလာပြီး ဖြေရှင်းချက်များသည် အနာဂတ် နည်းပညာတိုးတက်မှုနှင့် ပထဝီနိုင်ငံရေးလွှမ်းမိုးမှုများအတွက် များစွာသက်ရောက်မှုရှိမည်ဖြစ်သည်။

တရုတ်က ဉာဏ်ရည်တုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ခြင်းအပါအဝင် အဓိကနယ်ပယ်အချို့တွင် အမေရိကန်ကို ကျော်တက်သွားချိန်တွင် ဉာဏ်ရည်တု တီထွင်ဆန်းသစ်မှု လမ်းကြောင်းသည်လည်း ပြောင်းလဲသွားကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ပထဝီနိုင်ငံရေးနှင့် မူဝါဒရေးရာတို့သည်လည်း ကောင်းစွာသက်ရောက်သွားမည်ဖြစ်သည်။ထိုအခါ မူဝါဒချမှတ်သူများအတွက် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် တိုးတက်မှုနောက် အမီလိုက်ခြင်းတို့တွင် ဟန်ချက်ညှိရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

အနာဂတ် ဉာဏ်ရည်တု တိုးတက်မှုတွင် စည်းမျဉ်းစည်းကမ်းများ၊ ပညာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ခြင်းများကဲ့သို့သော အခြေအနေများသည် အရေးပါလာမည်ဖြစ်သည်။တရုတ်နှင့် အမေရိကန်တို့သည် ဦးဆောင်မှုရရှိရေး ပြိုင်ဆိုင်နေကြသော်လည်း ဉာဏ်ရည်တု၏ ဖြစ်နိုင်ခြေကို မြှင့်တင်ပြီး ပြဿနာများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းကသာ ပို၍အရေးကြီးလာမည်ဖြစ်သည်။

လျင်မြန်စွာပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် လူသားမျိုးနွယ် ကောင်းမွန်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုရန် အားလုံးအတူထမ်းဆောင်ရမည့် တာဝန်မှာ မဟာဗျူဟာကျစီစဉ်မှုနှင့် အားလုံးပါဝင်စေမှုသာဖြစ်သည်။

NaYoe
Ref - Is China Winning the Race for AI Talent ? | Cryptopolitan