【 နိုင်ငံတကာဆောင်းပါး 】အများပြည်သူဝန်ဆောင်မှုများ ရပ်ဆိုင်းမည့်အန္တရာယ်

【 နိုင်ငံတကာဆောင်းပါး 】အများပြည်သူဝန်ဆောင်မှုများ ရပ်ဆိုင်းမည့်အန္တရာယ်

အမေရိကန်ပြည်ထောင်စုမှ ရွေးကောက်ခံဒီမိုကရက်များနှင့် ရီပတ်ဗလစ်ကန်များသည် ၂၀၂၄ ခုနှစ်အတွက် အသုံးစရိတ်ကို အတည်ပြုရန် အောက်တိုဘာလ ၁ ရက်နေ့အထိသာ အချိန်ရတော့သည်။ သို့သော် ယူကရိန်းသို့ နောက်ထပ်အကူအညီပေးရေး ပြဿနာတွင် သဘောထားကွဲနေသည်။ သဘောတူညီမှုမရပါက ဖက်ဒရယ် အရပ်သားဝန်ထမ်း ၂ သန်းသည် အစိုးရပိတ်ထားသည့် ကာလအတွင်း ၄င်းတို့လစာများ ဆိုင်းငံ့ခံရမည်ဖြစ်သည်။

လာမည့်အပတ်တွင်အမေရိကန်ပြည်ထောင်စုသည် အရပ်သားဝန်ထမ်းများကို လာမည့်အပတ်တွင် လစာပေးနိုင်မည်လား။ အကြွေးမပေးဆပ်နိုင်လုနီးပါးဖြစ်ပြီး ၄ လအကြာတွင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးသည် နိုင်ငံရေးပိတ်ဆို့မှု တစ်ခုကြောင့် ၄င်း၏ အုပ်ချုပ်ရေး ရပ်ဆိုင်းသွားမည့် အန္တရာယ်နှင့် ထပ်မံရင်ဆိုင်ရမည် ဖြစ်သည်။
 
၂၀၂၄ ခုနှစ်အတွက် အသုံးစရိတ်ကို ကွန်ဂရက်က အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီ ချမှတ်ရမည် ဖြစ်သည်။ သို့သော် ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန်တို့ သဘောတူညီမှုမရပါက အချို့ပေးချေမှုများကို ရပ်ဆိုင်းရမည်ဖြစ်သည်။ ပထမဆုံးကျရောက်မည့် သားကောင်များမှာ ဖက်ဒရယ်အစိုးရ၀န်ထမ်းများဖြစ်သည်။ ၄င်းတို့သည် ထိုပိတ်ဆို့ကာလအတွင်း လစာများ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။ 
 
ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည့်  သမ္မတရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခန့်သာ လိုချိန်တွင် ထိုပါတီနှစ်ခုသည် သဘောထားဆန့်ကျင်ဘက် ကွဲပြားနေသည်။
 
"နိုင်ငံတော်ကို ဘဏ္ဍာငွေချထားပေးခြင်းဟာ ကွန်ဂရက်ရဲ့အခြေခံအကျဆုံးတာဝန်ဖြစ်ပြီး ရီပတ်ဗလစ်ကန်တွေ သူတို့အလုပ်သူတို့မလုပ်ရင် သူတို့ကိုမဲပေးတာရပ်သင့်တယ်" ဟု ဂျိုးဘိုင်ဒင်က တနင်္လာနေ့တွင်ပြောသည်။ "သူတို့ကသဘောတူပြီး လက်ဆွဲနှုတ်ဆက်ပြီး အခုကျတော့ အဲဒီသဘောတူညီချက်ကို သစ္စာဖေါက်တယ်။ သိပ်တော့ အံ့သြစရာမဟုတ်ပါဘူး" ဟုလည်း သူပြောသည်။
 
အိမ်ဖြူတော်က တနင်္လာနေ့တွင်နောက်ထပ်အခြေအနေ ထပ်မှုရှုပ်ထွေးစေပြီး "အောက်လွှတ်တော်မှ  ရီပတ်ဗလစ်ကန် အစွန်းရောက်များသည် ထိခိုက်လွယ်သော အမျိုးသမီးနှင့်ကလေး ၇ သန်း နီးပါးအတွက် အရေးပါသော အစားအသောက်အကူအညီကို အပေးအယူလုပ်မည့် အန္တရာယ်နှင့် ပြည်သူ့အသက်များကို စတေးမည့် အန္တရာယ်နှင့် ကစားမည်း အန္တရာယ်ကို လုပ်ဆောင်နေသည်။ ဖက်ဒရယ်ပြည်သူ့ဝန်ဆောင်မှုများ ရပ်တန့်သွားပြီး ထိုဖက်ဒရယ်အသုံးစရိတ်များကို ဖြတ်တောက်မည်ဖြစ်သည်" ဟု ပြောသည်။
 
ကြာသပတေးနှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ၀ါရှင်တန်သို့ လာရောက်လည်ပတ်ပြီးနောက်  ယူကရိန်းအတွက် နောက်ထပ်အကူအညီပေးရေးနှင့် ပတ်သက်ပြီး တင်းမာမှုမြင့်မားနေသည်။ အထက်လွှတ်တော်တွင် ၂ ပါတီလုံးက ထောက်ခံသော်လည်း အောက်လွှတ်တော်တွင် ထရမ့်ဝါဒီလက်ယာများကို မဲပေးရန် ငြင်းဆန်နေသည်။
 
"ယူကရိန်းစစ်အတွက် တစ်ဆင့်သုံးဖို့တောင် ကျနော်မဲပေးမှာမဟုတ်ဘူး။ ကျနော်က အမေရိကသည် ပထမ သမား" ဟု ထရမ့်၏ မိတ်ဆွေရင်း မဂျော်ရီ တေလာ ဂရင်းက သောကြာနေ့ ကင်မရာရှေ့တွင် လေ့ကျင်ခန်း လုပ်ရင်းရိုက်ကူးထားပြီး X လူမှုကွန်ရက်တွင်တင်သည့် ဗီဒီယိုတွင် ကြေညာသည်။ 
 
အမေရိကန် အလံနောက်ခံထားသည့် အားကစားရုံတစ်ခုတွင် အခြားရွေးကောက်ခံတစ်ဦးဖြစ်သော အယ်လီကရိန်းကလည်း ဝေဖန်သော ဗီဒီယိုတစ်ခုတင်သည်။ "ကျနော့်မဲဆန္ဒနယ်နဲ့ တစ်နိုင်ငံလုံးကလူတွေဟာ သူများကို ငွေကြေးထောက်ပံ့ရတာကို တော်တော်ငြီးငွေ့နေပြီ" ဟု သူပြောသည်။
 
သံသရာလည်နေသော တင်းမာမှုများ
 
အသုံးစရိတ်အတွက် ကွန်ဂရက်တွင် မဲပေးရန်လိုခြင်းသည် တစ်ခါတရံအကျပ်အတည်း ဖြစ်စေပြီး ဖက်ဒရယ် ၀န်ဆောင်မှုများကို ရပ်တန့်ပစ်မည့် ခြိမ်းခြောက်မှုကို ရီပတ်ဗလစ်ကန်တို့က ၄င်းတို့လိုသည်များရရန် အသုံးပြုကြသည်။ ထုံးစံအားဖြင့်နောက်ဆုံးဆုံးဖြတ်ချက်ချကာနီးတွင် အကျပ်ကိုင်သည်။ ထိုသံသရာလည်နေသော တင်းမာမှုများကို ယခုနှစ်တွင် ကွန်ဂရက်အတွင်း သဘောထားကွဲလွဲမှုများက ပိုမိုဆိုးရွားစေ သည်။ 
အထက်လွှတ်တော်တွင် နှစ်ပါတီလုံးမှ ခေါင်းဆောင်များဖြစ်သည့် ဒီမိုကရက်တစ် ခေါင်းဆောင် ချပ်ရှူးမားနှင့် ရီပတ်ဗလစ်ကန်ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနဲလ်တို့သည် ၀ါရင့်နိုင်ငံရေးသမားများဖြစ်ပြီး ဆက် လက်ဆွေးနွေးနေသည်။ "ကျနော်တို့နှစ်ယောက်လုံးက ယူကရိန်းကို အကူအညီပေးတာကို ထောက်ခံတယ်" ဟု ချပ်ရှူးမားက CNN သတင်းဌာနသို့ သောကြာနေ့တွင်ပြောကြားပြီး အခြေအနေနှင့် ပတ်သက်ပြီး သူလွန်စွာ အကောင်းမြင်ကြောင်းပြောသည်။
တနင်္လာနေ့က ထုတ်ပြန်သည့် မှတ်ချက်တစ်စောင်တွင် Moody အေဂျင်စီက သဘောတူညီမှုမရခြင်းသည် အမေရိကန် အုပ်ချုပ်ရေးနှင့် အင်စတီကျူးရှင်းများသည် ဘဏ္ဍာရေးမူဝါဒအရ အားနည်းကြောင်း ပြသပြီး အစိုးရကြွေးမြီနှင့်ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မည်ဟု အလေးထားပြောသည်။ ထိုအေဂျင်စီသည် အမေရိကန် ကြွေးမြီများနှင့် ပတ်သက်ပြီး အမြင့်ဆုံး AAA အဆင့်ပေးသည့် နောက်ဆုံးအေဂျင်စီဖြစ်သည်။
သဘောတူညီမှုမရပါက ယာယီအသုံးစရိတ်မူကြမ်းကို ကျင့်သုံးနိုင်ပြီး ရွေးကောက်ခံများအနေဖြင့် ဘုံရပ်တည်ချက်ရှာရန် လအနည်းငယ် အချိန်ရမည်ဖြစ်သည်။
 
ပြဿနာကို ဖြေရှင်းရေး
 
ထိုသို့ အစိုးရလုပ်ငန်းများ ရပ်တန့်သွားမည့် ခြိမ်းခြောက်မှုသည် ယခင်က ဇာတ်လမ်းတွဲဖြစ်သည့် အမေရိကန် အစိုးရ အကြွေးယူနိုင်သည့် ပမာဏ မြှင့်တင်ရေးအပြီး ၄ လအကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ ထိုသို့ အကြွေးယူနိုင်သည့် ပမာဏမြှင့်တင်ခြင်းသည် ပိုမိုဆိုးရွားပြီး အမေရိကန်ပြည်ထောင်စုက ကြွေးမြီ ပြန်လည်မပေးဆပ်နိုင်တော့သည့် အခြေအနေပင်ဖြစ်စေနိုင်သည်။ ထိုလက်မှတ်ရေးထိုးထားသည့် သဘော တူညီချက်အရ ဒီမိုကရက်တို့က အချို့အသုံးစရိတ်များကို လျှော့ချရန် သဘောတူပြီး ထိုသို့ သဘောတူခြင်းသည် အသုံးစရိတ်ကို ချောမွေ့စွာ အတည်ပြုနိုင်ခဲ့သင့်သည်။
 
"ကျနော်တို့တွေ ကျနော်တို့ကိုယ်ကျနော်တို့ အခန်းတစ်ခုထဲမှာပိတ်ပြီး ပြဿနာကို ဖြေရှင်းသင့်တယ်" ဟု ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် တိုနီ ဂွန်ဇာလက်က တနင်္ဂနွေနေ့တွင်ပြောသည်။ "အစိုးရလုပ်ငန်း ရပ်ဆိုင်းသွားတာ ကျနော်မလိုချင်ဘူး။ ဒါပေမယ့် နိုင်ငံက အဲဒီဘက်ကို ဦးတည်နေတာ သေချာပြီး လူတိုင်း လူတိုင်းက အဲဒီအတွက် ပြင်ဆင်ထားရမယ်" ဟုလည်း သူပြောသည်။ 
မျှော်မှန်းထားရမည့် အကျိုးဆက်များတွင် အစားအသောက် အကူအညီလက်မှတ်များ ရောက်လာတော့မည်မဟုတ်ပေ။ လေကြောင်းခရီးများ ပြတ်တောက်ကုန်ပြီး အမျိုးသား ဥယျာဉ်များကို စောင့်ရှောက်မှု ရှိတော့မည်မဟုတ်ပေ။ မဖြစ်မဖြစ်အရေးမပါဟု သတ်မှတ်ခံရသော အစိုးရ၀န်ထမ်းများကို အိမ်တွင်သာနေထိုင်ခိုင်းမည်ဖြစ်ပြီး ၄င်းတို့သည် ၄င်းတို့လစာများကို ပြဿနာပြေလည်မှသာ ရရှိတော့မည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် အဓိကကျသည့် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှု ၄ ကြိမ် ကြုံဖူးသည်။ နောက်ဆုံးနှင့် အရှည်ကြာဆုံး အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှုတွင် တစ်လကျော်ကြာပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်မှ ၂၀၁၉ ခုနှစ်နှစ်ဆန်းအထိဖြစ်ကာ အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း ထုတ်လုပ်မှုသည် ဒေါ်လာ ၃ ဘီလီယံ လျှော့သွားကြောင်း ကွန်ဂရက် အသုံးစရိတ် ၀န်ဆောင်မှုများအရ သိရသည်။
 
Linko
 
Ref: DayFR  Euro :The paralysis of public services once again threatens the United States