【 နိုင်ငံတကာဆောင်းပါး 】ဖုံးကွယ်သည်ဖြစ်စေ၊ မြင်သာသည်ဖြစ်စေ တက္ကဆက်မှာ နေရာအနှံ့ သေနတ်တွေ

【 နိုင်ငံတကာဆောင်းပါး 】ဖုံးကွယ်သည်ဖြစ်စေ၊ မြင်သာသည်ဖြစ်စေ တက္ကဆက်မှာ နေရာအနှံ့ သေနတ်တွေ

တက္ကဆက်တွင် နေထိုင်ရခြင်းသည် သေနတ်များဖြင့် ဝိုင်းရံနေထိုင်ခြင်း ဖြစ်သည်။နံနက်တိုင်း ဒီနေရာတွင် အမျိုးသားများသည် ဝတ်စုံများ၊ ဘွတ်ဖိနပ်များနှင့် ရေကူးဘောင်းဘီများအတွင်း၌ သိုင်းကြိုးသေနတ်များကို လွယ်ထားကြသည်။

အမျိုးသမီးများသည် ၎င်းတို့ကို မမြင်နိုင်သော ဘရာစီယာနှင့် လွယ်ပိုးသောအိတ်များထဲသို့ ထည့်ထားကြသည်။၎င်းတို့သည် သေနတ်များကို ပိုက်ဆံအိတ်များ၊ ကိရိယာသေတ္တာများ၊ ခရီးဆောင်သေနတ်ထားဗူးများ၊ နောက်ထိုင်ခုံများနှင့် လက်အိတ်များတွင် သိမ်းဆည်းထားသည်။

သူတို့သည် သေနတ်များကို ငါးဖမ်းခြင်း၊ ဘုရားကျောင်း၊ ပန်းခြံ၊ ရေကူးကန်၊ အားကစားရုံ၊ ရုပ်ရှင်များ နှင့် ပြည်နယ် ကတ်ပီတိုလ်တွင် ဆန္ဒပြပွဲများအထိပင် ဆောင်ထားကြသည်။

ကွန်ဗန်းရှင်းစင်တာတွင် AR-15s နှင့် အခြားပြည်နယ်များတွင် တရားမ၀င်သတ်မှတ်သည့်  စွမ်းရည်မြင့် ကျည်ဘောက်များ အသုံးပြုရလေ့ရှိသည့် သေနတ်များ ပြသမှုများကို လက်ခံကျင်းပပေးသည်။တက္ကဆက် ကြော် ငြာဘုတ်များသည် ခဲယမ်းမီးကျောက်များ၊ အသံတိတ်သေနတ်များနှင့် အခြားဆက်စပ်ပစ္စည်းများအတွက် အဆုံး မရှိသောကြော်ငြာများကို ဝန်ဆောင်ပေးသည်။

ရိုင်ဖယ်ကဲ့သို့ သေနတ်ရှည်များကို မျိုးဆက်ပေါင်းများစွာ ပြောင်ပြောင်တင်းတင်း ကိုင်ဆောင်ထားခြင်းက ဤနေရာတွင် တရားဝင်အခွင့်အရေးဖြစ်သည်။

သို့သော် တက္ကဆက်၏ သေနတ်အပေါ် လိုက်လျောသော သဘောထားသည် အနောက်နိုင်ငံဟောင်းနှင့် မွေးမြူရေးလုပ်ငန်း၏ အမွေအနှစ်တစ်ခုမျှသာ မဟုတ်ဘဲ၊ မကြာသေးမီကမှ လက်နက်များဆိုင်ရာ ကန့်သတ်ချက် အများအပြားကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့်လည်းပါသည်။

လွန်ခဲ့သည့်နှစ်နှစ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် အသက် ၂၁ နှစ်နှင့်အထက် သူများကို ပါမစ်မပါဘဲ သေနတ်ကိုင်ဆောင်ခွင့်ကို ပေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လက်တစ်ဖက်ဖြင့်ကိုင်နိုင်သောသေနတ်ကို အများပြည်သူဆိုင်ရာကောလိပ်ကျောင်းများသို့ ၎င်းတို့က သယ်ဆောင်ခွင့်ပေးခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်များသည် ကွန်နက်တီကပ်ရှိ Sandy Hook ကျောင်းပစ်ခတ်မှုအား တုံပြန်ရာတွင် အစိုးရကျောင်းဝန်ထမ်းများအား လက်တစ်ဖက်ကိုင်နိုင်သော ပစ္စတို/ခြောက်လုံးပြူးစသည့် သေနတ်ကို  ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

ကယ်လီဖိုးနီးယားနှင့် အခြားအပြာရောင်ပြည်နယ်အချို့နှင့်မတူသည်မှာ တက္ကဆက်တွင် ပြည်နယ် သေနတ်ရောင်းချမှုစာရင်းမရှိ၊ သေနတ်ဝယ်ရန် စောင့်ဆိုင်းရမည့်အချိန်ကာလ၊ စိတ်မနှံ့သူ သို့မဟုတ် အကြမ်း ဖက်သူများကို အကာအကွယ်ပေးသည့် အလံနီဥပဒေမရှိ၊ခဲယမ်း မဂ္ဂဇင်းများ၏ အရွယ်အစားကို ကန့်သတ် ထားခြင်း မရှိဘဲ သီးသန့်ရောင်းချမှုတွင် ဝယ်ယူသည့် သေနတ်များအတွက် နောက်ခံစစ်ဆေးမှု မရှိခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသားအများစုသည် တင်းကျပ်သောသေနတ်ဥပဒေများကို နှစ်သက်ကြပြီး သေနတ် တစ်လက်ရရှိရန် လွယ်ကူလွန်းသည်ဟု ဆိုကြသော်လည်း၊တက္ကဆက်သား အများစုက သေနတ်တွေကို ပြဿနာရဲ့ အဖြေတစ်ခုလို့ မြင်ကြပြီး သေနတ်မှာ ပြဿနာ မဟုတ်ဘူးဟုဆိုကြသည်။

သူတို့လက်နက်မပါပဲ သေနတ်ကိုင်ဆောင်သူ နှစ်ဒါဇင်ကျော်ကို အင်တာဗျူးရာမှာ သူတို့ စိတ်လှုပ်ရှား နေကြောင်း ဆိုသည်။

ကပ်ရောဂါကာလအတွင်း လူသတ်မှုများ တိုးမြင့်လာပြီးနောက် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ စိုးရိမ်နေ ကြကာ အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း လူသတ်မှုနှင့် အခြားဆိုးရွားသောရာဇ၀တ်မှုများ သိသိသာသာကျ ဆင်း သွားသည်။

အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုနှင့် လူမှုရေးအဝန်း၀ိုင်းပြိုလဲမှုအတွက် စိုးရိမ်သည်ဟုလည်း ပြောဆိုကြသည်။

သူတို့လက်နက်ကိုင်ဆောင်ထားကြောင်းနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ အခြားသူတစ်ဦးလည်း ထိုသို့ဖြစ် ကောင်း ဖြစ်နိုင်သည်ကိုလည်း သိရှိသည့်အတွက် စိတ်သက်သာရာရစေသလို ပစ္စတိုလို့ သေနတ်တစ်လက်တွေ့လို့ ထိတ်ထိတ်ပျာပျာဖြစ်တာကို တွေ့လိုက်ရသည်ကို အချို့က သဘောကျကြသည်။

"ဒါဟာ တက္ကဆက်သား ဖြစ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲ" လို့ အနီးနားရှိ တက္ကဆက်အစိုးရတက္ကသိုလ်မှာ  သင်ကြားပြီး သူ့ရဲ့ Sig Sauer သေနတ်ကို နေ့စဉ်ကိုင်ဆောင်လာတဲ့ သတ္တမမျိုးဆက် တက္ကဆီကန် အသက် ၄၅ နှစ် အရွယ် ဝီလီမိုရာဗစ်က ပြောသည်။

တက္ကဆီကန် သည် ၂၀၂၀ ခုနှစ်မှစပြီး အခြားပြည်နယ်များထက်ပိုကာ လက်နက် ၅.၈ သန်းဝယ်ယူခဲ့ ကြောင်း ဖက်ဒရယ်နောက်ခံစစ်ဆေးမှုများအပေါ် အခြေခံ၍ Washington Post ခန့်မှန်းချက်အရ သိရသည်။ ပြီးခဲ့သည့်နှစ်တွင် တက္ကဆက် မှ သေနတ်ဝယ်ယူသည့်နှုန်းသည် ကယ်လီဖိုးနီးယားထက် နှစ်ဆနီး ပါးရှိခဲ့သည်ဟု ခန့်မှန်းချက်များအရ သိရသည်။

တက္ကဆက်တွင် သေနတ်အများစုသည် ရှေးရိုးဆန်သော ကျေးလက်ဒေသများနှင့် New Braunfels ကဲ့သို့ ဆင်ခြေဖုံး လက်ဝယ်များတွင် စုစည်းထားပြီး အော်စတင်၊ဒါးလက်နှင့် ဟူစတန် ကဲ့သို့ ဒီမိုကရက်တစ် ခေတ်ရေ စီးကြောင်းရှိသော မြို့ပြဒေသများတွင် တစ်ဦးချင်း တစ်ဦးချင်း သေနတ်အနည်းငယ်သာ ကိုင်ကြသည်။

သို့သော် တက္ကဆက်တွင် သေနတ်အရေအတွက် မည်မျှရှိသည်ကို ခန့်မှန်းရခက်သည်။ အကြောင်းမှာ ပြည်နယ်သည် အခြားသူများထက် သေနတ်ရောင်းချမှုဆိုင်ရာ စာရွက်စာတမ်းများနည်းပါး သောကြောင့်ဖြစ် သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ပြည်နယ်အတွင်း နေထိုင်သူ သန်း ၃၀ မှ အများစု၏ သေနတ်များကို ဆွဲဆောင်မှုကြောင့် ပြည်နယ် အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ တိုးလာနေသော်လည်း သေနတ်ကြောင့်မဟုတ်ဘဲ ၎င်းတို့ကြောင့် သာဟု သေနတ်ပိုင်ရှင်များထံမှ သိရသည်။

AP, USA Today နှင့် Northeastern University တို့မှ ခြေရာခံကောက်ထားသော အချက်အလက် များအရ ပြည်နယ်တွင်း ၂၀၂၂ ခုနှစ်တွင် သေနတ်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ခြောက်ကြိမ်နှင့် ၂၀၂၃ ခုနှစ်အထိ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တက္ကဆက်ပြည်နယ်သည် ၂၀၁၅ ခုနှစ်မှစကာ ယခုနှစ်အတွင်းထိ မည်သည့်ပြည်နယ်ထက်မဆို အစု လိုက်အပြုံလိုက်သတ်ဖြတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်းအကြိမ် ၃၀ ရှိခဲ့သည်။ နောက်ထပ် အမြင့် ဆုံး ပြည်နယ်မှာ ကယ်လီဖိုးနီးယားဖြစ်ပြီး လူပေါင်း ၉ သန်းခန့်နေထိုင်ရာဒေသတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၇ မှု ဖြစ်ပွားခဲ့သည်။

နေရာအချို့ဖြစ်သော တက္ကဆက်ပြည်နယ်အလယ်ပိုင်းမြို့ဖြစ်ပြီး ဆန်အန်တိုနီယို၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာရှိ လူဦးရေ ၁၀၅၀၀၀ ရှိသော နယူးဘရန်ဖီးလတ်စ်မြို့လယ်တွင် လက်နက်များ ကြီးစိုးမှုသည် နေရာအနည်းငယ် တွင် ပို၍ထင်ရှား သည်။

နယူးဘရန်ဖီးလတ်စ်ကို ၁၈၄၅ ခုနှစ်တွင် ဂျာမန် ရွှေ့ပြောင်းနေထိုင်သူများ မှ ကိုမဲလ်(Comal) နှင့် ဂေါ့ဒါလူပီ(Guadalupe) မြစ်များဆုံရာတွင် တည်ထောင်ခဲ့သည်။ထိုနေရာတွင် အခြေချနေထိုင်သူများသည် ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းအရင့်ဆုံး ဖြစ်သည့် schuetzen verein သို့မဟုတ် သေနတ် ပစ်ကလပ်ကို စတင်ခဲ့သည်။

နယူးဘရန်ဖီးလတ်စ်သည် ယမန်နှစ်က တစ်ဦးချင်းစီ အတွက် သေနတ်လိုင်စင်အသစ်တွင် တက္ကဆက်ရှိ ထိပ်တန်းမြို့ပြစာပို့ကုဒ်များထဲတွင် ပါဝင်ပြီး ပြည်နယ်မှတ်တမ်းများအရ လူ ၁၀,၀၀၀ လျှင် ၂၁၃ ဦးခန့်ရှိပြီး အနီးနား ခရိုင်တွင် လူ ၁၀,၀၀၀ လျှင် ၁၅၅ ဦးသာ ပါမစ်ထုတ်ပေးခဲ့ရသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ဆန်ဖရန်စစ္စကိုဒေသရှိ ခရိုင်အများစုသည် ၂၀၁၂ ခုနှစ်ကတည်းက နေထိုင်သူ ၁၀၀၀၀လျှင် လက်တစ်ဖက်ဖြင့်သာကိုင်ရသော  သေနတ်လိုင်စင် ခြောက်ခုအောက်သာ ထုတ်ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် နောက်ဆုံးထုတ်ပြန်ခဲ့သော ကယ်လီဖိုးနီးယားတရားရေးဌာန၏ အချက်အလက်များအရ လျှောက် လွှာများသည် ယခုနှစ်နှောင်းပိုင်းတွင် တိုးလာသော်လည်း ကယ်လီဖိုးနီးယား ဥပဒေပြုအမတ်များက ပါမစ်ရရှိသူ အား ပိုမိုကန့်သတ်သည့် ဥပဒေတစ်ရပ်ကို အတည်ပြုခြင်းဖြင့် ယခုလအစောပိုင်းတွင် တုံ့ပြန်ခဲ့သည်။

နယူးဘရန်ဖီးလတ်စ်သည် ၂၀၂၀ခုနှစ်တွင် ဒေါ်နယ်ထရမ့်က ၇၁ရာခိုင်နူန်းဖြင့် အနိုင်ရခဲ့သည့် ကိုမဲလ် (Comal)လွှတ်တော်နေရာဖြစ်ပြီး မဲဆွယ်ပိုစတာများတွင် “ဘိုင်ဒင်သည်အဆိုးဆုံး”နှင့် “၉၁၁ ကို ဖုန်းခေါ်ဖို့မလို” ဟု စိုက်ထူခဲ့သည်။

သို့သော် သေနတ်ပိုင်ရှင်အားလုံးသည် ရီပတ်ဘလစ်ကန်များ သို့မဟုတ် ထရမ့် ထောက်ခံသူများမဟုတ် ပေ။ အချို့က ၎င်းတို့သည် လစ်ဘရယ်ဝါဒီ၊ သဘောထားပျော့ပျောင်းသူ၊ မဲဆန္ဒရှင်မဟုတ်သူများ သို့မဟုတ် သမ္မတဘိုင်ဒင်ကို မဲပေးခဲ့ကြသော လစ်ဘရယ်ဝါဒီများ သို့မဟုတ် လူမှုရေးကိစ္စတွေနှင့် ကျန်ခဲ့သူများဟု ဆိုကြသည်။

ရီပတ်ဘလီကန်အဝန်း၀ိုင်း၏ ဥက္ကဋ္ဌဖြစ်သူ မိုရာဗစ်က ထရမ့်ကို နှစ်ကြိမ်တိုင်တိုင်မဲပေးခဲ့ပြီး ထပ်မံမဲ ပေးရန် မျှော်လင့်ထားသည်။ သူ၏ Sig Sauer 1911 .45 ကလီဘာတက္ကဆတ်သီးသန့် လက်ကိုင်သေနတ်၏ လက်ကိုင်ပေါ်တွင် တစ်ခုတည်းသောကြယ်ကိုထွင်းထားပြီး လျောနေသည်ဘက်တွင် နိုင်ငံပုံကောက်ကြောင်းကို ထွင်းထားသည်။

သေနတ်များသည် တက္ကဆီကန်များ၏စိတ်များကို ချွတ်ချော်သွားစေသည့်အရာများဖြစ်သည်။

Linko

Ref: In Texas, guns are everywhere, whether concealed or in the open| washingtonpost