【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ICJ မှာ ရှင်းရမယ့် ရခိုင်ပြဿနာ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】  ICJ မှာ ရှင်းရမယ့် ရခိုင်ပြဿနာ

ယခုရက်သတ္တပတ် သတင်းတွေထဲ အများပြည်သူ သတိထားစရာ သတင်းသုံးခုရှိခဲ့ပါတယ်။သည်ဟိဂ်မှာ ICJ  က တရားစွဲဆိုမယ့် အရေးမှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင် ထုချေရှင်းလင်းမယ့် သတင်းရယ်၊ နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ ကျူးလွန်သူတရားခံကို ဖော်ထုတ်နိုင်ဖို့ နီးကပ်လာချိန်မှာ ထူးခြားချက်တွေ တွေ့လာရတဲ့ သတင်းတွေနဲ့ လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေအတင်ဖြစ်ခဲ့တဲ့ သတင်းတွေက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတိထားစရာ သတင်းတွေဖြစ်ခဲ့ပါတယ်။

ခြေဥပြင်ဆင်ရေးအတွက် ပိုပြင်းထန်လာတဲ့ လွှတ်တော်

ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံပါတီနဲ့ အာဏာရပါတီကြား အားပြိုင်မှုတွေ၊ အခြေခံဥပဒေ ပြုပြင်ရေးအတွက် အငြင်းအခုံတိုက်ပွဲတွေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အပေါ် ပြစ်တင်ရှုတ်ချတဲ့ သတင်းတွေက အများပြည်သူကြား စောင့်ကြည့်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ဒီအပတ်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်က တင်ခဲ့တဲ့ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထိထိရောက်ရောက် ကာကွယ်ရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ခွင့်မပြုခဲ့တာဖြစ်ပါတယ်။ယင်းအဆိုကို နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့တာလို့ ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေး က မီဒီယာတွေကိုပြောခဲ့ပါတယ်။

လွှတ်တော်ကတော့ ချင်းအမတ် ဦးဝှေ့တင်း ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးတဲ့အပေါ် ပြစ်တင်ရှုတ်ချတဲ့ အဆိုတင်ဖို့ရှိတဲ့အတွက် ဆင်တူမေးခွန်းဖြစ်လို့ ခွင့်မပြုခဲ့တာလို့ ဆိုပါတယ်။ယင်းအဆိုကို နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒေါက်တာလှမိုး တင်သွင်းခဲ့သော အရေးကြီးအဆိုဖြစ်တဲ့ ချင်းအမတ် ဦးဝှေ့တင်း ကို ဖမ်းဆီးထားခဲ့ပြီး ပြန်မလွှတ်တဲ့အပေါ် ရှုတ်ချကြောင်း အဆိုကို ဆွေးနွေးခဲ့ကြရာမှာ မတူပီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပါထန်း က “ဦးဝှေ့တင်းသည် ပြည်သူကရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ယခုလို AA က ဖမ်းဆီးခေါ်ဆောင်ခြင်းဟာ ပြည်သူတစ်ရပ်လုံးကို မလေးစားရာ၊ စော်ကားရာ ရောက်သကဲ့သို့ ချင်းလူမျိုးနဲ့ ချင်းပြည်သူတစ်ရပ်လုံးကို မလေးစားရာ၊ စော်ကားရာ ရောက်ကြောင်း” ပြောခဲ့ပါတယ်။

ရခိုင်အမတ်ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ဦးဝှေ့တင်း ဖမ်းဆီးခံရခြင်းကိစ္စသည် လူမျိုးရေးပြဿနာမဟုတ်ဘူးလို့ ပြောခဲ့သလို “စစ်တိုက်ကြတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရဖို့အတွက် နည်းမျိုးစုံကြိုးစားကြရတာချည်း ဖြစ်ပါတယ်။တရားတယ်၊ မတရားဘူး ဆိုတာက ကိုယ့်အယူအဆနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုကြတာ” လို့လည်း ပြောခဲ့ပါတယ်။ဒါ့အပြင် “ဦးဝှေ့တင်း ကိစ္စကြောင့် လူမျိုးနှစ်မျိုးကြား အမုန်းပင်တွေပျိုးပြီး ကြီးထွားအောင် ရေလောင်းပေးကြတဲ့ လုပ်ရပ်မျိုးကို လုံးဝလက်မခံပါဘူး” လို့ ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဦးဝှေ့တင်း ဖမ်းဆီးခံရခြင်းကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ် (၈) ဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေးတင်နှင့် အပြင်ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုတဲ့ အဆိုကို စက်ခလုတ်အသုံးပြု၍ ဆောင်ရွက်ခဲ့ရာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၅၇၆) ဦးရှိရာ ထောက်ခံမဲ (၃၇၆) မဲ၊ ကန့်ကွက်မဲ (၇) မဲ၊ ကြားနေမဲ (၃) မဲ ရရှိပြီး အဆို အတည်ဖြစ်ခဲ့ပါတယ်။ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက်မဲ ၇ မဲအပေါ် လူမှုကွန်ရက်မှာ လူပြောသူပြောအများဆုံး ဖြစ်ခဲ့သလို ဘယ်သူက ဒီလိုကန့်ကွတ်ခဲ့သလဲဆိုတာ မှန်းဆမှုတွေရှိခဲ့ပါတယ်။

ဒီလိုစိတ်ဝင်စားစရာ အဆိုအပြင် ယခုရက်သတ္တပတ် လွှတ်တော်ထဲမှာ နောက်ထပ်ပွဲဆူခဲ့တဲ့ မေးခွန်းတစ်ခုက အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ မင်းကင်း ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့် က တပ်မတော်က စွန့်လွှတ်ခဲ့တဲ့ မြေတွေနဲ့ ပတ်သက်ပြီး မေးခဲ့တာပါ။မေးရာမှာ ရန်ကုန်တိုင်းအတွင်းရှိ စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းရှိ မြေများကို ရန်ကုန်တိုင်းအစိုးရက ပိုင်ရှင်များထံ ပြန်မပေးသေးသည့်အပေါ် သိလိုကြောင်းဆိုပြီး မေးခဲ့တာပါ။မေးရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ လက်ရှိအစိုးရကာလမှာ တပ်မတော်က ပြန်အပ်ထားတဲ့ မြေတစ်ဧကတောင်မှ ပိုင်ရှင်ဆီပြန်မပေးသေးပါဘူးလို့ ပြောခဲ့ပါတယ်။ဒီအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က လာရောက်ဖြေကြားခဲ့ပါတယ်။ဒီအတွက် မီဒီယာတစ်ချို့နဲ့ သတင်းဂျာနယ်တွေမှာ ဒီအကြောင်းကိစ္စအပေါ် ဖော်ပြမှုတွေ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ဒါ့အပြင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်းပြီး အပြန်အလှန်ဆွေးနွေးကြတဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။  

ယခုရက်သတ္တပတ်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကတော့ ခြေဥပြင်ဆင်ရေး သတင်းပါဘဲ။နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအပေါ် သုံးသပ်လေ့လာ ပြုစုရေးဆွဲ၍ တင်သွင်းမည့် ဥပဒေမူကြမ်းနှင့် တစ်ပြိုင်တည်းယှဉ်တွဲ၍ လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်သင့်တယ်ဆိုပြီး လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့တာပါ။

ဒီလိုတင်ပြခဲ့တဲ့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဘက်က မည်သည့်အချိန်တွင်မှ လွှတ်တော်သို့ တင်ပြလာမည်ကို မသိနိုင်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအပေါ် သုံးသပ်လေ့လာပြီး ပြုစုရေးဆွဲတင်သွင်းလာမည့် ဥပဒေမူကြမ်း တင်သွင်းချိန်မှသာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်းမဟုတ်လို့ အစီရင်ခံစာအား ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
    

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မဖြစ်မနေပြင်ဆင်ရမယ့် အနေအထားရှိနေတာကို သဘောတရားအရ လွှတ်တော်မှာ ရွေးကောက်ခံထားရတဲ့သူတွေနဲ့ အချိုးကျပါဝင်သူတွေ လက်ခံထားကြပေမယ့် အချိန်ကာလနဲ့ ပြင်ဆင်တဲ့အခန်းတွေ၊ မူဝါဒတွေနဲ့ ပတ်သက်ပြီး ကွဲပြားမှုတွေကြောင့် အကျိုးစီးပွားအပေါ် ရပ်တည်နေကြတာ၊ပြည်သူတွေရဲ့ လိုလားချက်အပေါ် ဘယ်သူကရပ်တည်မှာလဲဆိုတာပေါ် မူတည်ပြီး လာမယ့်ရွေးကောက်ပွဲမှာ အဖြေထွက်လာဖို့ရှိပါတယ်။

အဆိုပါသတင်းတွေအပြင် ယခုရက်ပိုင်းထဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်လေးမြို့နယ်မှ သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့တဲ့သတင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါ ခံစားနေရတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်မှာ လူစိတ်ဝင်စားမှုများခဲ့ပါတယ်။

တရားခံပျောက်နေတဲ့ ဗစ်တိုးရီးယားအမှု

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ အများပြည်သူ စောင့်ကြည့်ခဲ့တဲ့သတင်းက နေပြည်တော် ဗစ်တိုးရီးယားအမှု သတင်းတွေပါဘဲ။နိုဝင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက်ရုံးချိန်းမှာ ဗစ်တိုးရီးယားလေးနဲ့ တရားခံဆိုပြီး အဖမ်းခံထားရတဲ့ အောင်ကြီး ကို ဆေးစစ်ဆေးခဲ့တဲ့  မှုခင်းဆရာဝန်ကို စစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးခဲ့ရာမှာ မှုခင်းဆရာဝန်က သုတ်ပိုးစစ်ဆေးရာတွင် အောက်ခံအဖြစ် အသုံးပြုသော ပလိတ်ပြားကို CID က တောင်းယူသွားခဲ့တာကို ထွက်ဆိုခဲ့ပါတယ်။ဒီလိုထွက်ဆိုတာက ထူးခြားမှုပါ။မှုခင်းဆရာဝန်က အခြားသောလိင်အကြမ်းဖက်မှုတွေမှာ ဒီလိုအောက်ခံမှန်ပြားကို CID သို့ အခြားသောဌာနကို လွှဲပြောင်းပေးခြင်းမျိုးမရှိပဲ ဒီတစ်ကြိမ်မှသာ CID ကို ထူးထူးခြားခြား လွှဲပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ရပါတယ်။ဒါ့အပြင် စစ်ဆေးချက်အရ ကလေးငယ်ရဲ့ မိန်းမကိုယ်ထဲက အရည်ကို စစ်ဆေးရာမှာ အမျိုးသားသုတ်ပိုး တွေ့ရှိခဲ့ပြီး လိင်အကြမ်းဖက်ခံရတဲ့ အနေအထားရှိတဲ့အတွက် လိင်အကြမ်းဖက်ခံရတဲ့ အနေအထားရှိတယ်ဆိုပြီး မှုခင်းဆရာဝန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် စွပ်စွဲတရားခံ ကိုအောင်ကြီးရဲ့ အမျိုးသားအင်္ဂါကို ဓာတ်ခွဲစစ်ဆေးချက်အရ သုတ်ပိုးမတွေ့ခဲ့ရဘူးလို့ ဆိုခဲ့သလို ဆေးစာထဲမှာ ယောက်ျားလေးနှစ်ယောက်ခေါ်ပြီး သမီးလေးကို ဘောင်းဘီချွတ်ခဲ့တယ်ဆိုတဲ့ ဆေးစာထဲက မှတ်တမ်းတွေကို မဖတ်ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။ထို့ပြင် ဆေးစာပျောက်ဆုံးသွားသည်ဆို၍ ရဲစခန်းက လာရောက်တောင်း၍ မိတ္တူမှန်ကို ထုတ်ပေးခဲ့ရသကဲ့သို့ ဆေးစာပြန်တွေ့သည်ဟုဆိုကာ ပြန်လာပေးခဲ့တဲ့ ကိစ္စမျိုးလည်း ဖြစ်ခဲ့တယ်ဆိုတာကို ထွက်ဆိုခဲ့ပါတယ်။

ငါးနာရီနီးပါး ကြာမြင့်ခဲ့တဲ့ ဒီရုံးချိန်းအတွင်းမှာ မှုခင်းဆရာဝန်နဲ့ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်တို့ သက်သေနှစ်ဦးကို နှစ်ဖက်ရှေ့နေများက အပြန်အလှန်မေးခွန်းများမေးခဲ့ပြီး ဒေါ်ဥမ္မာလှိုင် ကို စစ်ဆေးရာမှာ မပြီးပြတ်သေးတဲ့အတွက် အဆိုပါ မူကြိုကျောင်းမှ ဆရာမနှစ်ဦးနဲ့အတူ ဆက်လက်စစ်ဆေးသွားဖို့ရှိတယ် ဆိုပါတယ်။ဒီရုံးချိန်းမှာ အဓိကကျတဲ့ ပစ္စည်းသက်သေဖြစ်တဲ့ Hard Disk ပျက်သွားတဲ့ CCTV မှတ်တမ်းတွေကို ပြန်ဖော်ထုတ်ဖို့  တရားလိုဘက်က လျှောက်ထားမှုကို တရားရုံးက ခွင့်ပြုခဲ့ပါတယ်။ဒီမှတ်တမ်းက အဓိကသက်သေ ဖြစ်လာနိုင်တဲ့အတွက် အရေးကြီးနေသလို တစ်ကယ်ပဲပျက်သွားတာဆိုရင် ခေတ်မီနည်းပညာအရ ပြန်လည်ဖော်ထုတ်နိုင်ပြီး အစားထိုးခဲ့တယ်ဆိုရင် သိသာမှာဖြစ်လို့ ဘာရည်ရွယ်ချက်လဲဆိုတာကိုလည်း သိနိုင်မှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ဆက်စပ်ပြီး ဖြစ်လာခဲ့တဲ့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က ရှေ့နေ ဒေါ်စုဒါလီအောင် ကို တရားစွဲဆိုထားတဲ့ အမှုမှာလည်း နိုဝင်ဘာ ၁၈ ရက်က စစ်ဆေးခဲ့တဲ့အမှုမှာ Wisdom Hill ကျောင်းမှ ဆရာမ ဒေါ်ညိုညိုအောင် နှင့် ကျောင်းဝန်ထမ်း ဒေါ်သီသီအောင် တို့ကို စစ်ဆေးခဲ့ရာမှာ ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီအမှုမှာလည်း စိတ်ဝင်စားစရာတွေ ရှိခဲ့သလို ဒီဇင်ဘာ ၂ ရက်မှာ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးကို စစ်ဆေးဖို့ရှိပြီး တရားလို ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေကတော့ ယင်းရုံးချိန်းမှာ သက်သေ ကလေး ၂ ဦး လာခြင်း၊ မလာခြင်းက ကာယကံရှင်တွေသဘောလို့ ပြောခဲ့ပါတယ်။

နေပြည်တော် ဗစ်တိုးရီးယားအမှုရဲ့ ၁၂ ကြိမ်မြောက်ရုံးချိန်းကို လာမယ့် ဒီဇင်ဘာ ၄ ရက်မှာ ပြုလုပ်ဖို့ရှိသလို ဒီရုံးချိန်းမှာ မူကြိုကျောင်းမှ ဆရာမနှစ်ဦးနဲ့အတူ ဒေါ်ဥမ္မာလှိုင် ကို စစ်ဆေးဖို့ရှိတဲ့အတွက် ဘာတွေထွက်ပေါ် လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ICJ မှာ ဖြေရှင်းဖို့ သည်ဟိဂ်အထိ အရောက်သွားမည့် ဒေါ်အောင်ဆန်းစုကြည်

ပြီးခဲ့တဲ့ရက်သတ္တပတ်က နိုင်ငံတကာနဲ့ ဒေသတွင်း သတင်းတွေမှာ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေကို ကုလသမဂ္ဂ တရားရုံးတစ်ခုက တရားစွဲတာ၊ အာဂျင်တီးနားရှိ တရားရုံးမှာ တရားစွဲခဲ့တာတွေက ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။

ဒီလိုတရားစွဲဆိုရာမှာ အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (OIC) ကိုယ်စား အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုခဲ့တာပါ။အဆိုပါ တရားစွဲဆိုချက်မှာ မြန်မာနိုင်ငံအနေနဲ့  ၁၉၄၈ ကုလသမဂ္ဂ Genocide Convention သဘောတူညီချက်ကို ၂၀၁၇ ခုနှစ်က ရခိုင်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခြင်းအားဖြင့် ချိုးဖောက်ထားတယ်ဆိုပြီး စွပ်စွဲထားခဲ့ပါတယ်။ဒီလို ဂမ်ဘီယာနိုင်ငံ၏ အမှုဖွင့်စွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ ဒီဇင်ဘာလ ၁၀ ရက်မှာ ပထမဦးဆုံး ကြားနာရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်မှ လျှောက်လဲရမှာပါ။

ဒီလို မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကိစ္စအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကိုယ်တိုင်ဦးဆောင် ဖြေရှင်းသွားမယ်ဆိုပြီး အစိုးရဘက်က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်ချက်မှာ ယင်းကိစ္စအတွက် နိုင်ငံတကာမှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးများအားလည်း ငှားရမ်းထားပြီး ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီလိုသွားရောက်ဖြေရှင်းမယ် ဆိုတဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ အတော်လေးဂယက်ရိုက်ခဲ့သလို အပြုသဘောဝေဖန်မှုတွေ၊ တာဝန်ယူမှုအတွက် အသိအမှတ်ပြုတဲ့ မှတ်ချက်တွေ ထွက်လာခဲ့ပါတယ်။ဒီလိုတရားစွဲခံရချိန်မှာ နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်တစ်ဦးကိုယ်တိုင် သွားရောက်ဖြေရှင်းတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး အာဏာရပါတီဘက်က ပြောခဲ့ရာမှာ တရားစွဲဆိုမှုအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဖြေရှင်းခြင်းက အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာနိုင်ငံ၏ အမှုဖွင့်စွပ်စွဲချက်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်နေတယ် ဆိုတဲ့အပေါ်  အခုတကယ် လတ်တလောဖြစ်နေတယ်ဆိုတာ မှန်ကန်ခြင်းမရှိပါဘူးဆိုတာကို ဖြေရှင်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။ဒါအ့ပြင် ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဘင်္ဂါလီလူမျိုးတွေကို စစ်ဆေးခြင်းမရှိဘဲ ရိုဟင်ဂျာဆိုပြီး တိုင်းရင်းသားအရေးပေးဖို့ OIC အပါအဝင် အစ္စလာမ်အဖွဲ့တွေက ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ကွက်လည်းဖြစ်တယ် ဆိုပါတယ်။

ယခုပြဿနာကို နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ နိုင်ငံတကာက ဥပဒေပညာကျွမ်းကျင်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ အဝန်းအဝိုင်းကြီးတဲ့ OIC လို အုပ်စုကို ကုလတရားရုံးမှာ ရင်ဆိုင်ရာမှာ ဘယ်လိုတွေ တုံ့ပြန်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ တခြားစိတ်ဝင်စားစရာ နိုင်ငံရေးသတင်းအချို့လည်း ရှိခဲ့ပါတယ်။ဒါက ထိုင်းနိုင်ငံမှာ ယခုရက်ထဲမှာ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် NCA လေးနှစ်ပြည့် အခမ်းအနားနှင့် JICM အစည်းအဝေး တက်ရောက်ရေး နေပြည်တော်သို့ လာရောက်မည့်ခရီးစဉ် ပျက်သွားခဲ့ရခြင်း အခြေအနေအပေါ် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ သတင်း၊ အကြီးအကဲတစ်ဦးအနေဖြင့် မပြောသင့်သောစကားများကို ပြောဆိုခဲ့လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကို အရေးယူပေးဖို့ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများက တောင်းဆိုလိုက်တဲ့ သတင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲမှာ လယ်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် ဒေသခံတောင်သူတစ်ဦးကို တံတားလုံခြုံရေးယူထားတဲ့ တပ်မတော်သားတွေက ဝိုင်းရိုက်နှက်တဲ့သတင်း၊ တပ်မတော်မှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုနေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်ကြတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ မဆုရတနာမြင့် တို့ကို ရုံးထုတ်စစ်ဆေးခဲ့တဲ့သတင်း၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းခဲ့မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံထားရသော ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော် ကို ချုပ်ရမန်ရယူခဲ့တဲ့ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာကို တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
နို၀င်ဘာ - ၂၂

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲ အမ်ားျပည္သူ သတိထားစရာ သတင္းသုံးခုရွိခဲ့ပါတယ္။သည္ဟိဂ္မွာ ICJ  က တရားစြဲဆိုမယ့္ အေရးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ ဦးေဆာင္ ထုေခ်ရွင္းလင္းမယ့္ သတင္းရယ္၊ ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈမွာ က်ဴးလြန္သူတရားခံကို ေဖာ္ထုတ္ႏိုင္ဖို႔ နီးကပ္လာခ်ိန္မွာ ထူးျခားခ်က္ေတြ ေတြ႕လာရတဲ့ သတင္းေတြနဲ႔ လႊတ္ေတာ္ထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အေျခအတင္ျဖစ္ခဲ့တဲ့ သတင္းေတြက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတိထားစရာ သတင္းေတြျဖစ္ခဲ့ပါတယ္။

ေျခဥျပင္ဆင္ေရးအတြက္ ပိုျပင္းထန္လာတဲ့ လႊတ္ေတာ္

ယခုရက္သတၱပတ္အတြင္း က်င္းပခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးမွာ အတိုက္အခံပါတီနဲ႔ အာဏာရပါတီၾကား အားၿပိဳင္မႈေတြ၊ အေျခခံဥပေဒ ျပဳျပင္ေရးအတြက္ အျငင္းအခုံတိုက္ပြဲေတြနဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕အေပၚ ျပစ္တင္ရႈတ္ခ်တဲ့ သတင္းေတြက အမ်ားျပည္သူၾကား ေစာင့္ၾကည့္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ ဒီအပတ္ထဲမွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က တင္ခဲ့တဲ့ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တြင္ ျဖစ္ပြားေနသည့္ လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားကို ထိထိေရာက္ေရာက္ ကာကြယ္ရန္ အေရးႀကီးအဆိုကို ျပည္ေထာင္စုလႊတ္ေတာ္က ခြင့္မျပဳခဲ့တာျဖစ္ပါတယ္။ယင္းအဆိုကို ႏိုဝင္ဘာ ၁၄ ရက္က ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းခဲ့တာလို႔ ျပည္ခိုင္ၿဖိဳးအမတ္ ဦးေသာင္းေအး က မီဒီယာေတြကိုေျပာခဲ့ပါတယ္။

လႊတ္ေတာ္ကေတာ့ ခ်င္းအမတ္ ဦးေဝွ႔တင္း ကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ဖမ္းဆီးတဲ့အေပၚ ျပစ္တင္ရႈတ္ခ်တဲ့ အဆိုတင္ဖို႔ရွိတဲ့အတြက္ ဆင္တူေမးခြန္းျဖစ္လို႔ ခြင့္မျပဳခဲ့တာလို႔ ဆိုပါတယ္။ယင္းအဆိုကို ႏိုဝင္ဘာ ၁၄ ရက္က ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းခဲ့တာျဖစ္ပါတယ္။ႏိုဝင္ဘာ ၁၈ ရက္က ျပဳလုပ္ခဲ့ေသာ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေဒါက္တာလွမိုး တင္သြင္းခဲ့ေသာ အေရးႀကီးအဆိုျဖစ္တဲ့ ခ်င္းအမတ္ ဦးေဝွ႔တင္း ကို ဖမ္းဆီးထားခဲ့ၿပီး ျပန္မလႊတ္တဲ့အေပၚ ရႈတ္ခ်ေၾကာင္း အဆိုကို ေဆြးေႏြးခဲ့ၾကရာမွာ မတူပီမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးပါထန္း က “ဦးေဝွ႔တင္းသည္ ျပည္သူကေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္တဲ့အတြက္ ယခုလို AA က ဖမ္းဆီးေခၚေဆာင္ျခင္းဟာ ျပည္သူတစ္ရပ္လုံးကို မေလးစားရာ၊ ေစာ္ကားရာ ေရာက္သကဲ့သို႔ ခ်င္းလူမ်ိဳးနဲ႔ ခ်င္းျပည္သူတစ္ရပ္လုံးကို မေလးစားရာ၊ ေစာ္ကားရာ ေရာက္ေၾကာင္း” ေျပာခဲ့ပါတယ္။

ရခိုင္အမတ္ျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ ရေသ့ေတာင္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ဦးေဝွ႔တင္း ဖမ္းဆီးခံရျခင္းကိစၥသည္ လူမ်ိဳးေရးျပႆနာမဟုတ္ဘူးလို႔ ေျပာခဲ့သလို “စစ္တိုက္ၾကတဲ့အခါ တစ္ဖက္နဲ႔ တစ္ဖက္ အႏိုင္ရဖို႔အတြက္ နည္းမ်ိဳးစုံႀကိဳးစားၾကရတာခ်ည္း ျဖစ္ပါတယ္။တရားတယ္၊ မတရားဘူး ဆိုတာက ကိုယ့္အယူအဆနဲ႔ကိုယ္ အဓိပၸာယ္ဖြင့္ဆိုၾကတာ” လို႔လည္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ “ဦးေဝွ႔တင္း ကိစၥေၾကာင့္ လူမ်ိဳးႏွစ္မ်ိဳးၾကား အမုန္းပင္ေတြပ်ိဳးၿပီး ႀကီးထြားေအာင္ ေရေလာင္းေပးၾကတဲ့ လုပ္ရပ္မ်ိဳးကို လုံးဝလက္မခံပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဦးေဝွ႔တင္း ဖမ္းဆီးခံရျခင္းကိစၥအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ (၈) ဦးတို႔က အျပန္အလွန္ေဆြးေႏြးခဲ့ၿပီးေနာက္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ဖမ္းဆီးထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွးတင္ႏွင့္ အျပင္ဝန္ထမ္းမ်ား၊ အရပ္သားမ်ားကို ဖမ္းဆီးျခင္းမွ လုံၿခဳံစိတ္ခ် အႏၲရာယ္ကင္းရွင္းစြာ ခြၽင္းခ်က္မရွိ အျမန္ဆုံးျပန္လည္လႊတ္ေပးရန္ ေတာင္းဆိုတဲ့ အဆိုကို စက္ခလုတ္အသုံးျပဳ၍ ေဆာင္႐ြက္ခဲ့ရာမွာ ဆႏၵမဲေပးခြင့္ရွိသူေပါင္း (၅၇၆) ဦးရွိရာ ေထာက္ခံမဲ (၃၇၆) မဲ၊ ကန္႔ကြက္မဲ (၇) မဲ၊ ၾကားေနမဲ (၃) မဲ ရရွိၿပီး အဆို အတည္ျဖစ္ခဲ့ပါတယ္။ဒီအဆိုနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္မဲ ၇ မဲအေပၚ လူမႈကြန္ရက္မွာ လူေျပာသူေျပာအမ်ားဆုံး ျဖစ္ခဲ့သလို ဘယ္သူက ဒီလိုကန႔္ကြတ္ခဲ့သလဲဆိုတာ မွန္းဆမႈေတြရွိခဲ့ပါတယ္။

ဒီလိုစိတ္ဝင္စားစရာ အဆိုအျပင္ ယခုရက္သတၱပတ္ လႊတ္ေတာ္ထဲမွာ ေနာက္ထပ္ပြဲဆူခဲ့တဲ့ ေမးခြန္းတစ္ခုက အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီဘက္ကေန မင္းကင္း ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေမာင္ျမင့္ က တပ္မေတာ္က စြန႔္လႊတ္ခဲ့တဲ့ ေျမေတြနဲ႔ ပတ္သက္ၿပီး ေမးခဲ့တာပါ။ေမးရာမွာ ရန္ကုန္တိုင္းအတြင္းရွိ စမ္းႀကီးဝႏွင့္ ေထာက္ႀကံ့ကြင္းရွိ ေျမမ်ားကို ရန္ကုန္တိုင္းအစိုးရက ပိုင္ရွင္မ်ားထံ ျပန္မေပးေသးသည့္အေပၚ သိလိုေၾကာင္းဆိုၿပီး ေမးခဲ့တာပါ။ေမးရာမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေနနဲ႔ လက္ရွိအစိုးရကာလမွာ တပ္မေတာ္က ျပန္အပ္ထားတဲ့ ေျမတစ္ဧကေတာင္မွ ပိုင္ရွင္ဆီျပန္မေပးေသးပါဘူးလို႔ ေျပာခဲ့ပါတယ္။ဒီအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္ျမင့္ က လာေရာက္ေျဖၾကားခဲ့ပါတယ္။ဒီအတြက္ မီဒီယာတစ္ခ်ိဳ႕နဲ႔ သတင္းဂ်ာနယ္ေတြမွာ ဒီအေၾကာင္းကိစၥအေပၚ ေဖာ္ျပမႈေတြ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ဒါ့အျပင္ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို ပူးေပါင္း၍ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္သတ္မွတ္ ဖြဲ႕စည္းေရးကိစၥႏွင့္ စပ္လ်ဥ္းၿပီး အျပန္အလွန္ေဆြးေႏြးၾကတဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။  

ယခုရက္သတၱပတ္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းတစ္ခုကေတာ့ ေျခဥျပင္ဆင္ေရး သတင္းပါဘဲ။ႏိုဝင္ဘာ ၂၀ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦးက လက္မွတ္ေရးထိုး တင္ျပလာေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကို ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက တင္သြင္းမယ့္ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခုလုံးအေပၚ သုံးသပ္ေလ့လာ ျပဳစုေရးဆြဲ၍ တင္သြင္းမည့္ ဥပေဒမူၾကမ္းႏွင့္ တစ္ၿပိဳင္တည္းယွဥ္တြဲ၍ လႊတ္ေတာ္သို႔ တင္သြင္းႏိုင္ေရး ေဆာင္႐ြက္သင့္တယ္ဆိုၿပီး ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီက တင္ျပခဲ့တာပါ။

ဒီလိုတင္ျပခဲ့တဲ့အတြက္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ဘက္က မည္သည့္အခ်ိန္တြင္မွ လႊတ္ေတာ္သို႔ တင္ျပလာမည္ကို မသိႏိုင္ေသးသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခုလုံးအေပၚ သုံးသပ္ေလ့လာၿပီး ျပဳစုေရးဆြဲတင္သြင္းလာမည့္ ဥပေဒမူၾကမ္း တင္သြင္းခ်ိန္မွသာ ဆက္လက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး အခန္း (၁၂) ပါ ျပ႒ာန္းခ်က္မ်ားအတိုင္း ေဆာင္႐ြက္ျခင္းမဟုတ္လို႔ အစီရင္ခံစာအား ကန႔္ကြက္ေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။
    

အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး မျဖစ္မေနျပင္ဆင္ရမယ့္ အေနအထားရွိေနတာကို သေဘာတရားအရ လႊတ္ေတာ္မွာ ေ႐ြးေကာက္ခံထားရတဲ့သူေတြနဲ႔ အခ်ိဳးက်ပါဝင္သူေတြ လက္ခံထားၾကေပမယ့္ အခ်ိန္ကာလနဲ႔ ျပင္ဆင္တဲ့အခန္းေတြ၊ မူဝါဒေတြနဲ႔ ပတ္သက္ၿပီး ကြဲျပားမႈေတြေၾကာင့္ အက်ိဳးစီးပြားအေပၚ ရပ္တည္ေနၾကတာ၊ျပည္သူေတြရဲ႕ လိုလားခ်က္အေပၚ ဘယ္သူကရပ္တည္မွာလဲဆိုတာေပၚ မူတည္ၿပီး လာမယ့္ေ႐ြးေကာက္ပြဲမွာ အေျဖထြက္လာဖို႔ရွိပါတယ္။

အဆိုပါသတင္းေတြအျပင္ ယခုရက္ပိုင္းထဲမွာ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွ သိမ္းဆည္းခံေျမမ်ားအတြက္ လယ္သမား ၉၀၀ ေက်ာ္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ ကန႔္ကြက္လႊာ တင္သြင္းခဲ့တဲ့သတင္း၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာေရာဂါ ခံစားေနရတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္မွာ လူစိတ္ဝင္စားမႈမ်ားခဲ့ပါတယ္။

တရားခံေပ်ာက္ေနတဲ့ ဗစ္တိုးရီးယားအမႈ

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ အမ်ားျပည္သူ ေစာင့္ၾကည့္ခဲ့တဲ့သတင္းက ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈ သတင္းေတြပါဘဲ။ႏိုဝင္ဘာ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့ ၁၁ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ ဗစ္တိုးရီးယားေလးနဲ႔ တရားခံဆိုၿပီး အဖမ္းခံထားရတဲ့ ေအာင္ႀကီး ကို ေဆးစစ္ေဆးခဲ့တဲ့  မႈခင္းဆရာဝန္ကို စစ္ေဆးခဲ့ပါတယ္။

ဒီလိုစစ္ေဆးခဲ့ရာမွာ မႈခင္းဆရာဝန္က သုတ္ပိုးစစ္ေဆးရာတြင္ ေအာက္ခံအျဖစ္ အသုံးျပဳေသာ ပလိတ္ျပားကို CID က ေတာင္းယူသြားခဲ့တာကို ထြက္ဆိုခဲ့ပါတယ္။ဒီလိုထြက္ဆိုတာက ထူးျခားမႈပါ။မႈခင္းဆရာဝန္က အျခားေသာလိင္အၾကမ္းဖက္မႈေတြမွာ ဒီလိုေအာက္ခံမွန္ျပားကို CID သို႔ အျခားေသာဌာနကို လႊဲေျပာင္းေပးျခင္းမ်ိဳးမရွိပဲ ဒီတစ္ႀကိမ္မွသာ CID ကို ထူးထူးျခားျခား လႊဲေပးခဲ့ရတယ္လို႔ ထြက္ဆိုခဲ့ရပါတယ္။ဒါ့အျပင္ စစ္ေဆးခ်က္အရ ကေလးငယ္ရဲ႕ မိန္းမကိုယ္ထဲက အရည္ကို စစ္ေဆးရာမွာ အမ်ိဳးသားသုတ္ပိုး ေတြ႕ရွိခဲ့ၿပီး လိင္အၾကမ္းဖက္ခံရတဲ့ အေနအထားရွိတဲ့အတြက္ လိင္အၾကမ္းဖက္ခံရတဲ့ အေနအထားရွိတယ္ဆိုၿပီး မႈခင္းဆရာဝန္က ေျပာခဲ့ပါတယ္။

ဒါ့အျပင္ စြပ္စြဲတရားခံ ကိုေအာင္ႀကီးရဲ႕ အမ်ိဳးသားအဂၤါကို ဓာတ္ခြဲစစ္ေဆးခ်က္အရ သုတ္ပိုးမေတြ႕ခဲ့ရဘူးလို႔ ဆိုခဲ့သလို ေဆးစာထဲမွာ ေယာက္်ားေလးႏွစ္ေယာက္ေခၚၿပီး သမီးေလးကို ေဘာင္းဘီခြၽတ္ခဲ့တယ္ဆိုတဲ့ ေဆးစာထဲက မွတ္တမ္းေတြကို မဖတ္ခဲ့ရဘူးလို႔ ဆိုခဲ့ပါတယ္။ထို႔ျပင္ ေဆးစာေပ်ာက္ဆုံးသြားသည္ဆို၍ ရဲစခန္းက လာေရာက္ေတာင္း၍ မိတၱဴမွန္ကို ထုတ္ေပးခဲ့ရသကဲ့သို႔ ေဆးစာျပန္ေတြ႕သည္ဟုဆိုကာ ျပန္လာေပးခဲ့တဲ့ ကိစၥမ်ိဳးလည္း ျဖစ္ခဲ့တယ္ဆိုတာကို ထြက္ဆိုခဲ့ပါတယ္။

ငါးနာရီနီးပါး ၾကာျမင့္ခဲ့တဲ့ ဒီ႐ုံးခ်ိန္းအတြင္းမွာ မႈခင္းဆရာဝန္နဲ႔ Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္တို႔ သက္ေသႏွစ္ဦးကို ႏွစ္ဖက္ေရွ႕ေနမ်ားက အျပန္အလွန္ေမးခြန္းမ်ားေမးခဲ့ၿပီး ေဒၚဥမၼာလႈိင္ ကို စစ္ေဆးရာမွာ မၿပီးျပတ္ေသးတဲ့အတြက္ အဆိုပါ မူႀကိဳေက်ာင္းမွ ဆရာမႏွစ္ဦးနဲ႔အတူ ဆက္လက္စစ္ေဆးသြားဖို႔ရွိတယ္ ဆိုပါတယ္။ဒီ႐ုံးခ်ိန္းမွာ အဓိကက်တဲ့ ပစၥည္းသက္ေသျဖစ္တဲ့ Hard Disk ပ်က္သြားတဲ့ CCTV မွတ္တမ္းေတြကို ျပန္ေဖာ္ထုတ္ဖို႔  တရားလိုဘက္က ေလွ်ာက္ထားမႈကို တရား႐ုံးက ခြင့္ျပဳခဲ့ပါတယ္။ဒီမွတ္တမ္းက အဓိကသက္ေသ ျဖစ္လာႏိုင္တဲ့အတြက္ အေရးႀကီးေနသလို တစ္ကယ္ပဲပ်က္သြားတာဆိုရင္ ေခတ္မီနည္းပညာအရ ျပန္လည္ေဖာ္ထုတ္ႏိုင္ၿပီး အစားထိုးခဲ့တယ္ဆိုရင္ သိသာမွာျဖစ္လို႔ ဘာရည္႐ြယ္ခ်က္လဲဆိုတာကိုလည္း သိႏိုင္မွာျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈနဲ႔ ဆက္စပ္ၿပီး ျဖစ္လာခဲ့တဲ့ Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ က ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို တရားစြဲဆိုထားတဲ့ အမႈမွာလည္း ႏိုဝင္ဘာ ၁၈ ရက္က စစ္ေဆးခဲ့တဲ့အမႈမွာ Wisdom Hill ေက်ာင္းမွ ဆရာမ ေဒၚညိဳညိဳေအာင္ ႏွင့္ ေက်ာင္းဝန္ထမ္း ေဒၚသီသီေအာင္ တို႔ကို စစ္ေဆးခဲ့ရာမွာ ကြဲလြဲမႈေတြ ရွိခဲ့ပါတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီအမႈမွာလည္း စိတ္ဝင္စားစရာေတြ ရွိခဲ့သလို ဒီဇင္ဘာ ၂ ရက္မွာ Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလႈိင္၏ သားႏွစ္ဦးကို စစ္ေဆးဖို႔ရွိၿပီး တရားလို ေဒၚဥမၼာလႈိင္ရဲ႕ ေရွ႕ေနကေတာ့ ယင္း႐ုံးခ်ိန္းမွာ သက္ေသ ကေလး ၂ ဦး လာျခင္း၊ မလာျခင္းက ကာယကံရွင္ေတြသေဘာလို႔ ေျပာခဲ့ပါတယ္။

ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈရဲ႕ ၁၂ ႀကိမ္ေျမာက္႐ုံးခ်ိန္းကို လာမယ့္ ဒီဇင္ဘာ ၄ ရက္မွာ ျပဳလုပ္ဖို႔ရွိသလို ဒီ႐ုံးခ်ိန္းမွာ မူႀကိဳေက်ာင္းမွ ဆရာမႏွစ္ဦးနဲ႔အတူ ေဒၚဥမၼာလႈိင္ ကို စစ္ေဆးဖို႔ရွိတဲ့အတြက္ ဘာေတြထြက္ေပၚ လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ICJ မွာ ေျဖရွင္းဖို႔ သည္ဟိဂ္အထိ အေရာက္သြားမည့္ ေဒၚေအာင္ဆန္းစုၾကည္

ၿပီးခဲ့တဲ့ရက္သတၱပတ္က ႏိုင္ငံတကာနဲ႔ ေဒသတြင္း သတင္းေတြမွာ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီေတြကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံက ထိပ္တန္းေခါင္းေဆာင္ေတြကို ကုလသမဂၢ တရား႐ုံးတစ္ခုက တရားစြဲတာ၊ အာဂ်င္တီးနားရွိ တရား႐ုံးမွာ တရားစြဲခဲ့တာေတြက ထိပ္တန္းသတင္းျဖစ္ခဲ့ပါတယ္။

ဒီလိုတရားစြဲဆိုရာမွာ အဖြဲ႕ဝင္ ၅၇ ႏိုင္ငံပါ အစၥလမၼစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕  (OIC) ကိုယ္စား အေနာက္အာဖရိကႏိုင္ငံ ဂမ္ဘီယာက ျမန္မာကို အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ တရားစြဲဆိုခဲ့တာပါ။အဆိုပါ တရားစြဲဆိုခ်က္မွာ ျမန္မာႏိုင္ငံအေနနဲ႔  ၁၉၄၈ ကုလသမဂၢ Genocide Convention သေဘာတူညီခ်က္ကို ၂၀၁၇ ခုႏွစ္က ရခိုင္တြင္ စစ္တပ္၏ နယ္ေျမရွင္းလင္းမႈ လုပ္ေဆာင္ျခင္းအားျဖင့္ ခ်ိဳးေဖာက္ထားတယ္ဆိုၿပီး စြပ္စြဲထားခဲ့ပါတယ္။ဒီလို ဂမ္ဘီယာႏိုင္ငံ၏ အမႈဖြင့္စြပ္စြဲခ်က္ကို နယ္သာလန္ႏိုင္ငံ သည္ဟိဂ္မွာ ဒီဇင္ဘာလ ၁၀ ရက္မွာ ပထမဦးဆုံး ၾကားနာရမွာျဖစ္ၿပီး ဒီဇင္ဘာ ၁၁ ရက္မွာ တရားစြဲခံရတဲ့ ျမန္မာႏိုင္ငံဘက္မွ ေလွ်ာက္လဲရမွာပါ။

ဒီလို ျမန္မာႏိုင္ငံအေပၚ တရားစြဲဆိုမႈကိစၥအတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအေနနဲ႔ ကိုယ္တိုင္ဦးေဆာင္ ေျဖရွင္းသြားမယ္ဆိုၿပီး အစိုးရဘက္က ႏိုဝင္ဘာ ၂၀ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္ခ်က္မွာ ယင္းကိစၥအတြက္ ႏိုင္ငံတကာမွ ကြၽမ္းက်င္တဲ့ ဥပေဒပညာရွင္ ေရွ႕ေနႀကီးမ်ားအားလည္း ငွားရမ္းထားၿပီး ျဖစ္ေၾကာင္းကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဒီလိုသြားေရာက္ေျဖရွင္းမယ္ ဆိုတဲ့အတြက္ ျပည္တြင္းနဲ႔ ႏိုင္ငံတကာမွာ အေတာ္ေလးဂယက္႐ိုက္ခဲ့သလို အျပဳသေဘာေဝဖန္မႈေတြ၊ တာဝန္ယူမႈအတြက္ အသိအမွတ္ျပဳတဲ့ မွတ္ခ်က္ေတြ ထြက္လာခဲ့ပါတယ္။ဒီလိုတရားစြဲခံရခ်ိန္မွာ ႏိုင္ငံေတာ္ ထိပ္တန္းေခါင္းေဆာင္တစ္ဦးကိုယ္တိုင္ သြားေရာက္ေျဖရွင္းတဲ့အတြက္ စိုးရိမ္ပူပန္မႈနဲ႔ ပတ္သက္ၿပီး အာဏာရပါတီဘက္က ေျပာခဲ့ရာမွာ တရားစြဲဆိုမႈအေပၚ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ေျဖရွင္းျခင္းက အထိေရာက္ဆုံးနည္းလမ္း ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာႏိုင္ငံ၏ အမႈဖြင့္စြပ္စြဲခ်က္ျဖစ္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ ဆက္လက္ျဖစ္ေနတယ္ ဆိုတဲ့အေပၚ  အခုတကယ္ လတ္တေလာျဖစ္ေနတယ္ဆိုတာ မွန္ကန္ျခင္းမရွိပါဘူးဆိုတာကို ေျဖရွင္းႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ဒါအ့ျပင္ ဒီျပႆနာဟာ ဘဂၤလားေဒ့ရွ္ဘက္ေရာက္ေနတဲ့ ဘဂၤါလီလူမ်ိဳးေတြကို စစ္ေဆးျခင္းမရွိဘဲ ႐ိုဟင္ဂ်ာဆိုၿပီး တိုင္းရင္းသားအေရးေပးဖို႔ OIC အပါအဝင္ အစၥလာမ္အဖြဲ႕ေတြက ႀကိဳတင္ျပင္ဆင္ထားတဲ့ လုပ္ကြက္လည္းျဖစ္တယ္ ဆိုပါတယ္။

ယခုျပႆနာကို ႏိုင္ငံေတာ္အတိုင္ပင္ခံအေနနဲ႔ ႏိုင္ငံတကာက ဥပေဒပညာကြၽမ္းက်င္သူေတြ၊ ေငြေၾကးေထာက္ပံ့သူေတြနဲ႔ အဝန္းအဝိုင္းႀကီးတဲ့ OIC လို အုပ္စုကို ကုလတရား႐ုံးမွာ ရင္ဆိုင္ရာမွာ ဘယ္လိုေတြ တုံ႔ျပန္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ တျခားစိတ္ဝင္စားစရာ ႏိုင္ငံေရးသတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ဒါက ထိုင္းႏိုင္ငံမွာ ယခုရက္ထဲမွာ RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ NCA ေလးႏွစ္ျပည့္ အခမ္းအနားႏွင့္ JICM အစည္းအေဝး တက္ေရာက္ေရး ေနျပည္ေတာ္သို႔ လာေရာက္မည့္ခရီးစဥ္ ပ်က္သြားခဲ့ရျခင္း အေျခအေနအေပၚ အစိုးရကိုယ္စားလွယ္အဖြဲ႕ႏွင့္ RCSS ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတဲ့ သတင္း၊ အႀကီးအကဲတစ္ဦးအေနျဖင့္ မေျပာသင့္ေသာစကားမ်ားကို ေျပာဆိုခဲ့လို႔ အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း ကို အေရးယူေပးဖို႔ ပညာေရးတကၠသိုလ္၊ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ားက ေတာင္းဆိုလိုက္တဲ့ သတင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္ထဲမွာ လယ္ယာလုပ္ငန္းခြင္မွ ျပန္လာသည့္ ေဒသခံေတာင္သူတစ္ဦးကို တံတားလုံၿခဳံေရးယူထားတဲ့ တပ္မေတာ္သားေတြက ဝိုင္း႐ိုက္ႏွက္တဲ့သတင္း၊ တပ္မေတာ္မွ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ တရားစြဲဆိုေနတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း (ခ) ဒီေရ၊ မဆုရတနာျမင့္ တို႔ကို ႐ုံးထုတ္စစ္ေဆးခဲ့တဲ့သတင္း၊ ျပည္တြင္းစစ္ ၿငိမ္းခ်မ္းေရးအတြက္ ဖေယာင္းတိုင္မီးထြန္းခဲ့မႈေၾကာင့္ ၿငိမ္းခ်မ္းစြာစုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ခြင့္ဆိုင္ရာ ဥပေဒပုဒ္မ ၁၉ ျဖင့္ ဖမ္းဆီးခံထားရေသာ ဗကသအဖြဲ႕ဝင္ေဟာင္း ကိုရဲရင့္ေက်ာ္ ကို ခ်ဳပ္ရမန္ရယူခဲ့တဲ့ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာကို တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏို၀င္ဘာ - ၂၂