【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နဲ့ ချောက်ထဲတွန်းချမယ့်သူတွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နဲ့ ချောက်ထဲတွန်းချမယ့်သူတွေ

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ ကိုဗစ်ဒုတိယလှိုင်းကို အပြင်းအထန်ခုခံနေရတဲ့ ရန်ကုန်သတင်းတွေနဲ့ မဲဆွယ်ရာမှာ ကျွဲကျောင်းသားတွေနဲ့ ရိုက်ပွဲဖြစ်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ နေပြည်တော်က သတင်းတွေ၊ နေပြည်တော် ရွေး/ကော်ဥက္ကဋ္ဌ နေအိမ်ကို ဗုံးနဲ့ပစ်တဲ့သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေပါ။ဒီသတင်းအပြင် တခြားသတင်းတွေထဲမှာဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်သတင်းတွေ၊ မြ၀တီမှာဖြစ်နေတဲ့ ကားအဝင်အထွက်သတင်းတွေကလည်း ပြည်တွင်းသတင်းကို စိတ်ဝင်တစားစောင့်ဖတ်နေသူတွေအတွက် သတိထားစရာဖြစ်ခဲ့ပါတယ်။

ဒီထဲက ပထမဆုံး ကိုဗစ်ဒုတိယလှိုင်းကို ခုခံကာကွယ်နေရတဲ့ ရန်ကုန်သတင်းကို ပထမဆုံး တင်ပြသုံးသပ်ချင်ပါတယ်။

အတ္တကြီးသူတွေကြောင့် ကိုဗစ်ဒုတိယလှိုင်းကို အားတင်းခံနေရတဲ့ ရန်ကုန်

ရခိုင်ပြည်နယ်ကနေတစ်ဆင့် ပြန်လည်ကူးစက်လာတယ်လို့ယူဆရတဲ့ ကိုဗစ်ဒုတိယလှိုင်းက ရန်ကုန်မှာ ယခုအခါဆို ရက်တစ်ရက်ကို ကူးစက်ခံရသူ ၅၀၀ နီးပါးထိ ထိုးတက်လာခဲ့နေပြီဖြစ်ပါတယ်။ယခု ကိုဗစ်ဗိုင်းရပ်စ်က ပထမဗိုင်းရပ်စ်ထက်ပိုပြီး လူအသေအပျောက်များသလို ကူးစက်မှုနူန်းကလည်း မြန်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ယခုကူးစက်နူန်းမြန်နေတဲ့ COVID-19 ရောဂါပိုးက ပိုးရှိသူရဲ့ အသက်ရှူထုတ်ခြင်းကနေ ရောဂါပိုးဟာ ၅ ပေ၊ ချောင်းဆိုးခြင်းကနေ ၆ ပေခွဲကျော်၊ နှာချေခြင်းကနေ ၁၉ ပေခွဲကျော်အထိ ရောက်ရှိနိုင်တယ်လို့ဆိုထားတဲ့အတွက် ဒါဟာ ကြောက်စရာလန့်စရာ အခြေအနေပါ။

ဒါ့အပြင် အမြင်အားဖြင့် နေကောင်းကျန်းမာစွာဖြင့် ရောဂါလက္ခဏာများ တစ်စုံတစ်ရာမပြသူများမှာ ၇၀ ရာခိုင်နှုန်းအထက်တွင် ရှိနေနိုင်တယ်လို့ဆိုတဲ့အတွက် အသံတိတ် ရောဂါသယ်ဆောင်သူတွေ၊ ပိုးကူးစက်ခံရသူတွေ ဘယ်လောက်ထိရှိနေပြီလဲဆိုတာ မတွေးဝံ့စရာပါ။ပြီးခဲ့တဲ့ ဩဂုတ်လလယ်လောက်က စတင်ခဲ့တဲ့ ကိုဗစ်ရောဂါဒုတိယလှိုင်းကြောင့် သေဆုံးသူက တစ်လကျော်အတွင်း ရန်ကုန်မှတင် ကူးစက်ခံရသူ ၄၀၀၀ ကျော်၊ သေဆုံးသူ ၉၀ နီးပါးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ ကြောက်စရာလန့်စရာ အနေအထားပါ။အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်ကို မလိုက်နာဘဲ တာဝန်မဲ့ပြီး အတ္တကြီး ကိုယ်ကျိုးစီးပွားရှာခဲ့တဲ့သူတွေ၊ ကြီးကြပ်ဖော်ထုတ်ရမယ်သူတွေကိုယ်တိုင် တာဝန်မဲ့ကိုယ်ကျိုးရှာခဲ့မှုတွေက ယခုလောက်ထိ ကူးစက်မှုကမြန်ဆန်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်ဖြစ်လာခဲ့ချိန်မှာ ရခိုင်ကနေ ရန်ကုန်ကိုပြန်လာခဲ့တဲ့ ခရီးသွား ၅၀၀၀ ကျော်အနက် ထက်ဝက်က ယခုထိမဆက်သွယ်ဘဲ ပုန်းရှောင်နေတာက ရောဂါကူးစက်ပြန့်ပွားမှုရဲ့ အဓိကလက်သည်ပါဘဲ။ယခုထိ ကူးစက်မှုတွေ တရိပ်ရိပ်တိုးနေတဲ့ ရန်ကုန်က သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ အင်းစိန် စတဲ့နေရာတွေဟာ ပြည်နယ်တိုင်းဒေသတွေကနေ လာရောက်အခြေချသူတွေ အများဆုံးနေကြတဲ့ မြို့နယ်တွေပါ။ကိုဗစ်ဒုတိယလှိုင်းမှာ နာမည်ကြီးခဲ့တဲ့ သင်္ဃန်းကျွန်းဆိုရင် ကေတီဗွီတွဲထားတဲ့ ပိုင်ရှင်မပေါ်သေးတဲ့ စားသောက်ဆိုင်ကြောင့် ကူးစက်ခံရသူက တစ်ရာကျော်နေခဲ့သလို တခြားမှာဆိုရင် ဒီလိုအတ္တကြီးတဲ့သူတွေ စည်းကမ်းမဲ့စွာနေထိုင်ကြတဲ့ စားသောက်ဆိုင်နဲ့ ဆေးရုံတချို့ကြောင့် ကူးစက်ခံရမှုက ကြောက်စရာလန့်စရာပါ။  

ပိုးတွေ့ရှိသူအရေအတွက်ရဲ့ အနည်းဆုံး အဆ ၂၀ ကျော်လောက်ရှိနိုင်တဲ့ နီးစပ်ထိတွေ့သူတွေကို သက်ဆိုင်ရာက ကွာရင်တိုင်းဝင်ဖို့ လိုက်ခေါ်တာ၊ ကွာရင်တိုင်းစင်တာတွေ မလောက်မငဖြစ်တာ စတဲ့သတင်းတွေက ရန်ကုန်ဟာ ကိုဗစ်ဒုတိယလှိုင်းကို အပြင်းအထန်တိုက်ပွဲဝင်နေရတာကို ပေါ်လွင်စေခဲ့ပါတယ်။စာရင်းအရ ၇ သန်းဆိုပေမယ့် ခန့်မှန်းခြေစာရင်းအရ ၁၁ သန်းရှိတဲ့ မဂ္ဂါစီးတီးထဲဝင်နေတဲ့ ရန်ကုန်အတွက် ကိုဗစ်ဒုတိယလှိုင်း အရေအတွက်က   ဒီပမာဏက တခြားသောနိုင်ငံတွေက ကူးစက်ခံရတဲ့မြို့တွေနဲ့ယှဉ်ရင် သိပ်သိသာတဲ့အနေအထား မရောက်သေးပါဘူး။ဒါကြောင့်လည်း နေရာတိုင်းမှာ ရပ်ကွက်အလိုက် ထိန်းချုပ်လုပ်ကိုင်သူတွေကိုယ်တိုင် ဗိုင်းရပ်စ်က သူတို့ဆိုမကူးနိုင်ဘူးဆိုတဲ့ စိတ်အခံလေးတွေနဲ့ ဖြတ်သန်းနေကြတာကို တွေ့ရပါတယ်။

စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက Video Conferencing နဲ့ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူများအကြား ငုပ်လျှိုးနေသည့် ရောဂါပိုးရှိသူများအား စနစ်တကျ အမြန်ဆုံးဦးစားပေးအဖြစ် ဖော်ထုတ်ကြဖို့ တစ်ရက်နောက်ကျလျှင် နောက်ကျသလောက် ကူးစက်ဖြစ်ပွားမှု များပြားလျှင်မြန်သွားမယ်လို့ သတိပေးခဲ့သလို လိုအပ်နေတဲ့ ကုသရေးဆေးရုံတွေအတွက် ပုဂ္ဂလိကဆေးရုံတွေကို ကိုဗစ်ကုသရေးဆေးရုံတွေအဖြစ်လက်ခံဖို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။ဒီထဲမှာ ရန်ကုန်က နာမည်ကြီးဆေးရုံတွေဖြစ်တဲ့ ဗဟိုစည်ဆေးရုံနဲ့ ရွှေလမင်းဆေးရုံကို ကိုဗစ် ၁၉ ကူးစက်မှုကြောင့် လော့ခ်ဒေါင်းချထားခဲ့ရသလို ဗဟိုစည်ဆေးရုံက ဝန်ထမ်းသူနာပြုတစ်ဦး ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။ရန်ကုန်ကူးစက်မှုက များလွန်းတဲ့အတွက် ရန်ကုန်မှာနေတဲ့ ဒေသခံတွေက ရန်ကုန်ကို လော့ခ်ဒေါင်းချဖို့ တိုက်တွန်းမှုတွေရှိခဲ့လာပေမယ့် အာဏာပိုင်တွေအနေနဲ့ ကိုဗစ်ပထမလှိုင်းတုန်းက Stay Home ကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကိုတောင် ပြန်လည်မကုစားနိုင်သလို နိုင်ငံအတွက်အရေးကြီးတဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလ နီးကပ်နေတဲ့အတွက်လည်း လော့ခ်ဒေါင်းချတာထက်စာရင် ဒီထက်ပိုသင့်တော်တဲ့ တခြားနည်းလမ်းကိုသာ စဉ်းစားနေဟန်တူပါတယ်။

စက်တင်ဘာ ၂၀ ရက် ညမှာတော့ ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိပြီးနောက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းကလွဲ၍ ကျန်မြို့နယ်အားလုံးတွင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရဆိုသည့် Stay at Home ကာလအဖြစ် သတ်မှတ်ကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ ခရီးသွားရာဇဝင်မရှိ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့မှုမရှိဘဲ ရောဂါကူးစက်ခံနေရမှုကို ရှင်းလင်းစွာဖော်ပြခဲ့ပြီး COVID -19 ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိမှု ပိုမိုများပြားလာတဲ့အတွက် ဒီလိုသတ်မှတ်ရတယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်အရဆိုရင် လုပ်သားအင်အားများတဲ့ အထည်ချုပ်လိုလုပ်ငန်းတွေ၊ လက်ခစားလုပ်ငန်းတွေကို အဓိကနှစ်ပတ်တာထိန်းချုပ်ဖို့ ရည်ရွယ်တဲ့အနေအထားလို့ မြင်ရသလို ရန်ကုန်ဒေသခံအချို့လိုချင်တဲ့ လော့ခ်ဒေါင်းလိုမျိုးမဟုတ်ဘဲ ကိုယ်အသိစိတ်နဲ့ကိုယ် လော့ခ်ဒေါင်းချရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ကန့်သတ်မခံရတဲ့ သတ်မှတ်ချက်ထဲမှာ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတွေမပါတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ရန်ကုန်ကို နည်းလမ်းတစ်မျိုးနဲ့ ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ အနေအထားမျိုးနဲ့ ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ လုပ်တဲ့ပုံစံပါဘဲ။ဒီမတိုင်ခင် ရန်ကုန်ကို ပြည်နယ်နှင့် တိုင်းကနေ ဆေးအကူအဖွဲ့တွေ ဆင်းလာတာ၊ ရန်ကုန်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လူအကူထပ်ခေါ်ပြီး ပြင်ဆင်နေကြတာ၊ ရန်ကုန်မှာ ကုသရေးဆေးရုံတွေ၊ ကွာရင်တိုင်းစခန်းတွေ ထပ်မံဖွင့်ဖို့ ပြင်ဆင်နေကြတာတွေကိုကြည့်ရင် ရန်ကုန်ဟာ ကိုဗစ်ဒုတိယလှိုင်းကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီလားဆိုတာ တွက်ဆစရာပါ။ဒီပြင်ဆင်မှုမှာ အဓိကအရေးကြီးတာက ရန်ကုန်နေ လူထုပါဘဲ။သေဆုံးမှုမြင့်တက်လာချိန်မှာ ရန်ကုန်ဟာ ကိုဗစ်ဒုတိယလှိုင်းအတွက် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ နေထိုင်ပေးရင်း ရင်ဆိုင်မယ်ဆိုရင် အတ္တကြီးတဲ့သူတွေ ရန်ကုန်ကိုဖျက်ဖို့ယူလာတဲ့ ကိုဗစ်ဒုတိယလှိုင်းကို နိုင်ပါလိမ့်မယ်။ဒီအတွက် ရန်ကုန်နေသူတွေ ဘယ်လောက်ထိ လက်တွဲညီကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။   

ဗုံး၊ မဲဆွယ်ပွဲနဲ့  ပြဿနာတွေလာပြီလား

စက်တင်ဘာ ၁၉ ရက် ညပိုင်းမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၏နေအိမ်ကို လက်ပစ်ဗုံးဖြင့် အပစ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေတက်လာအပြီးမှာ လာမည့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယခင်တွေ့နေကြ အာဏာရှင်လက်ကျန်တွေ တစ်ပိုင်းတစ်စလုပ်ပိုင်ခွင့်ရသေးတဲ့ တခြားနိုင်ငံတွေက ရွေးကောက်ပွဲတွေလိုဘဲ လုပ်ကြံမှုတွေ၊ သတ်ဖြတ်မှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ မြင်လာရဦးမလားဆိုတာ တွက်ဆလာကြပါတယ်။ဒါဟာ အွန်လိုင်းဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ အခန်းကဏ္ဍဆွေးနွေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ကိုဗစ် (၁၉) ရောဂါ အကြောင်းပြချက်ကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အစီအစဉ်မရှိကြောင်း ပြောခဲ့အပြီးမှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

နေပြည်တော်ဒေသက အတော်လေးအသိရခက်တဲ့ လုံခြုံရေးရှိတဲ့ဒေသပါ။အစိုးရအဖွဲ့နဲ့ ယခင်စစ်အစိုးလက်ထက် တာဝန်ယူခဲ့သူတွေ၊ ထိပ်ပိုင်းအာဏာရှိခဲ့သူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ကြီးကြီးမားမား တာဝန်ယူထားသူတွေ အခြေချနေထိုင်ရာ မြို့တော်လည်းဖြစ်ပါတယ်။ဒီမြို့မှာ အာဏာရပါတီက ဥပဒေအကြံပေး ဦးကိုနီ ကို လုပ်ကြံခဲ့မှုမှာ အဓိကစီစဉ်သူ ခြေရာပျောက်သွားခဲ့သလို တစ်နိုင်ငံလုံး မခံမရပ်နိုင်ဖြစ်ခဲ့ရတဲ့ သက်ငယ်လိင်ကျူးလွန်တဲ့ အမှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုကို ယခုထိတရားခံမပေါ်ခဲ့တဲ့မြို့လည်း ဖြစ်နေပါတယ်။ဒီလို လိုရင်လိုသလို ဒေါင်ဒေါင်မြည်လုံခြုံပြီး မလိုရင်မလိုသလို လသားကလေးအတွက်တောင် စိတ်မချရတဲ့မြို့မှာ မြို့နယ်ရွေးကော်ဥက္ကဋ္ဌကို ဗုံးနဲ့ထုတယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျူးလွန်သူသာမက တခြားသူတွေကိုလည်း ပေးသိချင်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒီရက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြစ်ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တွေက အများကြီးပါဘဲ။စစ်ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီတစ်ချို့က ရွေးကောက်ပွဲကော်မရှင်ကို ကိုဗစ်နိုင်တင်းရောဂါကြောင့် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ ခက်ခဲနေခြင်းအတွက် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာတွေရှိသလို စက်တင်ဘာ ၁၅ ရက် ရက်စွဲနဲ့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီ က  နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့တာလည်းရှိခဲ့ပါတယ်။စက်တင်ဘာ ၁၃ ရက်က ပဲခူးမြို့ပေါ်မှာ NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ အပြိုင်အဆိုင် မဲဆွယ်လှည့်လည်ကြတာတွေ လုပ်ခဲ့ကြသလို စက်တင်ဘာ ၂၀ ရက်က  မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံသူများက NLD ပါတီ ထောက်ခံသူတွေရဲ့ အိမ်တွေကို ခဲနှင့်ထုကာ အင်အားသုံးဖျက်ဆီးခဲ့တဲ့ ကျေးရွာဒေသခံအချို့ ဒဏ်ရာရရှိခဲ့ကြတဲ့ ဖြစ်စဉ်တွေ၊ နေပြည်တော် ဘူတာကြီးအနီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်ယာဉ်တန်းပါ အဖွဲ့ဝင်များနှင့် ကျွဲကျောင်းသားများ ခိုက်ရန်ဖြစ်မှုတွေ၊ မိတ္တီလာမှာ စက်တင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ပွဲမှာ စီတန်းလှည့်လည်သူအချို့က သာသနာ့အလံများကိုင်ဆောင်တာ၊ အရက်သေစာသောက်စားတာ၊ အခြားပါတီအမှတ်တံဆိပ် အသုံးပြုထားသူများကို ရန်စနှောက်ယှက်တာတွေအတွက် အတိုင်ကြားခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ဒါ့အပြင် မန်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း မန္တလေးတက္ကသိုလ်ပုံရိပ်ကို နောက်ခံထားပြီး မဲဆွယ်သည့် မဟာအောင်မြေ ပြည်ခိုင်ဖြိုးကို ကန့်ကွက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

လတ်တလောကာလအတွင်းမှာ အာဏာရပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ဖျက်ဆီးခဲ့တဲ့သူတွေကို နောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့အခါ ကလေးငယ်တွေ၊ လူငယ်တွေဖြစ်သလို လူကြီးပိုင်းတွေလည်း ပါဝင်ခဲ့တဲ့အတွက် အရေးယူတရားစွဲမှုတွေလုပ်ခဲ့သလို ပညာပေးပြန်လွှတ်ရတာလည်း ရှိခဲ့ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် နောက်ကွယ်မှာ စီမံတဲ့သူ မြှောက်ပေးတဲ့သူတွေရှိနေသလို ပြိုင်ဘက်ပါတီကို အားပေးတဲ့သူတွေဖြစ်နေတာကလည်း ရွေးကောက်ပွဲမှာ တရားမဲ့စွာပြုကျင့်မှုတွေ ဖြစ်လာမလားဆိုတာ စိုးရိမ်စရာအခြေအနေပါ။ဒီကြားထဲ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာ တပ်ရင်းဂိတ် အုတ်တံတိုင်းနှင့် ပေ ၂၀၀ ခန့်အကွာ ရန်ကုန်-ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီးမှာ စိုက်ထူထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီဆိုင်းဘုတ်တွေကို တပ်က တပ်မျက်နှာစာမှ လွတ်ကင်းရာနေရာတွေကို ရွှေ့ပြောင်းစိုက်ထူခိုင်းတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

ရွေးကောက်ပွဲအတွက် ပါတီတိုင်းက မဲဆွယ်တဲ့အခါ ကိုဗစ်နိုင်တင်းကြောင့် အခက်ခဲတွေ့ရပေမယ့် နည်းလမ်းရှာပြီး မဲဆွယ်မှုတွေလုပ်ဆောင်တာကို တွေ့ရပါတယ်။အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များအနေဖြင့် လူစုလူဝေးဖြင့်ထောက်ခံကြောင်း မပြသဘဲ လမ်းပေါ်မှာ၊ လမ်းဘေးမှာ၊ ကွင်းထဲက လယ်တဲလေးမှာ၊ မြို့ထဲက တိုက်ခန်းတွေမှာ အင်န်အယ်လ်ဒီအလံတွေပြဖို့ တောင်းဆိုခဲ့တဲ့အတွက် နေရာအတော်များများမှာ NLD အလံတွေ လွှင့်ထူတာကို တွေ့ခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကတော့ သူ့ပါတီရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကနေ “ကိုဗစ်ကို နိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မယ်ဆိုရင်လည်း ဘယ်လိုပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲနဲ့ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ရမှာဖြစ်တဲ့အတွက် စိတ်ချမ်းမြေ့စရာ မရှိလောက်ပါဘူးခင်ဗျာ” လို့ ဆိုခဲ့တဲ့အတွက် ပါတီထောက်ခံသူတွေဘက်က အားမလိုအားမရ စစ်မရောက်ခင်မြှားကုန်လို့ ဝေဖန်ခဲ့မှုတွေရှိသလို ထောက်ခံလက်ခံတဲ့သူတွေလည်း ရှိခဲ့တာကိုတွေ့ရပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တစ်ဘက်နဲ့တစ်ဘက် ထောက်ခံသူတွေကြား ပြိုင်ဆိုင်မှုပြင်းထန်လာသလို အနိုင်ရဖို့အတွက် မလုပ်သင့်တဲ့ ဘာသာရေးအကြောင်းပြု မဲဆွယ်တာတွေ၊ လူမျိုးရေးဘာသာရေးအကြောင်းပြု မဲဆွယ်တာတွေဘက် လှည့်စပြုလာတာတွေ့ရသလို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း ပုတ်ခတ်တာတွေ လွန်ကဲလာတာကိုလည်း တွေ့လာရပါတယ်။ရွေးကောက်ပွဲက တဖြေးဖြေးနဲ့ ပါတီကြီးတွေပြိုင်ပွဲနဲ့မတူဘဲ “ဓမ္မနဲ့ အဓမ္မ” အားပြိုင်ပွဲ အသွင်ဆောင်လာပါတယ်။ဒိုင်လုပ်ပေးရမယ့်သူကိုတောင် လက်ပစ်ဗုံးနဲ့ထုပြီး ဖိအားပေးခြိမ်းခြောက်ခဲ့တာတွေဖြစ်ခဲ့တဲ့အတွက် ယခုလာမယ့်ရွေးကောက်ပွဲက တချို့သူတွေ၊ တချို့အဖွဲ့အစည်းတွေ သူတို့လိုချင်တဲ့ရလဒ်မထွက်ရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာ မတွေးဝံ့စရာပါ။“တစ်ခါကြောက်ရင် တစ်ဘ၀လုံးကြောက်ရပါလိမ့်မယ်”။ဒါကို ပြည်သူတွေ ဘ၀နဲ့ရင်းပြီး သိထားနှင့်ပြီးပါပြီ။အချိန်တန်ရင် အကြောက်တရားထဲကနေထွက်ပြီး ပြည်သူတွေ ရဲရင့်ပါလိမ့်မယ်။ဒီအတွက် လာမည့်ရွေးကောက်ပွဲကာလတွေမရောက်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို “ထောက်ခံခြင်းရဲ့ အကောင်းဆုံးနည်းတစ်ခုကတော့ တောင့်ခံဖို့ပါပဲ။ဒီလိုမခံချင်အောင် လုပ်တဲ့ဟာတွေကို ကိုယ်ကတောင့်ခံနိုင်ရမယ်။သည်းခံနိုင်ရမယ်။ခံနိုင်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ဖေဖေပြောခဲ့တဲ့ စကားရှိပါတယ်။သတ္တိဆိုတာ လုပ်နိုင်တာက သတ္တိမဟုတ်ဘူး။ခံနိုင်တာကသတ္တိတဲ့၊ တကယ့်သတ္တိဆိုတာ ခံနိုင်ရမယ်။အဲဒီတော့ ကျွန်မတို့ပြည်သူဟာ ခံနိုင်တဲ့သတ္တိနဲ့ ကျွန်မတို့ နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် အားလုံးရပ်တည်ပေးကြပါ” ဆိုတဲ့အတိုင်း တောင်ခံနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားစရာတွေအပြင် ကလေးတက္ကသိုလ် ကွာရင်တိုင်းစင်တာတွင် ကျူဝင်နေသူခုနှစ်ဦး အရက်သေစာသောက်စား၊ ဆူပူအော်ဟစ်သောင်းကျန်းပြီး ကျောင်းမှန်တံခါး ရိုက်ခွဲဖျက်ဆီးလို့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အရေးယူထားတဲ့သတင်း၊ စက်တင်ဘာ ၁၅ ရက် ညဉ့်ဦးပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကုတ်မှာ တောင်ပြို၊ မြေပြိုမှုများ ဖြစ်ပွားကာ နေအိမ်အဆောက်အအုံများပြိုကျ၊ လမ်း များပျက်စီးခဲ့တဲ့သတင်း၊ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူအုပ်စုဖွဲ့ မှတ်ပုံတင်အတုပြုလုပ်ပေးမှုကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ COVID-19 ထိန်းချုပ်ကာလ နိုင်ငံတော်ကထောက်ပံ့တဲ့ ငွေကျပ် ၂၀၀၀၀ ကို ရာအိမ်မှူးကဖြတ်တောက်လို့ ရွာသား ၁၅ ဦးက တိုင်ကြားခဲ့တဲ့သတင်း၊ ဘုတ်ပြင်းတွင် လေပြင်းတိုက်ပြီး ထူးကဲဒီရေမြင့်တက်မှုကြောင့် နေအိမ်များပြိုကျပျက်စီးတဲ့သတင်း၊ တနင်္သာရီတိုင်း၌ ဒီရေလှိုင်းရိုက်ခတ်ခြင်းကြောင့် နေအိမ်များပြိုကျပျက်စီး၊ ကားလမ်းများ ရေကျော်ပျက်စီးခဲ့တဲ့ သတင်းတွေလည်း သတိထားစရာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၂၁

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ ကိုဗစ္ဒုတိယလႈိင္းကို အျပင္းအထန္ခုခံေနရတဲ့ ရန္ကုန္သတင္းေတြနဲ႔ မဲဆြယ္ရာမွာ ကြၽဲေက်ာင္းသားေတြနဲ႔ ႐ိုက္ပြဲျဖစ္ခဲ့ရတဲ့အထိျဖစ္ခဲ့တဲ့ ေနျပည္ေတာ္က သတင္းေတြ၊ ေနျပည္ေတာ္ ေ႐ြး/ေကာ္ဥကၠ႒ ေနအိမ္ကို ဗုံးနဲ႔ပစ္တဲ့သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာ သတင္းေတြပါ။ဒီသတင္းအျပင္ တျခားသတင္းေတြထဲမွာဆိုရင္ ျမန္မာ-ဘဂၤလားေဒ့ရွ႕္နယ္စပ္သတင္းေတြ၊ ျမ၀တီမွာျဖစ္ေနတဲ့ ကားအဝင္အထြက္သတင္းေတြကလည္း ျပည္တြင္းသတင္းကို စိတ္ဝင္တစားေစာင့္ဖတ္ေနသူေတြအတြက္ သတိထားစရာျဖစ္ခဲ့ပါတယ္။

ဒီထဲက ပထမဆုံး ကိုဗစ္ဒုတိယလႈိင္းကို ခုခံကာကြယ္ေနရတဲ့ ရန္ကုန္သတင္းကို ပထမဆုံး တင္ျပသုံးသပ္ခ်င္ပါတယ္။

အတၱႀကီးသူေတြေၾကာင့္ ကိုဗစ္ဒုတိယလႈိင္းကို အားတင္းခံေနရတဲ့ ရန္ကုန္

ရခိုင္ျပည္နယ္ကေနတစ္ဆင့္ ျပန္လည္ကူးစက္လာတယ္လို႔ယူဆရတဲ့ ကိုဗစ္ဒုတိယလႈိင္းက ရန္ကုန္မွာ ယခုအခါဆို ရက္တစ္ရက္ကို ကူးစက္ခံရသူ ၅၀၀ နီးပါးထိ ထိုးတက္လာခဲ့ေနၿပီျဖစ္ပါတယ္။ယခု ကိုဗစ္ဗိုင္းရပ္စ္က ပထမဗိုင္းရပ္စ္ထက္ပိုၿပီး လူအေသအေပ်ာက္မ်ားသလို ကူးစက္မႈႏူန္းကလည္း ျမန္ခဲ့ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရဆိုရင္ ယခုကူးစက္ႏူန္းျမန္ေနတဲ့ COVID-19 ေရာဂါပိုးက ပိုးရွိသူရဲ႕ အသက္ရႉထုတ္ျခင္းကေန ေရာဂါပိုးဟာ ၅ ေပ၊ ေခ်ာင္းဆိုးျခင္းကေန ၆ ေပခြဲေက်ာ္၊ ႏွာေခ်ျခင္းကေန ၁၉ ေပခြဲေက်ာ္အထိ ေရာက္ရွိႏိုင္တယ္လို႔ဆိုထားတဲ့အတြက္ ဒါဟာ ေၾကာက္စရာလန႔္စရာ အေျခအေနပါ။

ဒါ့အျပင္ အျမင္အားျဖင့္ ေနေကာင္းက်န္းမာစြာျဖင့္ ေရာဂါလကၡဏာမ်ား တစ္စုံတစ္ရာမျပသူမ်ားမွာ ၇၀ ရာခိုင္ႏႈန္းအထက္တြင္ ရွိေနႏိုင္တယ္လို႔ဆိုတဲ့အတြက္ အသံတိတ္ ေရာဂါသယ္ေဆာင္သူေတြ၊ ပိုးကူးစက္ခံရသူေတြ ဘယ္ေလာက္ထိရွိေနၿပီလဲဆိုတာ မေတြးဝံ့စရာပါ။ၿပီးခဲ့တဲ့ ဩဂုတ္လလယ္ေလာက္က စတင္ခဲ့တဲ့ ကိုဗစ္ေရာဂါဒုတိယလႈိင္းေၾကာင့္ ေသဆုံးသူက တစ္လေက်ာ္အတြင္း ရန္ကုန္မွတင္ ကူးစက္ခံရသူ ၄၀၀၀ ေက်ာ္၊ ေသဆုံးသူ ၉၀ နီးပါးထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ဒါဟာ ေၾကာက္စရာလန႔္စရာ အေနအထားပါ။အထူးသျဖင့္ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ကို မလိုက္နာဘဲ တာဝန္မဲ့ၿပီး အတၱႀကီး ကိုယ္က်ိဳးစီးပြားရွာခဲ့တဲ့သူေတြ၊ ႀကီးၾကပ္ေဖာ္ထုတ္ရမယ္သူေတြကိုယ္တိုင္ တာဝန္မဲ့ကိုယ္က်ိဳးရွာခဲ့မႈေတြက ယခုေလာက္ထိ ကူးစက္မႈကျမန္ဆန္ခဲ့တာျဖစ္ပါတယ္။ရခိုင္ျပည္နယ္မွာ တစ္ေက်ာ့ျပန္ျဖစ္လာခဲ့ခ်ိန္မွာ ရခိုင္ကေန ရန္ကုန္ကိုျပန္လာခဲ့တဲ့ ခရီးသြား ၅၀၀၀ ေက်ာ္အနက္ ထက္ဝက္က ယခုထိမဆက္သြယ္ဘဲ ပုန္းေရွာင္ေနတာက ေရာဂါကူးစက္ျပန႔္ပြားမႈရဲ႕ အဓိကလက္သည္ပါဘဲ။ယခုထိ ကူးစက္မႈေတြ တရိပ္ရိပ္တိုးေနတဲ့ ရန္ကုန္က သဃၤန္းကြၽန္း၊ တာေမြ၊ ေတာင္ဥကၠလာပ၊ လႈိင္၊ မဂၤလာေတာင္ၫႊန႔္၊ အင္းစိန္ စတဲ့ေနရာေတြဟာ ျပည္နယ္တိုင္းေဒသေတြကေန လာေရာက္အေျခခ်သူေတြ အမ်ားဆုံးေနၾကတဲ့ ၿမိဳ႕နယ္ေတြပါ။ကိုဗစ္ဒုတိယလႈိင္းမွာ နာမည္ႀကီးခဲ့တဲ့ သဃၤန္းကြၽန္းဆိုရင္ ေကတီဗြီတြဲထားတဲ့ ပိုင္ရွင္မေပၚေသးတဲ့ စားေသာက္ဆိုင္ေၾကာင့္ ကူးစက္ခံရသူက တစ္ရာေက်ာ္ေနခဲ့သလို တျခားမွာဆိုရင္ ဒီလိုအတၱႀကီးတဲ့သူေတြ စည္းကမ္းမဲ့စြာေနထိုင္ၾကတဲ့ စားေသာက္ဆိုင္နဲ႔ ေဆး႐ုံတခ်ိဳ႕ေၾကာင့္ ကူးစက္ခံရမႈက ေၾကာက္စရာလန႔္စရာပါ။  

ပိုးေတြ႕ရွိသူအေရအတြက္ရဲ႕ အနည္းဆုံး အဆ ၂၀ ေက်ာ္ေလာက္ရွိႏိုင္တဲ့ နီးစပ္ထိေတြ႕သူေတြကို သက္ဆိုင္ရာက ကြာရင္တိုင္းဝင္ဖို႔ လိုက္ေခၚတာ၊ ကြာရင္တိုင္းစင္တာေတြ မေလာက္မငျဖစ္တာ စတဲ့သတင္းေတြက ရန္ကုန္ဟာ ကိုဗစ္ဒုတိယလႈိင္းကို အျပင္းအထန္တိုက္ပြဲဝင္ေနရတာကို ေပၚလြင္ေစခဲ့ပါတယ္။စာရင္းအရ ၇ သန္းဆိုေပမယ့္ ခန႔္မွန္းေျခစာရင္းအရ ၁၁ သန္းရွိတဲ့ မဂၢါစီးတီးထဲဝင္ေနတဲ့ ရန္ကုန္အတြက္ ကိုဗစ္ဒုတိယလႈိင္း အေရအတြက္က   ဒီပမာဏက တျခားေသာႏိုင္ငံေတြက ကူးစက္ခံရတဲ့ၿမိဳ႕ေတြနဲ႔ယွဥ္ရင္ သိပ္သိသာတဲ့အေနအထား မေရာက္ေသးပါဘူး။ဒါေၾကာင့္လည္း ေနရာတိုင္းမွာ ရပ္ကြက္အလိုက္ ထိန္းခ်ဳပ္လုပ္ကိုင္သူေတြကိုယ္တိုင္ ဗိုင္းရပ္စ္က သူတို႔ဆိုမကူးႏိုင္ဘူးဆိုတဲ့ စိတ္အခံေလးေတြနဲ႔ ျဖတ္သန္းေနၾကတာကို ေတြ႕ရပါတယ္။

စက္တင္ဘာ ၁၈ ရက္ မြန္းလြဲပိုင္းက Video Conferencing နဲ႔ ျပဳလုပ္တဲ့ ညႇိႏႈိင္းအစည္းအေဝးမွာ  ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ျပည္သူမ်ားအၾကား ငုပ္လွ်ိဳးေနသည့္ ေရာဂါပိုးရွိသူမ်ားအား စနစ္တက် အျမန္ဆုံးဦးစားေပးအျဖစ္ ေဖာ္ထုတ္ၾကဖို႔ တစ္ရက္ေနာက္က်လွ်င္ ေနာက္က်သေလာက္ ကူးစက္ျဖစ္ပြားမႈ မ်ားျပားလွ်င္ျမန္သြားမယ္လို႔ သတိေပးခဲ့သလို လိုအပ္ေနတဲ့ ကုသေရးေဆး႐ုံေတြအတြက္ ပုဂၢလိကေဆး႐ုံေတြကို ကိုဗစ္ကုသေရးေဆး႐ုံေတြအျဖစ္လက္ခံဖို႔ မူအားျဖင့္ သေဘာတူခဲ့ပါတယ္။ဒီထဲမွာ ရန္ကုန္က နာမည္ႀကီးေဆး႐ုံေတြျဖစ္တဲ့ ဗဟိုစည္ေဆး႐ုံနဲ႔ ေ႐ႊလမင္းေဆး႐ုံကို ကိုဗစ္ ၁၉ ကူးစက္မႈေၾကာင့္ ေလာ့ခ္ေဒါင္းခ်ထားခဲ့ရသလို ဗဟိုစည္ေဆး႐ုံက ဝန္ထမ္းသူနာျပဳတစ္ဦး ကိုဗစ္ကူးစက္မႈေၾကာင့္ ေသဆုံးခဲ့ရတဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။ရန္ကုန္ကူးစက္မႈက မ်ားလြန္းတဲ့အတြက္ ရန္ကုန္မွာေနတဲ့ ေဒသခံေတြက ရန္ကုန္ကို ေလာ့ခ္ေဒါင္းခ်ဖို႔ တိုက္တြန္းမႈေတြရွိခဲ့လာေပမယ့္ အာဏာပိုင္ေတြအေနနဲ႔ ကိုဗစ္ပထမလႈိင္းတုန္းက Stay Home ေၾကာင့္ ျပည္တြင္းက စီးပြားေရးလုပ္ငန္းေတြ ထိခိုက္မႈကိုေတာင္ ျပန္လည္မကုစားႏိုင္သလို ႏိုင္ငံအတြက္အေရးႀကီးတဲ့ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလ နီးကပ္ေနတဲ့အတြက္လည္း ေလာ့ခ္ေဒါင္းခ်တာထက္စာရင္ ဒီထက္ပိုသင့္ေတာ္တဲ့ တျခားနည္းလမ္းကိုသာ စဥ္းစားေနဟန္တူပါတယ္။

စက္တင္ဘာ ၂၀ ရက္ ညမွာေတာ့ ကူးစက္ခံရသူ စံခ်ိန္တင္ေတြ႕ရွိၿပီးေနာက္မွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ကိုကိုးကြၽန္းကလြဲ၍ က်န္ၿမိဳ႕နယ္အားလုံးတြင္ မလိုအပ္ဘဲ အိမ္ျပင္မထြက္ရဆိုသည့္ Stay at Home ကာလအျဖစ္ သတ္မွတ္ေၾကာင္းကို ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္ထဲမွာ ခရီးသြားရာဇဝင္မရွိ၊ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ ထိေတြ႕မႈမရွိဘဲ ေရာဂါကူးစက္ခံေနရမႈကို ရွင္းလင္းစြာေဖာ္ျပခဲ့ၿပီး COVID -19 ဓာတ္ခြဲအတည္ျပဳလူနာမ်ား ထပ္မံေတြ႕ရွိမႈ ပိုမိုမ်ားျပားလာတဲ့အတြက္ ဒီလိုသတ္မွတ္ရတယ္ဆိုတာကို ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္အရဆိုရင္ လုပ္သားအင္အားမ်ားတဲ့ အထည္ခ်ဳပ္လိုလုပ္ငန္းေတြ၊ လက္ခစားလုပ္ငန္းေတြကို အဓိကႏွစ္ပတ္တာထိန္းခ်ဳပ္ဖို႔ ရည္႐ြယ္တဲ့အေနအထားလို႔ ျမင္ရသလို ရန္ကုန္ေဒသခံအခ်ိဳ႕လိုခ်င္တဲ့ ေလာ့ခ္ေဒါင္းလိုမ်ိဳးမဟုတ္ဘဲ ကိုယ္အသိစိတ္နဲ႔ကိုယ္ ေလာ့ခ္ေဒါင္းခ်ရမယ့္ အေနအထားမ်ိဳးျဖစ္ပါတယ္။ကန္႔သတ္မခံရတဲ့ သတ္မွတ္ခ်က္ထဲမွာ ဘဏ္ႏွင့္ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ စက္သုံးဆီအေရာင္းဆိုင္မ်ား၊ စားေသာက္ကုန္ႏွင့္ သားငါးအေအးခန္းလုပ္ငန္းမ်ား၊ ေဆးဝါးႏွင့္ ေဆးပစၥည္းကိရိယာ ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းမ်ား၊ ေရသန႔္ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းေတြမပါတဲ့အတြက္ အာဏာပိုင္ေတြအေနနဲ႔ ရန္ကုန္ကို နည္းလမ္းတစ္မ်ိဳးနဲ႔ ရွည့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာဆိုတဲ့ အေနအထားမ်ိဳးနဲ႔ ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ဖို႔ လုပ္တဲ့ပုံစံပါဘဲ။ဒီမတိုင္ခင္ ရန္ကုန္ကို ျပည္နယ္ႏွင့္ တိုင္းကေန ေဆးအကူအဖြဲ႕ေတြ ဆင္းလာတာ၊ ရန္ကုန္မွာရွိတဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြ လူအကူထပ္ေခၚၿပီး ျပင္ဆင္ေနၾကတာ၊ ရန္ကုန္မွာ ကုသေရးေဆး႐ုံေတြ၊ ကြာရင္တိုင္းစခန္းေတြ ထပ္မံဖြင့္ဖို႔ ျပင္ဆင္ေနၾကတာေတြကိုၾကည့္ရင္ ရန္ကုန္ဟာ ကိုဗစ္ဒုတိယလႈိင္းကို ႀကံ့ႀကံ့ခိုင္ရင္ဆိုင္ဖို႔ ျပင္ဆင္ေနၿပီလားဆိုတာ တြက္ဆစရာပါ။ဒီျပင္ဆင္မႈမွာ အဓိကအေရးႀကီးတာက ရန္ကုန္ေန လူထုပါဘဲ။ေသဆုံးမႈျမင့္တက္လာခ်ိန္မွာ ရန္ကုန္ဟာ ကိုဗစ္ဒုတိယလႈိင္းအတြက္ က်န္းမာေရးၫႊန္ၾကားခ်က္နဲ႔အညီ ေနထိုင္ေပးရင္း ရင္ဆိုင္မယ္ဆိုရင္ အတၱႀကီးတဲ့သူေတြ ရန္ကုန္ကိုဖ်က္ဖို႔ယူလာတဲ့ ကိုဗစ္ဒုတိယလႈိင္းကို ႏိုင္ပါလိမ့္မယ္။ဒီအတြက္ ရန္ကုန္ေနသူေတြ ဘယ္ေလာက္ထိ လက္တြဲညီၾကမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။   

ဗုံး၊ မဲဆြယ္ပြဲနဲ႔  ျပႆနာေတြလာၿပီလား

စက္တင္ဘာ ၁၉ ရက္ ညပိုင္းမွာ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒၏ေနအိမ္ကို လက္ပစ္ဗုံးျဖင့္ အပစ္ခံခဲ့ရတယ္ဆိုတဲ့ သတင္းေတြတက္လာအၿပီးမွာ လာမည့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ ယခင္ေတြ႕ေနၾက အာဏာရွင္လက္က်န္ေတြ တစ္ပိုင္းတစ္စလုပ္ပိုင္ခြင့္ရေသးတဲ့ တျခားႏိုင္ငံေတြက ေ႐ြးေကာက္ပြဲေတြလိုဘဲ လုပ္ႀကံမႈေတြ၊ သတ္ျဖတ္မႈေတြ၊ တရားမဲ့ျပဳက်င့္မႈေတြ ျမင္လာရဦးမလားဆိုတာ တြက္ဆလာၾကပါတယ္။ဒါဟာ အြန္လိုင္းေဆြးေႏြးပြဲတစ္ခုျဖစ္တဲ့ စက္တင္ဘာ ၁၉ ရက္တြင္ ျပဳလုပ္ေသာ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ သတင္းမီဒီယာမ်ား အခန္းက႑ေဆြးေႏြးပြဲမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ က ကိုဗစ္ (၁၉) ေရာဂါ အေၾကာင္းျပခ်က္ေၾကာင့္ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းရန္ အစီအစဥ္မရွိေၾကာင္း ေျပာခဲ့အၿပီးမွာ တိုက္တိုက္ဆိုင္ဆိုင္ျဖစ္ခဲ့တာပါ။

ေနျပည္ေတာ္ေဒသက အေတာ္ေလးအသိရခက္တဲ့ လုံၿခဳံေရးရွိတဲ့ေဒသပါ။အစိုးရအဖြဲ႕နဲ႔ ယခင္စစ္အစိုးလက္ထက္ တာဝန္ယူခဲ့သူေတြ၊ ထိပ္ပိုင္းအာဏာရွိခဲ့သူေတြ၊ တပ္ပိုင္းဆိုင္ရာ တာဝန္ႀကီးႀကီးမားမား တာဝန္ယူထားသူေတြ အေျခခ်ေနထိုင္ရာ ၿမိဳ႕ေတာ္လည္းျဖစ္ပါတယ္။ဒီၿမိဳ႕မွာ အာဏာရပါတီက ဥပေဒအႀကံေပး ဦးကိုနီ ကို လုပ္ႀကံခဲ့မႈမွာ အဓိကစီစဥ္သူ ေျခရာေပ်ာက္သြားခဲ့သလို တစ္ႏိုင္ငံလုံး မခံမရပ္ႏိုင္ျဖစ္ခဲ့ရတဲ့ သက္ငယ္လိင္က်ဴးလြန္တဲ့ အမႈျဖစ္တဲ့ ဗစ္တိုးရီးယားအမႈကို ယခုထိတရားခံမေပၚခဲ့တဲ့ၿမိဳ႕လည္း ျဖစ္ေနပါတယ္။ဒီလို လိုရင္လိုသလို ေဒါင္ေဒါင္ျမည္လုံၿခဳံၿပီး မလိုရင္မလိုသလို လသားကေလးအတြက္ေတာင္ စိတ္မခ်ရတဲ့ၿမိဳ႕မွာ ၿမိဳ႕နယ္ေ႐ြးေကာ္ဥကၠ႒ကို ဗုံးနဲ႔ထုတယ္ဆိုတဲ့ ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ က်ဴးလြန္သူသာမက တျခားသူေတြကိုလည္း ေပးသိခ်င္တဲ့ ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ စိတ္ဝင္စားစရာပါ။

ဒီရက္ပိုင္းမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးျဖစ္ခဲ့တဲ့ စိတ္ဝင္စားဖြယ္ရာ အျဖစ္အပ်က္ေတြက အမ်ားႀကီးပါဘဲ။စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းမ်ား ဦးေဆာင္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ပါတီတစ္ခ်ိဳ႕က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ကိုဗစ္ႏိုင္တင္းေရာဂါေၾကာင့္ အေထြေထြေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးမ်ား ခက္ခဲေနျခင္းအတြက္ ေ႐ြးေကာက္ပြဲကိုေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုတာေတြရွိသလို စက္တင္ဘာ ၁၅ ရက္ ရက္စြဲနဲ႔ ျပည္ခိုင္ၿဖိဳးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ ၂၄ ပါတီ က  ႏိုင္ငံေတာ္သမၼတႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္ေပးစာေပးပို႔ၿပီး ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ကို ျပန္လည္သုံးသပ္ဖို႔ ေတာင္းဆိုခဲ့တာလည္းရွိခဲ့ပါတယ္။စက္တင္ဘာ ၁၃ ရက္က ပဲခူးၿမိဳ႕ေပၚမွာ NLD ပါတီနဲ႔ ျပည္ခိုင္ၿဖိဳးပါတီ အၿပိဳင္အဆိုင္ မဲဆြယ္လွည့္လည္ၾကတာေတြ လုပ္ခဲ့ၾကသလို စက္တင္ဘာ ၂၀ ရက္က  မိတၳီလာၿမိဳ႕နယ္ ေညာင္ကိုင္းေက်း႐ြာမွာ ျပည္ခိုင္ၿဖိဳးပါတီကို ဝန္းရံေထာက္ခံသူမ်ားက NLD ပါတီ ေထာက္ခံသူေတြရဲ႕ အိမ္ေတြကို ခဲႏွင့္ထုကာ အင္အားသုံးဖ်က္ဆီးခဲ့တဲ့ ေက်း႐ြာေဒသခံအခ်ိဳ႕ ဒဏ္ရာရရွိခဲ့ၾကတဲ့ ျဖစ္စဥ္ေတြ၊ ေနျပည္ေတာ္ ဘူတာႀကီးအနီး ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မဲဆြယ္ယာဥ္တန္းပါ အဖြဲ႕ဝင္မ်ားႏွင့္ ကြၽဲေက်ာင္းသားမ်ား ခိုက္ရန္ျဖစ္မႈေတြ၊ မိတၱီလာမွာ စက္တင္ဘာ ၁၆ ရက္က ျပဳလုပ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ မဲဆြယ္ပြဲမွာ စီတန္းလွည့္လည္သူအခ်ိဳ႕က သာသနာ့အလံမ်ားကိုင္ေဆာင္တာ၊ အရက္ေသစာေသာက္စားတာ၊ အျခားပါတီအမွတ္တံဆိပ္ အသုံးျပဳထားသူမ်ားကို ရန္စေႏွာက္ယွက္တာေတြအတြက္ အတိုင္ၾကားခံရတဲ့ျဖစ္စဥ္ေတြလည္း ရွိခဲ့ပါတယ္။ဒါ့အျပင္ မန္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢကလည္း မႏၲေလးတကၠသိုလ္ပုံရိပ္ကို ေနာက္ခံထားၿပီး မဲဆြယ္သည့္ မဟာေအာင္ေျမ ျပည္ခိုင္ၿဖိဳးကို ကန႔္ကြက္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။

လတ္တေလာကာလအတြင္းမွာ အာဏာရပါတီရဲ႕ မဲဆြယ္ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံရမႈ ခပ္စိတ္စိတ္ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ဖ်က္ဆီးခဲ့တဲ့သူေတြကို ေနာက္ပိုင္းမွာ ဖမ္းဆီးရမိတဲ့အခါ ကေလးငယ္ေတြ၊ လူငယ္ေတြျဖစ္သလို လူႀကီးပိုင္းေတြလည္း ပါဝင္ခဲ့တဲ့အတြက္ အေရးယူတရားစြဲမႈေတြလုပ္ခဲ့သလို ပညာေပးျပန္လႊတ္ရတာလည္း ရွိခဲ့ပါတယ္။ဘယ္လိုဘဲျဖစ္ျဖစ္ ေနာက္ကြယ္မွာ စီမံတဲ့သူ ေျမႇာက္ေပးတဲ့သူေတြရွိေနသလို ၿပိဳင္ဘက္ပါတီကို အားေပးတဲ့သူေတြျဖစ္ေနတာကလည္း ေ႐ြးေကာက္ပြဲမွာ တရားမဲ့စြာျပဳက်င့္မႈေတြ ျဖစ္လာမလားဆိုတာ စိုးရိမ္စရာအေျခအေနပါ။ဒီၾကားထဲ ေမွာ္ဘီၿမိဳ႕နယ္ရွိ နယ္ေျမခံတပ္ရင္းေရွ႕မ်က္ႏွာစာ တပ္ရင္းဂိတ္ အုတ္တံတိုင္းႏွင့္ ေပ ၂၀၀ ခန႔္အကြာ ရန္ကုန္-ျပည္ ကားလမ္းေဘး ကားမွတ္တိုင္အနီးမွာ စိုက္ထူထားတဲ့ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ပါတီဆိုင္းဘုတ္ေတြကို တပ္က တပ္မ်က္ႏွာစာမွ လြတ္ကင္းရာေနရာေတြကို ေ႐ႊ႕ေျပာင္းစိုက္ထူခိုင္းတဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့တာကိုေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ ပါတီတိုင္းက မဲဆြယ္တဲ့အခါ ကိုဗစ္ႏိုင္တင္းေၾကာင့္ အခက္ခဲေတြ႕ရေပမယ့္ နည္းလမ္းရွာၿပီး မဲဆြယ္မႈေတြလုပ္ေဆာင္တာကို ေတြ႕ရပါတယ္။အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ က မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ရာတြင္ မဲဆႏၵရွင္မ်ားအေနျဖင့္ လူစုလူေဝးျဖင့္ေထာက္ခံေၾကာင္း မျပသဘဲ လမ္းေပၚမွာ၊ လမ္းေဘးမွာ၊ ကြင္းထဲက လယ္တဲေလးမွာ၊ ၿမိဳ႕ထဲက တိုက္ခန္းေတြမွာ အင္န္အယ္လ္ဒီအလံေတြျပဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ ေနရာအေတာ္မ်ားမ်ားမွာ NLD အလံေတြ လႊင့္ထူတာကို ေတြ႕ခဲ့ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးကေတာ့ သူ႔ပါတီရဲ႕ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာကေန “ကိုဗစ္ကို ႏိုင္ေအာင္မလုပ္ႏိုင္ဘဲ ေ႐ြးေကာက္ပြဲႏိုင္ခဲ့မယ္ဆိုရင္လည္း ဘယ္လိုပဲႏိုင္ႏိုင္ တကယ့္ေအာင္ႏိုင္မႈမျဖစ္ႏိုင္ဘဲနဲ႔ အလဲလဲအၿပိဳၿပိဳ ျပည္သူလူထုႀကီးနဲ႔ ဒယိမ္းဒယိုင္ႏိုင္ငံႀကီးမွာ ေအာင္လံစိုက္ရမွာျဖစ္တဲ့အတြက္ စိတ္ခ်မ္းေျမ့စရာ မရွိေလာက္ပါဘူးခင္ဗ်ာ” လို႔ ဆိုခဲ့တဲ့အတြက္ ပါတီေထာက္ခံသူေတြဘက္က အားမလိုအားမရ စစ္မေရာက္ခင္ျမႇားကုန္လို႔ ေဝဖန္ခဲ့မႈေတြရွိသလို ေထာက္ခံလက္ခံတဲ့သူေတြလည္း ရွိခဲ့တာကိုေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် တစ္ဘက္နဲ႔တစ္ဘက္ ေထာက္ခံသူေတြၾကား ၿပိဳင္ဆိုင္မႈျပင္းထန္လာသလို အႏိုင္ရဖို႔အတြက္ မလုပ္သင့္တဲ့ ဘာသာေရးအေၾကာင္းျပဳ မဲဆြယ္တာေတြ၊ လူမ်ိဳးေရးဘာသာေရးအေၾကာင္းျပဳ မဲဆြယ္တာေတြဘက္ လွည့္စျပဳလာတာေတြ႕ရသလို ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြကိုလည္း ပုတ္ခတ္တာေတြ လြန္ကဲလာတာကိုလည္း ေတြ႕လာရပါတယ္။ေ႐ြးေကာက္ပြဲက တေျဖးေျဖးနဲ႔ ပါတီႀကီးေတြၿပိဳင္ပြဲနဲ႔မတူဘဲ “ဓမၼနဲ႔ အဓမၼ” အားၿပိဳင္ပြဲ အသြင္ေဆာင္လာပါတယ္။ဒိုင္လုပ္ေပးရမယ့္သူကိုေတာင္ လက္ပစ္ဗုံးနဲ႔ထုၿပီး ဖိအားေပးၿခိမ္းေျခာက္ခဲ့တာေတြျဖစ္ခဲ့တဲ့အတြက္ ယခုလာမယ့္ေ႐ြးေကာက္ပြဲက တခ်ိဳ႕သူေတြ၊ တခ်ိဳ႕အဖြဲ႕အစည္းေတြ သူတို႔လိုခ်င္တဲ့ရလဒ္မထြက္ရင္ ဘယ္လိုျဖစ္လာႏိုင္သလဲဆိုတာ မေတြးဝံ့စရာပါ။“တစ္ခါေၾကာက္ရင္ တစ္ဘ၀လုံးေၾကာက္ရပါလိမ့္မယ္”။ဒါကို ျပည္သူေတြ ဘ၀နဲ႔ရင္းၿပီး သိထားႏွင့္ၿပီးပါၿပီ။အခ်ိန္တန္ရင္ အေၾကာက္တရားထဲကေနထြက္ၿပီး ျပည္သူေတြ ရဲရင့္ပါလိမ့္မယ္။ဒီအတြက္ လာမည့္ေ႐ြးေကာက္ပြဲကာလေတြမေရာက္ခင္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့သလို “ေထာက္ခံျခင္းရဲ႕ အေကာင္းဆုံးနည္းတစ္ခုကေတာ့ ေတာင့္ခံဖို႔ပါပဲ။ဒီလိုမခံခ်င္ေအာင္ လုပ္တဲ့ဟာေတြကို ကိုယ္ကေတာင့္ခံႏိုင္ရမယ္။သည္းခံႏိုင္ရမယ္။ခံႏိုင္တယ္ဆိုတာ အမ်ိဳးမ်ိဳးရွိပါတယ္။ေဖေဖေျပာခဲ့တဲ့ စကားရွိပါတယ္။သတၱိဆိုတာ လုပ္ႏိုင္တာက သတၱိမဟုတ္ဘူး။ခံႏိုင္တာကသတၱိတဲ့၊ တကယ့္သတၱိဆိုတာ ခံႏိုင္ရမယ္။အဲဒီေတာ့ ကြၽန္မတို႔ျပည္သူဟာ ခံႏိုင္တဲ့သတၱိနဲ႔ ကြၽန္မတို႔ ႏိုဝင္ဘာ ၈ ရက္မွာ ေ႐ြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္လုပ္ႏိုင္ဖို႔အတြက္ အားလုံးရပ္တည္ေပးၾကပါ” ဆိုတဲ့အတိုင္း ေတာင္ခံႏိုင္ျခင္း ရွိ၊ မရွိ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီလိုစိတ္ဝင္စားစရာေတြအျပင္ ကေလးတကၠသိုလ္ ကြာရင္တိုင္းစင္တာတြင္ က်ဴဝင္ေနသူခုႏွစ္ဦး အရက္ေသစာေသာက္စား၊ ဆူပူေအာ္ဟစ္ေသာင္းက်န္းၿပီး ေက်ာင္းမွန္တံခါး ႐ိုက္ခြဲဖ်က္ဆီးလို႔ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈနဲ႔ အေရးယူထားတဲ့သတင္း၊ စက္တင္ဘာ ၁၅ ရက္ ညဥ့္ဦးပိုင္းကစၿပီး မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ မိုးကုတ္မွာ ေတာင္ၿပိဳ၊ ေျမၿပိဳမႈမ်ား ျဖစ္ပြားကာ ေနအိမ္အေဆာက္အအုံမ်ားၿပိဳက်၊ လမ္း မ်ားပ်က္စီးခဲ့တဲ့သတင္း၊ ရန္ကုန္ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း လူအုပ္စုဖြဲ႕ မွတ္ပုံတင္အတုျပဳလုပ္ေပးမႈကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ COVID-19 ထိန္းခ်ဳပ္ကာလ ႏိုင္ငံေတာ္ကေထာက္ပံ့တဲ့ ေငြက်ပ္ ၂၀၀၀၀ ကို ရာအိမ္မႉးကျဖတ္ေတာက္လို႔ ႐ြာသား ၁၅ ဦးက တိုင္ၾကားခဲ့တဲ့သတင္း၊ ဘုတ္ျပင္းတြင္ ေလျပင္းတိုက္ၿပီး ထူးကဲဒီေရျမင့္တက္မႈေၾကာင့္ ေနအိမ္မ်ားၿပိဳက်ပ်က္စီးတဲ့သတင္း၊ တနသၤာရီတိုင္း၌ ဒီေရလႈိင္း႐ိုက္ခတ္ျခင္းေၾကာင့္ ေနအိမ္မ်ားၿပိဳက်ပ်က္စီး၊ ကားလမ္းမ်ား ေရေက်ာ္ပ်က္စီးခဲ့တဲ့ သတင္းေတြလည္း သတိထားစရာျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၂၁