【 တစ်ပတ်အတွင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် 】စစ်ရေးမီးတောက် အာရှမှာ ထတောက်တော့မလား

 【 တစ်ပတ်အတွင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် 】စစ်ရေးမီးတောက် အာရှမှာ ထတောက်တော့မလား

ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတင်းဖတ်သူတွေ သတိထားမိစေခဲ့တဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်၊ ဗြိတိန်ကြား ရေနံတင်သင်္ဘောပြဿနာ ၊ အာရှစစ်ရေးတင်း မာ မှုပြဿနာ၊ရာသီဥတုသတင်းတွေ၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ သတင်းတွေက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ပါဘဲ။

ဒီသတင်းတွေက ယခုတစ်ပတ်ထဲ ဖြစ်ခဲ့တဲ့ ဘရာဇီးနိုင်ငံ ပါရာပြည်နယ်ရှိ အော်လ်တာ မီရာမြို့ အကျဉ်းထောင်မှာ ထောင်ဆူပူအုံကြွမှုကြောင့် အကျဉ်းသား ၅၇ ဦး သေဆုံး ခဲ့တဲ့သတင်း၊ ကယ်လီဖိုးနီးယား ပြည်နယ် အစားအစာပွဲတော်တစ်ခုကို သေနတ်သမားတစ်ဦးဝင်ပစ်ခဲ့ရာမှာ လူသုံးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ကူဝိတ်ပြန်လက်ဆောင်အဖြစ် ခရီးသည်တစ်ဦးက ပခုံးထမ်းလောင် ချာတစ်လက်ကို ခရီးဆောင် အိတ်ထဲ ထည့်ပြီး ပြန်လာလို့ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်လေဆိပ်မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ တဲ့ သတင်း၊ဗဟိုအမေရိကနဲ့ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ချင်သူများကို လူမှောင်ခိုတင်ပို့သူ ၅၀ ခန့်ကို ကော်စတာရီကာနှင့် ပနားမားမှာ ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ လူထုစုဝေးပွဲတစ်ခုမှာ ကျောင်းသားများ အသတ် ခံခဲ့ရတဲ့အတွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေလို့ တစ် နိုင်ငံလုံးမှ စာသင်ကျောင်းများ ပိတ်ထားဖို့ ဆူဒန်မှာ ထုတ်ပြန် ခဲ့ရတဲ့ သတင်း၊ ရိုမေးနီးယားမှာ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ကယ်တင်ဖို့ နှောင့်နှေးခဲ့တဲ့ အတွက် ပြည်ထဲရေး ဝန်ကြီးနူတ်ထွက်ခဲ့တဲ့ သတင်း၊ တက္ကဆက်ပြည်နယ်ရှိ ဝေါလ်မတ်ဈေးဝယ်စင်တာအတွင်း ဩဂုတ် ၃ ရက်က သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ရာ လူ ၂၉ ဦးထက်မနည်း သေဆုံး သွားခဲ့တဲ့ သတင်း၊ ဆန္ဒပြမှုထဲ ပါဝင်သူ ၆၀ဝ ကျော်ကို ရုရှားလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြားသတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 
ကမ္ဘာစီးပွားရေး ဘယ်လိုဖြစ်လာမလဲ

ဥရောပမှာ Brexit ၊ ကမ္ဘာမှာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေး ကျဆင်း မှုတွေ ရှိနေပါတယ်။ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့  ဂျပန်မှာလည်း စက်မှုပစ္စည်း ထုတ်လုပ် မှုက မေလကနေ စတင်ပြီး ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Brexit နဲ့ ဝန်ကြီးချုပ် နှစ်ဆက်အထိပြုတ်ကျခဲ့တဲ့  ဗြိတိန်မှာတော့ လက်ရှိဝန်ကြီးချုပ်ဖြစ်လာတဲ့ ဘောရစ် ဂျွန်ဆင်က သဘောထားတင်းမာသလို ဗြိတိန်ကို မာဂရက်သက်ချာနောက်ပိုင်း တူတူတန်တန်နေရာ မှာ ပြန်ခေါင်းဆောင်ဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။ စပြီးတာဝန်ယူစဉ်မှာဘဲ ဥရောပသမဂ္ဂ ကို ဗြိတိန်အစိုးရရဲ့ တောင်းဆိုချက်ကို မလိုက်လျောရင်  ဥရောပသမဂ္ဂ ကနေ သဘောတူညီချက်မရဘဲ နုတ်ထွက်ဖို့ကလွဲပြီး ဗြိတိန်အစိုးရမှာ ရွေးချယ်စရာမရှိ ဘူးလို့ ခပ်မာမာထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်လိုက်တဲ့ အတွက် ဗြိတိန်ငွေကြေးဖြစ်တဲ့ စတာလင်ပေါင်ဟာ တန်ဖိုးကျခဲ့ပါတယ်။

တကျော့ပြန် ကုန်သွယ်ရေးညှိနိုင်းမှုက မအောင်မြင်ခဲ့တဲ့ အတွက် အမေရိကန်ဘက်က တရုတ်ကိုနဂို ကြေညာထားတဲ့ အတိုင်း ဒေါ်လာ ဘီလျံ ၃၀၀ ကုန်စည်တွေတွေကို အခွန်တိုးကောက်ဖို့ ထရမ့်က ထုတ်ပြန်ခဲ့ ပါတယ်။ရှန်ဟိုင်းမှာ ယခုရက်သတ္တပတ်အတွင်း အမေရိကန်နဲ့ တရုတ် အဆင့်မြင့်အရာရှိကြီးတွေ တွေ့ဆုံပြီး ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပါ။အမေရိကန် နည်းပညာများ ခိုးယူခံရသည်ဆိုသော ကိစ္စအ ပေါ် တရုတ်က ထိန်းချုပ်ပေးရေး နှင့် အမေရိကန်ကုမ္ပဏီများအ တွက် တန်းတူရည်တူ ယှဉ်ပြိုင် ခွင့်ပေးရေး တောင်းဆိုမှုများကို ဗဟိုပြုထားသော လိပ်ခဲတည်းလည်းဖြစ်မှုက ပြေလည်ဟန်မရခဲ့ပါဘူး။

မေလတွင် ဆွေးနွေးပွဲရပ်တန့်ချိန်ကလည်း တရုတ်အနေနဲ့ ၎င်းတို့ရဲ့ ကတိတွေကို ချိုးဖောက် လေ့ရှိ တယ် လို့ ထရန့်က စွပ်စွဲခဲ့သလို တရုတ်ဘက်ကလည်း အမေရိကန်အနေနဲ့ အိုဆာကာနဲ့ အာဂျင်းတီးနားမှာ ခေါင်းဆောင်နှစ်ဦးတွေကဆုံစဉ် သဘောတူညီချက်တွေကို မလိုက်နာဘူးလို့ ပြောခဲ့ပါတယ်။ဒီအတွက် ကုန်သွယ်ရေးဆွေးနွေးမှုက တစ်ခန်းရပ်ခဲ့သလို အမေရိကန်မှာ နောက်တစ်ကြိမ်ဆွေးနွေးဖို့ ပြန်ဖြစ်လာတဲ့ အတွက် ကုန်သွယ်ရေးစစ်ကြောင့် နှစ်ဘက်စလုံးအပါအဝင် ကမ္ဘာတစ်ဝန်းအထိနာဖို့များနေပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေသလို တောင်ကိုရီးယားနဲ့ ဂျပန်ကြား ကုန်သွယ်ရေး ပဋိပက္ခကလည်း ပိုမြင့်တက်လာပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မ လုပ်အားပေးစေခိုင်းခြင်းခံရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ဂျပန်ကုမ္ပဏီတွေက နစ်နာကြေးပေးဖို့ အငြင်းပွားမှု မြင့်တက်လာရာကနေ ဇူလိုင်လထဲမှာ ဂျပန်က တောင် ကိုရီးယား၏ ကမ္ဘာ့ထိပ်တန်း နည်းပညာမြင့် ထုတ်ကုန်များဖြစ်သည့် ချစ်(ပ်) ပြားများနှင့် စမတ်ဖုန်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသည့် ကုန်ကြမ်း ပစ္စည်းများ တင်ပို့မှုကိုတင်းကျပ်ထားခဲ့တာပါ။ ဂျပန်အစိုးရသည် ၎င်းတို့၏ ယုံကြည်ရသော ကုန်သွယ်ဖက်နိုင်ငံများ စာရင်းမှ တောင်ကို ရီးယားကို ဖယ်ထုတ်ရန် ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေကြား ကုန်သွယ်ရေးအငြင်းပွားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက် ရှေ့ဆက်ဘာဖြစ်မလဲ ဆိုတာ ဆက်ကြည့်ရဦးမှာဖြစ်ပါတယ်။

ရှုပ်ထွေးနေတဲ့ အရှေ့အာရှ

အမေရိကန်နဲ့ တွေ့ဆုံမှုမှာ လိုချင်တာ မရခဲ့တဲ့ မြောက်ကိုရီးယားကတော့ သူရဲ့ မရိုးနိုင်တဲ့ ဒီပလို မေစီဖြစ်တဲ့ ဒုံးပျံဒီပလိုမေစီကို ယခု ရက်သတ္တပတ် ထဲမှာ ထပ်မံကျင့်သုံးခဲ့ပါတယ်။ ယခုရက်သတ္တပတ်ထဲမှာဘဲ မြောက်ကိုရီး ယားက ဂွန်ဆန်ဒေသ ကနေ ၎င်းရဲ့အရှေ့ဘက် ကမ်းရိုးတန်းအလွန်ကို  တာတိုပဲ့ထိန်းဒုံး ကျည် နှစ်စင်း ပစ်လွှတ် ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒါဟာ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားကို လေးနက်တဲ့ သတိပေးမှုဆိုပြီး ပြောထားပါတယ်။ ဒီဒုံးကျည်နှစ်စင်းဟာ ရှေ့ရက်သတ္တပတ် က ပစ်လွှတ်ခဲတဲ့ ဒုံးကျည်နဲ့ ကွဲပြားပြီး အကွာအဝေး ၁၅၅ မိုင်၊ အမြင့် ၃၀ ကီလိုမီတာအထိ ရောက်ရှိကာ ဂျပန် ပင်လယ်ထဲ ကျဆင်းခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က ဒီလို ဒုံးကျည်ပစ်လွတ်ပြပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ သူတို့ရဲ့ နဂိုမူလ အစီအစဉ်ကို မဖျက်ခဲ့ပါ ဘူး။ဇူလိုင်လကုန်ပိုင်းမှ ပစ်လွှတ်သတိပေးခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ဂရုမမှုဘဲ တောင်ကိုရီးယားနဲ့ အမေရိကန်က ဆက်လက် စစ်ရေးလေ့ကျင့်မယ်လို့ ဆိုသလို ဂျပန်ကလည်း ဒီလို မြောက်ကိုရီးယားဘက်က ပစ်လွှတ်တာဟာ သူတို့ရဲ့လုံခြုံရေးအပေါ် အကျိုးမသက် ရောက်ဘူးလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ်ကတော့  မြောက်ကိုရီးယား အစိုးရနဲ့ ကန့်သတ်ချက် တွေ မထားဘဲ ထိပ်သီး ဆွေးနွေးပွဲကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
 
လာမယ့် သြဂုတ် ၅ ရက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင်မှုလုပ်မှာ ဖြစ် သလို ဘာတွေ ဖြစ်လာမလဲ ဆိုတာလဲ စိတ်ဝင်စားစရာပါ။ ဒီဒေသမှာဘဲ နောက်ထပ်စစ်ရေးလေ့ကျင့်မှု တွေ လုပ်ဖို့ ရှိနေတာက တရုတ်ဘက်ကပါ။ တရုတ်ကတော့ ယခုရက်သတ္တပတ် အတွင်း တိုင်ပေကျွန်းအနီး ရေပြင် မှာ စစ်ရေးလေ့ကျင့်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်အပါအဝင် ဒေသတွင်းမဟုတ်တဲ့ အင် အားကြီးနိုင်ငံတွေက တောင်အာရှဒေသမှာ တရုတ် က စစ်ရေးချဲ့ထွင်နေတယ်ဆိုပြီး စွပ်စွဲတာတွေ ရှိပါတယ်။ဒီလို စွပ်စွဲတာတွေကို  ယခုရက်သတ္တပတ်ထဲ ကျင်းပ တဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်း အဝေးမှာ တရုတ်ဝန်ကြီးချုပ် ဝန်ယိက အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ပူးပေါင်းပြီး တောင်တရုတ် ပင်လယ်အတွင်းရှိ အခြေအနေတွေတည်ငြိမ်အောင် ထိန်းသိမ်းပြီး တိုးတက် မှုတွေ ရှိတယ်လို့ ပြောခဲ့သလို ကိုယ်ဒေသမဟုတ်ဘဲ စစ်အင်အားလာချထားတဲ့ သူတွေသာ စစ်ရေးချဲ့ထွင်တဲ့ သူတွေလို့ ပြန်တုံပြန်ခဲ့ပါတယ်။ အမေရိကန်ကတော့ လတ်တလောမှာ သက်တမ်းကုန်ဆုံးသွားတဲ့ ကီလိုမီတာ ၅၀ဝ မှ ၅၅၀ဝ အထိ အကွာအဝေးရှိသည့် မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်များနှင့်  ခရုစ်ဒုံးကျည်များကို ထုတ် လုပ်ခြင်း၊  ပိုင်ဆိုင်ခြင်းနှင့်  စမ်းသပ် ပစ်လွှတ်ခြင်းတို့ကို တားမြစ် ပိတ်ပင် ထားတဲ့ အမေရိကန် -ရုရှား နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်နေရာမှာ နောက်တိုးနူကလီးယား လက်နက်အင် အား ကြီးနိုင်ငံတွေ ဖြစ်လာတဲ့ တရုတ်ကိုပါထည့်သွင်းပြီးချုပ်ဆိုဖို့ အဆိုတင်လာတာတွေ ရှိပါတယ်။ လောလော ဆယ်မှာတော့ တရုတ်ဘက်က လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပါတယ်။

ဒီလိုအာရှဒေသတစ်ဝိုက်မှာ ဘယ်တော့ စစ်မီးထတောက်မလဲ ဆိုတာ ရင်ထိတ်စရာပါ။ အထူးသဖြင့် အာရှဒေသအတွင်း သတိထားရမယ့် စစ်ရေးတင်းမာမှုက  အိန္ဒိယနဲ့ ပါကစ္စတန်ပါ။ နယ်စပ်မှာ အိန္ဒိယ ကွန်ဗွိုင်း ကို ပါကစ္စတန်ကျောထောက်နောက်ခံ အကြမ်းဖက်သမားတွေက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့လို့ အများအပြား သေဆုံးခဲ့ရပြီးကတည်းက မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ရှိနေတာပါ။ စစ်ရေး တင်းမာမှုကလည်း အချိန်မ ရွေးထပေါက်ကွဲနိုင်တဲ့ အနေအထားပါ။ နူကလီးယားလက်နက်ပိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် ကမ္ဘာက စောင့်ကြည့်နေရတဲ့ စိုးရိမ်စရာ အခြေအနေပါ။ ဒီလိုတင်းမာနေတဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က သြဂုတ် ၂ ရက်မှာ ကက်ရှမီးယား အငြင်းပွားဒေသနှင့် ပတ်သက်၍ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံကြား ကြား ဝင်ဖျန်ဖြေ ကူညီဖြေရှင်းပေးဖို့ ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့်  အိန္ဒိယဘက်က ငြင်းပယ်ခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းကတော့ အိန္ဒယဘက်ကလုပ်ဆောင်နေတဲ့ ကက်ရှ်မီးယားဒေသထဲ အိန္ဒိယကတပ်ဖွဲ့များ ထပ်မံစေ လွှတ်ခဲ့တာ ခရီးသွားဧည့်သည်များ၊ ကျောင်းသားများနှင့် ဘုရားဖူးများကိုလာ ရောက်ခွင့် ပိတ်ပင်လိုက်တာတွေကြောင့် ဒေသတွင်း ပြဿနာတစ်ရပ်ဖြစ် လာပြီးတင်းမာမှုများ မြင့်တက်လာ နိုင်တယ်လို့ သတိပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါအပြင် အိန္ဒိယဘက်က ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်တဲ့ အိုမာအဗ္ဗဒူလာနှင့် မာဘူဘာမွတ်တီတို့ကိုညသန်းခေါင်အချိန်ကနေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း လိုက်သလို ကက်ရှ်မီးယားဒေသတွင် အင်တာနက်အသုံးပြုမှုများကိုလည်းကန့်သတ်လိုက်တဲ့ အတွက်လည်း ဒေသတွင်းတင်းမာမှုတွေက ပိုမို မြင့်တက် လာခဲ့ပါတယ်။

ဒီလိုတင်းမာမှုတွေ ရှိနေချိန်မှာ အိန္ဒိယလွှတ်တော် နှစ်ရာချီသက်တမ်းရှိတဲ့ အစ္စလာမ်ထုံးစံ ကွာရှင်းခွင့် ကို ယခုရက်သတ္တပတ်ထဲမှာဘဲ တရားမဝင်ဘူးလို့ သတ်မှတ်တဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဒီအတွက် ဝေဖန်မှုတွေ ထွက်ခဲ့သလို ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရဦးမှာပါ။ဒီတစ်ပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကျင်းပနေတဲ့ ဘန်ကောက်မှာ ဗုံးခြောက် လုံး နေရာသုံးခုမှာ  ဩဂုတ် ၂ ရက်က ပေါက်ကွဲလို့  အနည်း ဆုံးလူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ဒီလိုဗုံးကွဲမှုနဲ့ ပတ်သက်ပြီး တောင်ပိုင်း ခွဲထွက် မူဆလင်တွေကို လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။
 
ဒီဒေသတွင်း အကြမ်းဖက်မှုတွေ ရှိနေသလို ဒေသတွင်းနိုင်ငံတွေမှာလည်း စစ်ရေးတည်ဆောက်မှု တွေလည်း ရှိလာပါတယ်။ ကမ္ဘောဒီး ယားလို နိုင်ငံတောင် သူရဲ့လက်နက်ကိုင်တပ်တွေ အဆင့်မြှင့်တင်ဖို့ တရုတ်ကနေ စစ်လက်နက်ပစ္စည်း ကန် ဒေါ်လာ သန်း ၄၀ ထပ်မံ သုံးစွဲဖို့ ရှိနေသလို ထိုင်းနိုင်ငံကလည်း  အိန္ဒိယနဲ့ ရုရှား ပူးပေါင်းထုတ်လုပ်တဲ့ အသံ ထက်မြန် ဘရာမို့(စ်)ဒုံးကျည်တွေ ဝယ်ဖို့ စီစဉ်နေပါတယ်။ဘာတွေ ဖြစ်လာဦး မလဲ ဆိုတာ စောင့်ကြည့်နေရဦးမယ်အခြေအနေပါ။

အပြန်အပြန်အလှန်လှန် ပင်လယ်ကွေ့ပြဿနာ
 
အမေရိကန်ကြား အပြန်အလှန် ရေနံတင်သင်္ဘော ဖမ်းဆီးထားတဲ့ ပြဿနာဟာ ယခုတစ်ပတ် ထဲ ပိုပြီးဆိုးဝါးလာတာကိုတွေ့ရပါတယ်။ဇူလိုင် ၂၉ ရက်မှာ ဗြိတိန်ဘက်က အီရန်ဘက်ကကမ်းလှမ်းတဲ့ ဖမ်းဆီး ထားတဲ့ ရေနံတင်သင်္ဘောတွေကို ဖလှယ်ဖို့ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတက ဆော်ဒီအာရေဗျနှင့် ယူအေအီးကို ဒေါ်လာဘီလျံနဲ့ ချီတဲ့ လက်နက်တွေ ရောင်း ချဖို့ ဗီတိုအာဏာသုံးပြီး တင်ခဲ့တဲ့ အဆိုဟာ အမေရိကန်လွှတ်တော်က ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ်ခဲ့တဲ့ အတွက် အတည်ဖြစ်သွားပါတယ်။ ဒီအတွက် အရှေ့အလယ်ပိုင်း မှာ စစ်ရေးမီးတောက်က ပိုအား ကောင်းလာ ဖွယ်ရှိနေပါတယ်။

ဒီလို ရှုပ်ထွေးနေတဲ့ ပင်လယ်ကွေ့သတင်းတွေ ဖြစ်နေသလို အာရပ်နဲ့ အစ္စလာမ်ကမ္ဘာမှာလည်း ပြဿ နာတွေ ရှုပ်ထွေးမှုရှိနေပါတယ်။ အစ္စလာမ်ကမ္ဘာမှာ တစ်ခုတည်းသောနူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်ကတော့ သူအိမ်နီးချင်းဖြစ်တဲ့ အာဖဂန်မှာ သမ္မတလောင်းရွေးကောက်ပွဲဝင်မယ်သူရဲ့ ရုံးခန်း ကို တိုက်ခိုက်ဗုံးခွဲခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ဒီရက်သတ္တပတ်ထဲ အာဖဂန်ထဲမှာ တိုက်ခိုက်မှုတွေ ဗုံးကွဲ မှုတွေ ဖြစ်ခဲ့လို့ အသေအပျောက်တွေ များခဲ့ပါတယ်။

ကုလထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရဆိုရင် ပြီးခဲ့တဲ့ နှစ်ထဲမှာ အရပ်သား သေဆုံးမှု ပမာဏ ၁၃၆၆ ဦး နှင့် ဒဏ်ရာရရှိသူ ၂၄၄၆ ဦးရှိပြီး ယခုနှစ်ဝက် မှာ သေဆုံးသူ အရပ်သား ၇၁၇ ဦးရှိနေပါတယ်။ဇူလိုင် ၃၁ ရက် နံနက်ပိုင်းမှာ  ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းဘေး ဗုံးထိမှန်လို့ အမျိုးသမီးများနဲ့ ကလေးငယ်အများစု အပါအဝင်လူ ၂၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။အမေရိကန်ကတော့ သူတို့ ဝင်ကျူးကျော် ခဲ့တဲ့ အာဖဂန် ကနေ ဆုတ်ခွာဖို့ ၁၈ နှစ်ကြာအောင်ဖြစ်ပွားခဲ့သည့်  စစ်ပွဲ အဆုံးသတ်စေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန်နှင့် တာလီဘန် စစ်သွေးကြွအဖွဲ့နဲ့ ဆွေးနွေးနေရာမှာ အောင်မြင်မှုရတယ်ဆိုပေမယ့် သေဆုံးမှုတွေ တိုက်ခိုက်မှု တွေက ဆက်တိုက်ပါဘဲ။ အာဖဂန် ရွေးကောက် ပွဲ များ မကျင်းပမီ အမေရိကန်နဲ့ တာလီဘန်တွေကြား ငြိမ်းချမ်း ရေးသဘောတူစာချုပ် လက်မှတ်ရေထိုးဖို့ စက်တင်ဘာ ၁ရက်ကိုမှန်းထားပေ မယ့် ဖြစ်လာပါ့မလား ဆိုတာ လည်း သတိထားစရာပါ။  

ကမ္ဘာရာသီဥတုဘေး

ယခုတစ်ပတ်ထဲမှာ ရာသီဥတုဆိုင်ရာသတင်းတွေက စိတ်ဝင်စားစရာပါ။ ဥရောပမှာ အငွေ့မသေးတဲ့ အပူလှိုင်းက အာရှမှာလည်း လူအသေပျောက်တွေ ဖြစ်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်း အပူလှိုင်းဖြတ်မှု ကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၅၆၆၄ ဦးကို ဆေးရုံတင် ထားရပါတယ်။ဒါဟာ ဂျပန်နိုင်ငံ အတွက် ဆယ်စုနှစ် များစွာအတွင်း တိမ်အထူထပ် ဆုံးဖြစ်ရပ်ပါဘဲ။ ဂျပန်နိုင်ငံတစ်ဝန်း၌ ပြီးခဲ့သည့်နှစ်ဇွန်လမှ စက်တင်ဘာလအတွင်း အပူလှိုင်းဖြတ်မှုကြောင့် လူ ၁၅၁၆ ဦးသေဆုံးပြီး ၅၅၀ဝ၀ ကျော် အပူချိန်မြင့် တက်မှုနှင့် ဆက်စပ် သည့်ဝေဒနာ များခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုအပူချိန်ကမ္ဘာတစ်ဝန်းမြင့်တက်လာလို့ဘဲ ကမ္ဘာသမုဒ္ဒရာရေမြင့်တက်မှုက သိသာလာပါ တယ်။ အာရှ အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရေအောက်ရောက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြို့တော်တွေ ရှိနေပါ တယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေ၊ ဗန်ကောက်လ့ို မြို့တွေပါတဲ့ အပြင် ဂျကာတာဆို မြို့ပြင် ပင်လယ်နဲ့ ထိစပ်တဲ့ နေရာ တွေမှာ ရေအောာက်မြုပ်နေတာတွေ ဖြစ်လာပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကဒီလို သဘာဝဘေးအတွက် ယခုရက်သတ္တပတ်ထဲမှာဘဲ သူနိုင်ငံသားတွေကို ဂျကာတာ မြို့တော်ကို ပင်လယ်ရေအောက် နစ်မြုပ်မှုကနေ ကာကွယ်ဖို့ ပင်လယ်တံတိုင်း တည်ဆောက်မှု ကိုလုပ်ဆောင်ဖို့ အချိန်ကျပြီလို့ ဆိုခဲ့ပါတယ်။မြေအောက်ရေတူးဖော်မှုနှင့် စီးပွားဖြစ် သုံးစွဲမှုတွေကြောင့် လူဦးရေ ၁၀ သန်းကျော်နေထိုင်သည့် ဂျကာတာမြို့တော်မှာလည်း ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံး ရေအောက်နစ်မြုပ်နေသည့် မြို့တော် တစ်ခုဖြစ်နေပါတယ်။ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှ     ပညာရှင်များ ထုတ်ပြန်သည့် အချက် အလက်တွေ မှာတော့ ၂၀ဝ၇ ခုနှစ်ဖေဖော်ဝါရီလ အတွင်း ဆိုးရွားသော ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရပြီး    လူ ၈၀ ဝန်းကျင် သေဆုံးခဲ့ကာ ၅၀ဝဝဝ၀ ခန့် နေရပ်ရွှေ့ ပြောင်းခဲ့ရတဲ့ ရေကြီးမှုဖြစ်ခဲ့တဲ့ ဂျကာတာမြို့ဟာ ၂၀၅၀ ပြည့်နှစ်ခန့်မှာ မြို့ရဲ့ ၉၅ ရာခိုင်နူန်း ရေအောက်မြုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုပင်လယ်ရေမြင့်တက်မှုဖြစ်နေသလို ကမ္ဘာအပူချိန်မြင့်တက်မှုကြောင့်လည်း ရောဂါတွေကတိုး လာသလို ဆေးယဉ်ပါးတဲ့ ပြဿနာကြောင့် သမာရိုးကျရောဂါတွေကိုတောင် ထိန်းချုပ်ဖို့ ခက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်မှု အဆိုးရွားဆုံးဖြစ်နေ လို့ ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲနှင့်ရင်ဆိုင်နေရတယ်လို့ အာဏာပိုင်တွေက ဝန်ခံထားရပါတယ်။အစိုးရထုတ်ပြန်ချက်တွေမှာ  လက်ရှိ နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ ၁၃၆၃၇ ဦးအထိ မြင့်တက်နေပြီး ၎င်းတို့အနက် ရှစ်ဦးသေဆုံး ကာ ၂၄ နာရီအတွင်း လူ ၁၁ဝဝ နီးပါးရောဂါ ပိုးကူး စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရောဂါဘေးနဲ့ အတူ တောမီးလောင်တာတွေလည်း ဖြစ်ခဲ့တာရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဘော်နီရို ကျွန်းနဲ့ ဆူမားတြားကျွန်းမှာ တောမီးလောင်နေလို့ အရေးပေါ်အခြေအနေထုတ်ပြန်ထားရသလို ဂျပန်မှာလည်း ဖူကူယားမားအရှေ့ပိုင်းမှာ မဂ္ဂနီကျူ့ ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ပါတယ်။ဒီလို စိတ်ပျက်စရာတွေ ရှိပေမယ့် ဒီတစ်ပတ်ထဲမှာ စိတ်ချမ်းသာစရာရှိတာက အိန္ဒိယနိုင်ငံမှာ သဘာဝထိန်းသိမ်းမှု အားကောင်း လာတဲ့ အတွက် လေးနှစ်အတွင်း ကျားကောင်ရေ ၂၂၂၆ ကောင်ရှိလာတဲ့ သတင်းရယ်၊ အီသီယိုးပီးယားမှာ တစ်ရက် တည်း သစ်ပင် သန်း ၃၅၀ ကျော် စိုက်ပျိုးခဲ့တာရယ် ဆန်ဖရန်စစ္စကို နိုင်ငံတကာလေဆိပ်၌   ပလတ်စတစ် ဘူးတွေ အသုံးပြုပြီး ရောင်းချမှုကို  ပိတ်ပင်တော့မှာဆိုတဲ့ သတင်းတွေကြောင့် အဆိုးထဲက အကောင်းဆိုသလို သတင်းဖတ်သူတွေကို စိတ်သက်သာရာရစေပါတယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက် ကိုဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်

(  Zawgyi  )

ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတင္းဖတ္သူေတြ သတိထားမိေစခဲ့တဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ အီရန္နဲ႔ အေမရိကန္၊ ၿဗိတိန္ၾကား ေရနံတင္သေဘၤာျပႆနာ ၊ အာရွစစ္ေရးတင္း မာ မႈျပႆနာ၊ရာသီဥတုသတင္းေတြ၊ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲ သတင္းေတြက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ပါဘဲ။

ဒီသတင္းေတြက ယခုတစ္ပတ္ထဲ ျဖစ္ခဲ့တဲ့ ဘရာဇီးႏိုင္ငံ ပါရာျပည္နယ္ရွိ ေအာ္လ္တာ မီရာၿမိဳ႕ အက်ဥ္းေထာင္မွာ ေထာင္ဆူပူအုံႂကြမႈေၾကာင့္ အက်ဥ္းသား ၅၇ ဦး ေသဆုံး ခဲ့တဲ့သတင္း၊ ကယ္လီဖိုးနီးယား ျပည္နယ္ အစားအစာပြဲေတာ္တစ္ခုကို ေသနတ္သမားတစ္ဦးဝင္ပစ္ခဲ့ရာမွာ လူသုံးဦး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ကူဝိတ္ျပန္လက္ေဆာင္အျဖစ္ ခရီးသည္တစ္ဦးက ပခုံးထမ္းေလာင္ ခ်ာတစ္လက္ကို ခရီးေဆာင္ အိတ္ထဲ ထည့္ၿပီး ျပန္လာလို႔ အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္ေလဆိပ္မွာ ႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့ တဲ့ သတင္း၊ဗဟိုအေမရိကနဲ႔ အေမရိကန္ကို ေ႐ႊ႕ေျပာင္းေနထိုင္ခ်င္သူမ်ားကို လူေမွာင္ခိုတင္ပို႔သူ ၅၀ ခန႔္ကို ေကာ္စတာရီကာႏွင့္ ပနားမားမွာ ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ လူထုစုေဝးပြဲတစ္ခုမွာ ေက်ာင္းသားမ်ား အသတ္ ခံခဲ့ရတဲ့အတြက္ ဆႏၵျပပြဲမ်ား ျဖစ္ေပၚေနလို႔ တစ္ ႏိုင္ငံလုံးမွ စာသင္ေက်ာင္းမ်ား ပိတ္ထားဖို႔ ဆူဒန္မွာ ထုတ္ျပန္ ခဲ့ရတဲ့ သတင္း၊ ႐ိုေမးနီးယားမွာ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ဦးကို ကယ္တင္ဖို႔ ေႏွာင့္ေႏွးခဲ့တဲ့ အတြက္ ျပည္ထဲေရး ဝန္ႀကီးႏူတ္ထြက္ခဲ့တဲ့ သတင္း၊ တကၠဆက္ျပည္နယ္ရွိ ေဝါလ္မတ္ေဈးဝယ္စင္တာအတြင္း ဩဂုတ္ ၃ ရက္က ေသနတ္သမားတစ္ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ ပစ္ခတ္ခဲ့ရာ လူ ၂၉ ဦးထက္မနည္း ေသဆုံး သြားခဲ့တဲ့ သတင္း၊ ဆႏၵျပမႈထဲ ပါဝင္သူ ၆၀ဝ ေက်ာ္ကို ႐ုရွားလုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခားသတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။
 
ကမာၻစီးပြားေရး ဘယ္လိုျဖစ္လာမလဲ

ဥေရာပမွာ Brexit ၊ ကမာၻမွာ အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ကမာၻတစ္ဝန္း စီးပြားေရး က်ဆင္း မႈေတြ ရွိေနပါတယ္။ ကမာၻ႔ စီးပြားေရး အင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့  ဂ်ပန္မွာလည္း စက္မႈပစၥည္း ထုတ္လုပ္ မႈက ေမလကေန စတင္ၿပီး ၃ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။

Brexit နဲ႔ ဝန္ႀကီးခ်ဳပ္ ႏွစ္ဆက္အထိျပဳတ္က်ခဲ့တဲ့  ၿဗိတိန္မွာေတာ့ လက္ရွိဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ ေဘာရစ္ ဂြၽန္ဆင္က သေဘာထားတင္းမာသလို ၿဗိတိန္ကို မာဂရက္သက္ခ်ာေနာက္ပိုင္း တူတူတန္တန္ေနရာ မွာ ျပန္ေခါင္းေဆာင္ဖို႔ ႀကိဳးစားလာဖြယ္ရွိေနပါတယ္။ စၿပီးတာဝန္ယူစဥ္မွာဘဲ ဥေရာပသမဂၢ ကို ၿဗိတိန္အစိုးရရဲ႕ ေတာင္းဆိုခ်က္ကို မလိုက္ေလ်ာရင္  ဥေရာပသမဂၢ ကေန သေဘာတူညီခ်က္မရဘဲ ႏုတ္ထြက္ဖို႔ကလြဲၿပီး ၿဗိတိန္အစိုးရမွာ ေ႐ြးခ်ယ္စရာမရွိ ဘူးလို႔ ခပ္မာမာထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္လိုက္တဲ့ အတြက္ ၿဗိတိန္ေငြေၾကးျဖစ္တဲ့ စတာလင္ေပါင္ဟာ တန္ဖိုးက်ခဲ့ပါတယ္။

တေက်ာ့ျပန္ ကုန္သြယ္ေရးညႇိႏိုင္းမႈက မေအာင္ျမင္ခဲ့တဲ့ အတြက္ အေမရိကန္ဘက္က တ႐ုတ္ကိုနဂို ေၾကညာထားတဲ့ အတိုင္း ေဒၚလာ ဘီလ်ံ ၃၀၀ ကုန္စည္ေတြေတြကို အခြန္တိုးေကာက္ဖို႔ ထရမ့္က ထုတ္ျပန္ခဲ့ ပါတယ္။ရွန္ဟိုင္းမွာ ယခုရက္သတၱပတ္အတြင္း အေမရိကန္နဲ႔ တ႐ုတ္ အဆင့္ျမင့္အရာရွိႀကီးေတြ ေတြ႕ဆုံၿပီး ကုန္သြယ္ေရး စစ္ပြဲ အဆုံးသတ္ဖို႔ ႀကိဳးစားခဲ့တာပါ။အေမရိကန္ နည္းပညာမ်ား ခိုးယူခံရသည္ဆိုေသာ ကိစၥအ ေပၚ တ႐ုတ္က ထိန္းခ်ဳပ္ေပးေရး ႏွင့္ အေမရိကန္ကုမၸဏီမ်ားအ တြက္ တန္းတူရည္တူ ယွဥ္ၿပိဳင္ ခြင့္ေပးေရး ေတာင္းဆိုမႈမ်ားကို ဗဟိုျပဳထားေသာ လိပ္ခဲတည္းလည္းျဖစ္မႈက ေျပလည္ဟန္မရခဲ့ပါဘူး။

ေမလတြင္ ေဆြးေႏြးပြဲရပ္တန႔္ခ်ိန္ကလည္း တ႐ုတ္အေနနဲ႔ ၎တို႔ရဲ႕ ကတိေတြကို ခ်ိဳးေဖာက္ ေလ့ရွိ တယ္ လို႔ ထရန႔္က စြပ္စြဲခဲ့သလို တ႐ုတ္ဘက္ကလည္း အေမရိကန္အေနနဲ႔ အိုဆာကာနဲ႔ အာဂ်င္းတီးနားမွာ ေခါင္းေဆာင္ႏွစ္ဦးေတြကဆုံစဥ္ သေဘာတူညီခ်က္ေတြကို မလိုက္နာဘူးလို႔ ေျပာခဲ့ပါတယ္။ဒီအတြက္ ကုန္သြယ္ေရးေဆြးေႏြးမႈက တစ္ခန္းရပ္ခဲ့သလို အေမရိကန္မွာ ေနာက္တစ္ႀကိမ္ေဆြးေႏြးဖို႔ ျပန္ျဖစ္လာတဲ့ အတြက္ ကုန္သြယ္ေရးစစ္ေၾကာင့္ ႏွစ္ဘက္စလုံးအပါအဝင္ ကမာၻတစ္ဝန္းအထိနာဖို႔မ်ားေနပါတယ္။ တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရးစစ္ပြဲ ျဖစ္ေနသလို ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ၾကား ကုန္သြယ္ေရး ပဋိပကၡကလည္း ပိုျမင့္တက္လာပါတယ္။

ဒုတိယကမာၻစစ္အတြင္း အဓမၼ လုပ္အားေပးေစခိုင္းျခင္းခံရတဲ့ ေတာင္ကိုရီးယားႏိုင္ငံသားေတြကို ဂ်ပန္ကုမၸဏီေတြက နစ္နာေၾကးေပးဖို႔ အျငင္းပြားမႈ ျမင့္တက္လာရာကေန ဇူလိုင္လထဲမွာ ဂ်ပန္က ေတာင္ ကိုရီးယား၏ ကမာၻ႔ထိပ္တန္း နည္းပညာျမင့္ ထုတ္ကုန္မ်ားျဖစ္သည့္ ခ်စ္(ပ္) ျပားမ်ားႏွင့္ စမတ္ဖုန္းမ်ား ထုတ္လုပ္ရာတြင္ မရွိမျဖစ္ အေရးပါသည့္ ကုန္ၾကမ္း ပစၥည္းမ်ား တင္ပို႔မႈကိုတင္းက်ပ္ထားခဲ့တာပါ။ ဂ်ပန္အစိုးရသည္ ၎တို႔၏ ယုံၾကည္ရေသာ ကုန္သြယ္ဖက္ႏိုင္ငံမ်ား စာရင္းမွ ေတာင္ကို ရီးယားကို ဖယ္ထုတ္ရန္ ၿခိမ္းေျခာက္ေျပာဆိုထားပါတယ္။

ကမာၻစီးပြားေရးအင္အားႀကီးႏိုင္ငံေတြၾကား ကုန္သြယ္ေရးအျငင္းပြားမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ေနတဲ့အတြက္ ေရွ႕ဆက္ဘာျဖစ္မလဲ ဆိုတာ ဆက္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ရႈပ္ေထြးေနတဲ့ အေရွ႕အာရွ

အေမရိကန္နဲ႔ ေတြ႕ဆုံမႈမွာ လိုခ်င္တာ မရခဲ့တဲ့ ေျမာက္ကိုရီးယားကေတာ့ သူရဲ႕ မ႐ိုးႏိုင္တဲ့ ဒီပလို ေမစီျဖစ္တဲ့ ဒုံးပ်ံဒီပလိုေမစီကို ယခု ရက္သတၱပတ္ ထဲမွာ ထပ္မံက်င့္သုံးခဲ့ပါတယ္။ ယခုရက္သတၱပတ္ထဲမွာဘဲ ေျမာက္ကိုရီး ယားက ဂြန္ဆန္ေဒသ ကေန ၎ရဲ႕အေရွ႕ဘက္ ကမ္း႐ိုးတန္းအလြန္ကို  တာတိုပဲ့ထိန္းဒုံး က်ည္ ႏွစ္စင္း ပစ္လႊတ္ ခဲ့ပါတယ္။ ေျမာက္ကိုရီးယားကေတာ့ ဒါဟာ အေမရိကန္နဲ႔ စစ္ေရးေလ့က်င့္ဖို႔ စီစဥ္ထားတဲ့ ေတာင္ကိုရီးယားကို ေလးနက္တဲ့ သတိေပးမႈဆိုၿပီး ေျပာထားပါတယ္။ ဒီဒုံးက်ည္ႏွစ္စင္းဟာ ေရွ႕ရက္သတၱပတ္ က ပစ္လႊတ္ခဲတဲ့ ဒုံးက်ည္နဲ႔ ကြဲျပားၿပီး အကြာအေဝး ၁၅၅ မိုင္၊ အျမင့္ ၃၀ ကီလိုမီတာအထိ ေရာက္ရွိကာ ဂ်ပန္ ပင္လယ္ထဲ က်ဆင္းခဲ့ပါတယ္။

ေျမာက္ကိုရီးယားဘက္က ဒီလို ဒုံးက်ည္ပစ္လြတ္ျပေပမယ့္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားကေတာ့ သူတို႔ရဲ႕ နဂိုမူလ အစီအစဥ္ကို မဖ်က္ခဲ့ပါ ဘူး။ဇူလိုင္လကုန္ပိုင္းမွ ပစ္လႊတ္သတိေပးခဲ့တဲ့ ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈကို ဂ႐ုမမႈဘဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္က ဆက္လက္ စစ္ေရးေလ့က်င့္မယ္လို႔ ဆိုသလို ဂ်ပန္ကလည္း ဒီလို ေျမာက္ကိုရီးယားဘက္က ပစ္လႊတ္တာဟာ သူတို႔ရဲ႕လုံၿခဳံေရးအေပၚ အက်ိဳးမသက္ ေရာက္ဘူးလို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကေတာ့  ေျမာက္ကိုရီးယား အစိုးရနဲ႔ ကန႔္သတ္ခ်က္ ေတြ မထားဘဲ ထိပ္သီး ေဆြးေႏြးပြဲက်င္းပႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
 
လာမယ့္ ၾသဂုတ္ ၅ ရက္မွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ ပူးတြဲ စစ္ေရးေလ့က်င္မႈလုပ္မွာ ျဖစ္ သလို ဘာေတြ ျဖစ္လာမလဲ ဆိုတာလဲ စိတ္ဝင္စားစရာပါ။ ဒီေဒသမွာဘဲ ေနာက္ထပ္စစ္ေရးေလ့က်င့္မႈ ေတြ လုပ္ဖို႔ ရွိေနတာက တ႐ုတ္ဘက္ကပါ။ တ႐ုတ္ကေတာ့ ယခုရက္သတၱပတ္ အတြင္း တိုင္ေပကြၽန္းအနီး ေရျပင္ မွာ စစ္ေရးေလ့က်င့္မယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အေမရိကန္အပါအဝင္ ေဒသတြင္းမဟုတ္တဲ့ အင္ အားႀကီးႏိုင္ငံေတြက ေတာင္အာရွေဒသမွာ တ႐ုတ္ က စစ္ေရးခ်ဲ႕ထြင္ေနတယ္ဆိုၿပီး စြပ္စြဲတာေတြ ရွိပါတယ္။ဒီလို စြပ္စြဲတာေတြကို  ယခုရက္သတၱပတ္ထဲ က်င္းပ တဲ့ အာဆီယံႏိုင္ငံျခား ေရးဝန္ႀကီးမ်ားအစည္း အေဝးမွာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ ဝန္ယိက အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ ေတြနဲ႔ ပူးေပါင္းၿပီး ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ အေျခအေနေတြတည္ၿငိမ္ေအာင္ ထိန္းသိမ္းၿပီး တိုးတက္ မႈေတြ ရွိတယ္လို႔ ေျပာခဲ့သလို ကိုယ္ေဒသမဟုတ္ဘဲ စစ္အင္အားလာခ်ထားတဲ့ သူေတြသာ စစ္ေရးခ်ဲ႕ထြင္တဲ့ သူေတြလို႔ ျပန္တုံျပန္ခဲ့ပါတယ္။ အေမရိကန္ကေတာ့ လတ္တေလာမွာ သက္တမ္းကုန္ဆုံးသြားတဲ့ ကီလိုမီတာ ၅၀ဝ မွ ၅၅၀ဝ အထိ အကြာအေဝးရွိသည့္ ေျမျပင္အေျခစိုက္ ပဲ့ထိန္းဒုံးက်ည္မ်ားႏွင့္  ခ႐ုစ္ဒုံးက်ည္မ်ားကို ထုတ္ လုပ္ျခင္း၊  ပိုင္ဆိုင္ျခင္းႏွင့္  စမ္းသပ္ ပစ္လႊတ္ျခင္းတို႔ကို တားျမစ္ ပိတ္ပင္ ထားတဲ့ အေမရိကန္ -႐ုရွား န်ဴကလီးယား လက္နက္ထိန္းခ်ဳပ္ေရး သေဘာတူစာခ်ဳပ္ေနရာမွာ ေနာက္တိုးႏူကလီးယား လက္နက္အင္ အား ႀကီးႏိုင္ငံေတြ ျဖစ္လာတဲ့ တ႐ုတ္ကိုပါထည့္သြင္းၿပီးခ်ဳပ္ဆိုဖို႔ အဆိုတင္လာတာေတြ ရွိပါတယ္။ ေလာေလာ ဆယ္မွာေတာ့ တ႐ုတ္ဘက္က လက္မွတ္ေရးထိုးဖို႔ ျငင္းဆိုထားပါတယ္။

ဒီလိုအာရွေဒသတစ္ဝိုက္မွာ ဘယ္ေတာ့ စစ္မီးထေတာက္မလဲ ဆိုတာ ရင္ထိတ္စရာပါ။ အထူးသျဖင့္ အာရွေဒသအတြင္း သတိထားရမယ့္ စစ္ေရးတင္းမာမႈက  အိႏၵိယနဲ႔ ပါကစၥတန္ပါ။ နယ္စပ္မွာ အိႏၵိယ ကြန္ဗြိဳင္း ကို ပါကစၥတန္ေက်ာေထာက္ေနာက္ခံ အၾကမ္းဖက္သမားေတြက အေသခံဗုံးခြဲ တိုက္ခိုက္ခဲ့လို႔ အမ်ားအျပား ေသဆုံးခဲ့ရၿပီးကတည္းက မၾကာခဏဆိုသလို ပစ္ခတ္မႈေတြ ရွိေနတာပါ။ စစ္ေရး တင္းမာမႈကလည္း အခ်ိန္မ ေ႐ြးထေပါက္ကြဲႏိုင္တဲ့ အေနအထားပါ။ ႏူကလီးယားလက္နက္ပိုင္ထားတဲ့ ႏိုင္ငံေတြ ျဖစ္တဲ့အတြက္ ကမာၻက ေစာင့္ၾကည့္ေနရတဲ့ စိုးရိမ္စရာ အေျခအေနပါ။ ဒီလိုတင္းမာေနတဲ့ အတြက္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ၾသဂုတ္ ၂ ရက္မွာ ကက္ရွမီးယား အျငင္းပြားေဒသႏွင့္ ပတ္သက္၍ အိႏၵိယ ႏွင့္ ပါကစၥတန္ႏိုင္ငံၾကား ၾကား ဝင္ဖ်န္ေျဖ ကူညီေျဖရွင္းေပးဖို႔ ထပ္မံ ကမ္းလွမ္းခဲ့ေပမယ့္  အိႏၵိယဘက္က ျငင္းပယ္ခဲ့ပါတယ္။

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမရန္ခမ္းကေတာ့ အိႏၵယဘက္ကလုပ္ေဆာင္ေနတဲ့ ကက္ရွ္မီးယားေဒသထဲ အိႏၵိယကတပ္ဖြဲ႕မ်ား ထပ္မံေစ လႊတ္ခဲ့တာ ခရီးသြားဧည့္သည္မ်ား၊ ေက်ာင္းသားမ်ားႏွင့္ ဘုရားဖူးမ်ားကိုလာ ေရာက္ခြင့္ ပိတ္ပင္လိုက္တာေတြေၾကာင့္ ေဒသတြင္း ျပႆနာတစ္ရပ္ျဖစ္ လာၿပီးတင္းမာမႈမ်ား ျမင့္တက္လာ ႏိုင္တယ္လို႔ သတိေပးမႈေတြ ရွိခဲ့ပါတယ္။ ဒါအျပင္ အိႏၵိယဘက္က ကက္ရွ္မီးယားေဒသ ဝန္ႀကီးခ်ဳပ္ေဟာင္းေတြ ျဖစ္တဲ့ အိုမာအဗၺဒူလာႏွင့္ မာဘူဘာမြတ္တီတို႔ကိုညသန္းေခါင္အခ်ိန္ကေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္း လိုက္သလို ကက္ရွ္မီးယားေဒသတြင္ အင္တာနက္အသုံးျပဳမႈမ်ားကိုလည္းကန႔္သတ္လိုက္တဲ့ အတြက္လည္း ေဒသတြင္းတင္းမာမႈေတြက ပိုမို ျမင့္တက္ လာခဲ့ပါတယ္။

ဒီလိုတင္းမာမႈေတြ ရွိေနခ်ိန္မွာ အိႏၵိယလႊတ္ေတာ္ ႏွစ္ရာခ်ီသက္တမ္းရွိတဲ့ အစၥလာမ္ထုံးစံ ကြာရွင္းခြင့္ ကို ယခုရက္သတၱပတ္ထဲမွာဘဲ တရားမဝင္ဘူးလို႔ သတ္မွတ္တဲ့ ဥပေဒၾကမ္းကို အတည္ျပဳခဲ့ပါတယ္။ ဒီအတြက္ ေဝဖန္မႈေတြ ထြက္ခဲ့သလို ဘာေတြ ျဖစ္လာဦးမလဲဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရဦးမွာပါ။ဒီတစ္ပတ္အတြင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္း အေဝးက်င္းပေနတဲ့ ဘန္ေကာက္မွာ ဗုံးေျခာက္ လုံး ေနရာသုံးခုမွာ  ဩဂုတ္ ၂ ရက္က ေပါက္ကြဲလို႔  အနည္း ဆုံးလူေလးဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ထိုင္းအာဏာပိုင္ေတြကေတာ့ ဒီလိုဗုံးကြဲမႈနဲ႔ ပတ္သက္ၿပီး ေတာင္ပိုင္း ခြဲထြက္ မူဆလင္ေတြကို လက္ခ်က္လို႔ စြပ္စြဲခဲ့ပါတယ္။
 
ဒီေဒသတြင္း အၾကမ္းဖက္မႈေတြ ရွိေနသလို ေဒသတြင္းႏိုင္ငံေတြမွာလည္း စစ္ေရးတည္ေဆာက္မႈ ေတြလည္း ရွိလာပါတယ္။ ကေမာၻဒီး ယားလို ႏိုင္ငံေတာင္ သူရဲ႕လက္နက္ကိုင္တပ္ေတြ အဆင့္ျမႇင့္တင္ဖို႔ တ႐ုတ္ကေန စစ္လက္နက္ပစၥည္း ကန္ ေဒၚလာ သန္း ၄၀ ထပ္မံ သုံးစြဲဖို႔ ရွိေနသလို ထိုင္းႏိုင္ငံကလည္း  အိႏၵိယနဲ႔ ႐ုရွား ပူးေပါင္းထုတ္လုပ္တဲ့ အသံ ထက္ျမန္ ဘရာမို႔(စ္)ဒုံးက်ည္ေတြ ဝယ္ဖို႔ စီစဥ္ေနပါတယ္။ဘာေတြ ျဖစ္လာဦး မလဲ ဆိုတာ ေစာင့္ၾကည့္ေနရဦးမယ္အေျခအေနပါ။

အျပန္အျပန္အလွန္လွန္ ပင္လယ္ေကြ႕ျပႆနာ
 
အေမရိကန္ၾကား အျပန္အလွန္ ေရနံတင္သေဘၤာ ဖမ္းဆီးထားတဲ့ ျပႆနာဟာ ယခုတစ္ပတ္ ထဲ ပိုၿပီးဆိုးဝါးလာတာကိုေတြ႕ရပါတယ္။ဇူလိုင္ ၂၉ ရက္မွာ ၿဗိတိန္ဘက္က အီရန္ဘက္ကကမ္းလွမ္းတဲ့ ဖမ္းဆီး ထားတဲ့ ေရနံတင္သေဘၤာေတြကို ဖလွယ္ဖို႔ေျပာခဲ့ပါတယ္။

အေမရိကန္သမၼတက ေဆာ္ဒီအာေရဗ်ႏွင့္ ယူေအအီးကို ေဒၚလာဘီလ်ံနဲ႔ ခ်ီတဲ့ လက္နက္ေတြ ေရာင္း ခ်ဖို႔ ဗီတိုအာဏာသုံးၿပီး တင္ခဲ့တဲ့ အဆိုဟာ အေမရိကန္လႊတ္ေတာ္က ပယ္ဖ်က္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရႈံးနိမ္ခဲ့တဲ့ အတြက္ အတည္ျဖစ္သြားပါတယ္။ ဒီအတြက္ အေရွ႕အလယ္ပိုင္း မွာ စစ္ေရးမီးေတာက္က ပိုအား ေကာင္းလာ ဖြယ္ရွိေနပါတယ္။

ဒီလို ရႈပ္ေထြးေနတဲ့ ပင္လယ္ေကြ႕သတင္းေတြ ျဖစ္ေနသလို အာရပ္နဲ႔ အစၥလာမ္ကမာၻမွာလည္း ျပႆ နာေတြ ရႈပ္ေထြးမႈရွိေနပါတယ္။ အစၥလာမ္ကမာၻမွာ တစ္ခုတည္းေသာႏူကလီးယားလက္နက္ပိုင္ဆိုင္တဲ့ ႏိုင္ငံ ျဖစ္တဲ့ ပါကစၥတန္ကေတာ့ သူအိမ္နီးခ်င္းျဖစ္တဲ့ အာဖဂန္မွာ သမၼတေလာင္းေ႐ြးေကာက္ပြဲဝင္မယ္သူရဲ႕ ႐ုံးခန္း ကို တိုက္ခိုက္ဗုံးခြဲခဲ့တဲ့ လုပ္ရပ္ကို ရႈတ္ခ်ခဲ့ပါတယ္။ဒီရက္သတၱပတ္ထဲ အာဖဂန္ထဲမွာ တိုက္ခိုက္မႈေတြ ဗုံးကြဲ မႈေတြ ျဖစ္ခဲ့လို႔ အေသအေပ်ာက္ေတြ မ်ားခဲ့ပါတယ္။

ကုလထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္အရဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္ထဲမွာ အရပ္သား ေသဆုံးမႈ ပမာဏ ၁၃၆၆ ဦး ႏွင့္ ဒဏ္ရာရရွိသူ ၂၄၄၆ ဦးရွိၿပီး ယခုႏွစ္ဝက္ မွာ ေသဆုံးသူ အရပ္သား ၇၁၇ ဦးရွိေနပါတယ္။ဇူလိုင္ ၃၁ ရက္ နံနက္ပိုင္းမွာ  ခရီးသည္တင္ဘတ္စ္ကားတစ္စီး လမ္းေဘး ဗုံးထိမွန္လို႔ အမ်ိဳးသမီးမ်ားနဲ႔ ကေလးငယ္အမ်ားစု အပါအဝင္လူ ၂၈ ဦးထက္မနည္းေသဆုံးခဲ့ပါတယ္။အေမရိကန္ကေတာ့ သူတို႔ ဝင္က်ဴးေက်ာ္ ခဲ့တဲ့ အာဖဂန္ ကေန ဆုတ္ခြာဖို႔ ၁၈ ႏွစ္ၾကာေအာင္ျဖစ္ပြားခဲ့သည့္  စစ္ပြဲ အဆုံးသတ္ေစဖို႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ အေမရိကန္ႏွင့္ တာလီဘန္ စစ္ေသြးႂကြအဖြဲ႕နဲ႔ ေဆြးေႏြးေနရာမွာ ေအာင္ျမင္မႈရတယ္ဆိုေပမယ့္ ေသဆုံးမႈေတြ တိုက္ခိုက္မႈ ေတြက ဆက္တိုက္ပါဘဲ။ အာဖဂန္ ေ႐ြးေကာက္ ပြဲ မ်ား မက်င္းပမီ အေမရိကန္နဲ႔ တာလီဘန္ေတြၾကား ၿငိမ္းခ်မ္း ေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရထိုးဖို႔ စက္တင္ဘာ ၁ရက္ကိုမွန္းထားေပ မယ့္ ျဖစ္လာပါ့မလား ဆိုတာ လည္း သတိထားစရာပါ။  

ကမာၻရာသီဥတုေဘး

ယခုတစ္ပတ္ထဲမွာ ရာသီဥတုဆိုင္ရာသတင္းေတြက စိတ္ဝင္စားစရာပါ။ ဥေရာပမွာ အေငြ႕မေသးတဲ့ အပူလႈိင္းက အာရွမွာလည္း လူအေသေပ်ာက္ေတြ ျဖစ္ခဲ့ပါတယ္။ဂ်ပန္ႏိုင္ငံမွာ ယခုသီတင္းပတ္အတြင္း အပူလႈိင္းျဖတ္မႈ ေၾကာင့္ လူ ၁၁ ဦးေသဆုံးၿပီး ၅၆၆၄ ဦးကို ေဆး႐ုံတင္ ထားရပါတယ္။ဒါဟာ ဂ်ပန္ႏိုင္ငံ အတြက္ ဆယ္စုႏွစ္ မ်ားစြာအတြင္း တိမ္အထူထပ္ ဆုံးျဖစ္ရပ္ပါဘဲ။ ဂ်ပန္ႏိုင္ငံတစ္ဝန္း၌ ၿပီးခဲ့သည့္ႏွစ္ဇြန္လမွ စက္တင္ဘာလအတြင္း အပူလႈိင္းျဖတ္မႈေၾကာင့္ လူ ၁၅၁၆ ဦးေသဆုံးၿပီး ၅၅၀ဝ၀ ေက်ာ္ အပူခ်ိန္ျမင့္ တက္မႈႏွင့္ ဆက္စပ္ သည့္ေဝဒနာ မ်ားခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီလိုအပူခ်ိန္ကမာၻတစ္ဝန္းျမင့္တက္လာလို႔ဘဲ ကမာၻသမုဒၵရာေရျမင့္တက္မႈက သိသာလာပါ တယ္။ အာရွ အပါအဝင္ ကမာၻတစ္ဝန္းမွာ ေရေအာက္ေရာက္မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ ၿမိဳ႕ေတာ္ေတြ ရွိေနပါ တယ္။ အထူးသျဖင့္ ဘဂၤလားေဒ့ရွ္၊ပစိဖိတ္သမုဒၵရာထဲက ကြၽန္းေတြ၊ ဗန္ေကာက္လ့ို ၿမိဳ႕ေတြပါတဲ့ အျပင္ ဂ်ကာတာဆို ၿမိဳ႕ျပင္ ပင္လယ္နဲ႔ ထိစပ္တဲ့ ေနရာ ေတြမွာ ေရေအာာက္ျမဳပ္ေနတာေတြ ျဖစ္လာပါတယ္။ အင္ဒိုနီးရွား သမၼတ ဂ်ိဳကိုဝီဒိုဒိုကဒီလို သဘာဝေဘးအတြက္ ယခုရက္သတၱပတ္ထဲမွာဘဲ သူႏိုင္ငံသားေတြကို ဂ်ကာတာ ၿမိဳ႕ေတာ္ကို ပင္လယ္ေရေအာက္ နစ္ျမဳပ္မႈကေန ကာကြယ္ဖို႔ ပင္လယ္တံတိုင္း တည္ေဆာက္မႈ ကိုလုပ္ေဆာင္ဖို႔ အခ်ိန္က်ၿပီလို႔ ဆိုခဲ့ပါတယ္။ေျမေအာက္ေရတူးေဖာ္မႈႏွင့္ စီးပြားျဖစ္ သုံးစြဲမႈေတြေၾကာင့္ လူဦးေရ ၁၀ သန္းေက်ာ္ေနထိုင္သည့္ ဂ်ကာတာၿမိဳ႕ေတာ္မွာလည္း ကမာၻေပၚတြင္ အျမန္ဆန္ဆုံး ေရေအာက္နစ္ျမဳပ္ေနသည့္ ၿမိဳ႕ေတာ္ တစ္ခုျဖစ္ေနပါတယ္။ဘန္ေဒါင္းနည္းပညာတကၠသိုလ္မွ     ပညာရွင္မ်ား ထုတ္ျပန္သည့္ အခ်က္ အလက္ေတြ မွာေတာ့ ၂၀ဝ၇ ခုႏွစ္ေဖေဖာ္ဝါရီလ အတြင္း ဆိုး႐ြားေသာ ေရႀကီးေရလွ်ံမႈ ႀကဳံေတြ႕ခဲ့ရၿပီး    လူ ၈၀ ဝန္းက်င္ ေသဆုံးခဲ့ကာ ၅၀ဝဝဝ၀ ခန႔္ ေနရပ္ေ႐ႊ႕ ေျပာင္းခဲ့ရတဲ့ ေရႀကီးမႈျဖစ္ခဲ့တဲ့ ဂ်ကာတာၿမိဳ႕ဟာ ၂၀၅၀ ျပည့္ႏွစ္ခန႔္မွာ ၿမိဳ႕ရဲ႕ ၉၅ ရာခိုင္ႏူန္း ေရေအာက္ျမဳပ္ဖို႔ ရွိတယ္လို႔ ဆိုပါတယ္။

ဒီလိုပင္လယ္ေရျမင့္တက္မႈျဖစ္ေနသလို ကမာၻအပူခ်ိန္ျမင့္တက္မႈေၾကာင့္လည္း ေရာဂါေတြကတိုး လာသလို ေဆးယဥ္ပါးတဲ့ ျပႆနာေၾကာင့္ သမာ႐ိုးက်ေရာဂါေတြကိုေတာင္ ထိန္းခ်ဳပ္ဖို႔ ခက္လာပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေသြးလြန္တုပ္ေကြးေရာဂါပိုးကူးစက္မႈ အဆိုး႐ြားဆုံးျဖစ္ေန လို႔ ကိုင္တြယ္ေျဖရွင္းရန္ အခက္အခဲႏွင့္ရင္ဆိုင္ေနရတယ္လို႔ အာဏာပိုင္ေတြက ဝန္ခံထားရပါတယ္။အစိုးရထုတ္ျပန္ခ်က္ေတြမွာ  လက္ရွိ ႏိုင္ငံအတြင္း ေရာဂါပိုးကူးစက္ခံရသူ ၁၃၆၃၇ ဦးအထိ ျမင့္တက္ေနၿပီး ၎တို႔အနက္ ရွစ္ဦးေသဆုံး ကာ ၂၄ နာရီအတြင္း လူ ၁၁ဝဝ နီးပါးေရာဂါ ပိုးကူး စက္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ေရာဂါေဘးနဲ႔ အတူ ေတာမီးေလာင္တာေတြလည္း ျဖစ္ခဲ့တာရွိပါတယ္။အင္ဒိုနီးရွားႏိုင္ငံ ေဘာ္နီ႐ို ကြၽန္းနဲ႔ ဆူမားၾတားကြၽန္းမွာ ေတာမီးေလာင္ေနလို႔ အေရးေပၚအေျခအေနထုတ္ျပန္ထားရသလို ဂ်ပန္မွာလည္း ဖူကူယားမားအေရွ႕ပိုင္းမွာ မဂၢနီက်ဴ႕ ၆ ဒသမ ၂ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခဲ့ပါတယ္။ဒီလို စိတ္ပ်က္စရာေတြ ရွိေပမယ့္ ဒီတစ္ပတ္ထဲမွာ စိတ္ခ်မ္းသာစရာရွိတာက အိႏၵိယႏိုင္ငံမွာ သဘာဝထိန္းသိမ္းမႈ အားေကာင္း လာတဲ့ အတြက္ ေလးႏွစ္အတြင္း က်ားေကာင္ေရ ၂၂၂၆ ေကာင္ရွိလာတဲ့ သတင္းရယ္၊ အီသီယိုးပီးယားမွာ တစ္ရက္ တည္း သစ္ပင္ သန္း ၃၅၀ ေက်ာ္ စိုက္ပ်ိဳးခဲ့တာရယ္ ဆန္ဖရန္စစၥကို ႏိုင္ငံတကာေလဆိပ္၌   ပလတ္စတစ္ ဘူးေတြ အသုံးျပဳၿပီး ေရာင္းခ်မႈကို  ပိတ္ပင္ေတာ့မွာဆိုတဲ့ သတင္းေတြေၾကာင့္ အဆိုးထဲက အေကာင္းဆိုသလို သတင္းဖတ္သူေတြကို စိတ္သက္သာရာရေစပါတယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ ကိုဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္