【 ဆောင်းပါး 】 “သင်၏လက်သန်း မည်သို့လှမ်းမည်နည်း”

【 ဆောင်းပါး 】 “သင်၏လက်သန်း မည်သို့လှမ်းမည်နည်း”

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟု ဆိုသည်။မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်။ထို့အပြင် ရဲဘော်သုံးကျိပ်ထဲတွင် စစ်ရေးအထူးချွန်ဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။သူ၏ စစ်ရေးထူးချွန်မှုကို ဂျပန်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးမကြာခင် ပြသခဲ့သည်။

ရဲဘော်သုံးကျိပ်ဝင်တချို့ တပ်ရင်းမှူးများဖြစ်ပြီးနောက်တွင် ဗိုလ်ကျော်ဇော ကိုယ်တွယ်ရသော တပ်ရင်း (၄) က ရဲဘော်တို့၏ စစ်ပညာမှာ အခြားတပ်ရင်းများထက် ရှေ့ရောက်နေခြင်းက ဗိုလ်ကျော်ဇော၏ ပထမစာမျက်နှာဖြစ်သည်။ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း က စံပြတပ်ရင်းတစ်ခုတည်ထောင်ကာ ဗိုလ်ကျော်ဇော ကို တပ်ရင်းမှူးခန့်၍ စစ်သားကောင်းများ မွေးထုတ်စေခဲ့သည်။

လွတ်လပ်ရေးရပြီးသည်မှာ ဘာမှမကြာ။နေရာပေါင်းစုံတွင် ရောင်စုံသူပုန်တို့ တလူလူလွင့်နေသည်။အဆိုးဆုံးအခြေအနေမှာ အင်အားကြီးလှသော ကေအင်ဒီအိုတို့က အင်းစိန်မြို့ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။အနောက်တိုင်းမီဒီယာအချို့က မြန်မာအစိုးရကို ရန်ကုန်အစိုးရဟု လှောင်ပြောင်ခေါ်ဆိုသည်အထိ အစိုးရ၏သက်ရောက်မှုအာဏာမှာ အင်းစိန်သို့ပင် မရောက်တော့။အင်းစိန်မှ ဆက်တက်လာမည့် ကေအင်ဒီအို ကို တောင့်မခံထားနိုင်ခဲ့လျှင် ရန်ကုန်အစိုးရသည်ပင် ပွဲပြီးတော့မည့်အခြေအနေဖြစ်သည်။ယင်းသို့သော အခြေအနေတွင် ဗိုလ်ကျော်ဇောသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် (ထိုအချိန်က မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်းဟူ၍ စစ်တိုင်းနှစ်ခုသာရှိ) အင်းစိန်တိုက်ပွဲကို ဦးဆောင်ခဲ့သည်။အင်းစိန်တိုက်ပွဲမှသည် ကေအင်ဒီအိုတို့ ပြိုဆင်းခဲ့ပြီး မြို့ကြီးများစွာကို ပြန်လည်သိမ်းယူနိုင်ခဲ့သော တိုက်ပွဲများတွင် ဗိုလ်ကျော်ဇောသည် ဦးစီးဦးဆောင်ဖြစ်သည်။တိုက်ပွဲများအပြီး ဗိုလ်ကျော်ဇော နာမည်သည် ပြည်သူများကြား လျှမ်းလျှမ်းတောက်ခဲ့သည်။

ထို့နောက် ၁၉၅၃ ခုနှစ် တရုတ်ဖြူကျူးကျော်စစ်ကို တွန်းလှန်ရန် တောင်ပိုင်းတိုင်းမှူးအဖြစ်မှသာ မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်သည်။ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေး၏ အကြီးအမှူးအဖြစ် လက်နက်အင်အားသာလွန်သော တရုတ်ဖြူကို မြန်မာမြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။
တရုတ်ဖြူစစ်ဆင်ရေးအပြီးတွင် ဗိုလ်ကျော်ဇော အမည်မှာ မြန်မာပြည်သူများကြားတင်မက တိုင်းပြည်၏ အပြင်ဘက်သို့ပင် ပေါက်သွားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ကွန်မြူနစ်များကို ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ တပ်မတော်မှ အငြိမ်းစားပေးခြင်းခံရသည်။ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဆက်လက်တာဝန်ကျေခဲ့ပြန်သည်။ထို့နောက် ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည်။

ဗိုလ်ကျော်ဇော ဆိုသည်မှာ အငြင်းပွားစရာမလိုသော ပုဂ္ဂိုလ်။ရဲဘော်သုံးကျိပ်ကစလို့ တပ်မှအငြိမ်းစားပေးခံရသည်အထိ တိုင်းပြည်အတွက် သူစွမ်းဆောင်ခဲ့မှုမှာ ဧရာမဆိုတာမျိုးချည်း။သူ့အရည်အချင်း၊ သူ့ကိုယ်ကျင့်သိက္ခာ စိတ်ချလက်ချ မျက်စိစုံမှိတ်ယုံကြည်လိုက်နိုင်သော ပုဂ္ဂိုလ်မျိုး။ထိုသို့သော ပုဂ္ဂိုလ်ကြီးသည်ပင် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည်။

ဗိုလ်ကျော်ဇောက “ကျနော်ရွေးကောက်ပွဲရှုံးရသည့် အဓိကအကြောင်းရင်းမှာ ဤပြည်သူလူထု၏  သန့်ရှင်းဖဆပလအပေါ် အားကိုးအားထား ပုံအောလိုမှု စိတ်ဓာတ်အခြေခံကြောင့်ဖြစ်ပါသည်။” ဟု ဆို၏။

ပြည်သူတို့က ဘာ့ကြောင့် သန့်ရှင်းဖဆပလကို ပုံအောလိုကြသနည်း။ ၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက် နှစ်ပါတီမှာ ဦးနု ဦးဆောင်သော 'သန့်ရှင်းဖဆပလ' နှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော 'တည်မြဲဖဆပလ' ဖြစ်သည်။တည့်တည့်မတ်မတ် မဖြစ်မနေ ကြားနေရန်တာဝန်ရှိသော တပ်မတော်သည် တည်မြဲကို ကျောထောက်နောက်ခံပေးကာ တည်မြဲအနိုင်ရရှိရေးအတွက် ဗြောင်နီးနီး ရပ်ခံခဲ့သည်။နိုင်ငံရေးပါးမဝသော တည်မြဲဖဆပလခေါင်းဆောင်တချို့ ပြောသည့် 'နိုင်ရင်လည်း နိုင်ရမည်။ရှုံးရင်လည်း နိုင်ရမည်' ဆိုသည့် စကားက တည်မြဲ၏ ကြွေးကြော်သံလိုလို ဘာလိုလိုဖြင့် ပြည်သူတို့နားထဲသို့ စိုက်ဝင်ခဲ့သည်။

တပ်မတော်က တည်မြဲဘက် ရပ်ခံပေးမှုနှင့် ရှုံးရင်လည်းနိုင်ရမည်ဆိုသည့် စကား၏အဓိပ္ပါယ်ကို ပေါင်းစပ်လိုက်သည့်အခါ ပြည်သူတို့၏နားကို အကြီးအကျယ်ခါးသက်စေခဲ့သည်။ဒီမိုကရေစီကို ခုခံကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သန့်ရှင်းဖဆပလ အနိုင်ရရန်ဖြစ်ကြောင်း ပြည်သူအားလုံးက တညီတညွတ်တည်းနားလည်ကာ သန့်ရှင်းကို ပုံအောခဲ့ကြခြင်းဖြစ်သည်။ယင်းသို့သော အခြေအနေတွင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောလို ပုဂ္ဂိုလ်ကြီးပင်လျှင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။

၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူတို့က ပြည်သူ့အာဏာ ပြည်သူ့ထံတွင်သာရှိကြောင်းနှင့် ကိုယ့်နေရာကိုယ်နေတတ်အောင် တည်မြဲနှင့် စစ်တပ်ကို ပညာပေးခဲ့ခြင်းလည်းဖြစ်သည်။ထို့ပြင် နောက်ပြန်လှိုင်းလို အပြောင်းအလဲတစ်ခုလို အခြေအနေမျိုးတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အရည်အချင်းရှိမှုထက် ပါတီတစ်ရပ်၏ နိုင်ငံရေးမူဝါဒသာလျှင် ပဓာနကျကြောင်း သိမြင်မှုလည်းဖြစ်သည်။

ဗိုလ်ကျော်ဇောမှသည် ကျနော်ဆက်တွေးကြည့်မိသည်။ဗိုလ်ကျော်ဇောကဲ့သို့ တပ်မှူးကောင်းတစ်ဦးအဖြစ် အငြင်းပွားစရာမရှိ ကျော်ကြားခဲ့ပြီးသား ပုဂ္ဂိုလ်မျိုးကို အရည်အချင်းရှိကြောင်း မျက်လုံးစုံမှိတ်မဲပေးနိုင်သော်လည်း ဗိုလ်ကျော်ဇောကဲ့သို့ အစဉ်အလာလည်းမရှိ၊ ကျော်ကြားမှုလည်းမရှိ၊ လုပ်ရပ်ကောင်းများလည်းမရှိသေးသော အမတ်လောင်းမျိုးအပေါ် အရည်အချင်း ရှိ၊ မရှိ မည်သို့သောစံနှုန်းဖြင့် အကဲဖြတ်မည်နည်း။

အရည်အချင်းဆိုသည်မှာ ပညာအရည်အချင်းကို ဆိုလိုတာလားဟု မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင်ပင် အတန်းပညာ ဘွဲ့ထူးဂုဏ်ထူးများက မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုက ရှိနေသေးသည်။နိုင်ငံရေးသမားတစ်ယောက် အတန်းပညာ အရည်အချင်းရှိမှုကို ဂုဏ်ပုဒ်တစ်ခုပမာ အသိအမှတ်ကြသည်။သို့သော်၊ မြန်မာ့ပညာရေးမှသည် အဆီအနှစ်ဖြစ်လာမည့် ဆင်ခြင်တုံတရား မည်မျှပြန်ရမလဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပါတီကြီးတစ်ခုမှနေ၍ ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ရွေးချယ်ခံသည့် အမတ်လောင်းတစ်ဦးမှာ ဘွဲ့ဒီဂရီ တန်းစီရထားသူတစ်ဦးဖြစ်သည်။သူ့ဘွဲ့ထူးဂုဏ်ထူးများကိုကြည့်ပါက အင်မတန်အထင်ကြီးချင်စရာ။သို့သော်၊ ငွေကြေးနှင့်  မိန်းမ လုံးဝစိတ်မချရ၊ သူ့ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်တတ်သူဖြစ်ကြောင်း ကျနော်အပါအဝင် သူနှင့်ရင်းနှီးမှုရှိသူ အနည်းအကျဉ်းက သိကြသည်။
ထို့ကြောင့် ကျနော်တို့ခမျာ သူ့ဘွဲ့ထူးဂုဏ်ထူးကို အထင်ကြီးကာ အမတ်အဖြစ် ရွေးချယ်ခံရမည်လား၊ တထိတ်ထိတ်ဖြစ်ရသည်။သူအပြတ်အသတ်ရှုံးတော့ ကိုယ်မကြိုက်သောပါတီမှ တခြားသူတစ်ယောက်ယောက် ရှုံးတာထက် ပိုစိတ်အေးရသည်။(ယခု ၂၀၂၀ တွင်လည်း ထိုပါတီကြီးကိုယ်စားပြု ထပ်မံအရွေးခံပြန်သည်။)

ဘွဲ့ထူးဂုဏ်ထူးများသည် အများအကျိုးဆောင်ရွက်လိုစိတ်၊ နိုင်ငံရေးအရည်အချင်းနှင့် သီလစင်ကြယ်မှုရှိအောင် အတိုင်းအဆမည်မျှ ပံ့ပိုးမှုပေးနိုင်သလဲဟု စစ်တမ်းတစ်ခုပင် ရှိသင့်ပြီဟုထင်၏။ထားတော့။နိုင်ငံရေးအရည်အချင်းရှိမှုကို သူ့နိုင်ငံရေးဖြတ်သန်းမှု၊ အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်တွင် မဖောက်မပြန်ရပ်ခံခဲ့မှု၊ နိုင်ငံရေးလေ့လာအားရှိမှု စသည့်အချက်များနှင့် တိုင်းတာပါက ရာခိုင်နှုန်းမည်မျှ မှန်ကန်မည်နည်း။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ နိုင်ငံရေးဖြတ်သန်းမှုနှင့် မဖောက်မပြန်ရပ်ခံခဲ့မှုကို ခက်ခက်ခဲခဲမွှေနှောက်စရာမလိုဘဲ သိရှိနိုင်သော်လည်း လူတစ်ဦးတစ်ယောက်၏ နိုင်ငံရေးလေ့လာအား ရှိ၊ မရှိကို မည်သို့တိုင်းထွာကြမည်နည်း။

ရွေးကောက်ပွဲမဲဆွယ်ရာတွင် အာပေါင်အာရင်းသန်သန်၊ လေလုံးထွားထွားဖြင့် လက်သီးလက်မောင်းတန်း ပြောဟောနေသော ခဏတာကိုကြည့်ကာ နိုင်ငံရေးအရည်အချင်းရှိသည်ဟု အကဲဖြတ်ပါက ရာခိုင်နှုန်းမည်မျှ မှန်ကန်မည်နည်း။ဆိုလိုတာက ၅ နှစ်တာ အမတ်လုပ်ဖူးသူတစ်ဦးကို ၅ နှစ်တာအတွင်း သူ့စွမ်းဆောင်ရည်များအားကြည့်ကာ သူ့နိုင်ငံရေးရေချိန်ကို အကဲဖြတ်နိုင်သော်လည်း အသစ်စက်စက် အမတ်‌လောင်းတစ်ဦး၏ နိုင်ငံရေးရေချိန်အပေါ် အကဲဖြတ်ရသည်မှာ ဆုပ်ကိုင်ရှုမြင်စရာ အချက်အလက်နည်းသဖြင့် မလွယ်ပေ။

ပြောရလျှင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထက် နိုင်ငံရေးပါတီတစ်ရပ်အပေါ် အကဲဖြတ်ရခြင်းက အလွယ်တကူ မှန်ကန်စွာ အကဲဖြတ်နိုင်ပါသည်။နိုင်ငံရေးပါတီတစ်ရပ်၏ မူဝါဒဆိုသည်မှာ ထိုပါတီ၏ သန္ဓေ၊ မွေးဖွားဖြတ်သန်းကြီးပြင်းခဲ့ရာအရပ်၏ ပဲ့တင်သံပင်ဖြစ်သည်။ထိုသို့သော နိုင်ငံရေးပါတီတစ်ရပ်၏ အစဉ်အလာ၊ ဖြတ်သန်းမှုနှင့် နိုင်ငံရေးမူဝါဒဆိုသည်မှာ မည်သည့်အရာနှင့်မျှ အုပ်ထား၍မရသော မြင်သာထင်သာများပင်ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးဆိုသည်မှာ အများနှင့်သက်ဆိုင်သော ကိစ္စဖြစ်သလို အများနှင့်စုဖွဲ့ဆောင်ရွက်ရသော ကိစ္စလည်းဖြစ်သည်။တစ်ဦးချင်းစီ၏ အရည်အချင်းရှိမှုသည် အရေးပါသော်လည်း တစ်ဦးချင်းအရည်အချင်းရှိမှုမှ ဖြစ်ပေါ်လာသည့် ဂယက်ထက် ပါတီအစုအဖွဲ့အားဖြင့် မိမိသွားလိုရာလမ်းသို့ တွန်းဖွင့်နိုင်စွမ်းသော ဂယက်က နှိုင်း၍မရအောင် ကွာခြားမည်သာဖြစ်သည်။ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် သူ၏နိုင်ငံရေးအရှိန်အဝါမှာ မြန်မာတင်မက ကမ္ဘာထိကျော်ကြားခဲ့သည်။သူ၏ကျော်ကြားမှုမှာ တိုင်းပြည်အပြောင်းအလဲအတွက် အရေးပါလှသော်လည်း ယင်းထက်ပိုအရေးပါသည်မှာ သူ့နောက်တွင်ရှိနေသော NLD ပါတီအင်အားနှင့် လူထုအင်အား၏ စုစည်းမှုခွန်အားသာလျှင်ဖြစ်သည်။

ထပ်အထူးပြုရသော် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကောင်းခြင်းမှာ အရေးပါလှသော်လည်း ယင်းထက်ပိုအရေးပါသည်မှာ ပါတီတစ်ရပ်၏ ရှေ့ရှုရာလမ်း (သို့မဟုတ်) ပါတီမူဝါဒသာလျှင်ဖြစ်သည်။လက်ရှိကာလ ဒီမိုကရေစီသို့သွားရာ ခရီးလမ်းသည် မဖြောင့်ဖြူးရုံတင်မက ရှေ့သို့မရောက်အောင် ရသလောက်တွန်းကန်ခံနေရသေးကြောင်း အထူးသတိပြုရန်လိုပေမည်။ယင်းသို့သောကာလ၌ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ နောက်တစ်ကြိမ် သောင်ပြိုကမ်းပြိုအောင်ပွဲခံ အစိုးရဖွဲ့နိုင်ရေးအတွက် တစ်ခုတည်းသောလမ်းမှာ ပါတီကိုသာကြည့်ပြီး ပုံအောရန်သာလျှင်ဖြစ်သည်။

အစိုးရဖွဲ့နိုင်သည့် ပါတီများထဲတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးထုတ်ပေးလိုက်သောပါတီနှင့် အာဏာရှင်မွေးထုတ်ပေးလိုက်သောပါတီဟူ၍ ရှိသည်။သင်၏လက်သန်း မည်သို့လှမ်းမည်နည်း။

ကိုးကား - ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)

မျိုးညွန့် (Popular News)
အောက်တိုဘာ - ၂၂

( Zawgyi )

ဗိုလ္မႉးခ်ဳပ္ေဟာင္းေက်ာ္ေဇာဟု ဆိုသည္။ျမန္မာ့တပ္မေတာ္ကို စတင္တည္ေထာင္ခဲ့ေသာ ရဲေဘာ္သုံးက်ိပ္အဖြဲ႕ဝင္။ထို႔အျပင္ ရဲေဘာ္သုံးက်ိပ္ထဲတြင္ စစ္ေရးအထူးခြၽန္ဆုံးပုဂၢိဳလ္လည္းျဖစ္သည္။သူ၏ စစ္ေရးထူးခြၽန္မႈကို ဂ်ပန္ႏွင့္အတူ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) ျမန္မာႏိုင္ငံအား သိမ္းပိုက္ၿပီးမၾကာခင္ ျပသခဲ့သည္။

ရဲေဘာ္သုံးက်ိပ္ဝင္တခ်ိဳ႕ တပ္ရင္းမႉးမ်ားျဖစ္ၿပီးေနာက္တြင္ ဗိုလ္ေက်ာ္ေဇာ ကိုယ္တြယ္ရေသာ တပ္ရင္း (၄) က ရဲေဘာ္တို႔၏ စစ္ပညာမွာ အျခားတပ္ရင္းမ်ားထက္ ေရွ႕ေရာက္ေနျခင္းက ဗိုလ္ေက်ာ္ေဇာ၏ ပထမစာမ်က္ႏွာျဖစ္သည္။ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း က စံျပတပ္ရင္းတစ္ခုတည္ေထာင္ကာ ဗိုလ္ေက်ာ္ေဇာ ကို တပ္ရင္းမႉးခန႔္၍ စစ္သားေကာင္းမ်ား ေမြးထုတ္ေစခဲ့သည္။

လြတ္လပ္ေရးရၿပီးသည္မွာ ဘာမွမၾကာ။ေနရာေပါင္းစုံတြင္ ေရာင္စုံသူပုန္တို႔ တလူလူလြင့္ေနသည္။အဆိုးဆုံးအေျခအေနမွာ အင္အားႀကီးလွေသာ ေကအင္ဒီအိုတို႔က အင္းစိန္ၿမိဳ႕ကို သိမ္းပိုက္ထားႏိုင္ျခင္းျဖစ္သည္။အေနာက္တိုင္းမီဒီယာအခ်ိဳ႕က ျမန္မာအစိုးရကို ရန္ကုန္အစိုးရဟု ေလွာင္ေျပာင္ေခၚဆိုသည္အထိ အစိုးရ၏သက္ေရာက္မႈအာဏာမွာ အင္းစိန္သို႔ပင္ မေရာက္ေတာ့။အင္းစိန္မွ ဆက္တက္လာမည့္ ေကအင္ဒီအို ကို ေတာင့္မခံထားႏိုင္ခဲ့လွ်င္ ရန္ကုန္အစိုးရသည္ပင္ ပြဲၿပီးေတာ့မည့္အေျခအေနျဖစ္သည္။ယင္းသို႔ေသာ အေျခအေနတြင္ ဗိုလ္ေက်ာ္ေဇာသည္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးအျဖစ္ (ထိုအခ်ိန္က ေျမာက္ပိုင္းတိုင္းႏွင့္ ေတာင္ပိုင္းတိုင္းဟူ၍ စစ္တိုင္းႏွစ္ခုသာရွိ) အင္းစိန္တိုက္ပြဲကို ဦးေဆာင္ခဲ့သည္။အင္းစိန္တိုက္ပြဲမွသည္ ေကအင္ဒီအိုတို႔ ၿပိဳဆင္းခဲ့ၿပီး ၿမိဳ႕ႀကီးမ်ားစြာကို ျပန္လည္သိမ္းယူႏိုင္ခဲ့ေသာ တိုက္ပြဲမ်ားတြင္ ဗိုလ္ေက်ာ္ေဇာသည္ ဦးစီးဦးေဆာင္ျဖစ္သည္။တိုက္ပြဲမ်ားအၿပီး ဗိုလ္ေက်ာ္ေဇာ နာမည္သည္ ျပည္သူမ်ားၾကား လွ်မ္းလွ်မ္းေတာက္ခဲ့သည္။

ထို႔ေနာက္ ၁၉၅၃ ခုႏွစ္ တ႐ုတ္ျဖဴက်ဴးေက်ာ္စစ္ကို တြန္းလွန္ရန္ ေတာင္ပိုင္းတိုင္းမႉးအျဖစ္မွသာ ေျမာက္ပိုင္းတိုင္းမႉးအျဖစ္ ေျပာင္းလဲခန႔္အပ္သည္။ဘုရင့္ေနာင္စစ္ဆင္ေရးႏွင့္ ရန္ႀကီးေအာင္စစ္ဆင္ေရး၏ အႀကီးအမႉးအျဖစ္ လက္နက္အင္အားသာလြန္ေသာ တ႐ုတ္ျဖဴကို ျမန္မာေျမေပၚမွ ေမာင္းထုတ္ႏိုင္ခဲ့သည္။
တ႐ုတ္ျဖဴစစ္ဆင္ေရးအၿပီးတြင္ ဗိုလ္ေက်ာ္ေဇာ အမည္မွာ ျမန္မာျပည္သူမ်ားၾကားတင္မက တိုင္းျပည္၏ အျပင္ဘက္သို႔ပင္ ေပါက္သြားခဲ့သည္။

၁၉၅၇ ခုႏွစ္တြင္ ကြန္ျမဴနစ္မ်ားကို ဆက္သြယ္သတင္းေပးသည္ဟုဆိုကာ တပ္မေတာ္မွ အၿငိမ္းစားေပးျခင္းခံရသည္။ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္း ဦးေဆာင္ေသာ ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈတြင္ ဆက္လက္တာဝန္ေက်ခဲ့ျပန္သည္။ထို႔ေနာက္ ၁၉၆၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဗိုလ္မႉးခ်ဳပ္ေဟာင္းေက်ာ္ေဇာသည္ တစ္သီးပုဂၢလအမတ္ေလာင္းအျဖစ္ ၾကည့္ျမင္တိုင္ေတာင္ပိုင္း မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္သည္။

ဗိုလ္ေက်ာ္ေဇာ ဆိုသည္မွာ အျငင္းပြားစရာမလိုေသာ ပုဂၢိဳလ္။ရဲေဘာ္သုံးက်ိပ္ကစလို႔ တပ္မွအၿငိမ္းစားေပးခံရသည္အထိ တိုင္းျပည္အတြက္ သူစြမ္းေဆာင္ခဲ့မႈမွာ ဧရာမဆိုတာမ်ိဳးခ်ည္း။သူ႔အရည္အခ်င္း၊ သူ႔ကိုယ္က်င့္သိကၡာ စိတ္ခ်လက္ခ် မ်က္စိစုံမွိတ္ယုံၾကည္လိုက္ႏိုင္ေသာ ပုဂၢိဳလ္မ်ိဳး။ထိုသို႔ေသာ ပုဂၢိဳလ္ႀကီးသည္ပင္ ေ႐ြးေကာက္ပြဲ၌ ရႈံးနိမ့္ခဲ့သည္။

ဗိုလ္ေက်ာ္ေဇာက “က်ေနာ္ေ႐ြးေကာက္ပြဲရႈံးရသည့္ အဓိကအေၾကာင္းရင္းမွာ ဤျပည္သူလူထု၏  သန႔္ရွင္းဖဆပလအေပၚ အားကိုးအားထား ပုံေအာလိုမႈ စိတ္ဓာတ္အေျခခံေၾကာင့္ျဖစ္ပါသည္။” ဟု ဆို၏။

ျပည္သူတို႔က ဘာ့ေၾကာင့္ သန႔္ရွင္းဖဆပလကို ပုံေအာလိုၾကသနည္း။ ၆၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အဓိကၿပိဳင္ဘက္ ႏွစ္ပါတီမွာ ဦးႏု ဦးေဆာင္ေသာ 'သန႔္ရွင္းဖဆပလ' ႏွင့္ ဦးဗေဆြ၊ ဦးေက်ာ္ၿငိမ္းတို႔ ဦးေဆာင္ေသာ 'တည္ၿမဲဖဆပလ' ျဖစ္သည္။တည့္တည့္မတ္မတ္ မျဖစ္မေန ၾကားေနရန္တာဝန္ရွိေသာ တပ္မေတာ္သည္ တည္ၿမဲကို ေက်ာေထာက္ေနာက္ခံေပးကာ တည္ၿမဲအႏိုင္ရရွိေရးအတြက္ ေျဗာင္နီးနီး ရပ္ခံခဲ့သည္။ႏိုင္ငံေရးပါးမဝေသာ တည္ၿမဲဖဆပလေခါင္းေဆာင္တခ်ိဳ႕ ေျပာသည့္ 'ႏိုင္ရင္လည္း ႏိုင္ရမည္။ရႈံးရင္လည္း ႏိုင္ရမည္' ဆိုသည့္ စကားက တည္ၿမဲ၏ ေႂကြးေၾကာ္သံလိုလို ဘာလိုလိုျဖင့္ ျပည္သူတို႔နားထဲသို႔ စိုက္ဝင္ခဲ့သည္။

တပ္မေတာ္က တည္ၿမဲဘက္ ရပ္ခံေပးမႈႏွင့္ ရႈံးရင္လည္းႏိုင္ရမည္ဆိုသည့္ စကား၏အဓိပၸါယ္ကို ေပါင္းစပ္လိုက္သည့္အခါ ျပည္သူတို႔၏နားကို အႀကီးအက်ယ္ခါးသက္ေစခဲ့သည္။ဒီမိုကေရစီကို ခုခံကာကြယ္ရန္ တစ္ခုတည္းေသာနည္းလမ္းမွာ သန႔္ရွင္းဖဆပလ အႏိုင္ရရန္ျဖစ္ေၾကာင္း ျပည္သူအားလုံးက တညီတၫြတ္တည္းနားလည္ကာ သန႔္ရွင္းကို ပုံေအာခဲ့ၾကျခင္းျဖစ္သည္။ယင္းသို႔ေသာ အေျခအေနတြင္ ဗိုလ္မႉးခ်ဳပ္ေဟာင္းေက်ာ္ေဇာလို ပုဂၢိဳလ္ႀကီးပင္လွ်င္ ေ႐ြးေကာက္ပြဲရႈံးနိမ့္ခဲ့သည္။

၆၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျမန္မာျပည္သူတို႔က ျပည္သူ႔အာဏာ ျပည္သူ႔ထံတြင္သာရွိေၾကာင္းႏွင့္ ကိုယ့္ေနရာကိုယ္ေနတတ္ေအာင္ တည္ၿမဲႏွင့္ စစ္တပ္ကို ပညာေပးခဲ့ျခင္းလည္းျဖစ္သည္။ထို႔ျပင္ ေနာက္ျပန္လႈိင္းလို အေျပာင္းအလဲတစ္ခုလို အေျခအေနမ်ိဳးတြင္ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ အရည္အခ်င္းရွိမႈထက္ ပါတီတစ္ရပ္၏ ႏိုင္ငံေရးမူဝါဒသာလွ်င္ ပဓာနက်ေၾကာင္း သိျမင္မႈလည္းျဖစ္သည္။

ဗိုလ္ေက်ာ္ေဇာမွသည္ က်ေနာ္ဆက္ေတြးၾကည့္မိသည္။ဗိုလ္ေက်ာ္ေဇာကဲ့သို႔ တပ္မႉးေကာင္းတစ္ဦးအျဖစ္ အျငင္းပြားစရာမရွိ ေက်ာ္ၾကားခဲ့ၿပီးသား ပုဂၢိဳလ္မ်ိဳးကို အရည္အခ်င္းရွိေၾကာင္း မ်က္လုံးစုံမွိတ္မဲေပးႏိုင္ေသာ္လည္း ဗိုလ္ေက်ာ္ေဇာကဲ့သို႔ အစဥ္အလာလည္းမရွိ၊ ေက်ာ္ၾကားမႈလည္းမရွိ၊ လုပ္ရပ္ေကာင္းမ်ားလည္းမရွိေသးေသာ အမတ္ေလာင္းမ်ိဳးအေပၚ အရည္အခ်င္း ရွိ၊ မရွိ မည္သို႔ေသာစံႏႈန္းျဖင့္ အကဲျဖတ္မည္နည္း။

အရည္အခ်င္းဆိုသည္မွာ ပညာအရည္အခ်င္းကို ဆိုလိုတာလားဟု ေမးခြန္းထုတ္ခ်င္စရာေကာင္းေလာက္ေအာင္ပင္ အတန္းပညာ ဘြဲ႕ထူးဂုဏ္ထူးမ်ားက ျမန္မာ့ႏိုင္ငံေရးနယ္ပယ္တြင္ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္မႈက ရွိေနေသးသည္။ႏိုင္ငံေရးသမားတစ္ေယာက္ အတန္းပညာ အရည္အခ်င္းရွိမႈကို ဂုဏ္ပုဒ္တစ္ခုပမာ အသိအမွတ္ၾကသည္။သို႔ေသာ္၊ ျမန္မာ့ပညာေရးမွသည္ အဆီအႏွစ္ျဖစ္လာမည့္ ဆင္ျခင္တုံတရား မည္မွ်ျပန္ရမလဲဆိုသည္မွာ စိတ္ဝင္စားဖြယ္ရာ။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတုန္းက ပါတီႀကီးတစ္ခုမွေန၍ ရန္ကုန္တိုင္းအတြင္း ဝင္ေရာက္ေ႐ြးခ်ယ္ခံသည့္ အမတ္ေလာင္းတစ္ဦးမွာ ဘြဲ႕ဒီဂရီ တန္းစီရထားသူတစ္ဦးျဖစ္သည္။သူ႔ဘြဲ႕ထူးဂုဏ္ထူးမ်ားကိုၾကည့္ပါက အင္မတန္အထင္ႀကီးခ်င္စရာ။သို႔ေသာ္၊ ေငြေၾကးႏွင့္  မိန္းမ လုံးဝစိတ္မခ်ရ၊ သူ႔ကိုယ္က်ိဳးတစ္ခုတည္းကိုသာ ၾကည့္တတ္သူျဖစ္ေၾကာင္း က်ေနာ္အပါအဝင္ သူႏွင့္ရင္းႏွီးမႈရွိသူ အနည္းအက်ဥ္းက သိၾကသည္။
ထို႔ေၾကာင့္ က်ေနာ္တို႔ခမ်ာ သူ႔ဘြဲ႕ထူးဂုဏ္ထူးကို အထင္ႀကီးကာ အမတ္အျဖစ္ ေ႐ြးခ်ယ္ခံရမည္လား၊ တထိတ္ထိတ္ျဖစ္ရသည္။သူအျပတ္အသတ္ရႈံးေတာ့ ကိုယ္မႀကိဳက္ေသာပါတီမွ တျခားသူတစ္ေယာက္ေယာက္ ရႈံးတာထက္ ပိုစိတ္ေအးရသည္။(ယခု ၂၀၂၀ တြင္လည္း ထိုပါတီႀကီးကိုယ္စားျပဳ ထပ္မံအေ႐ြးခံျပန္သည္။)

ဘြဲ႕ထူးဂုဏ္ထူးမ်ားသည္ အမ်ားအက်ိဳးေဆာင္႐ြက္လိုစိတ္၊ ႏိုင္ငံေရးအရည္အခ်င္းႏွင့္ သီလစင္ၾကယ္မႈရွိေအာင္ အတိုင္းအဆမည္မွ် ပံ့ပိုးမႈေပးႏိုင္သလဲဟု စစ္တမ္းတစ္ခုပင္ ရွိသင့္ၿပီဟုထင္၏။ထားေတာ့။ႏိုင္ငံေရးအရည္အခ်င္းရွိမႈကို သူ႔ႏိုင္ငံေရးျဖတ္သန္းမႈ၊ အာဏာရွင္ဆန႔္က်င္ေရး လမ္းေၾကာင္းေပၚတြင္ မေဖာက္မျပန္ရပ္ခံခဲ့မႈ၊ ႏိုင္ငံေရးေလ့လာအားရွိမႈ စသည့္အခ်က္မ်ားႏွင့္ တိုင္းတာပါက ရာခိုင္ႏႈန္းမည္မွ် မွန္ကန္မည္နည္း။ပုဂၢိဳလ္တစ္ဦးတစ္ေယာက္၏ ႏိုင္ငံေရးျဖတ္သန္းမႈႏွင့္ မေဖာက္မျပန္ရပ္ခံခဲ့မႈကို ခက္ခက္ခဲခဲေမႊေႏွာက္စရာမလိုဘဲ သိရွိႏိုင္ေသာ္လည္း လူတစ္ဦးတစ္ေယာက္၏ ႏိုင္ငံေရးေလ့လာအား ရွိ၊ မရွိကို မည္သို႔တိုင္းထြာၾကမည္နည္း။

ေ႐ြးေကာက္ပြဲမဲဆြယ္ရာတြင္ အာေပါင္အာရင္းသန္သန္၊ ေလလုံးထြားထြားျဖင့္ လက္သီးလက္ေမာင္းတန္း ေျပာေဟာေနေသာ ခဏတာကိုၾကည့္ကာ ႏိုင္ငံေရးအရည္အခ်င္းရွိသည္ဟု အကဲျဖတ္ပါက ရာခိုင္ႏႈန္းမည္မွ် မွန္ကန္မည္နည္း။ဆိုလိုတာက ၅ ႏွစ္တာ အမတ္လုပ္ဖူးသူတစ္ဦးကို ၅ ႏွစ္တာအတြင္း သူ႔စြမ္းေဆာင္ရည္မ်ားအားၾကည့္ကာ သူ႔ႏိုင္ငံေရးေရခ်ိန္ကို အကဲျဖတ္ႏိုင္ေသာ္လည္း အသစ္စက္စက္ အမတ္‌ေလာင္းတစ္ဦး၏ ႏိုင္ငံေရးေရခ်ိန္အေပၚ အကဲျဖတ္ရသည္မွာ ဆုပ္ကိုင္ရႈျမင္စရာ အခ်က္အလက္နည္းသျဖင့္ မလြယ္ေပ။

ေျပာရလွ်င္ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ထက္ ႏိုင္ငံေရးပါတီတစ္ရပ္အေပၚ အကဲျဖတ္ရျခင္းက အလြယ္တကူ မွန္ကန္စြာ အကဲျဖတ္ႏိုင္ပါသည္။ႏိုင္ငံေရးပါတီတစ္ရပ္၏ မူဝါဒဆိုသည္မွာ ထိုပါတီ၏ သေႏၶ၊ ေမြးဖြားျဖတ္သန္းႀကီးျပင္းခဲ့ရာအရပ္၏ ပဲ့တင္သံပင္ျဖစ္သည္။ထိုသို႔ေသာ ႏိုင္ငံေရးပါတီတစ္ရပ္၏ အစဥ္အလာ၊ ျဖတ္သန္းမႈႏွင့္ ႏိုင္ငံေရးမူဝါဒဆိုသည္မွာ မည္သည့္အရာႏွင့္မွ် အုပ္ထား၍မရေသာ ျမင္သာထင္သာမ်ားပင္ျဖစ္သည္။

ထို႔ျပင္ ႏိုင္ငံေရးဆိုသည္မွာ အမ်ားႏွင့္သက္ဆိုင္ေသာ ကိစၥျဖစ္သလို အမ်ားႏွင့္စုဖြဲ႕ေဆာင္႐ြက္ရေသာ ကိစၥလည္းျဖစ္သည္။တစ္ဦးခ်င္းစီ၏ အရည္အခ်င္းရွိမႈသည္ အေရးပါေသာ္လည္း တစ္ဦးခ်င္းအရည္အခ်င္းရွိမႈမွ ျဖစ္ေပၚလာသည့္ ဂယက္ထက္ ပါတီအစုအဖြဲ႕အားျဖင့္ မိမိသြားလိုရာလမ္းသို႔ တြန္းဖြင့္ႏိုင္စြမ္းေသာ ဂယက္က ႏႈိင္း၍မရေအာင္ ကြာျခားမည္သာျဖစ္သည္။ဥပမာ - ေဒၚေအာင္ဆန္းစုၾကည္ဆိုလွ်င္ သူ၏ႏိုင္ငံေရးအရွိန္အဝါမွာ ျမန္မာတင္မက ကမာၻထိေက်ာ္ၾကားခဲ့သည္။သူ၏ေက်ာ္ၾကားမႈမွာ တိုင္းျပည္အေျပာင္းအလဲအတြက္ အေရးပါလွေသာ္လည္း ယင္းထက္ပိုအေရးပါသည္မွာ သူ႔ေနာက္တြင္ရွိေနေသာ NLD ပါတီအင္အားႏွင့္ လူထုအင္အား၏ စုစည္းမႈခြန္အားသာလွ်င္ျဖစ္သည္။

ထပ္အထူးျပဳရေသာ္ လူပုဂၢိဳလ္တစ္ဦးခ်င္းစီ၏ စြမ္းေဆာင္ရည္ေကာင္းျခင္းမွာ အေရးပါလွေသာ္လည္း ယင္းထက္ပိုအေရးပါသည္မွာ ပါတီတစ္ရပ္၏ ေရွ႕ရႈရာလမ္း (သို႔မဟုတ္) ပါတီမူဝါဒသာလွ်င္ျဖစ္သည္။လက္ရွိကာလ ဒီမိုကေရစီသို႔သြားရာ ခရီးလမ္းသည္ မေျဖာင့္ျဖဴး႐ုံတင္မက ေရွ႕သို႔မေရာက္ေအာင္ ရသေလာက္တြန္းကန္ခံေနရေသးေၾကာင္း အထူးသတိျပဳရန္လိုေပမည္။ယင္းသို႔ေသာကာလ၌ က်င္းပမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဒီမိုကေရစီအင္အားစုမ်ား ေနာက္တစ္ႀကိမ္ ေသာင္ၿပိဳကမ္းၿပိဳေအာင္ပြဲခံ အစိုးရဖြဲ႕ႏိုင္ေရးအတြက္ တစ္ခုတည္းေသာလမ္းမွာ ပါတီကိုသာၾကည့္ၿပီး ပုံေအာရန္သာလွ်င္ျဖစ္သည္။

အစိုးရဖြဲ႕ႏိုင္သည့္ ပါတီမ်ားထဲတြင္ ရွစ္ေလးလုံးအေရးေတာ္ပုံႀကီးက ေမြးထုတ္ေပးလိုက္ေသာပါတီႏွင့္ အာဏာရွင္ေမြးထုတ္ေပးလိုက္ေသာပါတီဟူ၍ ရွိသည္။သင္၏လက္သန္း မည္သို႔လွမ္းမည္နည္း။

ကိုးကား - ဆိုင္းစုမွသည္ မန္ဟိုင္းဆီသို႔ (ဗိုလ္မႉးခ်ဳပ္ေဟာင္းေက်ာ္ေဇာ)

မ်ိဳးၫြန႔္ (Popular News)
ေအာက္တိုဘာ - ၂၂