【နိုင်ငံတကာဆောင်းပါး】မော်ဝီတောမီးက ချန်ခဲ့သော အဆိပ်လေ

【နိုင်ငံတကာဆောင်းပါး】မော်ဝီတောမီးက ချန်ခဲ့သော အဆိပ်လေ

သမိုင်းဝင် မော်ဝီကျွန်း၏မြို့တော် လာဟိုင်နာအနှံအနှံ့ တောမီးလောင်ကျွမ်းခဲ့ပြီး ရက်သတ္တပတ်များအကြာတွင် ဒေသခံများသည် ၎င်းတို့၏ အိမ်များနှင့် လုပ်ငန်းများ၏ မီးလောင်ပြီး အကြွင်းအကျန်များကို ကောက်ယူရန် လုပ်ဆောင်နေကြသည်။သို့သော် သူ့အတွက် တောမီးရဲ့ခြိမ်းခြောက်မှုက မပြီးသေးပေ။ အခု သူတို့မှာ “အဆိပ်သင့်လေ”နှင့် ရင်ဆိုင်နေရသည်။ 

တောမီးမှ မီးခိုးငွေ့များသည် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေပြီး အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေကြောင်း လူသိများသည်။တောမီးသည် မြို့တွေကို ဖြတ်လောင်ကျွမ်းလိုက်သည့်အခါ မီးတောက်တွေက စက်မှုပစ္စည်းတွေ၊ အဆောက်အဦတွေ၊ ကားတွေနဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကို ထုတ်လွှတ်နိုင်တဲ့ တခြားအရာတွေကို လောင်ကျွမ်းစေခဲ့သည်။

ပြည်နယ်၏ ကျန်းမာရေးဌာန၏ အဆိုအရ “  မြို့၏ပြာပုံအကြွင်းအကျန်များတွင် အပျက်အစီးများနှင့် ပြာများတွင် ပါဝင်သော အဆိပ်အတောက်များ ဖြစ်နိုင်သည့် အခြားသော လေးလံသောသတ္တုများနှင့် ကျောက်ဂွမ်းကဲ့သို့ ဓာတုပစ္စည်းများက လာဟိုင်နာတွင် ထိပ်တန်းအန္တရာယ်တစ်ခုအဖြစ် ရှိနေသေးကြောင်း ဆိုသည်။

ပြည်နယ်အဆိပ်ဗေဒပညာရှင် ဒိုင်ယာနာဖလက်တွန်က အဆိပ်သင့်ပစ္စည်းများအားလုံးကို သန့်စင်ခြင်းပြုရန် “အချိန်ကြာမြင့်လိမ့်မည်” ဟု ဟာ၀ိုင်ယီပြည်သူအသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။ ဖလက်တွန်က ပြာများနှင့် အပျက်အစီးများ ပြည့်နှက်နေသည့် နေရာများကို "အလွန်ဂရုတစိုက်၊ သတိထားပြီး ချဉ်းကပ်သင့်သည်" ဟု အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

“ဘယ်သူကိုမှ ဒီအရာတွေ မထိတွေ့စေချင်ဘူး”ဟု ဖလက်တွန်ကဆိုသည်။

EPA သည် ၎င်းဧရိယာတွင် အန္တရာယ်ရှိပစ္စည်းများကို ဖယ်ရှားရန်လက်ရှိတွင် လုပ်ဆောင်နေပြီး ၎င်းတွင် အဆင့် နှစ်ဆင့်ပါရှိသည်။

အေဂျင်စီက သုတ်ဆေးများ၊ သန့်စင်ဆေးများ၊ ဖျော်ရည်များ၊ ဘက်ထရီများနှင့် ကျောက်ဂွမ်းနှင့် ပရိုပိန်း ကန်များကဲ့သို့ ဖိအားပေးထားသော လောင်စာဆလင်ဒါများ အခြားပစ္စည်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါပစ္စည်းများကို “ကျွန်းပြင်ပရှိ အထူးစက်ရုံတစ်ခုတွင် လုံခြုံစွာ စုဆောင်းပြီး စွန့်ပစ်မည်” အေဂျင်စီ ကပြောသည်။

မော်ဝီစီရင်စု ကောင်စီအဖွဲ့ဝင် သဘာဝဘေးအန္တရာယ်၊ ခံနိုင်ရည်ရှိရေး၊ နိုင်ငံတကာရေးရာနှင့် စီမံကိန်းကော်မတီဥက္ကဋ္ဌ တာမာရာပယ်လ်တင်က  သူမအနေနဲ့ "ဒါက အဆိပ်ရှိတယ်လို့ ယုံကြည်တယ်" လို့ဆိုသည်။

“အာဆင်းနစ်၊ကျောက်ဂွမ်းစတွေ၊ ခဲတွေ ။ မီးလောင်တဲ့နေရာနဲ့ နီးတော့ စေတနာ့ဝန်ထမ်းတွေဆီကနေ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

"အဲဒီမှာ ရက်အတော်ကြာအောင် နေခဲ့ရပြီးနောက် အမျိုးသမီး တစ်ယောက်က ချောင်းဆိုးရင် သွေးပါ ပါနေတာ ကြားလိုက်ရတယ်။"

ကိုင်လီအဒိုလ်ဗိုသည် ထိုသို့သက်ရောက်မှုအချို့ကို ခံစားခဲ့ရသော ဒေသခံတစ်ဦးဖြစ်သည်။

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုအများအပြားလုပ်ခဲ့ရသည့် ဧရိယာတစ်ခုဖြစ်သည့် Red Zone ဟု လူသိများသောနေရာတွင် မီးလောင်ပြီးနောက် ရင်ဘတ် နှင့်လည်ချောင်း၌ပူလောင်သောခံစားချက် ကျန်ရစ်ခဲ့ကြောင်း ဆိုသည်။

အဒိုလ်ဗိုက " ကျမ သေချာပေါက် အသက်ရှူကိရိယာ သုံးဖို့လိုပါတယ်။“ဖုန်မှုန့်၊ အမှုန်အမွှား တွေကနေ ကာကွယ်ပေးတယ်၊ ဒါပေမယ့် အဆိပ်သင့်တဲ့လေကို မဟုတ်ဘူး။ ပြီးတော့ ကျမ ဒီကို ရောက်နေတာ နှစ်ပတ်ရှိပြီ”

CDC ၏အဆိုအရ မော်ဝီတောမီးလောင်ရာမှ ဖြစ်လာသည့် ပြာများသည် မျက်လုံး၊ နှာခေါင်း၊ အရေပြား နှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို ထိခိုက်စေနိုင်ကြောင်းဆိုသည်။

ကလေးများနှင့် ပန်းနာရင်ကျပ်၊ COPD သို့မဟုတ် နှလုံးရောဂါရှိသူတို့သည် အထူးသဖြင့် ကိုယ်ဝန်ဆောင်နေသူများကဲ့သို့ပင် ထိခိုက်လွယ်နေသည်။

ပြာကျသောနေရာများတွင် နေထိုင်သူများသည် အထိရောက်ဆုံးကာကွယ်ရန် အသက်ရှူိရိယာများ ဝတ်ဆင်သင့်သည်ဟု ဌာနက ပြောသည်။

အခြားနေထိုင်သူ ကီကိုအာလန်ဖောဒ့်က တောမီးကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော် အသက်ရှူရတာ သိပ်မကောင်းဘူး” ဟု ၎င်းက ဆိုသည်။ " နောက်ရက်အနည်းငယ်ကြာတော့ ချောင်းဆိုးရင် အမည်းစတွေနဲ့ ရွံစရာကောင်းတဲ့ အညစ်အကြေးတွေ ထွက်လာတယ် "

ဒီအဖြစ်မှာ အချိန်မရွေး မကြာမီ ပျောက်ကွယ်သွားမည် မဟုတ်သော ပြဿနာဟု အဒိုလ်ဗိုက ထင်မိသည်။

အနှစ် ၂၀ လောက် ၁၀ နှစ်လောက်ကြာလို့ ဒီကို ပြန်လာရင်လို့ သူမက ဆိုပြီး  “ဒီမှာ လူတွေ ဘယ်လောက် ဖျားနာနေလဲဆိုတာ မင်းတွေ့လိမ့်မယ်” လို့ ပြောခဲ့သည်။

Linko

Ref:CBS| Maui wildfire leaves behind "toxic air" that locals fear will affect their health for years to come