【 အားကစား 】 ၂၀၂၁ ‌ခုနှစ် နွေအပြောင်းအရွှေ့ဈေးကွက်က အကောင်းဆုံးဖြစ်ခဲ့သလား

【 အားကစား 】 ၂၀၂၁ ‌ခုနှစ် နွေအပြောင်းအရွှေ့ဈေးကွက်က အကောင်းဆုံးဖြစ်ခဲ့သလား

၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေဈေးကွက်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။
 
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ ‌နွေအပြောင်းအရွှေ့ဈေးကွက်အတွင်း ငွေသုံးကြမ်းခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
 
၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့ဈေးကွက်အတွင်း ထူးခြားမှုကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ အသင်းပြောင်း‌ေရွှ့ခဲ့မှုပါပဲ။မက်ဆီ ကို ပြင်သစ်ကလပ် PSG အသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုကတော့ မန်ယူအသင်းဆီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
ပြင်သစ်ကလပ် PSG အသင်းရဲ့ ၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့အတွင်း ကစားသမားခေါ်ယူမှုတွေကိုလည်း ချီးကျူးရမှာပါ၊ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီ ကို ခေါ်ယူနိုင်ခဲ့သလို၊ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်၊ အေစီမှ ဒွန်နာရွန်မာ၊ လီဗာပူးလ်မှ ဝင်ဂျယ်လန်နဲ့ အင်တာအသင်းမှ ဟာကီမီတို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ချီးကျူးရမှာကတော့ မက်ဆီ၊ ရာမို့စ်နဲ့ ဝင်ဂျယ်လန်တို့ကို အလွတ်ခေါ်ယူနိုင်ခဲ့မှုပါပဲ။
 
အပြောင်းအရွှေ့ဈေးကွက်တိုင်း ငွေသုံးကြမ်းတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကလည်း ၎င်းတို့ရဲ့ ပစ်မှတ်တွေကို ခေါ်ယူနိုင်ခဲ့ပြီး၊ ရီးရဲလ်အသင်းကတော့ ကာမာဗင်ဂါ ကို ရရှိခဲ့ကာ၊ ဘာစီလိုနာကလည်း မက်ဆီ ထွက်ခွာပြီးနောက် ဒီပေး ကို ‌ခေါ်ယူနိုင်ခဲ့ပါတယ်။
 
အက်သလက်တီကိုနဲ့ ဂရဇ်မန်းတို့ ပြန်လည်ပေါင်းစည်းမှုကိုလည်း မြင်တွေ့ခဲ့ရပြီး၊ အပြောင်းအရွှေ့ေဈးကွက်အတွင်း နာမည်ကျော်ခဲ့ကြတဲ့ ဟာလန်း၊ အမ်ဘက်ပီနဲ့ ပေါ့ဂ်ဘာတို့ကတော့ လက်ရှိကလပ်‌တွေမှာသာ ဆက်ကစားခဲ့ကြပါတယ်။
 
၂၀၂၁ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်ကို အကောင်းဆုံးဖြစ်ခဲ့သလား အမေးရှိရင်တော့ မက်ဆီရဲ့ ပြင်သစ် စွန့်စားခန်းနဲ့ စီရော်နယ်လ်ဒိုရဲ့ အိမ်အပြန်တို့ကို မြင်တွေ့ရတာနဲ့တင် အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဖြေရတော့မှာပဲဖြစ်ပါတယ်။
 
Linko
စက်တင်ဘာ - ၁၄