【 အားကစား 】 အိမ်ကွင်းမှာ အနိုင်ရဖို့ ရုန်းကန်မယ့် အက်စတွန်ဗီလာ
【 အားကစား 】 အိမ်ကွင်းမှာ အနိုင်ရဖို့ ရုန်းကန်မယ့် အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် ပွဲစဉ် (၅) နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းအနေနဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၇ ကြိမ်ရရှိခဲ့ကာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်ရရှိခဲ့ကာ ၁-၂ နဲ့ ရှှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၇ ကြိမ်ရရှိခဲ့ကာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ကာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ၄ ပွဲကစားအပြီး ရမှတ် ၃ မှတ်သာ ရရှိခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၅ ကြိမ်ရရှိခဲ့ကာ ဝ-၅ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၆ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ဝက်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ပြီး ၁-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ နောဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၈ ကြိမ်ရရှိခဲ့ကာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ၄ ပွဲကစားအပြီး ရမှတ် ၇ မှတ် ရရှိခဲ့ပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဝက်စ်ဟမ်းအသင်းဘက်မှ သရေ ၁၀ ပြားအရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၂၀ အနိုင် ဖွင့်လှစ်ထားပါတယ်။
နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၁ ပွဲမှာ ဗီလာအသင်းက ၄ ပွဲနိုင် ၃ ပွဲသရေ ၄ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ အက်စတွန်ဗီလာအသင်းက ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းအနေနဲ့ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရှုံးပွဲမရှိခဲ့ဘဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေပေမယ့် အဝေးကွင်းတွေမှာ တစ်ဖက်အသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။အခုပွဲစဉ်မှာလည်း အနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစားလာမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းအနေနဲ့ ရမှတ် ၃ မှတ်သာ ရရှိသေးတဲ့အတွက် အခုပွဲကို အနိုင်ရရှိဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။အိမ်ကွင်းအားသာချက်၊ သမိုင်းအစဉ်အလာနဲ့ အမှတ်လိုအပ်မှုများကြောင့် အခုပွဲစဉ်ကို အက်စတွန်ဗီလာအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း...................။
KON (SPORT)
( Zawgyi )
KON (SPORT)