【 အားကစား 】နိုင်ငံတကာချန်ပီယံများဖလားမှာ ယှဉ်ပြိုင်မယ့် မန်ယူ နဲ့ အင်တာ

【  အားကစား  】နိုင်ငံတကာချန်ပီယံများဖလားမှာ ယှဉ်ပြိုင်မယ့် မန်ယူ နဲ့ အင်တာ

စင်္ကာပူနိုင်ငံမှာ နိုင်ငံတကာချန်ပီယံများဖလားပွဲစဉ်အဖြစ်  မန်ယူ အသင်း နဲ့ အင်တာမီလန်အသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။အသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်နေတဲ့နိုင်ငံတကာချန်ပီယံများဖလားပွဲစဉ်မှာ မန်ယူအသင်းနဲ့အင်တာအသင်းတို့ ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကိုအနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းက အုပ်စုထိပ်ဆုံး မှာရပ်တည်လျှက်ရှိပါတယ်။

နည်းပြဆိုးရှာလ်းရဲ့မန်ယူအသင်းမှာ အခုပွဲစဉ်ကို ဆန်းချက်ခ်၊ဒီဂီယာ၊လုခ်ရှော၊လူကာကူ၊ဘရန့်တို့ပါဝင်နိုင်မှာမဟုတ်ဘဲ ရာသီကြိုခြေစမ်းပွဲတွေ အဖြစ်ကစားခဲ့တဲ့ ပက်ဂလိုရီနဲ့လိဒ်အသင်းတွေကို ၃-၀ ဂိုးတွေနဲ့ခြေစွမ်းပြအနိုင်ယူထားတာကိုတွေ့ရှိရပါတယ်။ နည်းပြကွန်တီ ရဲ့ အင်တာမီလန် အသင်းမှာ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ မာတီနက်နဲ့ အက်ကာဒီတို့ ယခုပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘဲ ရာသီကြိုခြေစမ်းပွဲ အဖြစ် ကစား ခဲ့ တဲ့လူဂါနိုအသင်းနဲ့ပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

မန်ယူအသင်းနဲ့ အင်တာအသင်းတို့ နိုင်ငံတကာချန်ပီယံများဖလား အဖြစ် ၂၀၁၄ ခုနှစ် ကယှဉ်ပြိုင်ခဲ့ဖူးပြီး ပွဲချိန်အတွင်းဂိုးမရှိသရေကျ ခဲ့တဲ့ အတွက် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရာမှာ မန်ယူအသင်းက ၅-၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ် ကို ဘွတ်ကီဒိုင်တွေက မန်ယူ အသင်း ဘက် မှ သရေ ၅၅ ပြားအရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၆၀ အနိုင်ဖွင့်လှစ်ထားပါတယ်။

အင်တာမီလန်အသင်းဟာအဓိကရှေ့တန်းတိုက်စစ်အတွဲမပါဝင်နိုင်ပေမယ့် အလယ်တန်းနဲ့ နောက်တန်း အင်အားတောင့်တင်း လျှက်ရှိပြီး နည်းပြ ကွန်တီရဲ့နည်းစနစ်အတိုင်း တစ်ဖက်အသင်းကိုအကောင်းဆုံးထိန်းချုပ်ကစားလာမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ရာသီကြိုခြေစမ်း ပွဲတွေကိုအားထည့်ကစားနေပြီး ဆိုလ်းရှားစတင် ကိုင်တွယ် စဉ် ကခြေစွမ်းမျိုးပြသ နေတဲ့အတွက်အခုပွဲစဉ်ကို မန်ယူအသင်းနဲ့ လက်တွဲသင့် ပါကြောင်း-----

KON(SPORT)

(  Zawgyi  )





KON(SPORT)