【 ပြည်တွင်း 】 Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

【 ပြည်တွင်း 】 Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၈

Bank of China ၏ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ကုမ္ပဏီများသည် ဆက်လက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း၊ လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင် လူတော်လူချွန်များ ဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Bank of China ၏ ပညာသင်ထောက်ပံ့ကြေး စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက၊ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ချိုချိုနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်တို့မှလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး