【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဖော်ဆောင်သည့် ကျေးရွာ ရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်း အခမ်းအနားသို့ တရုတ်သံမှူး တက်ရောက်

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဖော်ဆောင်သည့် ကျေးရွာ ရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်း အခမ်းအနားသို့ တရုတ်သံမှူး တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၉

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးမှုဖြင့် ဖော်ဆောင်သည့် “ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာ ရေရရှိရေးစီမံကိန်း” ပြီးမြောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းမှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေအရင်းအမြစ်ကဏ္ဍတွင် ကိုယ်စားပြု စံပြစီမံကိန်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများကို သန့်ရှင်းသော သောက်သုံးရေရရှိရန် ကူညီပေးပြီး ကူးစက်ရောဂါအန္တရာယ်ကို ထိရောက်စွာလျှော့ချပေးမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသော ဒေသနေပြည်သူများ လူနေမှုအဆင့်အတန်းကို ကောင်းမွန်လာစေပြီး မြို့ပြနှင့် ကျေးလက် အခြေခံအဆောက်အအုံ ကွာဟမှုကို လျှော့ချပေးမည်ဖြစ်ကြောင်း သံမှူး Mr. Ouyang Daobing က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မျှဝေသွားလိုပြီး မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝအဆင့်အတန်း တိုးမြှင့်ရေးအတွက် ဆက်လက်တတ်စွမ်းသမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းရှိ မြို့နယ် ၃ ခုနှင့် ကျေးရွာ ၃ ရွာတို့အတွက် ဆိုလာရေမော်တာစက်၊ ရေသန့်စင်စက်၊ ရေလောင်ကန်နှင့် ရေပိုက်ကွန်ရက်များ တည်ဆောက်ရေး စသည်တို့အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး မိသားစုပေါင်း ၄၀၀ ကျော် အကျိုးခံစားရမှာဖြစ်ကြောင်း သိရပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး