【 ပြည်တွင်း 】 နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်မှုများရှိနေ

【 ပြည်တွင်း 】 နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်မှုများရှိနေ

နေပြည်တော်၊ မတ် - ၁၉

နေပြည်တော်နယ်မြေအတွင်း ယခုရက်ပိုင်းအတွင်း လုံခြုံရေးတင်းကျပ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

“နေပြည်တော်မှာက လုံခြုံရေးတင်းကျပ်တာကတော့ ကြာပါပြီ၊ နယ်မြေအတွင်း၊ အပြင် အားလုံးပေါ့၊ ဒီမှာက အစိုးရယန္တရားအားလုံး ရှိနေတာကိုး။အခုအချိန်က တပ်မ‌တော်နေ့အတွက် ပြင်ဆင်နေတဲ့အချိန်ဆိုတော့ ပိုပြီးတင်းကျပ်သလို လုံခြုံရေးတွေလည်း တိုးမြင့်ချထားတာတွေရှိတယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက်လုံး လုံခြုံရေးအပြည့်ရှိတယ်၊ မြို့အဝင်၊ အထွက် လမ်းတိုင်းမှာ စစ်ဆေးရေးဂိတ်တွေရှိတယ်” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

ယင်းအပြင် ရပ်ကွက်ကျေးရွာများတွင် နေ့စဉ် ဧည့်အဝင်၊ အထွက် စောင့်ကြပ်ကြည့်ရှုများရှိပြီး ညစဉ် ဧည့်စာရင်းစစ်ဆေးမှုများလည်းရှိတယ်လို့လည်း ဒေသခံတချို့ထံမှ သိရပါတယ်။

“ရွာတွေမှာဆို ညစဉ် ဧည့်စာရင်းစစ်နေတာ ကိုယ့်အိမ် ဧည့်လာရင် ချက်ချင်း အုပ်ချုပ်ရေးရုံးကို သတင်းပို့ ဧည့်စာရင်းတိုင်ရတယ်၊ မတိုင်မိရင်သွားရော အရစ်တွေရှည်ကုန်ရော၊ အိမ်မှာနေတဲ့ လူအကုန်လုံး ပုံစံ-၆၆ ထဲပါအောင် လုပ်ထားရတယ်၊ ပုံစံ-၆၆ ထဲ အရင်ကမထည့်ရသေးရင် အခုအချိန်မှာထည့်ထားရတယ်” လို့  ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖိုးသားကြီး