သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လှိုင်သာယာမြို့နယ် အတွင်း များလာတာကြောင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်း အရှိန်အဟုန်မြှင့်ကာလုပ်ဆောင်နေ

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လှိုင်သာယာမြို့နယ် အတွင်း များလာတာကြောင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်း အရှိန်အဟုန်မြှင့်ကာလုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ထဲမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာတာကြောင့် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

ယခု ၂၀၁၉ ခုနှစ်ထဲမှာ ဇန်နဝါရီလမှ မေလအထိ ငါးလတာစာရင်းတွေထဲ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိသလို နှစ်နှစ် တစ်ကြိမ်ဖြစ်ပွားမှုများပြားတတ်တဲ့ အခြေအနေတွေကြောင့်လည်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို ယခုနှစ်မှာ ပိုမိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ထိုသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တွေအနက် အများစုဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ကျူးကျော်နေထိုင်သူတွေမှာ ဖြစ်ပွားနေပြီး လှိုင်သာယာ ညောင်ရွာမှာနေထိုင်တဲ့ အသက်တစ်နှစ်လေးလအရွယ် ကလေးတစ်ဦးဟာလည်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားကာ သေဆုံးခဲ့ရပါတယ်။ ထို့ကြောင့်လည်း ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ရာ ရပ်ကွက်တွေနဲ့ ကျူးကျော်နေထိုင်သူတွေရှိရာက နေရာတွေမှာ ပိုးလောက်လန်း ပေါက်ပွားမှုမရှိစေဖို့ အဘိတ်ဆေး ခတ်တာတွေ၊ ခြင်ဆေးမှုတ်တာတွေကို လုပ်ဆောင်နေကြသလို ယခုဇွန်လပထမပတ်ထဲမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မိုးရွာသွန်းနေချိန်မှာ ရောဂါဖြစ်ပွားမှုအနည်းငယ်ကျဆင်းတတ်သလို မိုးရွာပြီးနောက်တွင် တင်ကျန်သည့် ရေများမှ ခြင်များပေါက်ပွားကာ ရောဂါဖြစ်ပွားမှုမြင့်တက်တတ်သည့် အခြေအနေမျိုးရှိတဲ့အတွက် ယခု ၂၀၁၉ ခုနှစ်မှာ သွေးလွန်တုပ်ကွေဖြစ်ပွားမှု မြင့်တက်နိုင်မယ့် အခြေအနေတွေရှိနေတယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၁

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ထဲမွာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ မ်ားျပားလာတာေၾကာင့္ ေရာဂါကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းေတြကို အရွိန္အဟုန္ျမႇင့္ကာ လုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရပါတယ္။

ယခု ၂၀၁၉ ခုႏွစ္ထဲမွာ ဇန္နဝါရီလမွ ေမလအထိ ငါးလတာစာရင္းေတြထဲ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၅၇ ဦးရွိသလို ႏွစ္ႏွစ္ တစ္ႀကိမ္ျဖစ္ပြားမႈမ်ားျပားတတ္တဲ့ အေျခအေနေတြေၾကာင့္လည္း ကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းေတြကို ယခုႏွစ္မွာ ပိုမိုလုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။ ထိုေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ေတြအနက္ အမ်ားစုဟာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြနဲ႔ က်ဴးေက်ာ္ေနထိုင္သူေတြမွာ ျဖစ္ပြားေနၿပီး လႈိင္သာယာ ေညာင္႐ြာမွာေနထိုင္တဲ့ အသက္တစ္ႏွစ္ေလးလအ႐ြယ္ ကေလးတစ္ဦးဟာလည္း ေသြးလြန္တုပ္ေကြး ေရာဂါျဖစ္ပြားကာ ေသဆုံးခဲ့ရပါတယ္။ ထို႔ေၾကာင့္လည္း ေ႐ႊ႕ေျပာင္းလုပ္သားေတြေနထိုင္ရာ ရပ္ကြက္ေတြနဲ႔ က်ဴးေက်ာ္ေနထိုင္သူေတြရွိရာက ေနရာေတြမွာ ပိုးေလာက္လန္း ေပါက္ပြားမႈမရွိေစဖို႔ အဘိတ္ေဆး ခတ္တာေတြ၊ ျခင္ေဆးမႈတ္တာေတြကို လုပ္ေဆာင္ေနၾကသလို ယခုဇြန္လပထမပတ္ထဲမွာ အရွိန္အဟုန္နဲ႔ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

မိုး႐ြာသြန္းေနခ်ိန္မွာ ေရာဂါျဖစ္ပြားမႈအနည္းငယ္က်ဆင္းတတ္သလို မိုး႐ြာၿပီးေနာက္တြင္ တင္က်န္သည့္ ေရမ်ားမွ ျခင္မ်ားေပါက္ပြားကာ ေရာဂါျဖစ္ပြားမႈျမင့္တက္တတ္သည့္ အေျခအေနမ်ိဳးရွိတဲ့အတြက္ ယခု ၂၀၁၉ ခုႏွစ္မွာ ေသြးလြန္တုပ္ေကြျဖစ္ပြားမႈ ျမင့္တက္ႏိုင္မယ့္ အေျခအေနေတြရွိေနတယ္လို႔ ေဆးပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၁