ပြည်ဝတဲ့ လူကြီးတွေဖြစ်လာဖို့ သင်ရိုးညွန်းတမ်း ပြောင်းနေတာကို မိဘတွေ သဘောထား ကြီးကြီးနဲ့ အားပေးစေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဆို

ပြည်ဝတဲ့ လူကြီးတွေဖြစ်လာဖို့ သင်ရိုးညွန်းတမ်း ပြောင်းနေတာကို မိဘတွေ သဘောထား ကြီးကြီးနဲ့ အားပေးစေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဆို

ကလေးများပိုပြီးတော့ပြည့်ပြည့်စုံစုံပိုပြီးတော့ပြည့်ဝတဲ့လူကြီးများဖြစ်လာအောင်ရည်ရွယ်ပြီးသင်ရိုးညွန်းတမ်းများကိုအတိုင်းအတာတစ်ခုပြောင်းနေခြင်းဖြစ်၍မိဘများအနေနှင့်သဘောထားကြီးကြီးနှင့်မြင်စေချင်၊အား ပေးစေချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့ပြုလုပ်တဲ့ ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်း များအ ရှိန်အဟုန်မြှင့်တင်ရေးအမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျမကျောင်းတွေကိုရောက်တဲ့အခါမှာ အားကစားအချိန်ပေါ့၊အတူတူအဖွဲ့အစည်းနဲ့ ကစားဖို့ မုန့်စား လွှတ် တဲ့အချိန် မှာဘဲဖြစ်ဖြစ်၊ ကာယ ပညာကိုဆရာတွေဆရာမတွေမှာသင်ပေးတာဘဲဖြစ်ဖြစ် ဘယ်လောက် အချိန်ပေးနိုင်လည်းဆိုတော့အချိန်သိပ်မပေးနိုင် ဘူး ဆိုတာတွေ့ ရပါတယ်။မပေးနိုင်တဲ့အကြောင်းအရင်းကတော့ သင်ရမယ့်စာတွေကို အချိန်မှီပြီး အောင်သင်ဖို့၊ပြဋ္ဌာန်းထားတဲ့စာတွေကိုပြဋ္ဌာန်းထားတဲ့အချိန်အတွင်းမှာပြီး အောင် သင်နိုင်ဖို့အတွက်အချိန်လိုနေတဲ့အတွက်ကြောင့် ကာယ ကျန်းမာရေးအတွက် အချိန်ပေး နိုင်တဲ့ အခြေအနေက နိမ့်ကျ လာတယ်ဆိုတာတွေ့ရပါတယ်။

အဲ့ဒါကတော့ပညာရေးဝန်ကြီးဌာနကဘဲဦးဆောင်ပြီး ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ။သင်ဖို့လိုတဲ့ ဘာသာရပ်တွေ အားလုံးလည်း တစ်နှစ် အတွင်းမှာပြီးသင့်တာတွေ အာလုံးပြီးအောင်လို့လည်း သင်နိုင်အောင်လို့၊တစ်ချိန်ထဲမှာလည်းကိုယ်ကာယလှုပ်ရှားမှုအတွက်။ ဒါကျန်း မာရေးနဲ့လည်းဆိုင်တယ်။စိတ်ကျန်းမာရေးရောကိုယ်ကျန်းမာရေးရောနှစ်ခုစလုံးဆိုင်တာမိုလို့အဲ့ဒါအတွက် ရော လုံလောက်တဲ့ အချိန်ပေးနိုင်အောင် ဘယ်လုပ်ရမလည်းဆိုတာကိုကျမတို့စဉ်းစားရမှာဖြစ်ပါတယ်။အဲ့ဒါနဲ့ပတ်သက် ပြီးမိဘတွေကိုနည်းနည်းဆော်သြ ချင်ပါတယ်။

ကျမနားလည်တာကတစ်ချို့မိဘတွေက ကျန်းမာ ရေး အတွက်ကိုယ်ကာယလှုပ်ရှားခြင်း၊အတူတူအစုအဖွဲ့နဲ့ကစားတာတို့ဆော့တာတို့နောက်ပြီး ကျမတို့အနေ နဲ့အနုပညာဖက်ကိုအားပေးတာတို့။ဒါတွေကတွေကိုလုပ်တာကိုတစ်ချို့မိဘတွေကနည်းနည်းအမြင်မကြည်ဘူးလို့ကြားရပါတယ်။ ကျောင်းသွားတာဒါလုပ်ဖို့လား စာသင်ဖို့မဟုတ်ဘူးလား။ ကျောင်းသွားတယ်ဆိုတာ ပညာတတ်ဖို့ဘဲ ပညာဆိုတာ။ တစ်ကယ်တော့ မှန်မှန် ကန်ကန် ချင့်ချိန်သုံးသပ်ပြီး၊မှန်မှန်ကန်ကန်အဖြေရှာနိုင်ခြင်းဟာဒါပညာတတ်တာဘဲ။အဲ့တော့ဒီလိုဟာမျိုးလုပ်နိုင်ဖို့ဆိုတာကိုယ်လည်း ကျန်းမာ ရမယ်။ စိတ်လည်း ကျန်းမာ ရမယ်။နောက် အဖက်ဖက်ကနေမြင်နိုင်တဲ့ စွမ်းရည်လည်းရှိရမယ်။ ဒီစာဘဲကျက်နေမယ်၊ ဒီစာဘဲကျက်နေမယ်။

ကျောင်းစာအုပ်ထဲကစာကိုဘဲကျက်နေတဲ့ကလေးတစ်ယောက်ဆိုတာ ဒီလောက်ပြီးပြည့်စုံနိုင်တဲ့လူကြီး တစ် ယောက်ဖြစ်လာဖို့ဆိုယင် ခက်ပါ လိမ့် မယ်။ဒါကြောင့်မိဘတွေအနေနဲ့နားလည်စေချင်တယ်။အခုကျမတို့သင်ရိုး ညွန်းတမ်းတွေကိုအတိုင်းအတာတစ်ခုပြောင်းနေတယ်ဆိုတာ ကလေးများပိုပြီးတော့ ပြည့်ပြည့်စုံစုံပိုပြီးတော့ ပြည့်ဝတဲ့လူကြီးများ ဖြစ်လာအောင်ရည်ရွယ်ပြီးလုပ်နေတာပါ။

အဲ့ဒါကိုသဘောထားကြီးကြီးနဲ့မြင်စေချင်ပါတယ်။ အားပေးစေချင်ပါတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှပြောကြား ခဲ့ပါတယ်။ယင်းအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က”ကျောင်းကျန်းမာရေးကဏ္ဍကိုကြည့်ပါက ပညာရေးဝန်ကြီး ဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် နိုင်ငံတော်အနေနှင့် ချမှတ်ထားသည့်ကျန်းမာရေးနှင့် ဘေး ကင်း လုံခြုံရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများမရှိသည့်အတွက် နိုင်ငံတော်အတွက် အဖိုးတန် သော လူသားအရင်း အမြစ်များဖြစ်သည့်ကျောင်းသား လူငယ် များ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးဆိုင်ရာ တိကျသော၊ပြည့်စုံသောနိုင်ငံတော်အဆင့်မူဝါဒ များချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒကို (၂၀၁၇)ခုနှစ်တွင်ရေးဆွဲခဲ့ပြီး ယခုအခါမဟာဗျူဟာများကိုဆက်လက်ရေးဆွဲကာ လုပ်ငန်း စဉ်များကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်မျှမကျန်ရစ်စေဘဲ အားလုံးပါဝင်သည် ဆိုသည့်သဘောတရားများအတိုင်း ဆယ်ကျော်သက်၊ မသန်စွမ်း၊အစွန်အဖျားနေ၊ကျောင်းပြင်ပစသည်ဖြင့် လူငယ်များအားလုံးပါဝင်နိုင်ရန်ကြိုးစားရမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင်ဥပဒေရဲ့အကျိုးသက်ရောက်မှုများ သည့် အတွက်တရားဥပဒေစိုးမိုးအောင်ဆောင်ရွက်ကြဖို့လိုပါကြောင်း၊ ဥပဒေတွေကရေးဆွဲပြီးအကောင် အထည် မဖော်နိုင်ရင်တော့စာရွက်ပေါ်မှာဘဲကျန်နေမှာဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးခြင်း၊ဥပဒေတွေကို လေးစား လိုက်နာခြင်းဆိုတာအားလုံး၏တာဝန်ဖြစ်ပါကြောင်း၊ လူတိုင်း တစ်ယောက်ချင်းတစ်ယောက်ချင်း ဝိုင်းပြီး ကူညီနိုင်မှ ဒါတွေကအောင်မြင်နိုင် မှာဖြစ်ပြီး ဒီလိုဆွဲထားသည့်ဥပဒေများဟာ လူငယ်များ၏ အနာဂတ် တွင်မက၊ လက်ရှိပစ္စုပ္ပန် ပတ်ဝန်းကျင်ကောင်း ဖို့ဖြစ်သည့်အတွက်ကြောင့် အားလုံးကဝိုင်းဝန်းပြီးကူညီကြပါလို့ ကြုံတုန်း မေတ္တာရပ်ခံပါကြောင်း “ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော်၊MICC-2တွင်ကျင်းပပြုလုပ်သည့် ကျန်းမာရေးအဆင့်မြင့်ကျောင်း လုပ်ငန်းများအ ရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့်နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်စုကြည်တက်ရောက်အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော် ၊ ဇွန်-၁၂

(  Zawgyi   )

ကေလးမ်ားပိုၿပီးေတာ့ျပည့္ျပည့္စုံစုံပိုၿပီးေတာ့ျပည့္ဝတဲ့လူႀကီးမ်ားျဖစ္လာေအာင္ရည္႐ြယ္ၿပီးသင္႐ိုးၫြန္းတမ္းမ်ားကိုအတိုင္းအတာတစ္ခုေျပာင္းေနျခင္းျဖစ္၍မိဘမ်ားအေနႏွင့္သေဘာထားႀကီးႀကီးႏွင့္ျမင္ေစခ်င္၊အား ေပးေစခ်င္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ယေန႔ျပဳလုပ္တဲ့ က်န္းမာေရးအဆင့္ျမင့္ေက်ာင္းလုပ္ငန္း မ်ား အရွိန္အဟုန္ျမႇင့္တင္ေရး အမ်ိဳးသား အဆင့္ႏွီးေႏွာဖလွယ္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“က်မေက်ာင္းေတြကိုေရာက္တဲ့အခါမွာ အားကစားအခ်ိန္ေပါ့၊အတူတူအဖြဲ႕အစည္းနဲ႔ ကစားဖို႔ မုန႔္စား လႊတ္ တဲ့အခ်ိန္ မွာဘဲျဖစ္ျဖစ္၊ ကာယ ပညာကိုဆရာေတြဆရာမေတြမွာသင္ေပးတာဘဲျဖစ္ျဖစ္ ဘယ္ေလာက္ အခ်ိန္ေပးႏိုင္လည္းဆိုေတာ့အခ်ိန္သိပ္မေပးႏိုင္ ဘူး ဆိုတာေတြ႕ ရပါတယ္။မေပးႏိုင္တဲ့အေၾကာင္းအရင္းကေတာ့သင္ရမယ့္ စာေတြကို အခ်ိန္မွီၿပီးေအာင္ သင္ဖို႔၊ျပ႒ာန္းထားတဲ့စာေတြကိုျပ႒ာန္းထားတဲ့အခ်ိန္အတြင္းမွာၿပီး ေအာင္ သင္ႏိုင္ဖို႔အတြက္အခ်ိန္လိုေနတဲ့အတြက္ေၾကာင့္ ကာယ က်န္းမာေရးအတြက္ အခ်ိန္ေပး ႏိုင္တဲ့ အေျခအေနက နိမ့္က် လာတယ္ဆိုတာေတြ႕ရပါတယ္။

အဲ့ဒါကေတာ့ပညာေရးဝန္ႀကီးဌာနကဘဲဦးေဆာင္ၿပီး ဒီကိစၥကိုဘယ္လိုေျဖရွင္းမလဲ။သင္ဖို႔လိုတဲ့ ဘာသာရပ္ေတြ အားလုံးလည္း တစ္ႏွစ္ အတြင္းမွာၿပီးသင့္တာေတြ အာလုံးၿပီးေအာင္လို႔လည္း သင္ႏိုင္ေအာင္လို႔၊တစ္ခ်ိန္ထဲမွာလည္းကိုယ္ကာယလႈပ္ရွားမႈအတြက္။ ဒါက်န္း မာေရးနဲ႔လည္းဆိုင္တယ္။စိတ္က်န္းမာေရးေရာကိုယ္က်န္းမာေရးေရာႏွစ္ခုစလုံးဆိုင္တာမိုလို႔အဲ့ဒါအတြက္ ေရာ လုံေလာက္တဲ့ အခ်ိန္ေပးႏိုင္ေအာင္ ဘယ္လုပ္ရမလည္းဆိုတာကိုက်မတို႔စဥ္းစားရမွာျဖစ္ပါတယ္။အဲ့ဒါနဲ႔ပတ္သက္ ၿပီးမိဘေတြကိုနည္းနည္းေဆာ္ၾသ ခ်င္ပါတယ္။

က်မနားလည္တာကတစ္ခ်ိဳ႕မိဘေတြက က်န္းမာ ေရး အတြက္ကိုယ္ကာယလႈပ္ရွားျခင္း၊အတူတူအစုအဖြဲ႕နဲ႔ကစားတာတို႔ေဆာ့တာတို႔ေနာက္ၿပီး က်မတို႔အေန နဲ႔အႏုပညာဖက္ကိုအားေပးတာတို႔။ဒါေတြကေတြကိုလုပ္တာကိုတစ္ခ်ိဳ႕မိဘေတြကနည္းနည္းအျမင္မၾကည္ဘူးလို႔ၾကားရပါတယ္။ ေက်ာင္းသြားတာဒါလုပ္ဖို႔လား စာသင္ဖို႔မဟုတ္ဘူးလား။ ေက်ာင္းသြားတယ္ဆိုတာ ပညာတတ္ဖို႔ဘဲ ပညာဆိုတာ။ တစ္ကယ္ေတာ့ မွန္မွန္ ကန္ကန္ ခ်င့္ခ်ိန္သုံးသပ္ၿပီး၊မွန္မွန္ကန္ကန္အေျဖရွာႏိုင္ျခင္းဟာဒါပညာတတ္တာဘဲ။အဲ့ေတာ့ဒီလိုဟာမ်ိဳးလုပ္ႏိုင္ဖို႔ဆိုတာကိုယ္လည္း က်န္းမာ ရမယ္။ စိတ္လည္း က်န္းမာ ရမယ္။ေနာက္ အဖက္ဖက္ကေနျမင္ႏိုင္တဲ့ စြမ္းရည္လည္းရွိရမယ္။ ဒီစာဘဲက်က္ေနမယ္၊ ဒီစာဘဲက်က္ေနမယ္။

ေက်ာင္းစာအုပ္ထဲကစာကိုဘဲက်က္ေနတဲ့ကေလးတစ္ေယာက္ဆိုတာ ဒီေလာက္ၿပီးျပည့္စုံႏိုင္တဲ့လူႀကီး တစ္ ေယာက္ျဖစ္လာဖို႔ဆိုယင္ ခက္ပါ လိမ့္ မယ္။ဒါေၾကာင့္မိဘေတြအေနနဲ႔နားလည္ေစခ်င္တယ္။အခုက်မတို႔သင္႐ိုး ၫြန္းတမ္းေတြကိုအတိုင္းအတာတစ္ခုေျပာင္းေနတယ္ဆိုတာ ကေလးမ်ားပိုၿပီးေတာ့ ျပည့္ျပည့္စုံစုံပိုၿပီးေတာ့ ျပည့္ဝတဲ့လူႀကီးမ်ား ျဖစ္လာေအာင္ရည္႐ြယ္ၿပီးလုပ္ေနတာပါ။

အဲ့ဒါကိုသေဘာထားႀကီးႀကီးနဲ႔ျမင္ေစခ်င္ပါတယ္။ အားေပးေစခ်င္ပါတယ္”လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ မွေျပာၾကား ခဲ့ပါတယ္။ယင္းအျပင္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က”ေက်ာင္းက်န္းမာေရးက႑ကိုၾကည့္ပါက ပညာေရးဝန္ႀကီး ဌာန ႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔သည္ ႏိုင္ငံေတာ္အေနႏွင့္ ခ်မွတ္ထားသည့္က်န္းမာေရးႏွင့္ ေဘး ကင္း လုံၿခဳံေရးဆိုင္ရာ မူဝါဒမ်ား၊ ဥပေဒမ်ား၊ နည္းဥပေဒမ်ားမရွိသည့္အတြက္ ႏိုင္ငံေတာ္အတြက္ အဖိုးတန္ ေသာ လူသားအရင္း အျမစ္မ်ားျဖစ္သည့္ေက်ာင္းသား လူငယ္ မ်ား၏ က်န္းမာေရးႏွင့္ ေဘးကင္း လုံၿခဳံေရးဆိုင္ရာ တိက်ေသာ၊ျပည့္စုံေသာႏိုင္ငံေတာ္အဆင့္မူဝါဒ မ်ားခ်မွတ္၍ ေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ျမန္မာႏိုင္ငံတြင္ လူငယ္ေရးရာမူဝါဒကို(၂၀၁၇)ခုႏွစ္တြင္ေရးဆြဲခဲ့ၿပီး ယခုအခါမဟာဗ်ဴဟာမ်ားကိုဆက္လက္ေရးဆြဲကာ လုပ္ငန္း စဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္မွာျဖစ္ပါေၾကာင္း၊ တစ္ဦးတစ္ေယာက္မွ်မက်န္ရစ္ေစဘဲ အားလုံးပါဝင္သည္ ဆိုသည့္သေဘာတရားမ်ားအတိုင္း ဆယ္ေက်ာ္သက္၊ မသန္စြမ္း၊အစြန္အဖ်ားေန၊ေက်ာင္းျပင္ပစသည္ျဖင့္ လူငယ္မ်ားအားလုံးပါဝင္ႏိုင္ရန္ႀကိဳးစားရမွာျဖစ္ပါေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံတြင္ဥပေဒရဲ႕အက်ိဳးသက္ေရာက္မႈမ်ား သည့္ အတြက္တရားဥပေဒစိုးမိုးေအာင္ေဆာင္႐ြက္ၾကဖို႔လိုပါေၾကာင္း၊ ဥပေဒေတြကေရးဆြဲၿပီးအေကာင္ အထည္ မေဖာ္ႏိုင္ရင္ေတာ့စာ႐ြက္ေပၚမွာဘဲက်န္ေနမွာျဖစ္ပါေၾကာင္း၊ တရားဥပေဒစိုးမိုးျခင္း၊ဥပေဒေတြကို ေလးစား လိုက္နာျခင္းဆိုတာအားလုံး၏တာဝန္ျဖစ္ပါေၾကာင္း၊ လူတိုင္း တစ္ေယာက္ခ်င္းတစ္ေယာက္ခ်င္း ဝိုင္းၿပီး ကူညီႏိုင္မွ ဒါေတြကေအာင္ျမင္ႏိုင္ မွာျဖစ္ၿပီး ဒီလိုဆြဲထားသည့္ဥပေဒမ်ားဟာ လူငယ္မ်ား၏ အနာဂတ္ တြင္မက၊ လက္ရွိပစၥဳပၸန္ ပတ္ဝန္းက်င္ေကာင္း ဖို႔ျဖစ္သည့္အတြက္ေၾကာင့္ အားလုံးကဝိုင္းဝန္းၿပီးကူညီၾကပါလို႔ ႀကဳံတုန္း ေမတၱာရပ္ခံပါေၾကာင္း “ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္၊MICC-2တြင္က်င္းပျပဳလုပ္သည့္ က်န္းမာေရးအဆင့္ျမင့္ေက်ာင္း လုပ္ငန္းမ်ားအ ရွိန္အဟုန္ျမႇင့္တင္ေရး အမ်ိဳးသား အဆင့္ႏွီးေႏွာဖလွယ္ပြဲသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္စုၾကည္တက္ေရာက္အဖြင့္အမွာစကားေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္ ၊ ဇြန္-၁၂