ပြည်နယ် နှင့် တိုင်းဒေသကြီး (၇)ခု တွင် မိုးကြီးမည်

 ပြည်နယ် နှင့် တိုင်းဒေသကြီး (၇)ခု တွင် မိုးကြီးမည်

ပြည်နယ် နှင့် တိုင်းဒေသကြီး (၇)ခု တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုး/ဇလ က ယနေ့ ဇွန်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျ ရောက်ပြီး လှိုင်းအမြင့်မှာ  (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။

ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာနိုင် တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၁၂

(  Zawgyi  )

ေနျပည္ေတာ္၊ စစ္ကိုင္း တိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး နဲ႔ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး က်န္ေဒသမ်ားတြင္ ေနရာအႏွံ႔အျပား မိုးထစ္ ခ်ဳန္း႐ြာႏိုင္တယ္လို႔ ဆိုပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ ေလျပင္းမ်ား က် ေရာက္ၿပီး လႈိင္းအျမင့္မွာ  (၈)ေပမွ (၁၂)ေပခန႔္ ရွိႏိုင္တယ္လို႔ဆိုပါတယ္။

ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔တြင္ ေနာက္ ၂ ရက္အတြင္း မိုးပိုလာႏိုင္ တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၁၂