ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးအား အိမ်ခန်းအတွင်း သေနတ်ဒဏ်ရာဖြင့်သေဆုံးလျက်တွေ့ရ

ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးအား အိမ်ခန်းအတွင်း သေနတ်ဒဏ်ရာဖြင့်သေဆုံးလျက်တွေ့ရ

မန္တလေး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးညွန့်သန်းဆိုသူကို ဒီကနေ့မနက်ပိုင်းက နေအိမ်အတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး လျက်တွေ့ရှိ ရတယ်လို့ Opinion Leaders Media ရဲ့သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဒီကနေ့မနက် ၈ နာရီအချိန်ခန့်ကလို့သိရပြီး ၎င်းကို အဲဒီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ရဲတပ်ဖွဲ့ဝင်တွေက မြို့နယ်မှူးလက်မှတ်ရေးထိုးဖို့ အတွက် မြို့နယ်မှူးရဲ့နေအိမ်လိုင်းခန်းဆီသွားခေါ်တာမှာ အသံမကြားရလို့နေအိမ်အတွင်းဝင်ရောက်ကြည့်ရှုရာမှ  ယာနားထင် သေနတ်မှန် ဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရတာလို့လည်း ခိုင်လုံတဲ့သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဒီဖြစ်စဉ်အပေါ် မန္တလေးအခြေစိုက်သတင်းထောက်တွေက သတင်းမှန်ထုတ်ပြန်နိုင်ဖို့အတွက် ပုသိမ်ကြီးမြို့နယ်မြို့မ ရဲစခန်းဆီသွားရောက်မေးမြန်းနေကြပါတယ်။ဒါပေမယ့်လည်း ခုချိန်ထိတော့ ရဲစခန်းတာဝန်ရှိသူတွေနဲ့တွေ့ခွင့်မရသေးပါဘူး။ ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦး ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကို ယ်တိုင်စစ်ဆေးနေတယ်လို့သတင်းထောက်တွေကိုပြောပါတယ်။

KT
မန္တလေး ၊ဇွန် ၁၂

(  Zawgyi  )

 မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးမ်ိဳးၫြန႔္သန္းဆိုသူကို ဒီကေန႔မနက္ပိုင္းက ေနအိမ္အတြင္း ေသနတ္ဒဏ္ရာနဲ႔ ေသဆုံး လ်က္ေတြ႕ရွိ ရတယ္လို႔ Opinion Leaders Media ရဲ႕သတင္းရင္းျမစ္ေတြဆီကသိရပါတယ္။

ဒီကေန႔မနက္ ၈ နာရီအခ်ိန္ခန႔္ကလို႔သိရၿပီး ၎ကို အဲဒီၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံး မွ ရဲတပ္ဖြဲ႕ဝင္ေတြက ၿမိဳ႕နယ္မႉးလက္မွတ္ေရးထိုးဖို႔ အတြက္ ၿမိဳ႕နယ္မႉးရဲ႕ေနအိမ္လိုင္းခန္းဆီသြားေခၚတာမွာ အသံမၾကားရလို႔ေနအိမ္အတြင္းဝင္ေရာက္ၾကည့္ရႈရာမွ  ယာနားထင္ ေသနတ္မွန္ ဒဏ္ရာနဲ႔ေသဆုံးေနတာေတြ႕ရတာလို႔လည္း ခိုင္လုံတဲ့သတင္းရင္းျမစ္ဆီကသိရပါတယ္။

ဒီျဖစ္စဥ္အေပၚ မႏၲေလးအေျခစိုက္သတင္းေထာက္ေတြက သတင္းမွန္ထုတ္ျပန္ႏိုင္ဖို႔အတြက္ ပုသိမ္ႀကီးၿမိဳ႕နယ္ၿမိဳ႕မ ရဲစခန္းဆီသြားေရာက္ေမးျမန္းေနၾကပါတယ္။ဒါေပမယ့္လည္း ခုခ်ိန္ထိေတာ့ ရဲစခန္းတာဝန္ရွိသူေတြနဲ႔ေတြ႕ခြင့္မရေသးပါဘူး။ ရဲစခန္းတာဝန္က် ရဲဝန္ထမ္းတစ္ဦး ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ႐ိုင္ရဲတပ္ဖြဲ႕မႉးကို ယ္တိုင္စစ္ေဆးေနတယ္လို႔သတင္းေထာက္ေတြကိုေျပာပါတယ္။

KT
မႏၲေလး ၊ဇြန္ ၁၂