ပုဂ္ဂလိက စီးပွားရေးစိုက်ခင်းများမှ ထွက်ရှိသော သစ်များကို အလုံးလိုက် ပြည်ပသို့ တင်ပို့ခွင့်ပြုပေးသွားရန် စီစဉ်နေ

ပုဂ္ဂလိက စီးပွားရေးစိုက်ခင်းများမှ ထွက်ရှိသော သစ်များကို အလုံးလိုက် ပြည်ပသို့ တင်ပို့ခွင့်ပြုပေးသွားရန် စီစဉ်နေ

ပုဂ္ဂလိက စီးပွားရေးစိုက်ခင်းများမှ ထွက်ရှိသော သစ်များကို သစ်အလုံးလိုက် ပြည်ပသို့ တင်ပို့ခွင့်ပြုပေးသွားရန် စီစဉ်နေကြောင်း အထွေထွေမန်နေဂျာ၊ ဦးညီညီထွန်း၊ စီမံကိန်းနှင့် စာရင်းအင်း၊ မြန်မာ့သစ်လုပ်ငန်းမှ ပြောပါတယ်။

"သစ်အလုံးလိုက် တင်ပို့ခွင့်ပြုပြီဆိုတာက စိုက်ခင်းကထွက်တဲ့ သစ်တွေကို အဓိကအားဖြင့် စီးပွားရေးစိုက်ခင်းမှာ ပုဂ္ဂလိကတွေကစိုက်တဲ့ စိုက်ခင်းတွေကရှိတယ်။အဲ့ဒီကစိုက်တဲ့ ကျွန်း၊ ပျဉ်းကတိုးကောင်းတွေ၊ စီးပွားရေးစိုက်ခင်းတွေ၊ အဲဒီကနေ ပင်ကြပ်နှုတ်လို့ ထွက်လာတဲ့ သစ်အလုံးဖြစ်စေပေါ့၊ ဒါမှမဟုတ်လို့ ရှိရင်လည်း သူတို့ရဲ့ စိုက်ခင်းကိုပဲ အပြီးခုတ်လှဲရောင်းချလို့ ဖြစ်စေပေါ့၊ အဲ့ဒီလိုစိုက်ခင်းက သူတို့ကိုယ်တိုင် စိုက်ထားတဲ့ စိုက်ခင်းက သစ်ဆိုရင် အဲဒါကို အလုံးလိုက် ပြည်ပကို တင်ပို့ခွင့်ပြုမယ်လို့ သိရတာပေါ့နော်။အဲဒီလိုထုတ်ပြန်တယ်။အဲဒီတော့ ဘယ်လိုတင်ပို့ခွင့်ပြုမယ်ဆိုတာက case by case ဆိုလိုတာကတော့ ဆိုင်ရာကိစ္စရပ်အလိုက်ပေါ့။ဆိုင်ရာကိစ္စရပ်အလိုက်ဆိုတာ ဥပမာအားဖြင့် ပုဂ္ဂလိက စိုက်ခင်းပိုင်ရှင်တစ်ယောက်က သူ့စိုက်ခင်းက သစ်ကိုခုတ်တယ်၊ ခုတ်ပြီးတော့ ထွက်လာတဲ့သစ်တွေကို ပြည်ပကိုပို့ဖို့၊ ပြည်ပက ဝယ်လက်ရှိရင် ရောင်းချင်တယ်ဆိုရင် အဲဒီအတွက် ကိစ္စရပ်တစ်ခုပေါ့၊ အဲဒါမျိုးတစ်ခုချင်းစီအပေါ်မှာ စဉ်းစားပြီးတော့ ခွင့်ပြုပေးသွားမယ်လို့ သိရတယ်။ဒါက ကျနော်တို့ သိရသလောက်ပေါ့။စိုက်ခင်းက သစ်က စတင်စိုက်ကတည်းက စိုက်ခင်းမှတ်ပုံတင်ရတယ်လေ။ဘယ်သစ်မျိုးတွေ စိုက်ပါတယ်ဆိုတာ မှတ်ပုံတင်ရတယ်၊ ပြီးတော့မှ အဲဒီစိုက်ခင်းကို ခုတ်လှဲမယ်ဆိုတာနဲ့ သစ်တောဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပေါ့။သစ်တောဦးစီးဌာနကို အကြောင်းကြားပြီး ခွင့်ပြုချက်နဲ့ ခုတ်ရတယ်၊ ခုတ်တဲ့အခါကျရင် သစ်တောဦးစီးဌာနက ဘယ်စိုက်ခင်းက ခုတ်မယ်ဆိုရင် အဲဒါကို စနစ်တကျမှတ်တယ်။
အမှတ်အသားလုပ်တယ်။ပြီးတော့မှခုတ်တယ်။အဲဒီတော့ သစ်မှာ ဥပမာအားဖြင့် ဘယ်စိုက်ခင်း၊ ဘယ်ခုနှစ်က စိုက်တဲ့စိုက်ခင်း၊ စသဖြ ဒီမှာအမှတ်အသားလေးတွေ လုပ်ပေးလိုက်တာရှိတယ်။အဲဒါနဲ့ခွဲတာပါပဲ။အဓိကတော့။ကျနော်တို့ သဘာဝတောက ထုတ်တယ်ဆိုတာကလည်း သစ်တောကနေပြီးတော့ အပင်ကိုမှတ်ပေးတယ်။မှတ်ပေးတဲ့အပင်ကိုပဲ ထုတ်ရတယ်။
သဘာဝတောက ထုတ်တဲ့အပင်မှာကျတော့ ပင်လုံးနံပါတ်တို့၊ မြန်မာ့သစ်လုပ်ငန်းက ထုတ်တဲ့ အေဂျင်စီနံပါတ်တို့ ပြီးတော့ အကောင့်နံပါတ်၊ အကောင့်တံဆိပ်တို့ ရှိတယ်။အဲဒါတွေကိုကြည့်လိုက်ရင် ဒါက စိုက်ခင်းသစ်လား သဘာဝတောသစ်လားလို့ သိနိုင်တယ်ပေါ့။အဲဒါတွေမှ မပါဘူးဆိုရင်တော့ တရားမဝင်သစ်ပေါ့၊ ပို့ရတဲ့ ရည်ရွယ်ချက်က ကျနော့်အမြင်ပေါ့၊ ဘာလိုအပ်ချက်နဲ့လည်းဆိုတော့ ဒီဖြစ်တာလည်းမသိတော့ မူဝါဒတော့ သေချာမသိဘူး။ကျနော့်အမြင်တော့ ပုဂ္ဂလိက စိုက်ခင်းလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိအောင်၊ ပြီးတော့မှ အဲဒီအပေါ်က ပြည်ပဈေးကွက် direct ရတယ်ဆိုရင် သူတို့လည်းဈေးကောင်းရတော့ သူတို့လည်းအဆင်ပြေတယ်။ တိုင်းပြည်လည်း အခွန်ဘဏ္ဍာရတဲ့အခါ အဆင်ပြေတယ်၊ အဓိကကတော့ အဲဒါပါပဲလို့ ထင်တယ်၊ ပုဂ္ဂလိကလုပ်ငန်းတွေ အချင်းချင်းလည်း အားပေးရမှာကိုး" ဟု အထွေထွေမန်နေဂျာ ဦးညီညီထွန်း၊ စီမံကိန်းနှင့် စာရင်းအင်း၊ မြန်မာ့သစ်လုပ်ငန်းမှ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တင်ပို့သည့်နေရာတွင် တန် သတ်မှတ်ချက် ထားရှိလားဟု မေးမြန်မှုကို ၎င်းမှ "တန် သတ်မှတ်ချက် အဲဒါလည်း သတ်မှတ်ချက်မရှိပါဘူး။သူက case by case လို့ ပြောတယ်။ဥပမာ - ဧက ၁၀၀ ခုတ်တယ်ပေါ့။တစ်ဧကကို ဒီလောက်ထွက်တယ်။အဲဒီထွက်တဲ့ဥစ္စာကို ပို့မယ်ဆိုရင် ဒီကိစ္စရပ်တစ်ရပ်အပေါ်မှာ ဘယ်လောက်ဆိုတာ စဉ်းစားပေးမှာပေါ့။
ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ပုဂ္ဂလိက သစ်တောစိုက်ခင်းဆိုတာ သူတို့စိုက်ကတည်းက စီးပွားရေးစိုက်ခင်းလို့ ခေါ်တာပေါ့။သူတို့စီးပွားရေးအတွက်လည်း ပါတယ်မှတ်လား။စီးပွားရေးစိုက်ခင်း ဆိုတဲ့အတွက် အကျိူးရှိအောင်တော့ လုပ်ရမှာပဲလေ။ပတ်ဝန်းကျင် မထိခိုက်အောင် ဆိုတာကတော့ သစ်တောပညာရှင်တွေရဲ့ ရှု့ထောင့်ကနေပြီးတော့ပေါ့။သူ့ဟာသူ သက်ဆိုင်ရာ ခုတ်သက်ရောက်ရင်ခုတ်မယ်။ပြန်စိုက်မယ် ဒါက သူတို့ သစ်တောပြုစုပျိုးထောင်ရေး စနစ်တွေရှိပါတယ်။အဲဒီရှု့ထောင့်ကပဲကြည့်ပြီး သူတို့ပြောနိုင်မှာပေါ့။ကျနော်ကတော့ သစ်လုပ်ငန်းကကျတော့ အဲ့လောက် သေချာတော့မပြောနိုင်ဘူး။ သို့သော် စောစောကပြောသလို သစ်တောဆိုတာလည်းပဲ ထုတ်ယူသုံးစွဲမှ တန်ဖိုးရှိတာ။တစ်ဖက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရမယ်။ရာသီဥတု မဖောက်ပြန်အောင် သစ်တောတွေ တစ်ဖက်ကရှိရမယ်။တစ်ဖက်က ဒီသစ်တောက လူတွေအတွက်လည်း အသုံးဝင်တဲ့ ကုန်ပစ္စည်းပေးနိုင်ရမယ်။အဲဒီတော့ ဒီဟာကို ကျနော်တို့က မျှတအောင် စဉ်းစားဖို့လိုတယ်။ဘာလို့ဆိုတော့ လူတွေမှာလည်းပဲ လိုအပ်ချက်တွေရှိတာကို။အဲ့တော့ သစ်တောစိုက်ခင်း ဆိုတာလည်း သစ်တောစိုက်ခင်းအနေနဲ့က စိုက်ခင်းအမျိုးအစားတွေနဲ့က စီးပွားစိုက်ခင်း၊ စက်မှုကုန်ထွက်စိုက်ခင်း စသဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကိုက စီးပွားရေးအတွက် စိုက်တယ်။စက်မှုကုန်ကြမ်းအတွက် စိုက်တယ်။ဒီလိုမျိုးဖြစ်ခဲ့တာကို။အဲဒီတော့ ဒီဟာအတွက်က စိုက်ခင်းလုပ်တယ် ဆိုတာကလည်း ရင်းနှီးမြှပ်နှံသူအနေနဲ့ တစ်စုံတရာ အကျိုးအမြတ်တော့ ရှိဖို့လိုတယ်" လို့ ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း၊ နေပြည်တော် Hilton Hotel တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားအပြီး သတင်းမီဒီယာမများနှင့် တွေ့ဆုံမေးမြန်းမှုများအပေါ် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဇွန် - ၁၁
( Zawgyi )
ပုဂၢလိက စီးပြားေရးစိုက္ခင္းမ်ားမွ ထြက္ရွိေသာ သစ္မ်ားကို သစ္အလုံးလိုက္ ျပည္ပသို႔ တင္ပို႔ခြင့္ျပဳေပးသြားရန္ စီစဥ္ေနေၾကာင္း အေထြေထြမန္ေနဂ်ာ၊ ဦးညီညီထြန္း၊ စီမံကိန္းႏွင့္ စာရင္းအင္း၊ ျမန္မာ့သစ္လုပ္ငန္းမွ ေျပာပါတယ္။

"သစ္အလုံးလိုက္ တင္ပို႔ခြင့္ျပဳၿပီဆိုတာက စိုက္ခင္းကထြက္တဲ့ သစ္ေတြကို အဓိကအားျဖင့္ စီးပြားေရးစိုက္ခင္းမွာ ပုဂၢလိကေတြကစိုက္တဲ့ စိုက္ခင္းေတြကရွိတယ္။အဲ့ဒီကစိုက္တဲ့ ကြၽန္း၊ ပ်ဥ္းကတိုးေကာင္းေတြ၊ စီးပြားေရးစိုက္ခင္းေတြ၊ အဲဒီကေန ပင္ၾကပ္ႏႈတ္လို႔ ထြက္လာတဲ့ သစ္အလုံးျဖစ္ေစေပါ့၊ ဒါမွမဟုတ္လို႔ ရွိရင္လည္း သူတို႔ရဲ႕ စိုက္ခင္းကိုပဲ အၿပီးခုတ္လွဲေရာင္းခ်လို႔ ျဖစ္ေစေပါ့၊ အဲ့ဒီလိုစိုက္ခင္းက သူတို႔ကိုယ္တိုင္ စိုက္ထားတဲ့ စိုက္ခင္းက သစ္ဆိုရင္ အဲဒါကို အလုံးလိုက္ ျပည္ပကို တင္ပို႔ခြင့္ျပဳမယ္လို႔ သိရတာေပါ့ေနာ္။အဲဒီလိုထုတ္ျပန္တယ္။အဲဒီေတာ့ ဘယ္လိုတင္ပို႔ခြင့္ျပဳမယ္ဆိုတာက case by case ဆိုလိုတာကေတာ့ ဆိုင္ရာကိစၥရပ္အလိုက္ေပါ့။ဆိုင္ရာကိစၥရပ္အလိုက္ဆိုတာ ဥပမာအားျဖင့္ ပုဂၢလိက စိုက္ခင္းပိုင္ရွင္တစ္ေယာက္က သူ႔စိုက္ခင္းက သစ္ကိုခုတ္တယ္၊ ခုတ္ၿပီးေတာ့ ထြက္လာတဲ့သစ္ေတြကို ျပည္ပကိုပို႔ဖို႔၊ ျပည္ပက ဝယ္လက္ရွိရင္ ေရာင္းခ်င္တယ္ဆိုရင္ အဲဒီအတြက္ ကိစၥရပ္တစ္ခုေပါ့၊ အဲဒါမ်ိဳးတစ္ခုခ်င္းစီအေပၚမွာ စဥ္းစားၿပီးေတာ့ ခြင့္ျပဳေပးသြားမယ္လို႔ သိရတယ္။ဒါက က်ေနာ္တို႔ သိရသေလာက္ေပါ့။စိုက္ခင္းက သစ္က စတင္စိုက္ကတည္းက စိုက္ခင္းမွတ္ပုံတင္ရတယ္ေလ။ဘယ္သစ္မ်ိဳးေတြ စိုက္ပါတယ္ဆိုတာ မွတ္ပုံတင္ရတယ္၊ ၿပီးေတာ့မွ အဲဒီစိုက္ခင္းကို ခုတ္လွဲမယ္ဆိုတာနဲ႔ သစ္ေတာဦးစီးဌာနရဲ႕ လုပ္ထုံးလုပ္နည္းနဲ႔ အညီေပါ့။သစ္ေတာဦးစီးဌာနကို အေၾကာင္းၾကားၿပီး ခြင့္ျပဳခ်က္နဲ႔ ခုတ္ရတယ္၊ ခုတ္တဲ့အခါက်ရင္ သစ္ေတာဦးစီးဌာနက ဘယ္စိုက္ခင္းက ခုတ္မယ္ဆိုရင္ အဲဒါကို စနစ္တက်မွတ္တယ္။
အမွတ္အသားလုပ္တယ္။ၿပီးေတာ့မွခုတ္တယ္။အဲဒီေတာ့ သစ္မွာ ဥပမာအားျဖင့္ ဘယ္စိုက္ခင္း၊ ဘယ္ခုႏွစ္က စိုက္တဲ့စိုက္ခင္း၊ စသျဖ ဒီမွာအမွတ္အသားေလးေတြ လုပ္ေပးလိုက္တာရွိတယ္။အဲဒါနဲ႔ခြဲတာပါပဲ။အဓိကေတာ့။က်ေနာ္တို႔ သဘာဝေတာက ထုတ္တယ္ဆိုတာကလည္း သစ္ေတာကေနၿပီးေတာ့ အပင္ကိုမွတ္ေပးတယ္။မွတ္ေပးတဲ့အပင္ကိုပဲ ထုတ္ရတယ္။
သဘာဝေတာက ထုတ္တဲ့အပင္မွာက်ေတာ့ ပင္လုံးနံပါတ္တို႔၊ ျမန္မာ့သစ္လုပ္ငန္းက ထုတ္တဲ့ ေအဂ်င္စီနံပါတ္တို႔ ၿပီးေတာ့ အေကာင့္နံပါတ္၊ အေကာင့္တံဆိပ္တို႔ ရွိတယ္။အဲဒါေတြကိုၾကည့္လိုက္ရင္ ဒါက စိုက္ခင္းသစ္လား သဘာဝေတာသစ္လားလို႔ သိႏိုင္တယ္ေပါ့။အဲဒါေတြမွ မပါဘူးဆိုရင္ေတာ့ တရားမဝင္သစ္ေပါ့၊ ပို႔ရတဲ့ ရည္႐ြယ္ခ်က္က က်ေနာ့္အျမင္ေပါ့၊ ဘာလိုအပ္ခ်က္နဲ႔လည္းဆိုေတာ့ ဒီျဖစ္တာလည္းမသိေတာ့ မူဝါဒေတာ့ ေသခ်ာမသိဘူး။က်ေနာ့္အျမင္ေတာ့ ပုဂၢလိက စိုက္ခင္းလုပ္ငန္းရွင္ေတြအတြက္လည္း အက်ိဳးရွိေအာင္၊ ၿပီးေတာ့မွ အဲဒီအေပၚက ျပည္ပေဈးကြက္ direct ရတယ္ဆိုရင္ သူတို႔လည္းေဈးေကာင္းရေတာ့ သူတို႔လည္းအဆင္ေျပတယ္။ တိုင္းျပည္လည္း အခြန္ဘ႑ာရတဲ့အခါ အဆင္ေျပတယ္၊ အဓိကကေတာ့ အဲဒါပါပဲလို႔ ထင္တယ္၊ ပုဂၢလိကလုပ္ငန္းေတြ အခ်င္းခ်င္းလည္း အားေပးရမွာကိုး" ဟု အေထြေထြမန္ေနဂ်ာ ဦးညီညီထြန္း၊ စီမံကိန္းႏွင့္ စာရင္းအင္း၊ ျမန္မာ့သစ္လုပ္ငန္းမွ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ တင္ပို႔သည့္ေနရာတြင္ တန္ သတ္မွတ္ခ်က္ ထားရွိလားဟု ေမးျမန္မႈကို ၎မွ "တန္ သတ္မွတ္ခ်က္ အဲဒါလည္း သတ္မွတ္ခ်က္မရွိပါဘူး။သူက case by case လို႔ ေျပာတယ္။ဥပမာ - ဧက ၁၀၀ ခုတ္တယ္ေပါ့။တစ္ဧကကို ဒီေလာက္ထြက္တယ္။အဲဒီထြက္တဲ့ဥစၥာကို ပို႔မယ္ဆိုရင္ ဒီကိစၥရပ္တစ္ရပ္အေပၚမွာ ဘယ္ေလာက္ဆိုတာ စဥ္းစားေပးမွာေပါ့။
ပတ္ဝန္းက်င္အေပၚ ထိခိုက္မႈ ပုဂၢလိက သစ္ေတာစိုက္ခင္းဆိုတာ သူတို႔စိုက္ကတည္းက စီးပြားေရးစိုက္ခင္းလို႔ ေခၚတာေပါ့။သူတို႔စီးပြားေရးအတြက္လည္း ပါတယ္မွတ္လား။စီးပြားေရးစိုက္ခင္း ဆိုတဲ့အတြက္ အက်ိဴးရွိေအာင္ေတာ့ လုပ္ရမွာပဲေလ။ပတ္ဝန္းက်င္ မထိခိုက္ေအာင္ ဆိုတာကေတာ့ သစ္ေတာပညာရွင္ေတြရဲ႕ ရႈ႕ေထာင့္ကေနၿပီးေတာ့ေပါ့။သူ႔ဟာသူ သက္ဆိုင္ရာ ခုတ္သက္ေရာက္ရင္ခုတ္မယ္။ျပန္စိုက္မယ္ ဒါက သူတို႔ သစ္ေတာျပဳစုပ်ိဳးေထာင္ေရး စနစ္ေတြရွိပါတယ္။အဲဒီရႈ႕ေထာင့္ကပဲၾကည့္ၿပီး သူတို႔ေျပာႏိုင္မွာေပါ့။က်ေနာ္ကေတာ့ သစ္လုပ္ငန္းကက်ေတာ့ အဲ့ေလာက္ ေသခ်ာေတာ့မေျပာႏိုင္ဘူး။ သို႔ေသာ္ ေစာေစာကေျပာသလို သစ္ေတာဆိုတာလည္းပဲ ထုတ္ယူသုံးစြဲမွ တန္ဖိုးရွိတာ။တစ္ဖက္က သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းရမယ္။ရာသီဥတု မေဖာက္ျပန္ေအာင္ သစ္ေတာေတြ တစ္ဖက္ကရွိရမယ္။တစ္ဖက္က ဒီသစ္ေတာက လူေတြအတြက္လည္း အသုံးဝင္တဲ့ ကုန္ပစၥည္းေပးႏိုင္ရမယ္။အဲဒီေတာ့ ဒီဟာကို က်ေနာ္တို႔က မွ်တေအာင္ စဥ္းစားဖို႔လိုတယ္။ဘာလို႔ဆိုေတာ့ လူေတြမွာလည္းပဲ လိုအပ္ခ်က္ေတြရွိတာကို။အဲ့ေတာ့ သစ္ေတာစိုက္ခင္း ဆိုတာလည္း သစ္ေတာစိုက္ခင္းအေနနဲ႔က စိုက္ခင္းအမ်ိဳးအစားေတြနဲ႔က စီးပြားစိုက္ခင္း၊ စက္မႈကုန္ထြက္စိုက္ခင္း စသျဖင့္ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကိုက စီးပြားေရးအတြက္ စိုက္တယ္။စက္မႈကုန္ၾကမ္းအတြက္ စိုက္တယ္။ဒီလိုမ်ိဳးျဖစ္ခဲ့တာကို။အဲဒီေတာ့ ဒီဟာအတြက္က စိုက္ခင္းလုပ္တယ္ ဆိုတာကလည္း ရင္းႏွီးျမႇပ္ႏွံသူအေနနဲ႔ တစ္စုံတရာ အက်ိဳးအျမတ္ေတာ့ ရွိဖို႔လိုတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ ေနျပည္ေတာ္ Hilton Hotel တြင္ က်င္းပျပဳလုပ္သည့္ ျမန္မာႏိုင္ငံ ပတ္ဝန္းက်င္ဆိုင္ရာ ဆန္းစစ္ေလ့လာခ်က္ အစီရင္ခံစာ စတင္မိတ္ဆက္ျခင္း အခမ္းအနားအၿပီး သတင္းမီဒီယာမမ်ားႏွင့္ ေတြ႕ဆုံေမးျမန္းမႈမ်ားအေပၚ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇြန္ - ၁၁