ပန်းတောင်းမြို့နယ်တွင် နယ်ကျော် ဝင်ရောက်လာသူနှစ်ဦးကို ပို့ဆောင်ပေးသူ နှင့် အတူ ဖမ်းဆီးရမိ

ပန်းတောင်းမြို့နယ်တွင် နယ်ကျော် ဝင်ရောက်လာသူနှစ်ဦးကို ပို့ဆောင်ပေးသူ နှင့် အတူ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ် မှ  ဝင်ရောက်လာသူနှစ်ဦးကို ပို့ဆောင်ပေးသူ နှင့် အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် တွင် ကျီးပင်လှုပ်ရှားရဲကင်းမှ ရဲတပ်သား ကျော်ရဲသူနှင့် ရဲတပ်သား ဇင်လင်းကို တို့သည် ပန်းတောင်းမြို့နယ်တရားရုံးမှ ရုံးထုတ်တာဝန်ထမ်းဆောင်၍ ရဲကင်း သို့ ပြန်လာခဲ့ရာ ဘူးဘက်ကျေးရွာ သင်္ချိုင်း ကုန်းအနီးတွင် မသင်္ကာဖွယ်ရာ အမျိုးသား ၁ ဦးအား တွေ့ရှိ၍မေးမြန်းရာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နေ ဟာမေဒူရာမန် (ခ) သိန်းထွန်း ၂၅ နှစ်ဖြစ်ကြောင်း တွေ့ရှိရတဲ့ အတွက် ဥသျှစ်ပင်နယ်မြေရဲစခန်းသို့ စစ်ဆေးရန် ခေါ်ဆောင်ခဲ့ပါတယ်။

ယင်းသို့ ခေါ်ဆောင်သွားစဉ် မော်တော်ယာဉ် ၁ စီးသည် ကံမမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် လိုက်လံဖမ်းဆီးရာ ပုသိမ်- မုံရွာ ကားလမ်း မိုင်တိုင်၊ ၁၇၃/၃ နှင့် ၄ အကြားတွင် မော်တော်ယာဉ်အား တွေ့ရှိရပြီး ယာဉ်မောင်းဖြစ်သူ ရန်ပိုင်စိုး (ခ)ရန်နိုင် ၂၉ နှစ် ပန်းဘဲတန်းရပ်ကွက်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး နေသူအား ယာဉ်နှင့် မလှမ်းမကမ်း လယ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိထားသူ ဟာမေဒူရာမန် (ခ) သိန်းထွန်းအား စစ်မေးချက်အရ ၎င်းနှင့်အတူ ဖိုင်ဇိုလာ (၃၂)နှစ် ပါရှိကြောင်း စစ်ဆေးတွေ့ရှိရတဲ့ အတွက် လိုက်လံဖမ်းဆီးရာ ယနေ့ ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီ ခွဲ အချိန်တွင် ပန်းတောင်းမြို့နယ်၊ မြေဝါကုန်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းဘေး မှ ဖမ်းဆီးရမိ ခဲ့တယ် လို့ဆိုပါတယ်။

ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပန်းတောင်း၊ ဇွန် ၊ ၁၂

(  Zawgyi   )

 ပဲခူးတိုင္းေဒသႀကီး၊ပန္းေတာင္းၿမိဳ႕နယ္တြင္ ရခိုင္ျပည္နယ္ မွ  ဝင္ေရာက္လာသူႏွစ္ဦးကို ပို႔ေဆာင္ေပးသူ ႏွင့္ အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၁၁ ရက္ေန႔ ပဲခူးတိုင္းေဒသႀကီး ပန္းေတာင္းၿမိဳ႕နယ္ တြင္ က်ီးပင္လႈပ္ရွားရဲကင္းမွ ရဲတပ္သား ေက်ာ္ရဲသူႏွင့္ ရဲတပ္သား ဇင္လင္းကို တို႔သည္ ပန္းေတာင္းၿမိဳ႕နယ္တရား႐ုံးမွ ႐ုံးထုတ္တာဝန္ထမ္းေဆာင္၍ ရဲကင္း သို႔ ျပန္လာခဲ့ရာ ဘူးဘက္ေက်း႐ြာ သခ်ႋဳင္း ကုန္းအနီးတြင္ မသကၤာဖြယ္ရာ အမ်ိဳးသား ၁ ဦးအား ေတြ႕ရွိ၍ေမးျမန္းရာ ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕ေန ဟာေမဒူရာမန္ (ခ) သိန္းထြန္း ၂၅ ႏွစ္ျဖစ္ေၾကာင္း ေတြ႕ရွိရတဲ့ အတြက္ ဥသွ်စ္ပင္နယ္ေျမရဲစခန္းသို႔ စစ္ေဆးရန္ ေခၚေဆာင္ခဲ့ပါတယ္။

ယင္းသို႔ ေခၚေဆာင္သြားစဥ္ ေမာ္ေတာ္ယာဥ္ ၁ စီးသည္ ကံမၿမိဳ႕ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း ေတြ႕ရွိရတဲ့အတြက္ လိုက္လံဖမ္းဆီးရာ ပုသိမ္- မုံ႐ြာ ကားလမ္း မိုင္တိုင္၊ ၁၇၃/၃ ႏွင့္ ၄ အၾကားတြင္ ေမာ္ေတာ္ယာဥ္အား ေတြ႕ရွိရၿပီး ယာဥ္ေမာင္းျဖစ္သူ ရန္ပိုင္စိုး (ခ)ရန္ႏိုင္ ၂၉ ႏွစ္ ပန္းဘဲတန္းရပ္ကြက္၊ ဟသၤာတၿမိဳ႕၊ ဧရာဝတီတိုင္းေဒသႀကီး ေနသူအား ယာဥ္ႏွင့္ မလွမ္းမကမ္း လယ္ကြက္အတြင္းမွ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိထားသူ ဟာေမဒူရာမန္ (ခ) သိန္းထြန္းအား စစ္ေမးခ်က္အရ ၎ႏွင့္အတူ ဖိုင္ဇိုလာ (၃၂)ႏွစ္ ပါရွိေၾကာင္း စစ္ေဆးေတြ႕ရွိရတဲ့ အတြက္ လိုက္လံဖမ္းဆီးရာ ယေန႔ ဇြန္လ ၁၂ ရက္ နံနက္ ၁၀ နာရီ ခြဲ အခ်ိန္တြင္ ပန္းေတာင္းၿမိဳ႕နယ္၊ ေျမဝါကုန္းေက်း႐ြာအနီး ပုသိမ္-မုံ႐ြာ ကားလမ္းေဘး မွ ဖမ္းဆီးရမိ ခဲ့တယ္ လို႔ဆိုပါတယ္။

ဖမ္းဆီးရမိသူမ်ားကို ဥပေဒႏွင့္အညီ အမႈဖြင့္အေရးယူႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ပန္းေတာင္း၊ ဇြန္ ၊ ၁၂