ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအတွက် ဥပဒေနှင့်စည်းမျဉ်း စည်းကမ်းရေး ဆွဲရာတွင် ဖိအားနှင့် အခက်အခဲများစွာကို တွေ့ကြုံခဲ့ရဟု ပြည်ထောင်စုဝန်ကြီး ဆို။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအတွက် ဥပဒေနှင့်စည်းမျဉ်း စည်းကမ်းရေး ဆွဲရာတွင် ဖိအားနှင့် အခက်အခဲများစွာကို တွေ့ကြုံခဲ့ရဟု ပြည်ထောင်စုဝန်ကြီး ဆို။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနှင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအ တွက် လိုအပ်သည့် ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းဆိုင်ရာမူဘောင်များကိုရေးဆွဲချမှတ်ဆောင်ရွက်ခဲ့ရာမှာ သိသာ ထင် ရှားသည့်တိုးတက်မှုတွေရရှိခဲ့သော်လည်း သင့်တော်သည့် နည်းပညာစွမ်းရည်၊ ပစ္စည်းကရိယာ၊ ဘဏ္ဍာရန်ပုံ ငွေ နှင့် ဝန်ထမ်းအင်အားစသည့်လိုအပ်ချက်များကြောင့် ဖိအားနှင့်အခက်အခဲ များစွာ ကိုတွေ့ကြုံခဲ့ရတယ်လို့ ပါကြောင်း၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက “ မိမိတို့အနေနှင့်ပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတ စီမံခန့်ခွဲမှု စနစ်တွေကို ဖော်ထုတ်သည့် အခါနိုင်ငံ့ စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သဘာ၀ ပတ်ဝန်း ကျင်အပေါ် ဖိအားပေးမှုများ၊ အသစ်အသစ်သော စိန်ခေါ်မှုများနှင့်အခွင့် အလမ်းများကို မျက်ခြေ မပြတ်ဖို့ လိုအပ်ကြောင်း၊စီမံခန့်ခွဲမှုနည်းလမ်းများနှင့်ပတ်ဝန်းကျင်အထောက်အကူပြုနည်းလမ်းများကိုအသုံးပြုပြီးပတ် ဝန်;ကျင်ထိန်းသိမ်းရေးကိုအဓိကလုပ်ငန်းရပ်တစ်ခုအနေနှင့်ထည့်သွင်းဆောင်ရွက်ရေးဟာ ရေရှည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေး အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့ လာချက် အစီရင်ခံစာသည် သစ်တော ကဏ္ဍ၊ ငါးလုပ်ငန်း၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း စနစ်နှင့် အစိုင် အခဲ၊ စွန့်ပစ် ပစ္စည်း၊ ပလတ်စတစ်နှင့် လေထု ညစ်ညမ်းခြင်း စသည့် ကဏ္ဍများ၏ အခြေအနေကို ရှုထောင့်စုံမှ သုံးသပ်ထားသော အစီရင်ခံစာ ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများ ပိုမို ကောင်းမွန်လာစေရန် လုပ် ဆောင် ရမည့် သီးခြား လုပ်ငန်း စဉ်များနှင့် အကြံပြုချက်များ ပါဝင်သည့် လမ်းပြ မြေပုံကိုလည်း ဖော်ထုတ် တင်ပြထားကြောင်း၊ အစီရင်ခံ စာသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် သဘာ၀ သယံ ဇာတ တို့၏ ဦးတည်ရာ အလားအလာများကို ပိုမို သိရှိ နားလည်စေမည့်အပြင် စောင့်ကြပ် ကြည့်ရှုခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း အပါ အဝင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ စနစ် ပိုမို အားကောင်းလာစေဖို့ အထောက်အကူ ပြုမည်ဖြစ်ကြောင်း” ကို ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော် Hilton Hotel တွင် ကမ္ဘာ့ဘဏ်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပပြုလုပ် သည့်မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် (CEA:Country Environmental Analysis) အစီ ရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်း အနားသို့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ကမ္ဘာ့ဘဏ်ညွန်ကြားရေးမှူးတို့မှအဖွင့်အမှာစကားများပြောကြားခဲ့ပြီး အခမ်းအ နားသို့ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ INGos, NGOs တို့မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါတယ်။

PTG
နေပြည်တော်၊ ဇွန် ၁၁ရက်။

(  Zawgyi  )

 သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအေနႏွင့္ပတ္ဝန္းက်င္စီမံခန႔္ခြဲမႈအ တြက္ လိုအပ္သည့္ ဥပေဒႏွင့္ စည္းမ်ဥ္း စည္းကမ္းဆိုင္ရာမူေဘာင္မ်ားကိုေရးဆြဲခ်မွတ္ေဆာင္႐ြက္ခဲ့ရာမွာ သိသာ ထင္ ရွားသည့္တိုးတက္မႈေတြရရွိခဲ့ေသာ္လည္း သင့္ေတာ္သည့္ နည္းပညာစြမ္းရည္၊ ပစၥည္းကရိယာ၊ ဘ႑ာရန္ပုံ ေငြ ႏွင့္ ဝန္ထမ္းအင္အားစသည့္လိုအပ္ခ်က္မ်ားေၾကာင့္ ဖိအားႏွင့္အခက္အခဲ မ်ားစြာ ကိုေတြ႕ႀကဳံခဲ့ရတယ္လို႔ ပါေၾကာင္း၊သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းက ေျပာၾကားခဲ့ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးဦးအုန္းဝင္းက “ မိမိတို႔အေနႏွင့္ပတ္ဝန္းက်င္ႏွင့္သဘာဝသယံဇာတ စီမံခန႔္ခြဲမႈ စနစ္ေတြကို ေဖာ္ထုတ္သည့္ အခါႏိုင္ငံ့ စီးပြားေရးလ်င္ျမန္စြာဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္အတူ သဘာ၀ ပတ္ဝန္း က်င္အေပၚ ဖိအားေပးမႈမ်ား၊ အသစ္အသစ္ေသာ စိန္ေခၚမႈမ်ားႏွင့္အခြင့္ အလမ္းမ်ားကို မ်က္ေျခ မျပတ္ဖို႔ လိုအပ္ေၾကာင္း၊စီမံခန႔္ခြဲမႈနည္းလမ္းမ်ားႏွင့္ပတ္ဝန္းက်င္အေထာက္အကူျပဳနည္းလမ္းမ်ားကိုအသုံးျပဳၿပီးပတ္ ဝန္;က်င္ထိန္းသိမ္းေရးကိုအဓိကလုပ္ငန္းရပ္တစ္ခုအေနႏွင့္ထည့္သြင္းေဆာင္႐ြက္ေရးဟာ ေရရွည္ စဥ္ဆက္ မျပတ္ဖြံ႕ၿဖိဳးေရး အတြက္ အေရးႀကီးတဲ့လုပ္ငန္းစဥ္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ပတ္ဝန္းက်င္ဆိုင္ရာ ဆန္းစစ္ေလ့ လာခ်က္ အစီရင္ခံစာသည္ သစ္ေတာ က႑၊ ငါးလုပ္ငန္း၊ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္း စနစ္ႏွင့္ အစိုင္ အခဲ၊ စြန႔္ပစ္ ပစၥည္း၊ ပလတ္စတစ္ႏွင့္ ေလထု ညစ္ညမ္းျခင္း စသည့္ က႑မ်ား၏ အေျခအေနကို ရႈေထာင့္စုံမွ သုံးသပ္ထားေသာ အစီရင္ခံစာ ျဖစ္ေၾကာင္း၊ ပတ္ဝန္းက်င္ စီမံခန႔္ခြဲမႈမ်ား ပိုမို ေကာင္းမြန္လာေစရန္ လုပ္ ေဆာင္ ရမည့္ သီးျခား လုပ္ငန္း စဥ္မ်ားႏွင့္ အႀကံျပဳခ်က္မ်ား ပါဝင္သည့္ လမ္းျပ ေျမပုံကိုလည္း ေဖာ္ထုတ္ တင္ျပထားေၾကာင္း၊ အစီရင္ခံ စာသည္ ျမန္မာႏိုင္ငံ၏ ပတ္ဝန္းက်င္ႏွင့္ သဘာ၀ သယံ ဇာတ တို႔၏ ဦးတည္ရာ အလားအလာမ်ားကို ပိုမို သိရွိ နားလည္ေစမည့္အျပင္ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းႏွင့္ လိုက္နာေဆာင္႐ြက္ျခင္း အပါ အဝင္ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္းဆိုင္ရာ စနစ္ ပိုမို အားေကာင္းလာေစဖို႔ အေထာက္အကူ ျပဳမည္ျဖစ္ေၾကာင္း” ကို ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္ Hilton Hotel တြင္ ကမာၻ႔ဘဏ္၊ သယံဇာတႏွင့္ သဘာ၀ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန တို႔ ပူးေပါင္းက်င္းပျပဳလုပ္ သည့္ျမန္မာႏိုင္ငံ ပတ္ဝန္းက်င္ဆိုင္ရာ ဆန္းစစ္ေလ့လာခ်က္ (CEA:Country Environmental Analysis) အစီ ရင္ခံစာ စတင္ မိတ္ဆက္ျခင္း အခမ္း အနားသို႔ သယံဇာတႏွင့္ သဘာ၀ ပတ္ဝန္းက်င္ ထိန္းသိမ္း ေရး ဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာေအာင္သူ၊ ကမာၻ႔ဘဏ္ၫြန္ၾကားေရးမႉးတို႔မွအဖြင့္အမွာစကားမ်ားေျပာၾကားခဲ့ၿပီး အခမ္းအ နားသို႔ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ဒုတိယ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္ မ်ား၊ ဌာနဆိုင္ရာ အႀကီး အကဲမ်ား၊ ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စား လွယ္မ်ား၊ တကၠသိုလ္မ်ားမွ ဆရာ ဆရာမမ်ား၊ INGos, NGOs တို႔မွ ကိုယ္စားလွယ္မ်ား၊ ကြၽမ္းက်င္ ပညာရွင္မ်ား တက္ေရာက္ခဲ့ၾက ေၾကာင္း သိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဇြန္ ၁၁ရက္။