နှစ်ပေါင်း ၁၈၀ သက်တမ်းရှိသော ရှေးဟောင်းပစ္စည်းနှစ်ခု ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုခံရ

နှစ်ပေါင်း ၁၈၀ သက်တမ်းရှိသော ရှေးဟောင်းပစ္စည်းနှစ်ခု ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုခံရ

ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နှစ်ပေါင်း ၁၈၀ သက်တမ်းရှိတဲ့ ရှေးဟောင်း ကျွန်းကုတင်တစ်လုံးနဲ့ ရှေးဟောင်း သေတ္တာတစ်လုံးကို ပုဂလိကလက်ထဲ ပထမဦးဆုံးအကြိမ် ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက် ခွင့်ပြုလက်မှတ် ပေးအပ်ပွဲကို အဲဒီပစ္စည်းပိုင်ရှင်ဖြစ်သူ ဦးစိုးဝင်းမြင့် ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဒီရှေးဟောင်းပစ္စည်းနှစ်ခုက ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တာပါ၊ ကျွန်တော်ကိုယ်တိုင်ပဲ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ဒီနှစ်တော့ ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကို တင်ပြခဲ့တာ သူတို့က ခွင့်ပြုလိုက်ပါပြီ ပထမဆုံးအကြိမ် ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့် ရတာလို့ပဲ ပြောရမှာပါပဲလို့ ဦးစိုးဝင်းမြင့် က ပြောပါတယ်။

ဦးစိုးဝင်းမြင့် က ဒီရှေးဟောင်းပစ္စည်းနှစ်ခုကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခန်းငယ်ကျေးရွာကနေ ၂၀၁၅ ခုနှစ်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား ၎င်းရဲ့နေအိမ်ဆီ သယ်ယူခဲ့တာဖြစ်ပြီး ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်တဲ့ အထောက်အထား နှစ်သက်တမ်း ၁၈၀ ရှိတဲ့ အထောက်အထားတွေနဲ့တစ်ကွ ထိန်းသိမ်းစောင့်ရှောက်ခဲ့တာလို့ သိရပါတယ်။

 

ကျွန်မတို့ ဌာနအနေနဲ့ကလည်း ကိုယ်ပိုင်ထိန်းသိမ်းထားတာတွေကို သိမ်းယူတာမရှိပါဘူး၊ ရောင်းဝယ်ဖောက်ကားတာဆိုရင်တော့ ဥပဒေအရ အရေးယူခွင့်တော့ ရှိပါတယ်၊ ဒါကြောင့်မို့လို့ ရှေးဟောင်းပစ္စည်းတွေ ရှိတဲ့သူတွေအနေနဲ့ အခုလိုပဲ ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့်လက်မှတ် ရယူထားစေချင်ပါတယ် လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) မှ ညွှွန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်း က ပြောပါတယ်။

မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာတဲ့ ရှေးဟောင်းပစ္စည်းတွေကို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိမှာဖြစ်ပြီး လွှဲပြောင်းပေးအပ်တာ ရောင်းချတာတွေတော့ လုပ်လို့မရဘူးလို့ သိရပါတယ်။

အခုရှေးဟောင်းပစ္စည်းနှစ်ခုကို ရှေးဟောင်း ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင် စစ်ဆေးပြီးမှ ရှေးဟောင်းပစ္စည်း မှန်ကန်ကြောင့်နဲ့ ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုခဲ့တာလို့လည်း သိရပါတယ်။

အရင်ကတော့ လူတွေသိတာက ရှေးဟောင်းကပစ္စည်းဆိုရင် သိမ်းတယ်ပေါ့၊ ဒီတော့ လူသိမခံကြဘူး၊ ရောင်းပစ်တာတွေလည်းရှိတယ်၊ ဒါဟာ တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ ပျောက်ပျက်ခြင်းပါပဲ၊ အခုတော့ ရှေးဟောင်းက တရားဝင်ထိန်းသိမ်းခွင့် ပေးနေပြီ၊ ဦးစိုးဝင်းမြင့် က ပထမဦးဆုံး ကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့် ရသူပါလို့ ရှေးဟောင်း သမိုင်းသုတေသီ တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်။                                          

KT
မန္တလေး၊ မေ - ၁၁

( Zawgyi )

ကိုယ္တိုင္ထိန္းသိမ္းေစာင့္ေရွာက္ထားတဲ့ ႏွစ္ေပါင္း ၁၈၀ သက္တမ္းရွိတဲ့ ေရွးေဟာင္း ကြၽန္းကုတင္တစ္လုံးနဲ႔ ေရွးေဟာင္း ေသတၱာတစ္လုံးကို ပုဂလိကလက္ထဲ ပထမဦးဆုံးအႀကိမ္ ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ ခြင့္ျပဳလက္မွတ္ ေပးအပ္ပြဲကို အဲဒီပစၥည္းပိုင္ရွင္ျဖစ္သူ ဦးစိုးဝင္းျမင့္ ရဲ႕ ေနအိမ္မွာ ဒီေန႔ျပဳလုပ္ခဲ့ပါတယ္။

ဒီေရွးေဟာင္းပစၥည္းႏွစ္ခုက ကြၽန္ေတာ္တို႔ ဘိုးဘြားစဥ္ဆက္ ပိုင္ဆိုင္ခဲ့တာပါ၊ ကြၽန္ေတာ္ကိုယ္တိုင္ပဲ ေခတ္အဆက္ဆက္ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ၿပီး ဒီႏွစ္ေတာ့ ကိုယ္ပိုင္ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရဖို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနကို တင္ျပခဲ့တာ သူတို႔က ခြင့္ျပဳလိုက္ပါၿပီ ပထမဆုံးအႀကိမ္ ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ရတာလို႔ပဲ ေျပာရမွာပါပဲလို႔ ဦးစိုးဝင္းျမင့္ က ေျပာပါတယ္။

ဦးစိုးဝင္းျမင့္ က ဒီေရွးေဟာင္းပစၥည္းႏွစ္ခုကို မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ပခန္းငယ္ေက်း႐ြာကေန ၂၀၁၅ ခုႏွစ္က မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၆ လမ္း ၃၁ လမ္းနဲ႔ ၃၂ လမ္းၾကား ၎ရဲ႕ေနအိမ္ဆီ သယ္ယူခဲ့တာျဖစ္ၿပီး ဘိုးဘြားစဥ္ဆက္ ပိုင္ဆိုင္တဲ့ အေထာက္အထား ႏွစ္သက္တမ္း ၁၈၀ ရွိတဲ့ အေထာက္အထားေတြနဲ႔တစ္ကြ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့တာလို႔ သိရပါတယ္။

ကြၽန္မတို႔ ဌာနအေနနဲ႔ကလည္း ကိုယ္ပိုင္ထိန္းသိမ္းထားတာေတြကို သိမ္းယူတာမရွိပါဘူး၊ ေရာင္းဝယ္ေဖာက္ကားတာဆိုရင္ေတာ့ ဥပေဒအရ အေရးယူခြင့္ေတာ့ ရွိပါတယ္၊ ဒါေၾကာင့္မို႔လို႔ ေရွးေဟာင္းပစၥည္းေတြ ရွိတဲ့သူေတြအေနနဲ႔ အခုလိုပဲ ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္လက္မွတ္ ရယူထားေစခ်င္ပါတယ္ လို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန (မႏၲေလး) မွ ၫႊြန္ၾကားေရးမႉး ေဒၚစိုးစိုးဝင္း က ေျပာပါတယ္။

မ်ိဳး႐ိုးစဥ္ဆက္ ထိန္းသိမ္းလာတဲ့ ေရွးေဟာင္းပစၥည္းေတြကို ၂၀၁၅ ခုႏွစ္က ျပ႒ာန္းခဲ့တဲ့ ဥပေဒအရ ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ရရွိမွာျဖစ္ၿပီး လႊဲေျပာင္းေပးအပ္တာ ေရာင္းခ်တာေတြေတာ့ လုပ္လို႔မရဘူးလို႔ သိရပါတယ္။

အခုေရွးေဟာင္းပစၥည္းႏွစ္ခုကို ေရွးေဟာင္း ကြၽမ္းက်င္ပညာရွင္ေတြ ကိုယ္တိုင္ စစ္ေဆးၿပီးမွ ေရွးေဟာင္းပစၥည္း မွန္ကန္ေၾကာင့္နဲ႔ ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ျပဳခဲ့တာလို႔လည္း သိရပါတယ္။

အရင္ကေတာ့ လူေတြသိတာက ေရွးေဟာင္းကပစၥည္းဆိုရင္ သိမ္းတယ္ေပါ့၊ ဒီေတာ့ လူသိမခံၾကဘူး၊ ေရာင္းပစ္တာေတြလည္းရွိတယ္၊ ဒါဟာ တန္ဖိုးရွိတဲ့ ျမန္မာႏိုင္ငံက ေရွးေဟာင္းပစၥည္းေတြ ေပ်ာက္ပ်က္ျခင္းပါပဲ၊ အခုေတာ့ ေရွးေဟာင္းက တရားဝင္ထိန္းသိမ္းခြင့္ ေပးေနၿပီ၊ ဦးစိုးဝင္းျမင့္ က ပထမဦးဆုံး ကိုယ္ပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ရသူပါလို႔ ေရွးေဟာင္း သမိုင္းသုေတသီ တမၸဝတီ ဦးဝင္းေမာင္ က ေျပာပါတယ္။                                          

KT
မႏၲေလး၊ ေမ - ၁၁