ဒုသမ္မတဦးဆောင်ကာ အဓမ္မစေခိုင်းမှုများပပျောက်ရေး အထူးအလေးထားဆောင်ရွက်နေ

ဒုသမ္မတဦးဆောင်ကာ အဓမ္မစေခိုင်းမှုများပပျောက်ရေး အထူးအလေးထားဆောင်ရွက်နေ

အဓမ္မစေခိုင်မှုများ ပပျောက်ရေး အထူးအလေးထား ဆောင်ရွက်လျှက်ရှိပြီး ကလေးသူငယ် အလုပ်သမား ပပျောက်ရေး နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဆောင်၍ ထိရောက်စွာ အကောင်အထည်ဖော်နေကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင့်အား ဦးစီဌာနပြည်ထောင်စုဝန်ကြီးဦးသိမ်းဆွေမှပြောကြားခဲ့ပါတယ်။

ယနေ့၊နံနက်ပိုင်း၊နေပြည်တော်၊Park Royal Hotelတွင်ကျင်းပပြုလုပ်သည့်4th National Stakeholders Forum on Implementing the Decnt Work Agenda and Labour Law Reformအဖွင့်အမှာစကားပြောကြား ရာမှာ  ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။“အဓမ္မခိုင်းစေမှုနဲ့ အကျုံးဝင်တဲ့ အသက်မပြည့် စုဆောင်းမှုနဲ့ ဆန္ဒမပါဘဲ စုဆောင်းခံရမှုတွေကိုလည်း (UNCTFMR နဲ့ရောNational Complaint Mechanism)နဲ့ပါ ဖြေရှင်း ဆောင်ရွက် ပေးနေတာဖြစ်လို့ အဓမ္မခိုင်းစေမှု ပပျောက်ရေးအထူးအလေးထား ဆောင်ရွက်နေ ပါတယ်။

အလုပ်ရှင်အဖွဲ့များ အလုပ်သမား အဖွဲ့များ နဲ့ပါဝင်သူ အားလုံးကို ပြည်ထောင်စုအဆင့် ဗဟိုအဆင့်မှာသာ မဟုတ်ဘဲနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်နဲ့ အောက်ခြေလုပ်ငန်း ကော်မတီအဆင့်တိုင်းမှာ ပါဝင် ဖွဲ့စည်းပြီးတော့မှ ဒီကိစ္စကို ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ILOတို့မှ ကျနော်တို့နိုင်ငံကို အပြည့်အဝယုံကြည်မှုရှိရှိ ဆက်လက်ပြီး တော့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့နည်းပညာတွေ၊အသိပညာတွေ ဖလှယ်ပြီး ဆက်လက်ပြီး ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ကလေးသူငယ် အလုပ်သမားပပျောက်ရေးအတွက် အမေရိကန် အကူအညီဖြင့် (၅)နှစ်စီမံကိန်း (၃)ကြိမ် (၁၅)နှစ်စီမံကိန်း သတ်မှတ်ထားပါတယ်၊ ဒုတိယသမ္မတ(၂)ဦးဆောင်တဲ့အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီ(၈)ခုဖွဲ့စည်းပြီးထိရောက်စွာအကောင်အထည်ဖော်နေပါတယ်။

သတ်မှတ်ထားတဲ့ တိုင်းဒေသကြီး ပြည်နယ်(၅)ခုအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တစ်ချိန်တည်း၊တစ်ပြိုင်တည်း နိုင်ငံတော် ဘတ်ဂျက်နဲ့ တိုင်းသေကြီးများအစီအစဉ်နဲ့ဆောင်ရွက်နေပါတယ်။ ILOရာပြည့်အထိမ်း အမှတ် အဖြစ် အနိမ့်ဆုံး အသက်ပြဋ္ဌာန်းချက် အမှတ်(၁၃၈)ကို လက်ခံကျင့်သုံးရေး လွှတ်တော်က အတည်ပြုပြီးဖြစ်၍ Formal Ratification Process ကိုဆောင်ရွက်နေပါတယ် ” ဟုပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှပြောကြားခဲ့ပါတယ်။  

ယနေ့အခမ်းအနားသို့ Initiative Partnerများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ သံအမတ်ကြီးများ၊ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊နှင့် အစိုးရဌာနများမှကိုယ်စားလှယ်များ၊အလုပ်ရှင်အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီနှင့် ခုံသမာဓိ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်၊ အဆင့်အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီများမှ ကိုယ်စားလှယ်များ ၊ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်၊

KO
နေပြည်တော် ၊ ဖေဖေါ်ဝါရီ ၂၄

(  Zawgyi  )

 အဓမၼေစခိုင္မႈမ်ား ပေပ်ာက္ေရး အထူးအေလးထား ေဆာင္႐ြက္လွ်က္ရွိၿပီး ကေလးသူငယ္ အလုပ္သမား ပေပ်ာက္ေရး ႏိုင္ငံေတာ္ ဒုတိယသမၼတ(၂) ဦးေဆာင္၍ ထိေရာက္စြာ အေကာင္အထည္ေဖာ္ေနေၾကာင္း အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင့္အား ဦးစီဌာနျပည္ေထာင္စုဝန္ႀကီးဦးသိမ္းေဆြမွေျပာၾကားခဲ့ပါတယ္။

ယေန႔၊နံနက္ပိုင္း၊ေနျပည္ေတာ္၊Park Royal Hotelတြင္က်င္းပျပဳလုပ္သည့္4th National Stakeholders Forum on Implementing the Decnt Work Agenda and Labour Law Reformအဖြင့္အမွာစကားေျပာၾကား ရာမွာ  ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။“အဓမၼခိုင္းေစမႈနဲ႔ အက်ဳံးဝင္တဲ့ အသက္မျပည့္ စုေဆာင္းမႈနဲ႔ ဆႏၵမပါဘဲ စုေဆာင္းခံရမႈေတြကိုလည္း (UNCTFMR နဲ႔ေရာNational Complaint Mechanism)နဲ႔ပါ ေျဖရွင္း ေဆာင္႐ြက္ ေပးေနတာျဖစ္လို႔ အဓမၼခိုင္းေစမႈ ပေပ်ာက္ေရးအထူးအေလးထား ေဆာင္႐ြက္ေန ပါတယ္။

အလုပ္ရွင္အဖြဲ႕မ်ား အလုပ္သမား အဖြဲ႕မ်ား နဲ႔ပါဝင္သူ အားလုံးကို ျပည္ေထာင္စုအဆင့္ ဗဟိုအဆင့္မွာသာ မဟုတ္ဘဲနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္နဲ႔ ေအာက္ေျခလုပ္ငန္း ေကာ္မတီအဆင့္တိုင္းမွာ ပါဝင္ ဖြဲ႕စည္းၿပီးေတာ့မွ ဒီကိစၥကို ထိထိေရာက္ေရာက္ ျဖစ္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

ဒီလိုေဆာင္႐ြက္တဲ့ ေနရာမွာလည္း ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ILOတို႔မွ က်ေနာ္တို႔ႏိုင္ငံကို အျပည့္အဝယုံၾကည္မႈရွိရွိ ဆက္လက္ၿပီး ေတာ့မွ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ လိုအပ္တဲ့နည္းပညာေတြ၊အသိပညာေတြ ဖလွယ္ၿပီး ဆက္လက္ၿပီး ေဆာင္႐ြက္သြား မွာျဖစ္ပါတယ္။ကေလးသူငယ္ အလုပ္သမားပေပ်ာက္ေရးအတြက္ အေမရိကန္ အကူအညီျဖင့္ (၅)ႏွစ္စီမံကိန္း (၃)ႀကိမ္ (၁၅)ႏွစ္စီမံကိန္း သတ္မွတ္ထားပါတယ္၊ ဒုတိယသမၼတ(၂)ဦးေဆာင္တဲ့အမ်ိဳးသားေကာ္မတီႏွင့္လုပ္ငန္းေကာ္မတီ(၈)ခုဖြဲ႕စည္းၿပီးထိေရာက္စြာအေကာင္အထည္ေဖာ္ေနပါတယ္။

သတ္မွတ္ထားတဲ့ တိုင္းေဒသႀကီး ျပည္နယ္(၅)ခုအျပင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အားလုံးမွာ တစ္ခ်ိန္တည္း၊တစ္ၿပိဳင္တည္း ႏိုင္ငံေတာ္ ဘတ္ဂ်က္နဲ႔ တိုင္းေသႀကီးမ်ားအစီအစဥ္နဲ႔ေဆာင္႐ြက္ေနပါတယ္။ ILOရာျပည့္အထိမ္း အမွတ္ အျဖစ္ အနိမ့္ဆုံး အသက္ျပ႒ာန္းခ်က္ အမွတ္(၁၃၈)ကို လက္ခံက်င့္သုံးေရး လႊတ္ေတာ္က အတည္ျပဳၿပီးျဖစ္၍ Formal Ratification Process ကိုေဆာင္႐ြက္ေနပါတယ္ ” ဟုျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြမွေျပာၾကားခဲ့ပါတယ္။  

ယေန႔အခမ္းအနားသို႔ Initiative Partnerမ်ား၊ ဖြံ႕ၿဖိဳးမႈမိတ္ဖက္မ်ား၊ သံအမတ္ႀကီးမ်ား၊ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ႏွင့္ အစိုးရဌာနမ်ားမွကိုယ္စားလွယ္မ်ား၊အလုပ္ရွင္အလုပ္သမားအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ခုံသမာဓိေကာင္စီႏွင့္ ခုံသမာဓိ အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးျပည္နယ္ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး ျပည္နယ္၊ အဆင့္အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရး ဆိုင္ရာ ေကာ္မတီမ်ားမွ ကိုယ္စားလွယ္မ်ား ၊ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊ကြၽမ္းက်င္ပညာရွင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါတယ္၊

KO
ေနျပည္ေတာ္ ၊ ေဖေဖၚဝါရီ ၂၄