ဒဂုံမြို့သစ်အတွင်း ပဒူကောင်များ အုံဖွဲ့နေသဖြင့် မီးသတ်တပ်ဖွဲ့ ရှင်းလင်း

 
ဒဂုံမြို့သစ်အတွင်း ပဒူကောင်များ အုံဖွဲ့နေသဖြင့် မီးသတ်တပ်ဖွဲ့ ရှင်းလင်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း နေအိမ်တစ်ခုတွင် ပဒူကောင်များအုံဖွဲနေသဖြင့် သက်ဆိုင်ရာက ယနေ့သွားရောက်ရှင်းလင်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ ဟန်လင်းလမ်း၊ အိမ်အမှတ်(၈၀၃)၊ အိမ်ရှင်ဦးစိုးခင်၏ အုပ်ညှပ်(၂)ထပ် အိမ် အပေါ်ထပ် မျက်နှာကျက်အတွင်းတွင် ပဒူကောင်များအုံဖွဲ့၍ အိမ်သားများအားအန္တရာယ်ပေးနေကြောင်း သတင်းရရှိသဖြင့် ဇွန် ၁၂ ရက်နေ့လယ် ၁ နာရီအချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းဦး ဦးဆောင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးတို့ဖြင့် မျက်နှာကျက်အတွင်းတွင်ခိုအောင်းနေသော ပဒူကောင်များအား မက်နိုဖော့စ် ၅၀အီးစီ ဆေးဖြင့် ပက်ဖျန်း၍လည်းကောင်း၊ မီးခိုးမှိုင်းတိုက်၍လည်းကောင်း ရှင်းလင်းနှိမ် နင်းခြင်းဆောင်ရွက်ခဲ့ ရာ ၁၃း၂၃ နာရီအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက်၊ ဦးကြင်ဥ(၃)လမ်းနှင့် မြခင်းသာလမ်းထောင့်ရှိ ကုက္ကိုလ်ပင်ငုတ်တို သစ်ခေါင်းအတွင်း ပဒူအုံနှင့် ပဒူကောင်များတွင်းအောင်းနေကာ လူကိုကိုက်သဖြင့် အမျိုးသမီးကြီးတစ်ဦၤးသေဆုံးခဲ့ရသဖြင့်  သက်ဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်း၍ သစ်ခေါင်းအတွင်းရှိ ပဒူများအား Amofall ပိုးသတ် ဆေးရည်ဖျန်း၍လည်းကောင်း၊ မီးခိုးမှိုင်းတိုက်၍လည်း ကောင်း၊ ရေဖျန်း၍လည်းကောင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းသိရပါတယ်။

KZ
ရန်ကုန်၊ဇွန် ၁၂

(  Zawgyi  )

 ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အတြင္း ေနအိမ္တစ္ခုတြင္ ပဒူေကာင္မ်ားအုံဖြဲေနသျဖင့္ သက္ဆိုင္ရာက ယေန႔သြားေရာက္ရွင္းလင္းခဲ့တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ယေန႔ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ (၁၃၃)ရပ္ကြက္၊ ဟန္လင္းလမ္း၊ အိမ္အမွတ္(၈၀၃)၊ အိမ္ရွင္ဦးစိုးခင္၏ အုပ္ညႇပ္(၂)ထပ္ အိမ္ အေပၚထပ္ မ်က္ႏွာက်က္အတြင္းတြင္ ပဒူေကာင္မ်ားအုံဖြဲ႕၍ အိမ္သားမ်ားအားအႏၲရာယ္ေပးေနေၾကာင္း သတင္းရရွိသျဖင့္ ဇြန္ ၁၂ ရက္ေန႔လယ္ ၁ နာရီအခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံးမွ ဦးစီးအရာရွိ ဦးေဇာ္မင္းဦး ဦးေဆာင္၍ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးမ်ိဳးျမင့္ေအာင္ႏွင့္ သေႏၶတပ္ဖြဲ႕ဝင္(၂၀)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၂၀)ဦးတို႔ျဖင့္ မ်က္ႏွာက်က္အတြင္းတြင္ခိုေအာင္းေနေသာ ပဒူေကာင္မ်ားအား မက္ႏိုေဖာ့စ္ ၅၀အီးစီ ေဆးျဖင့္ ပက္ဖ်န္း၍လည္းေကာင္း၊ မီးခိုးမႈိင္းတိုက္၍လည္းေကာင္း ရွင္းလင္းႏွိမ္ နင္းျခင္းေဆာင္႐ြက္ခဲ့ ရာ ၁၃း၂၃ နာရီအခ်ိန္တြင္ ေဘးအႏၲရာယ္ကင္းရွင္းစြာျဖင့္ ရွင္းလင္းေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းထုတ္ျပန္ခဲ့ပါတယ္။

ဇြန္လ ၁၀ ရက္ကလည္း ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၂)ရပ္ကြက္၊ ဦးၾကင္ဥ(၃)လမ္းႏွင့္ ျမခင္းသာလမ္းေထာင့္ရွိ ကုကၠိဳလ္ပင္ငုတ္တို သစ္ေခါင္းအတြင္း ပဒူအုံႏွင့္ ပဒူေကာင္မ်ားတြင္းေအာင္းေနကာ လူကိုကိုက္သျဖင့္ အမ်ိဳးသမီးႀကီးတစ္ဦၤးေသဆုံးခဲ့ရသျဖင့္  သက္ဆိုင္ရာ အဖြဲ႕အစည္းတို႔ ပူးေပါင္း၍ သစ္ေခါင္းအတြင္းရွိ ပဒူမ်ားအား Amofall ပိုးသတ္ ေဆးရည္ဖ်န္း၍လည္းေကာင္း၊ မီးခိုးမႈိင္းတိုက္၍လည္း ေကာင္း၊ ေရဖ်န္း၍လည္းေကာင္း ရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္းသိရပါတယ္။

KZ
ရန္ကုန္၊ဇြန္ ၁၂