ခုနှစ်လတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကန်ဒေါ်လာခြောက်ဘီလျံ ကျော် ဖိုး ကုန်သွယ်

ခုနှစ်လတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကန်ဒေါ်လာခြောက်ဘီလျံ ကျော် ဖိုး ကုန်သွယ်

ယခုဘဏ္ဍာ နှစ် ပထမခုနှစ်လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှအိမ်နီးချင်း ၅ နိုင်ငံ နှင့်တရားဝင်ကုန်သွယ်ရာတွင် ကန်ဒေါ်လာခြောက်ဘီလျံကျော်ရှိခဲ့ပြီး ဧပြီလတစ်လတာအတွင်း ကုန် သွယ် မှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် (၁၁၁၁ ဒသမ ၁၇၇ သန်း) ရှိခဲ့တယ်လို့ ဇွန်လ ပထမ အပတ် အတွင်းထုတ်ပြန်တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အဆိုပါပမာဏမှာ ပြီးခဲ့သည့် မတ်လအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၉၅၀ ကျော်ထက်  စာရင် သန်း ၅၀ ဖိုး ပိုမိုခဲ့ကာ ယခု ဘဏ္ဍာနှစ်အတွင်း ဒုတိယမြောက် ကုန်သွယ်မှုပမာဏ အမျာဆုံးဖြစ်ပေါ် သည့်ကာလဖြစ်ကြောင်းသိရပါတယ်။ ထုတ်ပြန်သည့် စာရင်း အချက်အလက်များအရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း နယ်စပ်ကုန် သွယ် ရေးစခန်း ၁၆ ခုမှ လအလိုက်ကုန်သွယ်မှုပမာဏမှာ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆၆၆ ဒသမ ၉၉၃သန်းဖိုး ၊ နိုဝင်ဘာလတွင်ကန်ဒေါ်လာ ၇၂၄ ဒသမ ၅၀၂ သန်းဖိုး ၊ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၆၆၈ ဒသ မ ၃၉၄ သန်း၊ ဇန်နဝါရီလတွင်အမေရိကန်ဒေါ်လာ ၁၁၇၂ ဒသမ ၇၆၉ သန်းဖိုး၊ ဖေဖေါ်ဝါရီ လတွင် ကန်ဒေါ် လာ ၇၆၅ ဒသမ ၈၆ သန်းဖိုး၊မတ်လတွင် ကန်ဒေါ်လာ ၉၅၃ ဒသမ ၇၅၅ သန်းနှင့် ဧပြီလတွင် ကန်ဒေါ်လာ ၁၁၁၁ဒသမ ၁၇၇ သန်း ဖိုး ကုန်သွယ်ခဲ့ပြီး ခုနှစ်လတာကာလအတွင်း ဇန်နဝါရီလတွင် အများဆုံး ကုန်သွယ် ခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခုနှစ်လတာကာလအတွင်းနယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှဒေါ်လာ ၃၀၃၄  ဒသမ ၉၈၃သန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန် ဒေါ်လာ၁၁၈ဒသမ၈၇၂သန်း၊ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၃၅၄ ဒသမ ၃၄၆ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၂၀၇ ဒသမ၈၂၉ သန်း၊တာချီ လိတ် နယ် စပ်ကုန်သွယ်ရေးစခန်းမှအမေရိကန်ဒေါ်လာ၄၇ ဒသမ၇၅၇ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၅၂၁ ဒသမ၉၅၉သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ၅၆၁သန်း၊နဘုလယ် /ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှအမေရိကန် ဒေါ်လာ၁၃၉၆ ဒသမ၃၅၂ သန်းကျော်၊တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၅၈ ဒသမ၇၁၇ သန်းဖိုးစုစုပေါင်းနယ်စပ်စခန်း ၁၆ ခုမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ၆၁၅၆ဒသမ၂၃၉သန်းဖိုးကုန်သွယ်ခဲ့ တယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်ခဲ့ရာမှာခုနှစ်လအတွင်းပို့ကုန် ကန်ဒေါ်လာ ၄၄၅၅ ဒသမ ၄၉၀ သန်းတင်ပို့ခဲ့ပြီးသွင်းကုန် ၁၇၀၀ ဒသမ ၇၄၉ သန်းတင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ကန် ဒေါ်လာ၂၇၅၄ ဒသမ၇၄၁ သန်းဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် ၁၁

(  Zawgyi  )

 ယခုဘ႑ာ ႏွစ္ ပထမခုႏွစ္လတာ ကာလအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွအိမ္နီးခ်င္း ၅ ႏိုင္ငံ ႏွင့္တရားဝင္ကုန္သြယ္ရာတြင္ ကန္ေဒၚလာေျခာက္ဘီလ်ံေက်ာ္ရွိခဲ့ၿပီး ဧၿပီလတစ္လတာအတြင္း ကုန္ သြယ္ မႈမွာ အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ (၁၁၁၁ ဒသမ ၁၇၇ သန္း) ရွိခဲ့တယ္လို႔ ဇြန္လ ပထမ အပတ္ အတြင္းထုတ္ျပန္တဲ့ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ အရသိရပါတယ္။

အဆိုပါပမာဏမွာ ၿပီးခဲ့သည့္ မတ္လအတြင္း ကုန္သြယ္မႈ ပမာဏ ေဒၚလာ သန္း ၉၅၀ ေက်ာ္ထက္  စာရင္ သန္း ၅၀ ဖိုး ပိုမိုခဲ့ကာ ယခု ဘ႑ာႏွစ္အတြင္း ဒုတိယေျမာက္ ကုန္သြယ္မႈပမာဏ အမ်ာဆုံးျဖစ္ေပၚ သည့္ကာလျဖစ္ေၾကာင္းသိရပါတယ္။ ထုတ္ျပန္သည့္ စာရင္း အခ်က္အလက္မ်ားအရ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ အတြင္း နယ္စပ္ကုန္ သြယ္ ေရးစခန္း ၁၆ ခုမွ လအလိုက္ကုန္သြယ္မႈပမာဏမွာ ေအာက္တိုဘာလတြင္ အေမရိကန္ေဒၚလာ ၆၆၆ ဒသမ ၉၉၃သန္းဖိုး ၊ ႏိုဝင္ဘာလတြင္ကန္ေဒၚလာ ၇၂၄ ဒသမ ၅၀၂ သန္းဖိုး ၊ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၆၆၈ ဒသ မ ၃၉၄ သန္း၊ ဇန္နဝါရီလတြင္အေမရိကန္ေဒၚလာ ၁၁၇၂ ဒသမ ၇၆၉ သန္းဖိုး၊ ေဖေဖၚဝါရီ လတြင္ ကန္ေဒၚ လာ ၇၆၅ ဒသမ ၈၆ သန္းဖိုး၊မတ္လတြင္ ကန္ေဒၚလာ ၉၅၃ ဒသမ ၇၅၅ သန္းႏွင့္ ဧၿပီလတြင္ ကန္ေဒၚလာ ၁၁၁၁ဒသမ ၁၇၇ သန္း ဖိုး ကုန္သြယ္ခဲ့ၿပီး ခုႏွစ္လတာကာလအတြင္း ဇန္နဝါရီလတြင္ အမ်ားဆုံး ကုန္သြယ္ ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ခုႏွစ္လတာကာလအတြင္းနယ္စပ္ကုန္သြယ္ ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္ နယ္စပ္ကုန္သြယ္ေရး စခန္းမွေဒၚလာ ၃၀၃၄  ဒသမ ၉၈၃သန္း၊ လြယ္ဂ်ယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိ ကန္ ေဒၚလာ၁၁၈ဒသမ၈၇၂သန္း၊ခ်င္းေ႐ႊေဟာ္ နယ္စပ္ ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ၃၅၄ ဒသမ ၃၄၆ သန္း၊ ကန္ပိုက္တီးနယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ၂၀၇ ဒသမ၈၂၉ သန္း၊တာခ်ီ လိတ္ နယ္ စပ္ကုန္သြယ္ေရးစခန္းမွအေမရိကန္ေဒၚလာ၄၇ ဒသမ၇၅၇ သန္း၊ ျမဝတီ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ၅၂၁ ဒသမ၉၅၉သန္း၊ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၅၄ ဒသမ၅၆၁သန္း၊နဘုလယ္ /ထီးခီးနယ္စပ္ ကုန္သြယ္ေရးစခန္းမွအေမရိကန္ ေဒၚလာ၁၃၉၆ ဒသမ၃၅၂ သန္းေက်ာ္၊တမူးနယ္စပ္ကုန္သြယ္ေရး စခန္းမွ အေမရိကန္ေဒၚလာ ၅၈ ဒသမ၇၁၇ သန္းဖိုးစုစုေပါင္းနယ္စပ္စခန္း ၁၆ ခုမွ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ၆၁၅၆ဒသမ၂၃၉သန္းဖိုးကုန္သြယ္ခဲ့ တယ္လို႔ သိရပါတယ္။

နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ ကုန္သြယ္ခဲ့ရာမွာခုႏွစ္လအတြင္းပို႔ကုန္ ကန္ေဒၚလာ ၄၄၅၅ ဒသမ ၄၉၀ သန္းတင္ပို႔ခဲ့ၿပီးသြင္းကုန္ ၁၇၀၀ ဒသမ ၇၄၉ သန္းတင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ ေဒၚလာ၂၇၅၄ ဒသမ၇၄၁ သန္းျဖစ္ေပၚခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ ၁၁