【 နိုင်ငံတကာ 】 Zhao Leji သည် ၂၀၂၄ ခုနှစ် ပိုအော်အာရှဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြား

【 နိုင်ငံတကာ 】 Zhao Leji သည် ၂၀၂၄ ခုနှစ် ပိုအော်အာရှဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြား

ပေကျင်း၊ မတ် - ၂၉

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Zhao Leji သည် မတ်လ ၂၈ ရက်နေ့တွင် ဟိုင်နန်ပြည်နယ်၊ ပိုအော်မြို့၌ ကျင်းပသည့် ပိုအော်အာရှဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ကာ  အာရှနှင့် ကမ္ဘာကြီး၏ သာယာသော အနာဂတ်ကို လက်တွဲဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကာဇက်စတန်သမ္မတ တိုကယက်ဗ်၊ Nauru သမ္မတ Adeang ၊ သီရိလင်္ကာဝန်ကြီး ချုပ် ဂန်နာဝါဒီနာ၊ ဒိုမီနီကာဝန်ကြီးချုပ် စကက်ရီက်၊ ကမ္ဘောဒီးယားဘုရင်၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဟွန်ဆန်၊ ရုရှားဒုဝန်ကြီးချုပ် အိုဝေချုခ်၊ ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့ ဒါရိုက်တာချုပ် Daren Tang၊ OECD အဖွဲ့အတွင်းရေးမှူးချုပ် ကိုးလ်မန်း၊ အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn ၊ ဖိုရမ်ကောင်စီ ဥက္ကဋ္ဌ ဘန်ကီမွန်း စသည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်မှ နိုင်ငံရေး၊ စက်မှုနှင့် ကုန်သွယ်ရေးနှင့် တတ်သိပညာရှင်လောကမှ ကိုယ်စားလှယ် ၁၅၀၀ ကျော်သည် ယခုအကြိမ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

Zhao Leji က ယနေ့ကမ္ဘာကြီးတွင် ရာစုနှစ် အပြောင်းအလဲကြီးများ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ “လူသားတို့  မည်သည့်လမ်းကြောင်းသို့ တက်လှမ်းမည်နည်း” ဟူသော ခေတ်ကာလ၏ မေးခွန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အဖြေမှာ လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ခြင်းဖြစ်ကြောင်း  ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။