【 နိုင်ငံတကာ 】 135th Canton Fair ၏ ပထမအသုတ် ပြသမည့် နိုင်ငံခြားကုန်ပစ္စည်းများသည် အကောက်ခွန်ရှင်းလင်းပြီး တရုတ်ပြည်တွင်းသို့ ဝင်ရောက်

【 နိုင်ငံတကာ 】 135th Canton Fair ၏ ပထမအသုတ် ပြသမည့် နိုင်ငံခြားကုန်ပစ္စည်းများသည် အကောက်ခွန်ရှင်းလင်းပြီး တရုတ်ပြည်တွင်းသို့ ဝင်ရောက်

ပေကျင်း၊ မတ် - ၁၈
 
၁၃၅ ကြိမ်မြောက် တရုတ်သွင်းကုန်/ပို့ကုန် ကုန်စည်ပြပွဲကို ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ အဆင့်သုံးဆင့်ဖြင့် ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ပါတယ်။
 
ကုမ္ပဏီပေါင်း ၂၈,၀၀၀ ကျော်သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ပါဝင်ကြမည်ဟု မျှော်လင့်ရပါတယ်။
 
မတ်လ ၁၇ ရက်နေ့တွင် 135th Canton Fair ၏ ပထမအသုတ် ပြသမည့် နိုင်ငံခြားကုန်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းပြီး ပြပွဲနေရာချထားရန်အတွက် ကွမ်ကျိုး Pazhou နိုင်ငံတကာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာသို့ ပို့ဆောင်ခဲ့ပါတယ်။
 
၁၀၁ ကြိမ်မြောက် Canton Fair တွင် သွင်းကုန်ပြပွဲ စတင်ပြီးနောက် ၁၃၄ ကြိမ်မြောက် Canton Fair အထိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်မှ ပြည်ပကုမ္ပဏီပေါင်း ၁၇,၀၀၀ ကျော်ကို ပြပွဲသို့ ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့တယ်လို့ China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။