【 နိုင်ငံတကာ 】 သူလျှိုလုပ်ရန် ချိတ်ဆက်မှုဖြင့် အမေရိကန် သံရုံးဝန်ထမ်းနှစ်ဦးကို ရုရှားနှင်ထုတ်

【 နိုင်ငံတကာ 】 သူလျှိုလုပ်ရန် ချိတ်ဆက်မှုဖြင့် အမေရိကန် သံရုံးဝန်ထမ်းနှစ်ဦးကို ရုရှားနှင်ထုတ်

မော်စကို၊ စက်တင်ဘာ - ၁၅

နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း စွပ်စွဲခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦးနှင့် ဆက်ဆံရေးရှိသည်ဟု စွပ်စွဲခံထားရသည့် အမေရိကန်သံတမန်နှစ်ဦးကို ရုရှားက နိုင်ငံကနေ နှင်ထုတ်ကြောင်း ရုရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

သူလျှိုလုပ်နေတယ်လို့ မော်စကိုက စွပ်စွဲခံထားရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးဝန်ထမ်းဟောင်း ရောဘတ်ရှိုနော့ဗ်နဲ့ အလုပ်တွဲလုပ်တဲ့အတွက် အမေရိကန်သံရုံးဝန်ထမ်းနှစ်ဦးကို နှင်ထုတ်မယ်လို့ ရုရှားအာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ် လိုင်နီးထရေစီကို ဆင့်ခေါ်ပြီး သံရုံးပထမအတွင်းဝန် ဂျက်ဖာရီစီလင်းနဲ့ ဒုတိယအတွင်းဝန် ဒေးဗစ်ဘာရန်စတိန်းတို့ကို ခုနစ်ရက်အတွင်း ရုရှားနိုင်ငံမှ ထွက်ခွာဖို့ ပြောခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

“ယခုအမည်တပ်ထားသူတွေဟာ  နိုင်ငံခြားတိုင်းပြည်တစ်ခုနဲ့ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှု” လို့ စွပ်စွဲခံထားရတဲ့ ရုရှားနိုင်ငံသား ရောဘတ်ရှိုနော့ဗ်နဲ့ အဆက်အသွယ်မပြတ် တရားမဝင်လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။

“စီလင်းနဲ့ ဘာရန်စတိန်းတို့ဟာ တိုင်းပြည်က လက်မခံသင့်တဲ့သူဆိုတဲ့ အခြေအနေအောက်မှာ ခုနစ်ရက်အတွင်း ရုရှားပိုင်နက်ကနေ ထွက်ခွာရမယ်လို့ အမေရိကန်သံအမတ်ကို ပြောခဲ့ပါတယ်” ဟု ဆိုပါတယ်။

ရုရှားနိုင်ငံ အရှေ့ပိုင်း၊ ဗလာဒီဗော့စတော့မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတွင် အလုပ်လုပ်နေသော ရုရှားနိုင်ငံသား ရောဘတ်ရှိုနော့ဗ်ဟာ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး  အမေရိကန်သံတမန်များထံ သတင်းပေးပို့မှုဖြင့် စွဲချက်တင်ခံထားရကာ အမေရိကန်က ယင်းစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။  

သူ့ကို အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ၂၀၂၁ ခုနှစ်က ဌာနေဝန်ထမ်းတွေကို ရုရှားက ခန့်အပ်ခွင့်တားမြစ်ခဲ့သည့်အချိန်အထိ ၂၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ရုရှားနှင့် အမေရိကန်ကြား တင်းမာမှုသည် နှစ်ပေါင်းများစွာအတွင်း ဆိုးရွားလာခဲ့ပြီးနောက် နှစ်ဖက်စလုံးမှ သံတမန်ရေးရာဝန်ထမ်းများကို အပြန်အလှန် နှင်ထုတ်ခဲ့ပါတယ်။  

Linko
Ref - Aljazeera