【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဟူနန် Changsha သို့ သွားရောက်ကြည့်ရှု လေ့လာ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဟူနန် Changsha သို့ သွားရောက်ကြည့်ရှု လေ့လာ

ပေကျင်း၊ မတ် - ၁၉

မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဟူနန်ပြည်နယ်၊  Changsha မြို့သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

Changsha မြို့တွင် ဟူနန် အမှတ် (၁) ဆရာအတတ်သင်ကောလိပ် (Hunan First Normal University Chengnan အကယ်ဒမီကျောင်းဝင်း) နှင့် BASF Shanshan Battery Materials Co., Ltd သို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

စာသင်ကျောင်း၏ အနီရောင်အရင်းအမြစ်များ ကောင်းမွန်စွာအသုံးပြုခြင်း၊ စာရိတ္တဗလ ထူထောင်ရေးနှင့် ကျောင်းသူ၊ ကျောင်းသားများအား ပြုစုပျိုးထောင်ခြင်း၊ ဒေသ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား အရှိန်မြှင့်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အဆင့်အတန်းမြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်ရေး တိုးချဲ့ဆောင်ရွက်ခြင်း စသည့် အခြေအနေများကို သိရှိရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က လေ့လာခဲ့တာဖြစ်ပါတယ်။