【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ပေကျင်း၊ မတ် - ၁၉

မတ်လ ၁၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံသမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါတယ်။

ရှီကျင့်ဖျင်က ယခုနှစ်များတွင် ရုရှားပြည်သူများ စည်းလုံးညီညွတ်ပြီး စိန်ခေါ်ချက်များကို ကျော်လွှားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်စေရေး လမ်းကြောင်းပေါ်၌ ခြေလှမ်းမှန်မှန် ရှေ့သို့တက်လှမ်းနေကြောင်း၊ အဆွေတော် ထပ်မံတာဝန်ထမ်းဆောင်ခြင်းသည် ရုရှားပြည်သူများမှ အဆွေတော်အား ထောက်ခံအားပေးမှုကို အပြည့်အဝဖော်ပြနိုင်ကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် ရုရှားနိုင်ငံသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူထောင်ရေးတွင် ပိုမိုကြီးမားသောအောင်ကျိုးရလဒ်များ ရရှိနိုင်မှာ သေချာသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် တရုတ်နိုင်ငံသည် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာအလေးထားပြီး ရုရှားနိုင်ငံနှင့်အတူ ရင်းနှီးစွာ ကူးလူးဖလှယ်မှုကို ထိန်းထားကာ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ဆက်တိုက်ကောင်းမွန် တည်ငြိမ်နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများ ဆောင်ကြဉ်းပေးရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။