【 နိုင်ငံတကာ 】 ရုရှား-တရုတ် ဆက်ဆံရေးသည် တည်ငြိမ်စေသည့် အချက်ဖြစ်ကြောင်း မီဒီယာသို့ ပူတင်ပြော

【 နိုင်ငံတကာ 】 ရုရှား-တရုတ် ဆက်ဆံရေးသည် တည်ငြိမ်စေသည့် အချက်ဖြစ်ကြောင်း မီဒီယာသို့ ပူတင်ပြော

မော်စကို၊ မတ် - ၁၉

ရုရှားနှင့် တရုတ်အကြား ဆက်ဆံရေးသည် တည်ငြိမ်စေသော အချက်ဖြစ်သည်ဟု ရုရှားသမ္မတလောင်းနှင့် လက်ရှိသမ္မတက မော်စကိုရှိ သူ၏ မဲဆွယ်ပွဲဌာနချုပ်တွင် တနင်္လာနေ့ နံနက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါတယ်။

ရုရှား-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတွင် ပုံဖော်ခဲ့ပြီး အလွန်ခိုင်မာကာ တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန်အကျိုးဖြစ်စေကြောင်း ပူတင်ပြောကြားပြီး ထိုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

“ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျနော်တို့ အမျိုးသားအကျိုးစီးပွားတွေဟာ တိုက်ဆိုင်နေပြီး ဒါဟာ ကျနော်တို့ ဘုံကိစ္စတွေကို ဆုံးဖြတ်ရာမှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေတယ်။နိုင်ငံတကာဆက်ဆံရေးမှာ ရုရှားနဲ့ တရုတ်အကြား ဆက်ဆံရေးဟာ တည်ငြိမ်ရေးအတွက် အကြောင်းအချက်ဖြစ်တယ်” ဟု ပူတင်က သတင်းထောက်များကိုပြောသည်ဟု TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏ ခွဲထုတ်မရသော အစိတ်အပိုင်းဖြစ်ပြီး ထိုဒေသပတ်ဝန်းကျင်တွင် ရန်စမှုလုပ်ရန် (သို့မဟုတ်) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် မည်သည့်အားထုတ်မှုမဆိုသည် ကျဆုံးမည်မှာ သံသယရှိစရာမလိုကြောင်း သူကပြောပါတယ်။

သမ္မတရွေးကောက်ပွဲ၏ မဲများအားလုံး၏ ၉၉.၇ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ပူတင်သည် ၈၇.၃၁ ရာခိုင်နှုန်းရကြောင်း ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်က ဖော်ပြခဲ့ပါတယ်။

ရုရှား၏ သမ္မတရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများအရ မဲအားလုံး၏ ၅၀ ရာခိုင်နှုန်းအထက်ရသော သမ္မတလောင်းသည် အနိုင်ရမည်ဖြစ်ပါတယ်။

“ခင်ဗျားတို့အားလုံးရဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှုအတွက် ခင်များတို့အားလုံးနဲ့ နိုင်ငံသားအားလုံးကို ကျနော်ကျေးဇူးတင်ချင်ပါတယ်” ဟု နောက်ထပ် ၆ နှစ်သက်တမ်းကို တာဝန်ထမ်းဆောင်ရမည့် ပူတင်က ရွေးကောက်ပွဲအောင်နိုင်အပြီး မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံသည် ၎င်း၏ ၃ ရက်ကြာ သမ္မတရွေးကောက်ပွဲများကို သောကြာနေ့တွင် စတင်ခဲ့ပါတယ်။နောက်ဆုံးရလဒ်ကို မတ်လ ၂၈ ရက်နေ့မတိုင်မီ ဗဟိုရွေးကောက်ပွဲကော်မရှင်က အတည်ပြုမည်ဖြစ်ပြီး အတည်ပြုပြီး ၃ ရက်အတွင်း ကြေညာမည်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG