【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ ရှည်ကြာမည်ဟု ပူတင် မျှော်လင့်၊ ထရမ့်ကို အားမကိုးဟု ဆို

【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ ရှည်ကြာမည်ဟု ပူတင် မျှော်လင့်၊ ထရမ့်ကို အားမကိုးဟု ဆို

ဗလာဒီဗော့စတော့၊ စက်တင်ဘာ - ၁၃

ယူကရိန်းစစ်ပွဲသည် ရှည်ကြာသောစစ်ပွဲဖြစ်မည်ဟု ရုရှားသမ္မတ ပူတင်က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်ပြီး ယူကရိန်းသည် လက်နက်ပြန်လည်အားဖြည့်ရန် အပစ်အခတ်ရပ်စဲရေးကို အသုံးပြုနိုင်ကြောင်းနှင့် ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ ဝါရှင်တန်သည် ရုရှားကို ရန်သူအဖြစ်သာမြင်မည်ဖြစ်ကြောင်း ဆက်လက်ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ပိစိဖိတ်ကမ်းခြေမြို့ဖြစ်သော ဗလာဒီဗော့စတော့မှ စီးပွားရေးဖိုရမ်တစ်ခုတွင် နာရီပေါင်းများစွာ ပြောကြားရာတွင် ပူတင်က ယူကရိန်းက ရုရှားတပ်များကို တန်ပြန်ထိုးစစ်ဆင်ခြင်း လက်ရှိအချိန်အထိ မအောင်မြင်သေးကြောင်းနှင့် ယူကရိန်းစစ်တပ်သည် တိုက်ပွဲများတွင် လူ ၇၁၀၀၀ အထိ အကြီးအကျယ်သေဆုံးကြောင်း ပြောခဲ့ပါတယ်။

လူ၊ လက်နက်ကိရိယာနှင့် ခဲယမ်း ကုန်ခန်းသောအခါ ငြိမ်းချမ်းရေးစကားပြောမည်ဖြစ်ကြောင်း ကြားဝင်ဆောင်ရွက်ပေးသူအဖြစ် လုပ်ကိုင်နေသည့် ရုရှားရုပ်သံတင်ဆက်သူက မေးသောအခါ ပြောပါတယ်။

သို့သော် ယူကရိန်းသည် မည်သည့်အပစ်အခတ်ရပ်စဲရေးကိုမဆို ရင်းမြစ်များ ပြန်လည်ဖြည့်တင်းရန်နှင့် ၎င်းတို့တပ်များ၏ ထိုးစစ်စွမ်းရည် ပြန်လည်တည်ဆောက်ရန်အတွက် သုံးမည်ဖြစ်ကြောင်း သူကပြောပါတယ်။

ကြားဝင်စေ့စပ်ပေးသူ ဖြစ်နိုင်သူအများအပြားက ရုရှားဘက်က စစ်ရပ်ရန် အသင့်ရှိ/မရှိ မေးကြောင်း ပူတင်ပြောပြီး ယူကရိန်းတန်ပြန်ထိုးစစ်ကို ရင်ဆိုင်နေရချိန်တွင် အပစ်အခတ်ရပ်မည်မဟုတ်ကြောင်း သူကပြောပါတယ်။

ဆွေးနွေးမည့်အလားအလာနှင့်ပတ်သက်ပြီး ပူတင်က ယူကရိန်းဘက်က ချမှတ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပိတ်ပင်သည့် ဥပဒေကို ဦးစွာဖျက်သိမ်းပြီး လိုလားချက်များကို ရှင်းပြရမည်ဟု ပူတင်က ပြောပါတယ်။

“အဲဒီအခါကျမှ ကျနော်တို့က လေ့လာမယ်” ဟု ပူတင်က ပြောပါတယ်။

           အမေရိကန်ရွေးကောက်ပွဲ

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုတွင် တရားစွဲခြင်းသည် နိုင်ငံရေးပယောဂမကင်းဘဲ အမေရိကန်နိုင်ငံရေးစနစ်၏ ပုပ်သို့ဆွေးမြေ့မှုကို ပြသသည်ဟု ပူတင်က ပြောပါတယ်။

လာမည့်နှစ် အမေရိကန်ရွေးကောက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ ရုရှားနှင့်ပတ်သက်သည့် ဝါရှင်တန်၏ မူဝါဒပြောင်းမည်မဟုတ်ကြောင်း ပူတင်က ပြောပါတယ်။

“ဘယ်သူသမ္မတဖြစ်ဖြစ် ရုရှားနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒ အခြေခံကျကျပြောင်းလဲမှာမဟုတ်ဘူး” ဟု သူကပြောပါတယ်။

“အမေရိကန်အာဏာပိုင်တွေက ရုရှားကို သူသေကိုယ်သေတိုက်ရမယ့် ရန်သူလို့မြင်တယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

Linko
Ref - Reuters